တောင်ကြီးမြို့၊ City Square မြောက်ဘက်တွင် ရာဘာတုတ်များဖြင့် အတားအဆီး ပြုလုပ်ထားခြင်းကြောင့် လမ်းအသုံးပြုသူများ အဆင်မပြေ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 1, 2020

တောင်ကြီးမြို့၊ City Square မြောက်ဘက်တွင် ရာဘာတုတ်များဖြင့် အတားအဆီး ပြုလုပ်ထားခြင်းကြောင့် လမ်းအသုံးပြုသူများ အဆင်မပြေ ဖြစ်ပေါ်နေ


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင် ကြီးမြို့၊ City Square မြောက်ဘက် ရေထွက်ဦးလမ်းပေါ်တွင် ရာဘာ တုတ်များဖြင့် အတားအဆီး ပြုလုပ် စိုက်ထူထားခြင်းကြောင့် အများပြည် သူ လမ်းသွားလမ်းလာများအတွက် အဆင်မပြေ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
.
“အများပြည်သူပိုင် လမ်းမှာ အသေစိုက်ထားတယ်။ လမ်းပေါ်မှာ ယာဉ်အကြာကြီး ရပ်နားခွင့်မပြုလို့ သတိပေးစာ ကပ်ထားရင် မပြောလို ဘူး။ စာလည်းမကပ် ထားဘူး။ လမ်း မှာ တိုင်ထောင် ထားတော့သွားလာ ရတာ အဆင်မပြေပါဘူး” ဟု တောင် ကြီးဒေသခံ တစ်ဦးက ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ City Square Shopping Center မှ တာဝန်ရှိသူအား ကမ္ဘောဇတိုင်းမှ သွားရောက် တွေ့ဆုံမေးမြန်းရာ “အဲ ဒီ ရာဘာတုတ် ထောင်ထားတာက  အများပြည်သူ လုံခြုံမှုကို ဦးစား ပေးပြီး လိုအပ်ချက်အရ လုပ်ထား တာ ဖြစ်ပါတယ်။ လမ်းဒီဇိုင်းကို စီမံ ကိန်း အဆိုပြုလွှာ တင်စဉ်ကတည်း က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လမ်းကို လည်း ကျွန်တော်တို့ ကုမ္ပဏီ ကပဲ ခင်းပေးတာဖြစ်ပါတယ်။ ဒီလမ်း နဲ့ ပတ်သက်တာကိုလည်း စည် ပင်ကို တင်ပြပြီးမှ ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ပြန်လည်ဖြေကြား ခဲ့သည်။
.
City Square Shopping Center ရှေ့တွင် လူတင်လူချ ဧရိယာ သတ်မှတ်ထားရှိပြီး အများပြည်သူ ယာဉ်များ လာရောက်ရပ်နားချိန်တွင် လုံခြုံမှု ရှိစေရန်အတွက် ရာဘာ တုတ်ကို အဟန့်အတားအဖြစ် တပ် ဆင်ထားခြင်းဖြစ်ကာ ယင်းကဲ့သို့ တပ်ဆင်ထားခြင်း မရှိပါက လူတင် လူချဧရိယာတွင် ယာဉ်အချို့မှ တစ် နေကုန် ရပ်နားထားခြင်းမျိုး မဖြစ် စေရန်အတွက် ပြုလုပ်ထားခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။
.
ထို့အတူ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှု ဆောင်အရာရှိ ဦးအေးကိုကလည်း “သူတို့ဘာကြောင့် လုပ်ထားတယ် ဆိုတာ၊ ဘယ်လို အစီအစဉ်ရှိသလဲ ဆိုတာ တင်ပြခိုင်းထားပါတယ်။ သူ တို့တင်ပြတဲ့ Plan ရမှ ဘာကြောင့် လုပ်တယ်ဆိုတာ ကွင်းဆင်းစစ်ဆေး ခိုင်းထားပါတယ်”ဟု ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ယင်း City Square Shop- ping Center ကို ၂၀၁၄ ခုနှစ်တွင် သီဟဖွံ့ဖြိုးရေးကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။
.
Shopping Center တွင် မြေ အောက်ထပ် အပါအဝင် ၅ လွှာ ပါ ဝင်ပြီး စျေးဆိုင်ခန်းပေါင်း ၆၂၀ ခန့် ရှိကာ ဟိုတယ် အခန်းပေါင်း ၂၀၀ ကျော်နှင့် ကွန်ဒိုတိုက်ခန်းများလည်း ပါဝင်ကြောင်း သိရသည်။
.
သီဟဖွံ့ဖြိုးရေး ကုမ္ပဏီလီမိ တက်အနေဖြင့် လမ်းသွားလမ်းလာ များ အဆင်ပြေစေရန်နှင့် ယာဉ် ကြော ကြပ်တည်းမှုများ လျှော့ချနိုင်ရန် အ တွက် စင်တာမြောက်ဘက်ရှိရေ ထွက်ဦးလမ်းအား ဗိုလ်ချုပ်အောင် ဆန်းလမ်းမှ အရှေ့ မြို့ပတ်လမ်း အ ထိ အမြင့်တစ်ပေ၊ အကျယ်တစ်ပေ ရှိ လမ်းလယ်ကျွန်းမျော လုပ်ဆောင် ပေးသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats