မြန်မာအပါအဝင် ၆ နိုင်ငံအား အမေရိကန်မှ ရွှေ့ပြောင်းအခြေစိုက်နေထိုင်ခွင့်ဗီဇာ ပိတ်ပင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

မြန်မာအပါအဝင် ၆ နိုင်ငံအား အမေရိကန်မှ ရွှေ့ပြောင်းအခြေစိုက်နေထိုင်ခွင့်ဗီဇာ ပိတ်ပင်

မင်းဇော်မင်း
.
အမေရိကန်ပြည်ထောင်စုမှ မြန် မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆ နိုင် ငံအား ရွှေ့ပြောင်းအခြေစိုက်နေထိုင် ခွင့် ဗီဇာပိတ်ပင်လိုက်ကြောင်း ရန် ကုန်မြို့ရှိ အမေရိကန်သံရုံးက ဖေ ဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
.
 
.
အဆိုပါ ထုတ်ပြန်ချက်တွင် မြန် မာ၊ နိုက်ဂျီးရီးယား၊ ဆူဒန်၊ အီရစ်ထ ရီးယား၊ တန်ဇနီးယား၊ ကာဂျက်စ တန်နိုင်ငံတို့သည် အမေရိကန်၏ လုံ ခြုံရေးနှင့် သတင်းအချက်အလက် မျှဝေခြင်း စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် ယင်းကဲ့သို့ ပိတ် ပင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြပါရှိ သည်။
.
အမေရိကန်သမ္မတက နောက် ကြောင်းရာဇဝင် စုံစမ်းခြင်းနှင့် ဝင် ရောက်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်း စဉ်မြှင့်တင်မှုဆိုင်ရာ ကြေညာချက် တစ်စောင်ကို ဇန်နဝါရီလ ၃၁ ရက် က ထုတ်ပြန်ခဲ့ရာတွင် ကျယ်ကျယ် ပြန့်ပြန့် ပြန်လည်သုံးသပ်မှုနှင့် ကမ္ဘာတစ်ဝှမ်း နိုင်ငံများနှင့် ထိတွေ့ ဆက်ဆံမှု ပြုပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်ဟု ဖော်ပြထားသည်။
.
အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေးနှင့် လူမှုဘဝ ဖူလုံရေးကို ကာကွယ်စောင့်ရှောက်ရန် အလို့ငှာ သတင်းအချက်အလက် မျှဝေကျင့် သုံးမှု အားနည်းသည့် သက်ဆိုင်ရာ နိုင်ငံများမှ နိုင်ငံသားများကို ပြည် ဝင်ခွင့် ကန့်သတ်ရန်၊ နိုင်ငံခြားရေး ဌာနနှင့် အမိမြေ လုံခြုံရေးဌာနကို ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
.
တစ်ဦးတစ်ယောက်ချင်း၏ အ ကြောင်းအရာ ကိစ္စအပေါ် မူတည်၍ ခြွင်းချက်ဖြင့် ဖြေလျှော့ပေးခြင်း ရှိ နိုင်သော် လည်း ၂၀၂၀ ပြည့်နှစ်၊ ဖေ ဖော်ဝါရီလ ၂၁ ရက်မှ စတင်ကာ မြန် မာနိုင်ငံသားများအတွက် ရွှေ့ပြောင်း အခြေစိုက် ပြည်ဝင်ခွင့်ဗီဇာနှင့် DV ဗီဇာတို့ကို ထုတ်ပေးတော့မည် မ ဟုတ်ကြောင်းနှင့် လျှောက်ထားသူ သည် အရည်အချင်း ပြည့်မီသော် လည်း ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေး ရန် ဖြေလျှော့ပေးနိုင်ခြင်း ရှိ/မရှိ ကောင်စစ်ဝန်က ဆုံးဖြတ်မည် ဖြစ် ကြောင်း သိရသည်။
.
အဆိုပါ ကြေညာချက်သည် အမေရိကန်ပြည်ထောင်စုသို့ သွား ရောက်မည့် မြန်မာနိုင်ငံသား အား လုံးကို ကန့်သတ်ခြင်း မဟုတ်ဘဲ ကျောင်းတက်ရန်၊ အလည်အပတ် သွားရန်၊ စီးပွားရေးကိစ္စအတွက် သွားရောက်ရန် ကိစ္စများတွင် သက် ရောက်မှု ရှိမည်မဟုတ်ကြောင်း သိရ သည်။
.
ထို့အပြင် ကြေညာချက်အသစ် အရ ပြည်ဝင်ခွင့် ဗီဇာများကို ပြန် လည်ရုပ်သိမ်းခြင်း ပြုလုပ်မည် မ ဟုတ်သလို တရားဝင် အမြဲတမ်း နေ ထိုင်ခွင့်ကတ် ကိုင်ဆောင်ထားသူ များ အပေါ်သို့လည်း သက်ရောက် ခြင်းမရှိကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
ယင်းကြေညာချက်နှင့် ပတ် သက်၍ အသေးစိတ် အချက်အ လက်များကို အမေရိကန်သံရုံး၊ ကောင်စစ်ဝန်ဌာနမှ Facebook လူ မှုကွန်ရက် စာမျက်နှာတွင် စောင့် ကြည့်နိုင်မည်ဖြစ်ကြောင်း သိရ သည်။
.
အမေရိကန်နိုင်ငံသည် တစ် နှစ်တစ်ကြိမ် ပြင်ပနိုင်ငံများသို့ DV ဗီဇာခေါ် ကံစမ်းမဲများဖြင့် ခေါ်ယူမှု နှစ်စဉ်ရှိနေ ပြီး မြန်မာနိုင်ငံ အနေဖြင့် လည်း ယင်းအစီအစဉ်တွင် နှစ်စဉ်ပါ ဝင်နေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About