ဘရာဇီးလ်တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးလူနာ တွေ့ရှိ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, February 28, 2020

ဘရာဇီးလ်တွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးလူနာ တွေ့ရှိ


မင်းဇော်မင်း
.
တရုတ်နိုင်ငံပြင်ပတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားနေသည့် နိုင်ငံများအနက် လက်တင်အမေရိကဒေသ ဖြစ်သည့် ဘရာဇီးလ်နိုင်ငံတွင် ပထမဆုံး လူနာ တွေ့ရှိကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်က ဘရာဇီးလ်အစိုးရမှ ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.
Photo - AP
 
.
အဆိုပါ လူနာမှာ မကြာသေးမီကာလက အီတလီနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ခဲ့သည် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ကူးစက်ခံထားရမှုကို ဆော်အိုပိုလိုဆေးရုံတွင် စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
.
လူနာသည် ကျန်းမာရေးကောင်းမွန်နေသော်လည်း ၁၄ ရက် ထပ်မံသီးခြားထားကာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဘရာဇီးလ်အာဏာပိုင်များက ဆိုသည်။
.
ယင်းရောဂါအတွက် အစိုးရမှ ကြိုတင်ပြင်ဆင်မှုများ ပြလုပ်ထားပြီးဖြစ်ကြောင်း ဘရာဇီးလ် ကျန်းမာရေးဝန်ကြီး Luiz Henrique Mandetta က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်ဟု သိရသည်။
.
လတ်တလောတွင် ဘရာဇီးလ်နိုင်ငံ၌ ကာနီဗယ်ရိုးရာပွဲတော် ကျင်းပလျက်ရှိသဖြင့် လူသန်းပေါင်းများစွာ ခရီးသွားလာ လည်ပတ်နေချိန်တွင် ယင်းကဲ့သို့ ရောဂါကူးစက်မှုကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)