ဦးသန့်မြို့က ပြန်ခဲ့တယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 4, 2020

ဦးသန့်မြို့က ပြန်ခဲ့တယ်


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
ရောဆရာ

ပုဂ္ဂိုလ်ကျော်များ၏ အမည်နာမဖြင့် တွဲလျက်သူတို့မွေးဖွား ရာဇာတိမြို့သည်လည်း ထင်ပေါ်နေတတ်၏။ ကျွန်တော်တို့၏ မြန်မာ့လွတ်လပ်ရေး ဖခင်ဗိုလ်ချုပ်(အောင်ဆန်း)ဆိုလျှင် နတ် မောက်မြို့ကဟု သိကြသလို၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်ကို ညောင်ရွှေမြို့ကဟူ၍ သိရှိ ကြပြီး ဖြစ်ကြ၏။ အလားတူပင် အချုပ်အခြာ အာဏာပိုင် လွတ် လပ်သော မြန်မာတို့၏ ပထမဆုံးဝန်ကြီးချုပ် ဦးနုမွေးဇာတိမှာ ဝါးခယ်မဟုတွဲပြီး သိကြသလို သူ့အတွင်းဝန်လည်းဖြစ်၊ နှမ ဝမ်းကွဲလည်းဖြစ်ကာ၊ နိုင်ငံကျော် စာရေးဆရာကြီးလည်း ဖြစ် ပါသော ခင်နှင်းယုကိုလည်း ဝါးခယ်မသူဟူ၍ စာဖတ်ပရိသတ် အားလုံးလိုလို သိကြ၏။ ဧရာဝတီတိုင်းဒေသကြီးသည် မြစ် မင်းဧရာဝတီ မြစ်လက်တက်များ မြွှာ၍ ဖြာဆင်းရာ မြစ်ဝကျွန်း ပေါ်ဒေသဖြစ်သည်နှင့်အညီ မြေသြဇာ အထူးကောင်းမွန်၏။ စိုက်ပျိုးရေး ဖြစ်ထွန်းလှ၏။ လယ်တောတွေ တစ်မျှော်တစ် ခေါ်ကြီး ရှုမဆုံးနိုင်အောင်၊ မိုးတွင်း၌ မြစိမ်းရောင်ခြယ်၊ဆောင်း ကာလဝယ် ရွှေဝါရောင်ဝင်း၊ မြန်မာ့စပါးကျီကြီးတစ်လုံး ဖြစ် ပေ၏။ လူနေအိမ်ခြေ ထူထပ်သိပ်သည်း၏။ စီးပွားရေး ကောင်း ကြ၏။ လူတော်လူမော် ပုဂ္ဂိုလ်ကျော်တွေ အများကြီး ထွက်၏။ ကျိုက်လတ်ဦးပြုံးချို (မြန်မာ့တေးဂီတကျမ်းပြု) ဘဘဦးသုခ (အဆိုကျော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီဆုများရှင်၊ စာရေးဆရာ) ဘိုကလေးတင့်အောင် (တေးပြုစာဆို အနုပညာ ရှင်) ငါးသိုင်းချောင်း ဒေါက်တာသန်းထွန်း (သမိုင်းပညာရှင်) ဦးသိန်းသန်းထွန်း (သမိုင်းသုတေသီနှင့် စာရေးဆရာကြီး) ဓနု ဖြူကျော်ထွန်းမောင်မင် (ဓနုဖြူ) (စာရေးဆရာများ) စသည်ဖြင့် တန်းစီရေးချ၍ ကုန်နိုင်ဖွယ် မရှိပါ။
.
အားလုံးထဲမှာ ထိပ်တကာ့ ဘုရင်၊ ထွတ်ခေါင်တင်မှာ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ဖြစ်၏။ ဦး သန့်၏ မွေးဖွားရာဇာတိမြို့မှာ ပန်းတနော် ဖြစ်၏။ ကျွန်တော့် ဆောင်းပါးခေါင်းစီးကြီးကို "ဦးသန့်မြို့က ပြန်ခဲ့တယ်"ဟု တပ် လိုက်ရခြင်းမှာ ခရီးအလွန်ထွက်ခဲလှပြီး ခရီးထွက်ရန်လည်း လွန်ဝန်လေးလှသည့် ကျွန်တော်သည် ပန်းတနော်မြို့သို့ လုံးဝ စိတ်ကူးမရှိဘဲနှင့်၊ ကံကော်ပြီး ရောက်ခဲ့ရသောကြောင့်ပါ။ ဖြတ် သန်းရုံမျှဖြင့် ဂုဏ်ယူနေရ၏။ ကျွန်တော် နှစ် ၂၀ တစိုက်မတ် မတ် ဆောင်ရွက်ပေးနေသော၊ ခေါင်တိုင်အနီး၊ မြောက်တောင် ပို့ကြီးရွာ၊ ဂျပန်စိုက်ပျိုးမွေးမြူ လူငယ်လေ့ကျင့်ရေး သင်တန်း ကျောင်းကို စတင်တည်ထောင်သူ၊ ကရာမိုစီလာလုပ်ငန်း မန် နေဂျာမစ္စတာ ဟီရာဘိုစံ၏ အတင်းတောင်းဆို စီမံမှုကြောင့် လက်ခံရခြင်း ဖြစ်၏။ ၁၆//၂၀၂၀ ဟဲဟိုး ရန်ကုန်။ ၁၇// ၂၀၂၀ ရန်ကုန်မှ ပန်းတနော်ဖြတ်ပြီး နာရီဝတ်ခရီး မင်းဂရု (ခေါ်) မင်းတစုရွာသို့ ရောက်၏။ ယင်းရွာတွင် စတင်ပျိုးထောင်ဖွင့်လှစ် သည့် "လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ နေ့ ဝက်ဟောပြော သင်ကြား၏။ ၁၈//၂၀၂၀ ဇလွန်ပြည်တော် ပြန် ဘုရားဖူးပြီး မင်္ဂလာဒုံမှ ဟဲဟိုးသို့ ပြန်လာသည်။ ညအိပ် ရက် ခရီးတိုလေး ဖြစ်ပါ၏။ ဆရာမောင်ဝံသက "ဝေါမြို့က ပြန် ခဲ့တယ်" ဆောင်းပါးတွဲရေးရာ၌ "ယောဆရာ" ခေတ်ဟောင်းသီ ချင်း "ယောမြို့က ပြန်ခဲ့တယ် ဆေးဝါးတော့မောင်နားမလည်" စာသားမှ ယူခြင်းဖြစ်၏။ ကျွန်တော်ကတော့ "ဟိုရောရော ဒီ ရောရော နှင့် ရောဆရာ" ဖြစ်ပေရော့မည်။
.
ပညာရေး

တိုင်းပြည်တစ်ပြည် တိုးတက်အောင်မြင်ရန်၊ လူသားအ ရင်းအမြစ် ဖြစ်သော ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင် ပေးကြရပါမည်။ "ယနေ့လူငယ် နောင်တစ်ခေတ်ဝယ် လူကြီး" ဆိုရိုးစကားအတိုင်းပင်၊ မျက်မှောက်ကျောင်းသား လူငယ်များ သည် ခေတ်ရှေ့ဆောင်၊ တိုင်းကျိုးပြည်ဆောင်၊ တိုင်းပြည့်ခေါင်း ဆောင်ကြီးများ ဖြစ်လာနိုင်သည့် အလောင်းအလျာတွေ ဖြစ် ကြပါသည်။ သူတို့လေးတွေကို ကျကျနန ပြုစုပျိုးထောင်လိုက် နိုင်ပါမှ တိုင်းပြည်က ဂုဏ်ယူဝင့်ကြွားနိုင်သော၊ ကမ္ဘာ့နိုင်ငံအ သီးသီးတို့ကလည်း လေးစားတန်ဖိုးထားရသော နိုင်ငံ့ရှေ့ ဆောင်ရှေ့ရွက် မြန်မာ့ထိပ်သီးခေါင်းဆောင်ကြီးတွေ ပေါ်ထွန်း လာနိုင် ပါလိမ့်မည်။ ထို့ကြောင့် ပညာရေးသည်နံပါတ် () ဏန်းထိပ်တန်းရောက်နေဖို့ အလွန်အရေးကြီးလှ၏။ ရေမြင့် လျှင် ကြာမြင့်ဆိုသကဲ့သို့၊ ပညာရေး မြင့်မားလျှင် နိုင်ငံ့ခေါင်း ဆောင်ကောင်း မြင့်မြင့်မားမားကြီးတွေ ပေါ်ထွန်းလာမည်။ တိုင်းပြည့် အခြေအနေလည်း တိုးတက်မြင့်မားချမ်းသာကြွယ်ဝ လာပေလိမ့်မည်။ ပညာရေး နိမ့်ကျခဲ့သော်၊ အတွေးအခေါ် နုံ ချာ၊ ကွက်ကျော်မမြင်တတ်၊ မိမိလက်မှတ်တစ်တိုသည် တိုင်း ပြည်နှင့် လူထုမည်မျှ ဒုက္ခပင်လယ်ဝေစေမည်ကို ကြိုမတွေးမ သိနိုင်သောကြောင့် တိုင်းပြည်နှင့် လူမျိုးအား ချောက်ကမ်းပါး နက်ထဲသို့ တွန်းချလိုက်ဘိသကဲ့သို့ ဖြစ်ပေရော့မည်။ ယခုကျွန် တော်တို့ တိုင်းပြည်ကြီး နိုင်ငံတကာကြွေး၊ လည်ပင်းနစ်နေခဲ့ ပြီ။ လူမဖြစ်သေးသည့် အမိဝမ်းထဲက သန္ဓေသားလေးတောင် ကြွေး ကျပ် သိန်းဆိုလား၊ ဒေါ်လာပါကွာ။ ကျပ်မဟုတ်ပါဘူး ဆိုလားပြောဆို ဝေဖန်နေကြသော ဟူ၏။ မည်သူကြောင့် ဘာ ကြောင့်ပါနည်း။
.
"ဒီစာရေးဆရာ ဗလချာ သွားဆရာဝန်က တန်ရာတန်ရာ မနေဘူး။ ဘာတွေ လျှောက်ရေးနေပါလိမ့်။ ပညာရေးနဲ့ သူ ဘာဆိုင်လို့တုံး" ဆိုကောင်း ဆိုကြပါလိမ့်မည်။ ကျွန်တော်သည် လည်း တိုင်းပြည်သား တစ်ဦးဖြစ်လို့မို့ ကိုယ့်နိုင်ငံကြွေးနစ်နေ သည့်အဖြစ်ကို မကြည့်ရက်နိုင်ပါ။ ကယ်တင်ဖို့ကလည်း တန်ခိုး ရှင် မဟုတ်လေတော့ "ဥုံဖွ ဖြစ်စေသတည်း" မစွမ်းဆောင်နိုင် သဖြင့် ကလောင်လေး ချူချူချာချာကိုကိုင်ပြီး သကာလ၊ ကောင်းနိုးရာရာ သင့်တော်မည် ထင်သည်တို့ကို လှစ်ပြရုံမျှသာ လှစ်ပြနိုင်ပါကြောင်း ဝန်ခံလိုက်ရပါ၏။ တိုင်းပြည့်ခေါင်းဆောင် ကြီးများ၊ အထူးသဖြင့် ပညာရေးမှာ တာဝန်ရှိပုဂ္ဂိုလ်ကြီးများ လက်တဲ့စမ်းသဘောမျိုး စီမံကိန်းကြီးတွေ မရေးဆွဲမိစေဖို့။
.

ပန်းတနော်ခရီးဆိုတော့ စာရေးဖော်၊ မြတောင်ဆရာတော် ကို ဦးဆုံး သတိရ၏။ အမှန်တော့ သွားနှင့်သူ တင်အောင်သွင် ဆိုသော ပန်းတနော်သား စာရေးဆရာကြောင့် ဆရာတော်နှင့် ချိတ်ဆက်မိရခြင်းပါ။ စာအဆက်အသွယ် ပြတ်တောက်ခဲ့သည် မှာ ကြာပြီ။ ရောက်တုန်းရောက်ခိုက် ဝင်ဦးတိုက်ပါမှ။ ကိုဂျပန် ကြီးကို ခွင့်ပန်၊ ကား ဆရာကို မျက်နှာချိုသွေးပြီး ဝင်ဖူးဝင်လှူ ၏။ စာအုပ်တစ်ဆွဲ တုံ့ပြန်၍ ကန်တော့ရကျိုးနပ်လှပါသည်။ ခွဲ စိတ်ပေးနိုင်သည်အထိ ပြည့်စုံသော မျက်စိဆေးရုံကြီးဟည်းထ အောင်မြင်နေ၏။ တစ်ပိုင်းတစ်ဝက် ဖြစ်နေသည်က စာကြည့် တိုက်။ ပြီးတော့ ဦးသန့်ကိုယ်အထက်တစ်ပိုင်း ကြေးရုပ်ထုကြီး ကို ဂါရဝပြုနိုင်ခဲ့ပေမင့် ပြတိုက် ဗိမာန်ဖြစ်ပေါ်အောင် ကြိုးပမ်း ရဦးမည်။ သက်တော် ၇၁ နှစ် အိုသော်လည်း စွမ်းနိုင်ပါစေဟု။
.
ဇမ္ဗူလူ

ကျွန်တော်တို့ မြန်မာနိုင်ငံသည် ရှေးဗုဒ္ဓဝင်ကျမ်းဂန်များအ ဇမ္ဗူဒီပါလက်ျာတောင် ကျွန်းအရပ်၌ ပါဝင်၏။ ကျွန်းဦး၌ ဇမ္ဗူ့ သပြေပင် ပေါက်နေခြင်းကို ဂုဏ်ယူသည့် အမှတ်အသား ရှိ သည်။ သပြေသည် အောင်နိမိတ် အောင်အတိတ် ဆောင်သည်။ အောင်သပြေပန်းဟုလည်း ဂုဏ်တင်ခေါ်ဝေါ်၏။ "ဇမ္ဗူတွင် တစ် လူ" ဟူ၍ ထူးချွန်ထက်မြက်ကျော်ကြားသူအား ဂုဏ်ပြုရလျှင် သိမ်ငယ်နေလိမ့်မည်ဟု ကျွန််တော်ယူဆမိ၏။ အကြောင်းရှိ၏။ ကျွန်တော်တို့၏ ဘဒ္ဒကမ္ဘာမှာ ရှေးရိုးအစဉ်အ လာအရ၊ အရှေ့ကျွန်း၊ အနောက်ကျွန်း၊ တောင်ကျွန်း၊ မြောက် ကျွန်းဟူ၍ ကျွန်းကြီးလေးကျွန်း၏ ဗဟိုမဏ္ဍိုင်၌ မြင်းမိုရ်တောင် ကြီး တည်ရှိ၏။ လေးကျွန်းတစ်မြင်းမိုရ်သည် တစ်ကမ္ဘာဖြစ် တော့သည်။ သိပ္ပံနည်းကျ ကမ္ဘာ့မြေပုံအရတွင်မူ တိုက်ကြီး တိုက်ဟု သတ်မှတ်ရေတွက်၏။ ဟိမဝန္တာတောင်ထွတ်သည် အမြင့်မားဆုံးသော တောင်ကြီးမဟာဖြစ်၍ အင်္ဂလိပ်လို Everest အမည်ပေးထား၏။ Mount Everest ပါ။ "ခွေးမရောက် အိမ်မိုးခေါင်၊ လူမရောက်မြင်းမိုရ်တောင်" မြန်မာ့ဆိုစကားအ တိုင်းပင်၊ ရှေးတစ်ခေတ်တုန်းက Mt.Everest ဟိမဝန္တာတောင် ထိပ်သို့ မည်သည့် သက်ရှိမှ မရောက်ဖူးခဲ့ကြချေ။ မည်သူကမှ ခြေချနိုင်ခြင်းမရှိ၊ ခြေချရန် ခက်ခဲလွန်းခြင်းမို့၊ ယင်းတောင်ထိပ် သည်၊ အပျိုစင်သစ်တော Virgin Ferest ကဲ့သို့ပင် အမြဲတမ်း ငြိမ်သက် အနားယူနိုင်ခြင်းရှိခဲ့၏။ ထို့ကြောင့် Everest တဲ့။
.
တိုက်ကြီး တိုက်၊ ကျွန်းကြီးကျွန်းငယ်ပေါင်း ထောင်ချီရှိ သော ကမ္ဘာ၌ တိုင်းပြည်ကြီးငယ် ရာကျော် ရှိပါ၏။ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင် တိုင်းပြည်များလည်း ရာကျော်ရှိ၍ တိုင်းပြည်အ သီးသီးမှ စေလွှတ်သော တိုင်းပြည်ကိုယ်စား သံအမတ်လည်း ရာကျော်ရှိပြန်၏။ ကိုယ်စားလှယ် သံအမတ်ပေါင်း ရာချီရှိသည့် အနက် သူ့ကဏ္ဍအလိုက် အဖွဲ့ငယ်များအသီးသီးတွင် အတွင်း ရေးမှူးအသီးသီးရှိပြန်သည်။ ယင်းသို့သော အတွင်းရေးမှူးများ ခေါင်းဆောင်၊ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးသည် ကားမြင့်မားကြီးကျယ်လွန်းပါ၏။ ကမ္ဘာ့ကု လသမဂ္ဂအဖွဲ့အ စည်းကြီး၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်မှာ မြန်မာနိုင်ငံမှ ဦးသန့်ဖြစ်၏။ နှစ် သက်တမ်းမျိုး ကြိမ်တိတိ ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့၏။ အလွန်အောင်မြင်ခဲ့၏။ လူ ကြိုက်အလွန်များခဲ့၍ နောက်ထပ် နှစ်၊ တတိယသက်တမ်းအ တွက်ကိုပင် အဆိုပြုခြင်း ခံရသူမို့ ထူးခြားဖြစ်စဉ်ပါ။ ကျန်းမာ ရေးကို ငဲ့၍ ဦးသန့်လက်မခံခဲ့ပေ။ အနားယူပြီး နှစ်အကြာမှာ ကွယ်လွန်ခဲ့ရှာသည်။ နှစ်မျှ ထပ်မံနေနိုင်လျှင် စာအုပ်များစွာ ရေးခဲ့နိုင်ပါလိမ့်မည်။
.
သူ့တစ်သက်တာ ရရှိခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့များမှာ ၁၉၄၉ ခုနှစ် ဝဏ္ဏကျော်ထင်ဘွဲ့၊ ၁၉၅၃ သီရိပျံချီဘွဲ့၊ ၁၉၅၅ ယူဂိုဆလပ် တံခွန်ဘွဲ့၊ ၁၉၅၇ စည်သူဘွဲ့၊ ၁၉၆၀ မဟာ သရေစည်သူဘွဲ့၊၁၉၆၆ နေရူးဆုတို့အပြင် ကမ္ဘာတစ်ဝန်းရှိ တက္ကသိုလ်အသီးသီးက L.L.D ဒေါက်တာဘွဲ့ပေါင်း ၃၅ ဘွဲ့တို့ ကို ဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့ကြပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့သား ဦးသန့်အတွက် ကျွန်တော်တို့ အမြဲဂုဏ်ယူ နေရမည် ဖြစ်၏။ မြန်မာ့ဂုဏ်ကိုဆောင်ခဲ့သူ ဖြစ်သောကြောင့် ပါ။ သူ့လို ပုဂ္ဂိုလ်ကျော် ထပ်ပေါ်ဖို့မလွယ်။
.
စာဖတ်လွန်းသူ

အလွန်မတန် တာဝန်ကြီးလေးသော ကမ္ဘာ့ကုလသမဂ္ဂ ထွေထွေအတွင်းရေးမှူးချုပ် ရာထူး၌ ၁၀ နှစ်ကြာ အောင်မြင် စွာ ထမ်းဆောင်နိုင်ခြင်း၏ အခြေခံမှာ စာအလွန်ဖတ်ခြင်း၏ လဒ်အကျိုးကျေးဇူးဖြစ်၏။ မူလတန်းကျောင်းသားဘဝမှာပင်၊ ဖခင်၏ အိမ်စာကြည့်တိုက်မှ အင်္ဂလိပ်မြန်မာ စာအုပ်များ၊ နေ့ စဉ်ယူသော အင်္ဂလိပ်မြန်မာ သတင်းစာများကို မပျက်မကွက်အ ချိန်ပြည့်နီးပါး ဖတ်ရှုခဲ့၏။ ကစားချိန်ထက် စာဖတ်ချိန်က ပိုများ ၏။ ရည်မှန်းချက် ကြီးသူဖြစ်၍ အင်္ဂလိပ်စာကို ပိုအလေးထားခဲ့ သော်ငြား ပါဠိနှင့် ဗုဒ္ဓစာပေအဆုံးအမများကို လေ့လာ၏။ ဥပုသ် ယူ သီလစောင့်ထိန်းကာ သံဃဝေယျာဝစ္စဆောင်ရွက်ပေးမြဲ လည်း ဖြစ်၏။ ဤအခြေခံကောင်းများကြောင့်၊ စိတ်ထားဖြောင့် မတ် တည်ကြည်သည်။ အရေးကြီးကိစ္စ ကြုံလျှင် စိတ်တည်ငြိမ် စွာ အကောင်းဆုံး သုံးသပ်ဆုံးဖြတ်နိုင်ခဲ့သည်။ မေတ္တာကြီးမား ကာ စာနာသော နှလုံးသားရှိ၍ သည်းညည်းခံနိုင်၍လည်း ကမ္ဘာ့ အရေးအခင်းကြီးငယ်များကို ပြေလည်အောင် ညှိနှိုင်းဖြေရှင်း ပေးနိုင်ခဲ့၏။ သာဓကအားဖြင့် အနောက်ဟီရီယံကိစ္စ၊ ကွန်ကိုအ ရေးအခင်း၊ ဆိုက်ပရပ်စ် ဆူပူမှု၊ ကျူးဘားပြဿနာတို့ ဖြစ်ပါ သည်။ တတိယကမ္ဘာစစ်ကြီး ဖြစ်လုနီးကိုလည်း တားဆီးပေး နိုင်မှုကား တစ်ကမ္ဘာလုံးက လေးစားကျေးဇူးတင်ကြရ၏။ အမေ ရိကန်တပ်နှင့် ဆိုဗီယက်ဒုံးပျံတင် သဘောင်္တွေ ပစ်ခတ်ကြ တော့မည့်ဆဲဆဲ၊ အားလုံးက ရင်မ နေကြရချိန်လေ။ တစ်ဖက်နှင့် တစ်ဖက် မသင့်မြတ်နေသော ဂရိနွယ်ဝင်ဆိုက်ပရပ်စ်များနှင့် တူရကီနွယ်ဝင်ဆိုက်ပရပ်စ်တို့ သွေးချောင်းစီး တိုက်ခိုက်မှုကို နှစ်ဖက်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးပေးမှု ပြေလည် အောင်မြင်နိုင်ခဲ့၏။ ကမ္ဘာသား လူအများ၏ အသက်စည်းစိမ် ကယ်ဆယ်မှုကြီး မဟုတ်ပါလား။
.
ဦးသန့်၏ ဘဝကောက်ကြောင်း အကျဉ်းမှာ အဖဦးဖိုးနှစ် အမိ ဒေါ်နန်းသောင်တို့မှ ၁၉၀၉ ဇန်နဝါရီ ၂၂ ရက် ပန်းတနော် မြို့၌ ဖွားမြင်ခဲ့။ ၁၉၂၆ ပန်းတနော် အမျိုးသား အထက်တန်း ကျောင်းမှ ၁၀ တန်းအောင်၊ ၁၉၂၈ ရန်ကုန်တက္ကသိုလ်မှ ဥပ စာတန်းအောင်ပြီး ကျောင်းဆရာဝင်လုပ်။ ၁၉၂၈-၃၁ တွင် ပန်း တနော် အမျိုးသားကျောင်း အထက်တန်းပြဆရာ။ ၁၉၃၁-၄၂ ပန်းတနော် အမျိုးသားကျောင်း၊ အထက်တန်းကျောင်းအုပ်။ ၁၉၄၂-၄၅  ဂျပန်ခေတ် ပန်းတနော် အုပ်ချုပ်ရေးကော်မတီအ ဖွဲ့ဝင်။ ၁၉၄၇ ရန်ကုန် ဖဆပလ အဖွဲ့ချုပ် ပြန်ကြားရေးတာဝန် ခံ။ သတင်းစာ ဒုတိယညွှန်ကြားရေးဝန်။ ၁၉၄၈ ပြန်ကြားရေးဌာ ဒုတိယအတွင်းဝန်၊ အသံလွင့်ဌာန ညွှန်ကြားရေးဝန်။ ၁၉၄၉ ပြန်ကြားရေးဌာနအတွင်းဝန်။ ၁၉၅၄ ဝန်ကြီးချုပ်အတွင်းဝန်။ ၁၉၅၅ စီးပွားရေးနှင့် လူမှုဖူလုံရေး ဘုတ်အဖွဲ့အတွင်းဝန်။ ၁၉၅၇-၆၁ ကုလသမ္မဂဆိုင်ရာ မြန်မာသံအမတ်။ ၁၉၆၁ ကုလ သမဂ္ဂဝန်ထမ်းအဖြစ် ပြောင်းကာ အတွင်းရေးချုပ် (အစမ်း) ၁၉၆၂ မှ ၁၉၇၁ နှစ်ကုန်ထိ ၁၀ နှစ်အတွင်းရေးမှူးချုပ်။ ၁၉၇၄ နိုဝင်ဘာ ၂၅ အမေရိကန် နယူးယောက်မြို့၌ ကွယ်လွန်။ ကဗျာ ဆောင်းပါးဝတ္ထု ၄၀ ကျော်နှင့် အင်္ဂလိပ်မြန်မာ စာအုပ်များ ရေး သားထုတ်ဝေခဲ့ပါသည်။
.
ကျွန်တော်တို့ စာများများဖတ်ကြရမည်။ မျိုးဆက်သစ် လူငယ်များကို စာပေလက်ဆင့်ကမ်း ပေးကြရမည်။ ဗိုလ်ချုပ် (အောင်ဆန်း) ဦးသန့် စသော ကမ္ဘာကျော် မြန်မာ့ခေါင်းဆောင် ကောင်းကြီး များစွာကို ပြုစုပျိုးထောင်ပေးနိုင်ပါမှ တိုင်းပြည်တိုး တက် ဝင့်ကြွားနိုင်မည့်အကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats

About