နောင်တရားမြို့၌ ရတနာရန်နိုင်စေတီတော်အား ဘုရားထီးတင်လှူ ပူဇော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 4, 2020

နောင်တရားမြို့၌ ရတနာရန်နိုင်စေတီတော်အား ဘုရားထီးတင်လှူ ပူဇော်


ခွန်အောင် (နောင်တရား)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ရတနာရန်နိုင်ဘုရားစေတီတော်အား ဖေဖော်ဝါရီလ ၃ ရက်က ရွှေသင်္ကန်း ကပ်လှူခဲ့သည်ဟု သိရသည်။
.

.
အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ရတနာဗုဒ္ဓဓမ္မ တောင်၌ အောင်ဇေယျာသိဒ္ဓိ ဘုရားရုပ်ပွားတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ပဌာန်းတရားတော်ရွက်ဆိုပူဇော်ကာ ကြွရောက်လာကြသည့် ဧည့်တော်တော်များအား ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။
.
နောင်တရားမြို့တွင် ထင်ရှားသည့် ဘုရားစေတီများအနေဖြင့် ရွှေဘုန်းပွင့် စေတီတော်နှင့် ရတနာရန်နိုင်စေတီတော် တို့ တည်ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About