ဘန်းယဥ်မှ လူငယ်တစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စဝ်စံထွန်း​ဆေးရုံတွင် ​စောင့်ကြည့် စစ်​ဆေး​နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 7, 2020

ဘန်းယဥ်မှ လူငယ်တစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စဝ်စံထွန်း​ဆေးရုံတွင် ​စောင့်ကြည့် စစ်​ဆေး​နေ

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဥ်​ကျေးရွာမှ အသက် ၁၉ နှစ်အရွယ် အမျိုးသား လူငယ် တစ်ဦးအား ယ​​နေ့ (​ဖေ​ဖော်ဝါရီလ ၇ ရက်)၊ ညပိုင်း၌ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ​တောင်ကြီးမြို့၊ စဝ်စံထွန်း​ဆေးရုံတွင် ​စောင့်ကြည့် စစ်​ဆေးမှုများ ပြုလုပ်လျက်ရှိ​ကြောင်း သိရသည်။
.

" စဝ်စံထွန်း​ဆေးရုံမှာ သမား​တော်ကြီးကလည်း ကြည့်ပြီးသွားပြီ၊ သံသယလူနာအဖြစ် ထားမယ်၊ မထားဘူး​တော့ အခုထိ​ မဆုံးဖြတ်ရ​သေးဘူး​ပေါ့။ ​ဆေးရုံကို ​ရောက်လာတဲ့ အချိန်မှာ​တော့ အဖျားကလည်း ရှိမ​နေဘူး၊ ​ချောင်းလည်း ဆိုး ​မ​နေဘူး။ ​စောင့်ကြည့်တာပဲ ထားသေးတယ်။ မနက်ဖြန်​​တော့ ​သံသယလူနာ ဟုတ်/မဟုတ်ကို သေချာ သိရပါပြီ။" ဟု ရှမ်းပြည်နယ် အထူး​ရောဂါ နှိမ်နင်း​ရေးဌာန၊ လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါက်တာ နှင်းအိဖြူက က​မ္ဘောဇတိုင်းသို့ ​ပြောသည်။
.
ယင်း ​စောင့်ကြည့်လူနာမှာ ပြီးခဲ့သည့် လကုန်ခန့်တွင် တရုတ်နိုင်ငံ၊ ​ရွှေလီမြို့သို့ သွား​ရောက်ခဲ့ဖူးသူ ဖြစ်ပြီး ယခင် ရက်ပိုင်းက ​ချောင်း အနည်းငယ် ဆိုး၍ ဖျားသဖြင့် ဘန်းယဥ် ​​ဆေးရုံသို့ သွား​ရောက် ပြသခဲ့ရာမှ ​ကိုရိုနာနှင့် ပတ်သက်၍ ​စောင့်ကြည့်နိုင်ရန်အတွက် ​တောင်ကြီးမြို့၊ စဝ်စံထွန်း​ဆေးရုံသို့ ပို့​​​ဆောင်ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။
.
​တောင်ကြီး စဝ်စံထွန်း​ဆေးရုံ၌ ​ဖေ​ဖော်ဝါရီလ ၂ ရက်က ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ​စောင့်ကြည့်​နေ​သော ကိုရီးယားနိုင်ငံသားမှာလည်း ​ရောဂါ မရှိ​​ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ​ဆေးရုံ ဆင်းခွင့်​ပေးလိုက်ပြီ ဖြစ်ကာ ၄င်းသည် ရန်ကုန်မှ တဆင့် ကိုရီးယားနိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်​ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats