ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အမျိုးသား တစ်ဦးကို မူဆယ်​ဆေးရုံတွင် ​စောင့်ကြည့်​နေ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, February 25, 2020

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အမျိုးသား တစ်ဦးကို မူဆယ်​ဆေးရုံတွင် ​စောင့်ကြည့်​နေ

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သတ်၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ​နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသား တစ်ဦးကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ မူဆယ်ပြည်သူ့ဆေးရုံ၌ သီးခြားထားရှိကာ ကုသမှုပေးလျက် ရှိကြောင်း သိရသည်။
.
ယင်း အမျိုးသားသည် လွန်ခဲ့သော ၁၅ ရက်ခန့်မှစ၍ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကားဝပ်ရှော့တစ်ခုတွင် အလုပ် လုပ်ကိုင်ခဲ့ပြီး ​ဖေ​ဖော်ဝါရီလ ၂၄ ရက်တွင် ရွှေလီမြို့မှ မူဆယ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး​နောက် ယ​နေ့ ၂၅ ရက်တွင် ရွှေလီမြို့သို့ ပြန်သွားရာ မူဆယ်-မန့်ဝိန်းနယ်စပ်ဂိတ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်စဥ် အဖျား (၁၀၀) ဒီဂရီဖာရင်ဟိုက် ရှိကြောင်း တွေ့ရှိရသဖြင့် မူဆယ်ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိကုသမှုပေးလျက် ရှိ​ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.

အဆိုပါ လူနာထံမှ ဓါတ်ခွဲနမူနာအား ရယူပြီး အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ လူနာအား စစ်ဆေးရာတွင် လတ်တလော ပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မတွေ့ရှိရ​ကြောင်းလည်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။
.
မြန်မာနိုင်ငံ၌ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ ညပိုင်း အထိ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ မရှိ​သေးဘဲ ကမ္ဘာနိုင်ငံ ၃၇ နိုင်ငံတွင် ၈၀၃၃၇ ဦး၊ သေဆုံးသူ ၂၇၀၅ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၂၅၄၇၅ ဦး ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)