ရှမ်းပြည် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူ ၃၉၀၀၀ ကျော်အား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 3, 2020

ရှမ်းပြည် နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူ ၃၉၀၀၀ ကျော်အား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများ ပြုလုပ်


ရှမ်းပြည်နယ်ရှိ နယ်စပ်ဒေသများမှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ ဖေဖော်ဝါရီလ ၂ ရက်အတွင်းက ပြန်လည် ဝင်ရောက်လာသူ ၃၉၀၀၀ အား ကိုရိုနာဗိုင်းရပ်စ် (2019-nCoV)နှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ရောဂါ ကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် အထက်ရှိသော ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သံသယရှိသူ တစ်ဦး တစ်ယောက်မျှ တွေ့ရှိရခြင်း မရှိကြောင်းလည်း သိရသည်။
.

ကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများကို ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဆေးရေးဂိတ် ၁၄ ခု၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ စစ်ဆေးရေးဂိတ် ၈ ခုနှင့် လားရှိုးလေဆိပ်တို့တွင် လူဦးရေ စုစုပေါင်း ၃၉၈၃၂ ဦးကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြပ်စစ်ဆေး ကုသရေး ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။
.
ယနေ့ ဖေဖော်ဝါရီလ ၃ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာနိုင်ငံ ၂၇ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကူးစက်ခံရသူ ၁၇၃၈၉ ဦးနှင့် သေဆုံးသူ တရုတ်နိုင်ငံတွင် ၃၆၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဦး၊ စုစုပေါင်း ၃၆၂ ဦး ရှိကာ ပြန်လည် သက်သာလာသူ (Cured) ၄၈၇ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats