နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြည်ထောင်စုနေ့ (ရှမ်းတောင်) ခရီးစဉ် သတင်းမှတ်တမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 19, 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြည်ထောင်စုနေ့ (ရှမ်းတောင်) ခရီးစဉ် သတင်းမှတ်တမ်း

.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီလ ၁၁ ရက်တွင် နေပြည်တော်မှ တောင်ကြီး သို့ ဟဲဟိုးလေဆိပ်က တဆင့် ရောက်လာပြီး တောင်ကြီးမြို့၊ အ ထက(၁)၌ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံကာ ဖေ ဖော်ဝါရီလ ၁၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၌ ကျင်းပပြုလုပ်သည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားသို့ တက်ရောက်ခဲ့ပြီး ပင်လုံမြို့တွင် ဒေသခံပြည်သူများ နှင့် တွေ့ဆုံခဲ့ပါသည်။
.
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှမ်းပြည်နယ် ခရီးစဉ်အ တွင်း ဒေသခံလူထုများနှင့် တွေ့ဆုံမှုများ၊ မှာကြား ပြောဆိုမှုများ ကို စုစည်းဖော်ပြလိုက်ပါသည်။
.
ကျောင်းသား/သူများနှင့် တွေ့ဆုံ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီလ ၁၁ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်မှ ဟဲဟိုးလေဆိပ်သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာပြီး ဟဲ ဟိုးမြို့မှတစ်ဆင့် တောင်ကြီးမြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာကာ တောင်ကြီးမြို့၊ အမှတ် (၁) အခြေ ခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြား ပို့ချနေမှု အ ခြေအနေများကို ကြည့်ရှုအားပေးကာ ကျောင်းသား/ကျောင်း သူများ၊ ဆရာ/ဆရာမများအား အမှာစကား ပြောကြားခဲ့ပါ သည်။
.
တာဝန်ဟူသည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မိမိတို့နေထိုင်သည့် နိုင်ငံသည် ပြည်ထောင်စု မြန်မာနိုင်ငံ တော် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဟူသည်မှာ မတူကွဲပြားမှု များကို စုစည်းပြီး ညီညွတ်အောင် တည်ထောင်ထားသည့် နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံသည် ညီညွတ်မှုရှိမှ ချမ်းသာမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံ ချမ်းသာအောင် လုပ် ဆောင်လိုသည့် စိတ်ဓါတ်အားလုံးတွင် ရှိစေလိုပါကြောင်း၊ တာ ဝန်ဟူသည်မှာ မိမိက ဆောင်ရွက်ပေးရန် ရှိသည်များကို ပြည့် စုံမှန်ကန်စွာ ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ တာဝန်ကို ငယ်စဉ်ကတည်းက နားလည်ထားရန် လိုအပ်ပါကြောင်း၊ လူ ငယ်များအနေဖြင့် မိမိကိုယ်မိမိ တာဝန်ယူသည့်စိတ်ကို ယခုက တည်းက မွေးမြူပြီး မိမိအတွက် ကြိုးစားသကဲ့သို့ နိုင်ငံအတွက် လည်း ကြိုးစားရန် လိုအပ်ပါကြောင်း၊ နိုင်ငံအတွက် ကြိုးစား ခြင်းသည် အလွန်မြင့်မြတ်သည့် အလုပ်တစ်ခု ဖြစ်ပါကြောင်း ပြောဆိုခဲ့သည်။
.
ပြည်ထောင်စုနေ့ အခမ်းအနားတွင် အမှာစကား ပြောကြား
၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော် ဝါရီလ ၁၂ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ရှိ သမိုင်း ဝင် ပင်လုံစာချုပ် ချုပ်ဆိုရာ တောင်တန်း-ပြည်မ ပူးပေါင်းရေး စာချုပ်ကျောက်တိုင် ရင်ပြင်တွင် ကျင်းပရာ နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစ ကား ပြောကြားခဲ့ပါသည်။
.
ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်၏ လူထုကိုယ်စား လှယ်ဖြစ်ကြောင်း
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုနေ့ဟူ သည် ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကို မောင်နှမများအား လုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓါတ်ကိုထုတ် ဖော်ပြသခဲ့သည့်နေ့အဖြစ် တန်ဖိုးထားရမည် ဖြစ်ကြောင်း၊ မြန် မာနိုင်ငံ နယ်ချဲ့လက်အောက်ကို ကျရောက်ခဲ့စဉ်က တောင်တန်း ဒေသများကို မြေပြန့်နှင့် ခွဲခြားအုပ်ချုပ်ခဲ့ပြီး မြန်မာနိုင်ငံကို မ ဖြစ်မနေ လွတ်လပ်ရေး ပေးရတော့မည့်အချိန်တွင် အင်္ဂလိပ် တို့က တောင်တန်းဒေသများကို ချန်လှပ်ထားရန် ကြိုးပမ်းအား ထုတ်မှုများရှိခဲ့ပါကြောင်း။ ထို့ကြောင့် ထိုစဉ်က ယာယီအစိုးရ ကို ဦးဆောင်သည့် ဖဆပလ အဖွဲ့မှ တောင်တန်း၊ ပြည်မအတူ တကွ လွတ်လပ်ရေးရယူနိုင်ရန် အတွက် ကြိုးပမ်းခဲ့ပါကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်သို့ သွားရောက်ပြီး မြန်မာ တစ်နိုင်ငံလုံး လွတ်လပ်ရေး ရရှိရေးအတွက် အရေးဆိုခဲ့ရာတွင် ရှမ်းစော်ဘွားကောင်စီ အဖွဲ့ဝင်အချို့က ဗိုလ်ချုပ်အောင်ဆန်း သည် ရှမ်းပြည်နယ်၏ ကိုယ်စားလှယ် မဟုတ်ကြောင်း ဗြိတိသျှ အစိုးရထံသို့ ကြေးနန်းစာ ပေးပို့ခဲ့သည့်အတွက် ဆွေးနွေးပွဲကို ခေတ္တရပ်ဆိုင်းလိုက်ရချိန်တွင် ရှမ်းပြည်နယ်လွတ်လပ်ရေး အ ဖွဲ့ လူငယ်များက တောင်ကြီးမြို့တွင် လူထုအစည်းအဝေး ခေါ် ယူကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်၏ လူထု ကိုယ်စားလှယ် အစစ်အမှန်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချကာ ဗြိတိသျှ ဝန်ကြီးချုပ်ထံ ကြေးနန်းရိုက် အကြောင်းကြားခဲ့ပါ ကြောင်း၊ ထို့ကြောင့် ဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်ခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် အောင်ဆန်း-အက်တ လီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါကြောင်း။
.
ပင်လုံစာချုပ်
အောင်ဆန်း-အက်တလီစာချုပ်တွင် တောင်တန်းဒေသ များမှ မြန်မာပြည်မနှင့် ပူးပေါင်းလိုခြင်း ရှိ/မရှိ တောင်တန်းသား များ၏ သဘောထားရယူရမည်ဟု ဖော်ပြထားချက်အရ ကွန်ဖ ရင့်တစ်ရပ် ကျင်းပရန် လိုအပ်လာသည့်အတွက် ဗိုလ်ချုပ်အောင် ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသား ခေါင်းဆောင်များပင် လုံမြို့တွင် တွေ့ဆုံဆွေးနွေးပြီး ဗမာပြည်မ၊ ဖက်ဒရယ် ရှမ်းပြည် နယ်၊ ကချင်တောင်တန်းဒေသနဲ့ ချင်းတောင်တန်းဒေသတို့ အ ပါအဝင် မြန်မာတစ်နိုင်ငံလုံး တစ်ပြိုင်တည်း လွတ်လပ်ရေး ရ ယူရန် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်တွင် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း ပြောဆိုခဲ့သည်။
.
ပြည်သူပါဝင်မှုနှင့် တိုင်းရင်းသားများ၏ ပူးပေါင်းပါဝင်မှု
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပင်လုံစာ ချုပ်ဖြစ်ပေါ်လာရခြင်းနှင့် ပတ်သက်၍ အရေးအကြီးဆုံးအချက် မှာ ပြည်သူလူထု ပါဝင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ပင်လုံစာ ချုပ်တွင် ပါဝင်သော ဝါကျတစ်ခု၌ ကြားဖြတ်မြန်မာ အစိုးရနှင့် ချက်ခြင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျှင်မြန်စွာ ရရှိလိမ့်မည်ဟုဖော်ပြထားပါ ကြောင်း၊ တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်မှသာ နိုင်ငံအ တွက်အရေးပါသည့် ကိစ္စများကို မြန်ဆန်ကောင်းမွန်စွာ အ ကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီပြည် ထောင်စုကြီး အောင်မြင်စွာ ပေါ်ထွန်းလာစေရေးအတွက် ပြည် သူပါဝင်မှုနှင့် တိုင်းရင်းသားများ၏ ပူးပေါင်းပါဝင်မှု လိုအပ်ပါ ကြောင်း။
.
သေနတ်သံ မတိတ်သေး
ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ် ဂုဏ်ပြုကာအ ခမ်းအနားများ ကျင်းပခဲ့ရာ အကြိမ် ၇၀ ကျော်ခဲ့ပြီးဖြစ်သော် လည်း အယူဝါဒကွဲပြားမှုများ၊ သံသယများကြောင့် လွတ်လပ် ရေးရှိသည်နှင့် တိုင်းရင်းသားအချင်းချင်း စစ်ခင်းခဲ့ရာ ယနေ့အ ချိန်အထိ သေနတ်သံ မတိတ်သေးပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်နိုင် ရေးအတွက် အတိတ်သမိုင်းမှ သင်ခန်းစာများကို ကြည့်ရန် လိုပါကြောင်း၊ မြန်မာကို နိုင်ငံတကာနှင့်အတူ ရင်ပေါင်တန်း လျှောက်လှမ်းနိုင်ရန်အတွက် အချုပ်အခြာအာဏာပိုင် ဒီမိုက ရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာအောင် ကြိုးပမ်းရ မည် ဖြစ်ပါကြောင်း။
.
၂၁ ရာစုပင်လုံ
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အ မျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ  တိုင်းရင်းသားအားလုံး ကျေနပ်လက်ခံနိုင်မည့် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးဆွေးနွေးမှုဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီ လာခံ (၂၁ ရာစု ပင်လုံ) အစည်းအဝေးများကို ကျင်းပဆောင် ရွက်နေပါကြောင်း၊ ၂၀ ရာစုပင်လုံ၏ စည်းလုံးညီညွတ်မှု စိတ် ဓာတ်ကို ယူဆောင်ပြီး ၂၁ ရာစု ပင်လုံကိုလက်ရှိကာလ၏ ဆက် စပ်မှု အခြေအနေများနှင့် ကိုက်ညီအောင် ဆွေးနွေးညှိနှိုင်းပြီး နိုင်ငံအတွက် အသက်သမျှ အရေးတကြီး လိုအပ်နေသည့် ရေ ရှည်တည်တံ့သော ငြိမ်းချမ်းရေးကို စုပေါင်းအားဖြင့် ရယူကြရ မည်ဖြစ်ပါကြောင်း ပြောဆိုခဲ့သည်။
.
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု
ဆက်လက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က မတူညီသည့် အမြင်များ၊ ယုံကြည်ချက်များ ရှိ နေကြသော်လည်း အားလုံး၏ ရည်မှန်းချက်ပန်းတိုင်သည် အမျိုးသားတန်းတူရေးနှင့် ညီညွတ်ရေးကို အခြေခံသည့် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ပါ ကြောင်း၊ ၂၀ ရာစု ပင်လုံအစည်းအဝေးတွင် တိုင်းရင်းသားခေါင်း ဆောင်ကြီးများက အမြော်အမြင် ကြီးစွာဖြင့် ဆွေးနွေးညှိနှိုင်း ခဲ့ကြသလို ၂၁ ရာစု ပင်လုံတွင်လည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အမြော်အမြင်ရှိရှိ၊ စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်ဖြင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်သွားနိုင်မည် ဆိုပါက အား လုံးလိုလားတောင့်တနေသည့် ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စုကို အောင်မြင်စွာ တည်ဆောက်သွားနိုင်မည်မှာ မလွဲ ဧကန် ဖြစ်ပါကြောင်း ပြောဆိုခဲ့သည်။
.

.
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ်အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေး သံလွင်ပင်ကို တောင် တန်း-ပြည်မ ပူးပေါင်းရေးသဘောတူစာချုပ် ကျောက်တိုင်ရင် ပြင်ရှေ့ မြက်ခင်းတွင် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေသခံပြည်သူများနှင့် တွေ့ ဆုံ
ပြည်ထောင်စုနေ့ အခမ်းအနားပြီး မွန်းလွဲပိုင်းတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပင် လုံမြို့ရှိ တောင်တန်း-ပြည်မပူးပေါင်းရေးစာချုပ်ကျောက်တိုင် ဝင်းအတွင်းရှိ ယာယီမဏ္ဍပ်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ သည်ဟု သိရသည်။
.

ညီညွတ်မှုရှိရန်လို
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံ ဖြစ်သည့်အားလျော်စွာ ညီညွတ်မှု ပိုမိုလိုအပ်ပါကြောင်း၊ ပြည် ထောင်စုအင်အားကို တည်ဆောက်ရန် ပိုမိုလိုအပ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓါတ်ကို မွေးမြူရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ၏ ပြည်ထောင်စုလမ်းသည် မပြီးဆုံး သေးပါကြောင်း၊ ၁၉၄၇ ခုနှစ်မှ စတင်၍ ယနေ့ ၂၀၂၀ ပြည့်နှစ်အထိ ပြည်ထောင်စုကို ခိုင်ခိုင်ခံ့ခံ့  မထူထောင်နိုင်သေးပါကြောင်း၊ နိုင်ငံသားအားလုံး တစ်စိတ်တည်း၊ တစ်ဝမ်းတည်းဖြစ်ရန် အရေးကြီးပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ညီညွတ်မှု၊ ရုပ်ပိုင်းဆိုင်ရာ ညီညွတ်မှုရှိရန် လို အပ်ပါကြောင်း။
.
နိုင်ငံတစ်နိုင်ငံ၊ ပြည်ထောင်စုတစ်ခု၏ ချမ်းသာကြွယ်ဝမှု သည် သယံဇာတပစ္စည်း ပေါကြွယ်ဝမှုနှင့် မသက်ဆိုင်ဘဲ နိုင်ငံ သူ၊ နိုင်ငံသားများ၏ စိတ်ဓါတ်၊ ညီညွတ်မှု၊ ဇွဲ၊လုံ့လ၊ ဝီရိယတို့ အပေါ်တွင် မှီတည်ပါကြောင်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်း အတွက် မဟုတ်ဘဲ အများအကျိုးကို ဆောင်ခြင်းအားဖြင့် တစ် ဦးတစ်ယောက်ချင်း၏ အကျိုးကို အောင်နိုင်မည်ဟူသည့် စိတ် ဓါတ်ကို ခိုင်ခိုင်မာမာထားပါမှ ပြည်ထောင်စုကို တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း ပြောသည်။
.
လူ့တန်ဖိုး
မိမိတို့အနေဖြင့် လွှတ်တော်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပ ဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းနေပါကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ရှိမှသာလျှင် တိုင်းရင်း သားအားလုံးအတွက် စိတ်ချလုံခြုံမှုရှိပြီး ညီညွတ်မှုနှင့် တိုး တက်မှု ရှိနိုင်မည်ဖြစ်ကြောင်း။ တိုင်းရင်းသားများ အနေဖြင့် အပစ်အခတ် ရပ်စဲရေးနှင့် ပြည်ထောင်စု ထူထောင်ရေးဆွေး နွေးသည့်အချိန်၌ အပြန်အလှန် ယုံကြည်ရေးကို တည်ဆောက် ရန် လိုအပ်သလို အခြားသူကို ယုံကြည်မှု မတည်ဆောက်မီ မိမိ ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိရန် လိုအပ်ပါကြောင်း၊ လူတိုင်း သည် တန်ဖိုးရှိသည် ဟူသည်ကို ယုံကြည်ရန် လိုအပ်ပါကြောင်း၊ ယင်းတန်ဖိုးကို ဖြတ်ရာတွင် ငွေကြေးဖြင့် ဖြတ်၍မရနိုင်သလို တက္ကသိုလ်၊ ကျောင်းများက ပေးအပ်သည့် အရည်အချင်း လက်မှတ်များဖြင့်လည်း တန်ဖိုးမဖြတ်နိုင်ကြောင်း၊ အများအ ကျိုးအတွက် မည်မျှ သယ်ပိုးနိုင်သည့် အရည်အချင်းသည် တန်ဖိုးဖြစ်ပါကြေင်း၊ ထိုအရာသည်ပင်လျှင် ပြည်ထောင်စုနှင့် ပတ်သက်သည့် အတွေးအခေါ်တစ်ခု ဖြစ်ပါကြောင်း။
.
ပြည်သူနှင့် မကင်းကွာလို
မိမိတို့ အစိုးရအနေဖြင့် ပြည်သူလူထုနှင့် မကင်းကွာလို သည့်အတွက် ခရီးစဉ်တိုင်းတွင် တွေ့ဆုံပွဲများကို စီစဉ်ဆောင် ရွက် နေပါကြောင်း၊ သို့သော် နိုင်ငံတစ်နိုင်ငံတွင် အစိုးရနှင့် ပြည် သူ အမြဲဆက်စပ်နေရေးမှာ အထူးသဖြင့် မဖွံ့ဖြိုးသေးသည့် နိုင်ငံများတွင် ပိုမို ခက်ခဲပါကြောင်း၊ တွေ့ဆုံရာတွင်လည်း ပြည် သူလူထုကို တင်ပြရန် အခွင့်အရေး ပေးပါကြောင်း၊ မိမိတို့ အ နေဖြင့်လည်း ပြန်လည်ဖြေကြားပေးပါကြောင်း၊ တစ်နိုင်ငံလုံး ရှိ ၅၂ သန်းသော ပြည်သူလူထု ပုဂ္ဂိုလ်များနှင့် တစ်ချိန်တည်း စကားထိုင်ပြောဖို့ရန်မှာ လက်တွေ့ကျကျ မဖြစ်နိုင်ပါကြောင်း၊ သို့အတွက် ဖြစ်နိုင်သမျှ ချိတ်ဆက်နိုင်ရန် ကြိုးပမ်းနေပါ ကြောင်း၊ ယင်းသို့ ကြိုးပမ်းရာတွင် ဒေသခံ အစစ်အမှန်များ၏ အသံကို ကြားလိုပါကြောင်း။
.
အခွင့်အရေးနှင့် တာဝန်
အခွင့်အရေးသာ လိုချင်သူသည် လွတ်လပ်သူ မဟုတ်ပါ ကြောင်း၊ အခွင့်အရေးဟူသည် သူတစ်ပါးပေးမှ ရခြင်း ဖြစ် ကြောင်း၊ တာဝန်ဟူသည် မိမိဘက်မှ ပေးခြင်းဖြစ်ကြောင်း၊ မိမိ ၏ တန်ဖိုးဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများအနေဖြင့် အခွန် အခပေးရန် တာဝန်ရှိပါက နိုင်ငံသူနိုင်ငံသားများ၏ ရပိုင်ခွင့်ကို ရရှိရမည် ဖြစ်ကြောင်း၊ အစိုးရနှင့် ပြည်သူ နှစ်ဖက်လုံးက တာ ဝန်ကျေပွန်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်တည်းက ပေးနေပါက တန်ဖိုးရှိမည် မဟုတ်ကြောင်း၊ နိုင်ငံကို အကျိုးပြုသည့် စိတ် ဓါတ်လည်း မဟုတ်ကြောင်း။
.
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတစ် ဦးချင်း တိုးတက်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုစိတ် ဓါတ်၊ နိုင်ငံသားကောင်းစိတ်ဓါတ်ကို မွေးမြူကြရန် လိုအပ်ပါ ကြောင်း၊ ပြည်ထောင်စုစိတ်ဓါတ်ဟူသည် ညီညွတ်ရေးနှင့် အ ပေးအယူ မျှတရေးတို့အပေါ်တွင် မူတည်ပါကြောင်း၊ အစိုးရနှင့် နိုင်ငံသူနိုင်ငံသားများအကြား၊ အဖွဲ့အစည်း များအကြား၊ ပါတီ များအကြား၊ လူတစ်ဦးချင်း တစ်ဦးချင်းအကြား အပေးအယူ မျှတမှသာလျှင် တိုးတက်သည့် သိက္ခာရှိသည့်၊ ကမ္ဘာက တန် ဖိုးထားသည့် နိုင်ငံတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောဆိုခဲ့ သည်။
.
မေးခွန်းများ မေးမြန်းခြင်း
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင် တင်ပြ မေးမြန်းထားသည့် ပင်လုံမြို့ ရပ်ကွက်(၂) ပြည်ထောင်စုလမ်းမှ ဦးရဲလှိုင်က ဒေ သခံပြည်သူများ အသက်မွေးဝမ်းကျောင်းပညာ သင်နိုင်ရေး အတွက် ပင်လုံမြို့တွင် အသက်မွေးဝမ်းကျောင်း သင်တန်း ကျောင်း ဖွင့်လှစ်ပေးနိုင်ရေး၊ ပင်လုံမြို့သည် လူဦးရေထူထပ် စည်ကားသော မြို့တစ်မြို့ ဖြစ်သဖြင့် ပင်လုံမြို့အား လက်ရှိမြို့ အဆင့်မှ မြို့နယ်အဆင့်သို့ အဆင့်မြှင့်ပေးနိုင်ရေးနှင့် ပြည် ထောင်စုကျောက် တိုင်ပတ်လမ်းအရှည် (၄၂၃၀ x ၁၂) ပေ အားလက်ရှိကတ္တရာလမ်းမှ ကွန်ကရစ်လမ်းအဖြစ်သို့ အ ဆင့်မြှင့်တင်ပေးရေး၊ လဲချားမြို့ ရပ်ကွက်(၂)မှ မြို့မိမြို့ဖ ဦး စိုင်းထွန်းဦးက လွိုင်လင်ခရိုင် လဲချားမြို့နယ် လဲချားမြို့ဝင် ရေချောင်း (နန့်တောင်ချောင်း)အား မြောင်းကမ်းပါးနံရံကျောက် စီခြင်းနှင့် မြောင်းတစ်လျှောက် နုန်းဆယ်ခြင်း လုပ်ငန်းများ အ ပြီးသတ် ဆောင်ရွက်ပေးနိုင်ရေး၊ လဲချားမြို့ မြို့မကျေးရွာ အုပ် စု ဟိုနောင်လုံကျေးရွာ မြို့မိမြို့ဖ ဦးစိုင်းဆိုင်က နောင်ပန်-ဝမ် ယိမ်းလမ်း (၁၄)မိုင် (၂)ဖာ လုံအား ကျောက်ချောလမ်း အဖြစ် ဆောင်ရွက်ပေးနိုင်ရေး၊ နမ့်စန်မြို့ ဘန့်ဟင်ကျေးရွာအုပ်စု ဝမ်ခိုင်းကျေးရွာမှ ဦးထွက်လို့က နမ့်စန်မြို့နယ် ဘန့်ဟင်ကျေး ရွာအုပ်စု ကွန်ကျိုင်း(တွန်ကျိုင်း)-ဘန့်ဟင်ရွာမှ (ဝမ်ဟင်)-ဝမ် ခိုင်းရွာအထိ ကျောက်ချောလမ်း (၄)မိုင် ဖောက်လုပ်ပေးရေး၊ ဟိန်းထိုက်စံကုမ္ပဏီ တာဝန်ခံ ဦးကိုကိုထွန်းက နမ့်စန်မြို့နယ် အမှတ်(၅)ရပ်ကွက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ကော်ဖီရာသီ သီးနှံဌာနခွဲနှင့် စာချုပ် ချုပ်ဆို ထားသည့် ဟိန်းထိုက်စံ ကုမ္ပဏီအနေဖြင့် ကိုယ်ပိုင်စျေးဖွင့် လှစ်ခွင့် ရရှိရေး တင်ပြထားမှုအပေါ် အမြန်ဆုံးဆောင်ရွက် ပေးနိုင်ရေး၊ နမ့်စန်မြို့နယ်မှ ဦးနေဇော်နိုင်က နမ့်စန်မြို့နယ် တွင် အဓိကသောက်သုံးရသည့် နမ့်လတ်ချောင်းရေသည် မိုး နှောင်းကာလများတွင် ရေနည်းပါးသည့်အတွက် မြို့နေလူထု ရေသောက်သုံးမှု ပြတ်လပ်မှု မဖြစ်စေရေး လွိုင်လင်မြို့နယ် လွယ်တန့်ရေထွက်မှု ရေသွယ်နိုင်ရေး၊ ကွန်ဟိန်းမြို့ အမှတ်(၄)ရပ်ကွက်မှ မြို့မိမြို့ဖ ဦးနေအောင်က ကွန်ဟိန်းမြို့နယ် ကာလိ မြို့တွင် သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်သရိုက်များ ကင်းစင်ရေးအတွက် အမှိုက်သိမ်းယာဉ် (Kyat) တစ်စီးလိုအပ် လျက်ရှိပါသဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးပါရန်၊ ကွန်ဟိန်း မြို့ အမှတ်(၄)ရပ်ကွက် မြို့မိမြို့ဖ ဦးစိုင်းဖုန်းခေါင်က ကွန် ဟိန်းမြို့တွင် မီးသင်္ဂြိုလ်စက်တစ်ခု လိုအပ်လျက် ရှိပါသဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါရန်၊ ကွန်ဟိန်းမြို့ အမှတ်(၄) ရပ်ကွက် မြို့မိမြို့ဖ ဦးစိုင်းနုက အမှုထမ်းအိမ်ရာများအတွက် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၄)ခန်းတွဲ (၄)ထပ် တစ်လုံးစီကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးသီးမြို့မိုင်းနင်ကျေး ရွာမှ ဦးစိုင်းအောင်ထွန်းက စက်မှုဝန်ကြီးဌာန အမှတ်(၂) သံ မဏိစက်ရုံ (ပင်းပက်)မှ မြေလွှဲပြောင်း လျှောက်ထားသည့် ဧရိယာတွင် ဒေသခံတောင်သူ လယ်သမားများ၏ ကျေးရွာမြေ နှင့် လုပ်ကိုင်စားသောက် စိုက်ပျိုးနေသော မြေများပါဝင်နေခြင်း၊ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အရ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ နတ်စင်၊အား ကစားကွင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတို့ ပါဝင်နေခြင်း တို့ကြောင့် ဒေသခံ တောင်သူလယ်သမားများမှ သဘောမ တူကြောင်း ကန့်ကွက်တင်ပြထားခြင်း၊ မိုင်းရှူးမြို့ အမှတ် (၄) ရပ်ကွက် ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းမှ ဦးစိုင်းခမ်း ခေါင်က မိုင်းရှူးမြို့နယ် တောင်ပေါ်ရတနာနယ်မြေ လုပ်ကွက် များသည် ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်၍ သက်တမ်းကုန်ပြီး ဆက်လက် လုပ်ကိုင်ခွင့် ပိတ်ထားသောကြောင့် ဒေသခံပြည် သူများ၊ အခြားဒေသမှ လာရောက် လုပ်ကိုင်သော ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း မရှိသဖြင့် ဥပဒေနှင့်အညီ အမြန် ပြန်လည်၍ လုပ်ကွက်များ ချထားပေးနိုင်ရေးတို့ကို မေးမြန်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲ အောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပြည်ထောင် စုဝန်ကြီး ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူများက ချက်ချင်း ဆောင်ရွက်ပေးနိုင်မည့် အ ခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့် အခြေအနေများ နှင့် စိစစ် ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် စပ် လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
.
ယင်းနောက် ခန်းမအတွင်းမှ မေးခွန်းတင်ပြမေးမြန်းလို သူ ၂၄ ဦးအနက် မဲပေါက်သူ ၃ ဦးဖြစ်သည့် ပင်လုံမြို့ အမှတ် (၁)ရပ်ကွက် ဖြူစင်မေတ္တာနာရေးကူညီမှုအသင်း အတွင်းရေး မှူး ဦးလောယုံ(ခ)ဦးစိုင်းရီက ပင်လုံမြို့၌ လူငယ်အားကစား ကွင်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး၊ နမ့် စန်မြို့ အမှတ်(၅)ကျေးရွာမှ ဒေါ်စန်းစန်းအေးက ပင်စင်စား စစ်မှုထမ်းဟောင်းများ၏ လယ်ယာမြေများ ပြန်လည်ရရှိရေး နှင့် လျှပ်စစ်မီးရရှိရေး၊ မိုင်းပန်မြို့ ရွာသစ်ရပ်ကွက်မှ ဦးတင် ခိုင်က မိုင်းပန်မြို့နယ်မှ တောင်သူလယ်သမားများ စိုက်ပျိုး ရေ ရရှိရေးနှင့် အစိုးရပိုင် အဆောက်အဦများ ဆောက်လုပ် ရာတွင် အရည်အသွေးပြည့်မီမှု ရှိ/မရှိ မှန်ကန်စွာ စစ်ဆေး ပေးရေး မေးခွန်းများကိုလည်းကောင်း၊ ခန်းမအပြင်မှ မေး ခွန်း တင်ပြမေးမြန်းလိုသူ ၁၀ ဦး အနက် မဲပေါက်သူ ၃ ဦးဖြစ် သည့် နမ့်စန်မြို့ အမှတ်(၁၀)ကျေးရွာမှ ဦးတူးတူးအောင်က စစ်မှုထမ်းဟောင်းပိုင်မြေပေါ်ကို အခြားသူများ ကျူးကျော် နေမှုများအား ဖယ်ရှားပေးရေး၊ လွိုင်လင်မြို့ အမှတ်(၁)ရပ် ကွက်မှ ဒေါ်ခင်မာဆွေက ယာမြေကိစ္စနှင့် ပတ်သက်၍ တိုင် ကြားထားရှိမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးရေးနှင့် နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက်မှ မဌေးကြည်က ရဲဘော်ဟောင်း ကျေးရွာ တွင် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရေး မေးခွန်း များကို လည်းကောင်း မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ကိစ္စတစ်ခု ချင်းစီအလိုက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
.
အစိုးရ၏ တာဝန်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်သူလူထုမှ ယခုကဲ့သို့ မိမိတို့၏ လိုအပ်ချက်၊ ဒုက္ခများ၊ ပူပင်သောကများကို တင်ပြခြင်းသည် အစိုးရအတွက် ဂုဏ် ယူဖွယ်ရာဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အစိုးရကို မကြောက်မရွံ့ ယုံယုံကြည်ကြည်ဖြင့် တင်ပြနိုင်ခြင်းသည် အစိုးရတစ်ရပ်အတွက် အောင်မြင်ခြင်းဖြစ်ကြောင်း၊ ပြည် သူများ၏ ပူပင်သောကများကို ပျောက်ကင်းအောင် လုပ် ဆောင်နိုင်ရေးမှာ အစိုးရ၏ တာဝန်ဖြစ်ပါကြောင်း။
.
ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်
ထိုသို့ လုပ်ဆောင်ရာတွင် ပြည်သူကိုယ်တိုင်ကလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း၊ အစိုးချည်းသက်သက် လုပ်ကိုင်ဆောင်ရွက်ပါက အာဏာရှင်စနစ်ကို အားပေးရာ ရောက်ပါကြောင်း၊ အစိုးရက အလုံးစုံတာဝန်ယူ၊ လုပ်ချင် သလိုလုပ် ဟူသည့်သဘော သက်ရောက်နေပါကြောင်း၊ အချို့ တင်ပြသည့် ကိစ္စရပ်များတွင် ယင်းကဲ့သို့ လုပ်ချင် သလို လုပ်သွားသည့်အတွက် ဖြစ်လာသည့် အကျိုးဆက် များဖြစ်ကြောင်း၊ ပြည်သူလူထု၏ တင်ပြမှုများကို ကျေးဇူး တင်ရှိကြောင်း၊ တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြောဆိုခဲ့သည်။
.
ဆက်လက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပင်လုံမြို့ရှိ နောင်ကွတ်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ပညာဗလအား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ည ပိုင်းတွင် တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း ၌ ပြုလုပ်သည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲနှင့် တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက် ပိုင်းတွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ကလေးငယ်များအား အာဟာရ ကျွေးမွေးခဲ့ပြီး နေ့လယ်ပိုင်းတွင် အင်းလေးကန် အား ကြည့်ရှုပြီးနောက် ဟဲဟိုးလေဆိပ်မှ တဆင့် နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About