တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 27, 2020

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၄ ရက် အထိ
.
တနင်္ဂနွေ
.
ထူးခြားသော သတင်းစကား ကြားသိရမည်။ လိုချင်သော ပစ္စည်းများလည်း ဝင်လာလိမ့်မည်။ ဆိုင် ကယ်၊ မော်တော်ကားကိစ္စ ဆောင်ရွက်ရမည်။ ငွေကြေးကိစ္စ ဝင်ငွေကောင်းလာပါမည်။ နည်းနည်းစိတ်ချမ်း သာလာမည်။ ခရီး ယာယီသွားလာရလိမ့်မည်။ သားသမီးအတွက် စိတ်ပူပန်ရခြင်းများနေမည်။ ကုန်သည် များ အရောင်းအဝယ် ရပ်တန့်နှေးကွေးလိမ့်မည်။ ဝန်ထမ်းများ အလုပ်ကိစ္စ ပိနေလိမ့်မည်။ အချို့မှာ အလုပ် နှစ်မျိုး လုပ်ရမည်။ ပွဲစားများမှာ အရောင်းအဝယ် မဖြစ်နိုင်သေးပါ။ လိုငွေပြအံ့။ ငယ်သူများ အချစ်ရေးကိစ္စ တွင် ချစ်သူနဲ့ အဆင်ပြေမည်။ စိတ်ပျော်ရွှင်ရမည်။ ကျန်းမာရေးတွင် ယားနာဖြစ်မည်။ ချောင်းဆိုးခြင်း ဖြစ် မည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၇/၉) ဖြစ်သည်။
ယတြာ။ စေတီမှာ မာလကာသီးလှူပါ။
.

တနင်္လာ
.
ရွှေရတနာစသည် ဝင်မည်။ အောက်လူများကြောင့် စိတ်ဆင်းရဲရလိမ့်မည်။ ကြီးသူကိစ္စများကို ဆောင် ရွက်ပေးနိုင်မည်။ အိမ်အတွင်း ပြုပြင်ရခြင်း ကြုံလိမ့်မည်။ စီးပွားရေးလုပ်ငန်းများတွင် ပြောင်းလဲလုပ်ကိုင် ရန်၊ တိုးချဲ့ရန် ကြုံမည်။ နေအိမ်သို့ သူခိုးဝင်တတ်သဖြင့် သတိထားပါ။ ပစ္စည်းအထားမှားတတ်ပါသည်။ ကုန်သည်များ ပစ္စည်းအရောင်းအဝယ် မှားယွင်းတတ်ပါသည်။ ငွေလည်း တောင်းရခက်လိမ့်မည်။ ဝန်ထမ်း များ ဝင်ငွေတိုးတက်လာမည်။ ပွဲစားများ အပေါင်ကိစ္စ တည့်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူက အထင်လွဲ စိတ်ကောက်နေလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ဆီးပူ၊ ဆီးအောင့်မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၀/၁/၄)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ပျားရည်လှူပါ။
.
အင်္ဂါ
.
ငွေများများ ရုတ်တရက်မြတ်မည်။ ဝင်လာတတ်ပါသည်။ စက်ပစ္စည်း အရမ်းအဝင်မခံသင့်ပါ။ စိတ်ကူး အကြံအစည်သစ်များ ပေါ်ပေါက်လိမ့်မည်။ ပရိဘောဂများ၊ မီးဖိုသုံးပစ္စည်းများ ဝင်လာမည်။ ညအိပ်ဧည့် သည် သတိထားလက်ခံပါ။ အပူပေးမည်။ လုပ်ငန်းကိစ္စများတွင် အလုပ်ရှုပ်ထွေးနေပါလိမ့်မည်။ ကုန်သည် များ စာချုပ်ပြုလုပ်ရမည်။ လုပ်ငန်းတိုးချဲ့လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူထံမှ လက်ဆောင် ကောင်းရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အစားမှားသဖြင့် ဝမ်းပျက်မည်။ အစာမကြေဖြစ်မည်။ ကံ ကောင်းစေသော ဂဏန်းမှာ (၄/၆/၇) ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မုန့်လှူပါ။
.
ဗုဒ္ဓဟူး
.
ခရီးယာယီသွားရမည်။ သူတစ်ပါးကိစ္စ ဝင်ရောက်ဖြေရှင်းပေးရတတ်ပါသည်။ အိမ်ထောင်ရေး အိမ် တွင်းကိစ္စ စိတ်ရှုပ်ရမည်။ အစားကောင်း စားရမည်။ အလှူမင်္ဂလာပွဲ ရောက်လိမ့်မည်။ လူယုံများ သတိထား မိမိကို လှည့်စားလိမ့်မည်။ ရွှေပြန်ထွက်တတ်သည်။ အရေးကြီးသော စာရွက်စာတမ်းများ ပျောက်နေသဖြင့် စိတ်ညစ်ရမည်။ ကုန်သည်များ ပစ္စည်းအသစ် တင်ရမည်။ ဝန်ထမ်းများ စာရင်းမှားသွင်းမိတတ်ပါသည်။ သတိပြုပါ။ ပွဲစားများ အိမ်ခြေအရောင်းတည့်လိမ့်မည်။ ငယ်သူများ ချစ်သူနှင့် အလည်သွားရမည်။ ကျန်း မာရေးတွင် သွား၊ လျှာများ နာမည်။ သွားကိုက်ခြင်း ဖြစ်တတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၈) ဖြစ်သည်။
ယတြာ။ စေတီတွင် အုန်းညွန့်လှူပါ။
.
ကြာသပတေး
.
အလှူပွဲ၊ မင်္ဂလာဆောင် သွားရမည်။ ကွဲကွာနေသောသူနဲ့ ပြန်တွေ့ဆုံပါမည်။ စက်ပစ္စည်း ဝင်မည်။ အကြံအစည်ကို အနှောင့်အယှက် ကြုံမည်။ စီးပွားရေးဆုံးရှုံးနစ်နာခြင်း ကြုံမည်။ လူထွက်တတ်သည်။ ကြွေးပြန်ရမည်။ အိမ်မြေ ရောင်းချရမည်။ ပေါင်နှံရမည်။ အတိုက်အခံများမည်။ မိတ်ဆွေကောင်း၏ အကူ အညီတော့ ရလိမ့်မည်။ ကုန်သည်များမှာ အောက်လူဒုက္ခပေးမည်။ ဝန်ထမ်းများမှာ အလုပ်ကိစ္စ တာဝန် ပိနေမည်။ ပွဲစားများမှာ မြေအရောင်း၊ အိမ်အရောင်းတည့်လိမ့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူထံသို့ လက်ဆောင်ကောင်းပေးခွင့် ရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် အကြောတင်မည်။ ကိုယ် လက်နာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၄/၇) ဖြစ်သည်။
ယတြာ။ စေတီတွင် ယာဂုလှူပါ။
.
သောကြာ
ကားသစ်လဲလှယ်ရမည်။ ခရီးဝေး သွားရမည်။ ရုတ်တရက် ပွပေါက်တိုးလိမ့်မည်။ ခက်ခဲသော အရာ မှ လွတ်မည်။ ဘုရားဖူး ခရီးသွားရမည်။ အလှူကောင်း လုပ်ရမည်။ မိတ်ဆွေကောင်းကြောင့် စီးပွားတိုး တက်လာမည်။ လိုချင်သောပစ္စည်းများ ရှာတွေ့ခြင်း ကြုံမည်။ အိမ်ပြင်မည်။ ဆေးသုတ်ရမည်။ အသုံးအ ဆောင် ဝင်လာမည်။ ပရိဘောဂ ဝင်မည်။ ကုန်သည်များမှာ အရောင်းအား တိုးတက်လာမည်။ မြတ်မည်။ ဝန်ထမ်းများ ဖြေရှင်းချက်ပေးရမည်။ ရှင်းလင်းပြောဆိုရမည်။ ပွဲစားများမှာ ချေးငွေကိစ္စမှ ပွဲခရကြလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူအတွက် စိတ်ညစ်ရမည်။ ယာယီဝေးရတတ်သည်။ ကျန်းမာရေးကိစ္စ များတွင် လေနာမည်။ လေအောင့်ဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၅/၈) ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဆပ်ပြာလှူပါ။
.
စနေ
.
မိန်းကလေးများ နားကပ်ဝင်မည်။ ထင်ရှားသောနေရာ သွားလာရမည်။ အဝတ်အထည် အလှကုန် စသည်တို့ ဝင်လာမည်။ မိတ်ဆွေမင်္ဂလာပွဲ ကြုံမည်။ အိပ်ယာခင်းများ၊ စောင်များ အသစ်ဝင်လာမည်။ သူ များကိစ္စ ဝင်ကူရမည်။ မြုပ်နေသောငွေ ပြန်ပေါ်မည်။ ကားပြင်ရမည်။ စီးပွားရေးငွေဝင်သော်လည်း မမြဲ ချေ။ အထွက်များနေသည်။ ကုန်သည်များမှာ အရောင်းကျဆင်းနေမည်။ ဝန်ထမ်းများ အလုပ်ပိနေမည်။ စိတ်ရှုပ်နေမည်။ ပွဲစားများ ဘာမှ အလုပ်မကောင်းပါ။ ရပ်တန့်နေမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ် သူပြန်ဆုံတွေ့မည်။ အဆက်အသွယ် ပြတ်နေသူများ အဆက်သွယ်ရမည်။ ကျန်းမာရေးကိစ္စတွင် ရေချိုး မှားတတ်ပါသည်။
ယတြာ။ စေတီတွင် နှင်းဆီပန်း လှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats

About