စစ်တပ် မရှိတဲ့ ဘုရင်နှင့် ကမ်းဆင့်လက်မွန် ဝတ္ထုတို စာစုများ စာအုပ် မိတ်ဆက်ပွဲကို တောင်ကြီးတွင် ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

စစ်တပ် မရှိတဲ့ ဘုရင်နှင့် ကမ်းဆင့်လက်မွန် ဝတ္ထုတို စာစုများ စာအုပ် မိတ်ဆက်ပွဲကို တောင်ကြီးတွင် ပြုလုပ်

ဗျတ္တ
.
ကောင်းကင်မေ စာပေတိုက်မှ ထုတ်ဝေသည့် စာရေးဆရာ နန်းရွှေ လီကြိုင်(မိုင်းပန်) ရေးသားသော စစ် တပ်မရှိတဲ့ဘုရင် စာအုပ်နှင့် စာရေး ဆရာမ သျှီ(အင်ကြင်း) ရေးသား သော ကမ်းဆင့်လက်မွန် ဝတ္ထုတိုစာ အုပ်များ မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၃၀ ရက်၊ နံနက်ပိုင်းက တောင်ကြီး မြို့၊ အရှေ့မြို့ပတ်လမ်းရှိ တော်ဝင် ပုလဲနှင်းဆီ စားသောက်ဆိုင် သီး သန့်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိ ရသည်။
.
 
.
တောင်ကြီးမြို့သည် ရန်ကုန်၊ မန္တလေးနှင့် မုံရွာကဲ့သို့ စာပေမြို့ တော် မဟုတ်သည့်အပြင် စာအုပ် မိတ်ဆက်ပွဲများ ပြုလုပ်လေ့မရှိသည့် အတွက် အမှတ်တရ အနေဖြင့် စာ အုပ်မိတ်ဆက်ပွဲ လာရောက်ပြုလုပ် ရခြင်းဖြစ်ကြောင်း စာရေးဆရာမ သျှီ (အင်ကြင်း) က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“ရှမ်းတောင်မှာ စာအုပ်မိတ် ဆက်ပွဲဆိုတာ အစဉ်အဆက် မရှိခဲ့ ဖူးဘူးပေါ့။ ပြီးတော့ စာရေးဆရာ တွေကလည်း ရှမ်းပြည်က စာရေးဆ ရာတွေ ဖြစ်တယ်။ ဆရာနန်းရွှေလီ ကြိုင်ကလည်း စာအုပ်အသစ်ထွက် ထားတာဆိုတော့ ဒီမှာ စာအုပ်မိတ် ဆက်ပွဲလေးကို လုပ်ဖြစ်သွားတာပါ” ဟု စာရေးဆရာမ သျှီ (အင်ကြင်း) က ပြောသည်။
.
စာအုပ်မိတ်ဆက်ပွဲတွင် တောင် ကြီးမြို့နယ် စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး ဆရာမ ခင်(တောင် ကြီး)က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး တောင်ကြီးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ မောင် ခွန်နွယ်(အင်းလေး)နှင့် ဆရာမ သျှီ (အင်ကြင်း) တို့က ဆရာ နန်းရွှေလီ ကြိုင်(မိုင်းပန်)အတွက် မုဒိတာစ ကား ပြောကြားခဲ့ပြီး စာရေးဆရာ ဒေါက်တာအောင်ကျော် (သွား/ဆ ရာဝန်)နှင့် ဆရာမ ဆွေကြည်အေး တို့က ဆရာမ သျှီ (အင်ကြင်း) အ တွက် မုဒိတာစကားများ ပြောကြား ခဲ့သည်။
.
ထို့အတူ စာရေးဆရာ နန်းရွှေ လီကြိုင် (မိုင်းပန်)ကလည်း “စစ် တပ်မရှိတဲ့ဘုရင် ဆိုတဲ့ စာအုပ်က တော့ အဓိက အသိတရားတစ်ခုပေး ချင်လို့ပါ။ လက်ရှိ အဖွဲ့အစည်းတွေ ကို အပြစ်တင် ပုတ်ခတ်ပြီး ရေးထား တာမျိုး မဟုတ်ပါဘူး။ ကျွန်တော် တို့ တိုင်းပြည်မှာ ၈၈ အရေးအခင်း တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် အပါအဝင် မြတ်စွာဘုရားရှင်လက် ထက်က ကောသလမင်းကြီးရဲ့ သ မိုင်းအမှန်တွေကို ရေးသားတင်ပြ ပေးတာပါ” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ စာအုပ်မိတ်ဆက်ပွဲသို့ တောင်ကြီးနှင့် အေးသာယာမြို့များ မှ စာရေးဆရာ/ဆရာမများ၊ စာပေဝါ သနာရှင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ခဲ့ ပြီး ဆရာနန်းရွှေလီကြိုင် (မိုင်းပန်) နှင့် ဆရာမ သျှီ (အင်ကြင်း)တို့၏ ရေး သားထုတ်ဝေပြီးသော စာအုပ်များ အား ခင်းကျင်း ရောင်းချခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats