ကိုရိုနာဗိုင်းပ်စ်နှင့် ပတ်သက်၍ အရေးပေါ်ရန်ပုံငွေ လျာထားခြင်း မရှိသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 20, 2020

ကိုရိုနာဗိုင်းပ်စ်နှင့် ပတ်သက်၍ အရေးပေါ်ရန်ပုံငွေ လျာထားခြင်း မရှိသေး


စုလှိုင်
.
ကမ္ဘာတစ်ဝှမ်း လက်ရှိဖြစ်ပွား နေသော ကိုရိုဗိုင်းရပ်စ် ပြင်းထန်အ ဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တွင် အရေး ပေါ်ရန်ပုံငွေ လျာထားခြင်းမရှိသေး ကြောင်း သိရသည်။
.
.
ပြည်နယ်မှာတော့ အရေးပေါ် သဘာဝဘေး ရန်ပုံငွေဆိုတာ ရှိတယ်။ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ရှိတယ်။ သဘာဝ ဘေးရန်ပုံ ငွေကျပ် သိန်း ၈၀၀၀ လျာထားတာရှိတယ်။ လိုအပ်ရင် အဲဒီကနေပေးလို့ရပါ တယ်။ ဒီရောဂါအတွက် သပ်သပ် လျာထားတာတော့ မရှိပါဘူး။ ဒါလည်း သဘာဝဘေး၊ လူလုုပ်ဘေး တစ်ခုပေါ့” ဟု ရှမ်းပြည်နယ်အတွင်း ၌ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြပ် စစ်ဆေးကုသရေး ကြီး ကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှု ရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက် ၍ နိုင်ငံတော်အစိုးရက ကျန်းမာရေး ဝန်ကြီးဌာနအတွက် အရေးပေါ်ရန် ပုံငွေ ကျပ်သိန်း ၃၀၀၀ လျာထားပြီး ပံ့ပိုးမည်ဖြစ်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆက်လက် လုပ် ဆောင်ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမြင့် ထွေးက လွှတ်တော်တွင် ပြောဆို ထားသည်။
.
ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာ့နိုင်ငံ ၃၀ နိုင်ငံတွင် ဝူဟန်(ခေါ်) ကိုရိုနာဗိုင်းရပ်စ် (COV-ID-19) ကူးစက်ခံရသူ ၇၅၆၆၄ ဦး၊ သေဆုံးသူ ၂၁၂၃ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၁၄၅၅၀ ဦး ရှိလာပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရောဂါဖြစ်ပွားအတည်ပြုသူ မရှိသေး သော်လည်း ဓါတ်ခွဲခန်းအဖြေ စောင့်နေသူ ဦး ရှိနေကြောင်း သိရသည်။
.
လက်ရှိအချိန်အထိ ကမ္ဘာတစ် ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ် သက်၍ စစ်ဆေးနိုင်ရန် ကမ္ဘာ့ကျန်း မာရေးအဖွဲ့မှ ရည်ညွှန်းဓါတ်ခွဲခန်း ၁၅ ခုသာ ရှိသေးသော်လည်း မကြာ မီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၌ ဓါတ်ခွဲ စမ်းသပ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About