အောင်ပန်းတွင် မော်တော်ယာဉ်က စားသောက်ဆိုင် တံခါးနှင့် လျှပ်စစ်မီးတိုင်အား ဝင်တိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 2, 2020

အောင်ပန်းတွင် မော်တော်ယာဉ်က စားသောက်ဆိုင် တံခါးနှင့် လျှပ်စစ်မီးတိုင်အား ဝင်တိုက်


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဖေဖော်ဝါရီလ ၂ ရက်၊ နံနက်အစောပိုင်းက အရှိန်မထိန်း နိုင်သော မော်တော်ယာဉ်မှ စားသောက်ဆိုင် သံပန်းတံခါး အုတ်တိုင်နှင့် လျှပ်စစ်မီးတိုင်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
.
.
ယာဉ်မောင်း အမည်၊ နေရပ် စုံစမ်းစဲ မောင်းနှင်လာသော FUSO CANTER ၆ ဘီး အဖြူရောင်မော်တော်ယာဉ်သည် ဖေဖော်ဝါရီလ ၂ ရက်၊ နံနက် ၁ နာရီခွဲခန့်က အောင်ပန်းဘက်မှ ဟဲဟိုးဘက်သို့ မောင်းနှင်လာစဉ် အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ မင်္ဂလာကန်လမ်းဆုံအနီး၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၇၉/၀ နှင့် ၇၉/၁ အကြား အရောက်တွင် လမ်း၏ယာဘက်ရှိ နိုင်းဧရာ စားသောက်ဆိုင်ရှေ့၌ ကာရံထားသော သံပန်းတံခါး၊ အုတ်တိုင်နှင့် အောင်ပန်းမှ သရက်ပုသို့ သွယ်တန်းထားသော 11 KV နှင့် ၄၀၀ ဗို့ ၂ ထပ်လိုင်း ကွန်ကရစ် လျှပ်စစ်မီးတိုင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယာဉ်မဆင်မခင်မောင်းနှင်ပြီး သံပန်းတံခါး အုတ်တိုင်နှင့် လျှပ်စစ်မီးတိုင်အား ဝင်ရောက်တိုက်မိခဲ့သူ အမည်၊ နေရပ်လိပ်စာ စုံစမ်းစဲ ယာဉ်မောင်းအား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၁၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About