တောင်ကြီးတွင် City College Yangon ၏ ပညာရေး ဝန်ဆောင်မှုများအကြောင်း မိတ်ဆက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

တောင်ကြီးတွင် City College Yangon ၏ ပညာရေး ဝန်ဆောင်မှုများအကြောင်း မိတ်ဆက်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ရှိ Taunggyi City ဟိုတယ် တွင် ဖေဖော်ဝါရီလ ၂ ရက်က City College Yangon ၏ ပညာရေးဝန် ဆောင်မှုများအကြောင်းကို မိတ် ဆက်ခဲ့ကြောင်း သိရသည်။
.
 
.
“ကျွန်မတို့ကျောင်းမှာ ဖွင့်လှစ် သင်ကြားနေတဲ့ Engineering Programn တွေ၊ Business Programn တွေအကြောင်း ဗဟု သုတ မျှဝေချင်လို့ ရန်ကုန်ကို လာပြီး တက်လို့ရတယ် ဆိုတာ အသိပေး ချင်လို့ မိတ်ဆက်ပွဲလုပ်တာပါ” ဟု City College Yangon ကျောင်း မှ Electrical Electronics Engi-neering Department Program Leder အဖြစ် တာဝန်ယူထားသူ ဒေါ် သိင်္ဂီသွယ်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
City College Yangon သည် ဗြိတိန်နိုင်ငံရှိ UK Person က အ သိအမှတ်ပြုထားသော ကျောင်းတစ် ကျောင်းဖြစ်ပြီး ကျောင်းသား/ သူ တစ် ဦးချင်းအား Assignment ဖြေဆို နိုင်ရန် စဉ်းစားတွေးခေါ်မှုဆိုင်ရာ နည်းစနစ်ဖြင့် သင်ကြားပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
.
City College Yangon ကျောင်း ကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူများနှင့် မအောင်မြင်သေးသူများ လည်း တတ်ရောက်နိုင်ပြီး အဝေး သင် တက္ကသိုလ် တက်ရင်း UK Degree ကို ရယူလိုသူများ၊ ပြည် တွင်းဘွဲ့ တစ်ခုရရှိပြီး UK Degree ကို ထပ်မံရယူလိုသူများလည်း တတ် ရောက်နိုင်ကြောင်း သိရသည်။
.
City College Yangon သို့ နယ် မှ တက်ရောက်လိုသူ ကျောင်းသူ ကျောင်းသားများအတွက် အဆောင် ကိစ္စ စီစဉ်ပေးခြင်း၊ လိုအပ်ပါက ကျောင်းပို့၊ ကျောင်းကြိုကား စီစဉ် ပေးခြင်းတို့ကိုလည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး အဝေးသင် တက်ရောက်နေသူ ကျောင်းသူ/သား များအတွက် သင်တန်းတက်ရန်နှင့် စာမေးပွဲ ဖြေဆိုရန် အချိန်ညှိပေး ခြင်းနှင့် ဝန်ထမ်းများအတွက် စနေ တနင်္ဂနွေအတန်းများ ညှိနှိုင်းပေးခြင်း တို့ကိုလည်း ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
.
"International လည်းဖြစ် တယ်။ ကျောင်းသားတွေကိုလည်း စာတွေ လက်တွေ့အပြင် ကျောင်း သားတွေရဲ့ Personality ပိုင်း Skill တွေကို Tream work အပိုင်းတွေ ကို ရအောင်သင်ကြားပေးပြီး ကျောင်း သား/သူတွေရော ဆရာ/ ဆရာမ ပတ်ဝန်းကျင်ကောင်း ဖြစ်တဲ့ အ တွက် ရွေးချယ်စေချင်တယ်” ဟု ဒေါ်သိင်္ဂီသွယ်ဝင်းက ဆက်လက် ပြောဆိုခဲ့သည်။
.
City College Yangon ကို ၂၀၁၅ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး  Level 5 အောင်မြင်ပြီးသူ ကျောင်းသူ/သား ၄၀ ဦး ရှိနေပြီဖြစ် ကာ တောင်ကြီး၊ မော်လမြိုင်၊ မိုး ကုတ်၊ ထားဝယ်မြို့များမှ လာရောက် တက်ရောက် နေသူများ ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About