​ကျောက်မဲမှ အမျိုးသားတစ်ဦးအား ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်၍ လားရှိုး​ဆေးရုံ၌ ​စောင့်ကြည့်​နေ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, February 14, 2020

​ကျောက်မဲမှ အမျိုးသားတစ်ဦးအား ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်၍ လားရှိုး​ဆေးရုံ၌ ​စောင့်ကြည့်​နေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် နေထိုင်သော အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးအား ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်၍ လားရှိုး​ဆေးရုံ၌ ​စောင့်ကြည့်​နေလျက် ရှိ​ကြောင်း သိရသည်။
.
ယင်း အမျိုးသားသည် ​ဖေ​ဖော်ဝါရီလ ၁၃ ရက်တွင် တရုတ်နိုင်ငံ၊ မိန်းတိန်မြို့မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီး အနည်းငယ် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်း နာခြင်းနှင့် နှာချေခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် ယ​နေ့ (​ဖေ​​ဖော်ဝါရီလ ၁၄ ရက်)တွင် လားရှိုးပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ခြင်း​ကြောင့် စောင့်ကြည့် လူနာအဖြစ် သီးခြားထားရှိ၍ ကုသမှုပေး လျက်ရှိ​ကြောင်း ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
.

ထို့အပြင် လူနာထံမှ ဓါတ်ခွဲနမူနာကို ရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး လတ်တလော စစ်ဆေးချက်များအရ အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရ​ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ လောက်ကိုင်မြို့နယ်တွင် နေထိုင်သော အသက် ၁၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ လားရှိုး ပြည်သူ့​ဆေးရုံ၌ ​ဖေ​ဖော်ဝါရီလ ၁၃ ရက်တွင် ​စောင့်ကြည့်မှုများ ပြုလုပ်​နေလျက်ရှိ​ရာ ယင်း​​ လားရှိုးဆေးရုံ၌ ​စောင့်ကြည့်လူနာ ၂ ဦး ရှိပြီ ဖြစ်သည်။
.
မြန်မာ တစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ လူနာ ၂၁ ဦး ရှိကာ သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ရှမ်းပြည်နယ်အတွင်း၌ စောင့်​ကြည့် လူနာ ၇ ဦး ရှိ​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)