ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှ သက်သာလာသူများအား ၁၄ ရက် ထပ်မံ စောင့်ကြည့်ရန် လိုအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 11, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှ သက်သာလာသူများအား ၁၄ ရက် ထပ်မံ စောင့်ကြည့်ရန် လိုအပ်


မင်းဇော်မင်း
.
ကိုရိုနာဗိုင်းရပ်စ် 2019 nCoV ကူးစက်မှုမှ ပြန်လည် သက်သာလာ သူများအား ၁၄ ရက် ထပ်မံစောင့် ကြည့်ရန် လိုအပ်မည် ဖြစ်သည်ဟု တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် ဝူဟန်သတင်းဌာန (Wuhan Even-ing News) သတင်းတွင် ဖော်ပြ ထားသည်။
.
.
ဝူဟန်မြို့၊ အင်ဂျင်နီယာဆေး ရုံ၏ ဒုတိယ ဆေးရုံအုပ် ဒေါက်တာ ဝမ်ချိန်နှင့် ကွမ်တုံပြည်နယ်မှ ဟူပေး ပြည်နယ်သို့ အထောက်အကူပြု ရောက်ရှိနေသည့် ဆေးပညာရှင် အဖွဲ့မှ ဒေါက်တာကျိုးယီးချီတို့က ယင်းကဲ့သို့ သတိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
“ဝူဟန်သတင်းဌာနရဲ့ ထုတ် ပြန်ချက်ဆိုရင် ရောဂါကုသခံပြီး သက်သာလာလို့ ဆေးရုံဆင်းရသူ တွေဟာ ရာနှုန်းပြည့် ပျောက်ကင်း ပြီလို့ မဆိုနိုင်ဘဲ ရောဂါငုတ်လျှိုး သွားတာ ဖြစ်နိုင်တယ်လို့ ဆိုတယ်။ ဆေးရုံက ဆင်းလာသူတွေကို ၁၄ ရက် သီးသန့်ထားပြီး ပြန်စောင့် ကြည့် စစ်ဆေးရဦးမယ်လို့ ဆိုပါတယ်။ ဒီ ဗိုင်းရပ်စ်က ရောဂါပျောက်ကင်းပြီလို့ အယောင်ဆောင် ပြနိုင်တယ်လို့ပြော ထားပါတယ်” ဟု မူဆယ် ၁၀၅ မိုင် အခြေစိုက် သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။
.
ကိုရိုနာဗိုင်းရပ်စ် 2019 nCoV ကြောင့် ဖြစ်ပွားသော ပြင်းထန်အ ဆုတ်ရောင်ရောဂါသည် ဝူဟန်မြို့မှ စတင် ကူးစက်ပြန့်ပွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်၊ ညပိုင်းအထိ ကမ္ဘာနိုင်ငံ ၂၈ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကူးစက်ခံရသူ ၄၀၆၂၂ ဦး၊ သေဆုံးသူ ၉၁၁ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၃၄၅၁ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats