ရှမ်းပြည်နယ် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) စောင့်ကြပ်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 18, 2020

ရှမ်းပြည်နယ် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) စောင့်ကြပ်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) စောင့်ကြပ်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
အစည်းအဝေးတွင် ရှမ်းပြည်နယ်အတွင်း (COVID – 19) အဆုတ်ရောင်ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်မှူး ဒေါက်တာ သူဇာချစ်တင်၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (လားရှိုး) မှ ပြည်နယ်မှူး ဒေါက်တာတင်မောင်ညွန့်၊ ပြည်နယ်ကုသရေးနှင့် ကုသရေးဦးစီးဌာန (ကျိုင်းတုံ) မှ ပြည်နယ်မှူး ဒေါက်တာ မြင့်ကျော် တို့က COVID-19 သံသယလူနာ တွေ့ရှိမှုအခြေအနေ၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းနှင့် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
.
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာနိုင်ငံ ၂၉ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ ၇၃၃၃၁ ဦး၊ သေဆုံးသူ ၁၈၇၃ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၁၂၆၈၉ ဦး ရှိလာပြီဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရောဂါဖြစ်ပွားအတည်ပြုသူ မရှိသေး သော်လည်း ဓါတ်ခွဲခန်းအဖြေ စောင့် နေသူ ရှမ်းပြည်နယ်မှ ၂ ဦး အပါအ ဝင်စုစုပေါင်း ၈ ဦး ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats