တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 13, 2020

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၉ ရက် အထိ
.
တနင်္ဂနွေ
.
ရည်ရွယ်ချက် မြင့်မားနေသော်လည်း ဘာမှထူးခြားအောင် မလုပ်နိုင်သေးချေ။ စီးပွားရေးအလုပ်အ ကိုင်များ ကောင်းမွန်လာမည်။ အခက်အခဲ နည်းနည်းပြေလည်ပါမည်။ လုပ်ငန်းကောင်းများ ပေါ်ပေါက်လာ တော့မည်။ စိတ်ရှုပ်ထွေးစရာတော့ ကျန်နေသေးသည်။ သူတစ်ပါးကိစ္စကို ဝင်ရောက်ပြောဆိုပေးရလိမ့် မည်။ ကုန်သည်များမှာ အရောင်းအဝယ်အတွက် ပြင်ဆင်ရမည်။ ပစ္စည်းပြတ်လပ်မည့်ကာလ ဖြစ်မည်။ ဝန်ထမ်းများမှာ ကြီးသူကြောင့် စိတ်ညစ်ရမည်။ ပွဲစားများမှာ အရောင်းအဝယ်ကိစ္စ နီးစပ်လာမည်။ ငယ်သူ များမှာ အချစ်ရေးကိစ္စတွင် ချစ်သူကို အဖြေပေးရခြင်း၊ တွေ့ဆုံခြင်း ကြုံလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် ညောင်းညာမည်၊ ကိုက်ခဲမည်။ ကံကောင်းစေသောဂဏန်းမှာ (၂/၆/၈)ဖြစ်သည်။
ယတြာ။            စေတီတွင် အကြော်စုံလှူပါ။
.
တနင်္လာ
.
အိမ်ပြင်ခြင်း၊ အိမ်တိုးချဲ့ခြင်းကြုံမည်။ ယာဉ်များလည်း ပြုပြင်ရတတ်သည်။ အလုပ်အကိုင်အသစ်များ ထူထောင် လုပ်ကိုင်ရမည်။ အဝေးခရီး မသွားချင်ဘဲ သွားလာရလိမ့်မည်။ အိမ်နီးချင်းကြောင့် စိတ်သောက ကြုံပါမည်။ လှပသောပစ္စည်း ဝင်မည်။ ပစ္စည်းအထားမှားလိမ့်မည်။ ငွေပျောက်ဆုံးတတ်ပါသည်။ သတိ ထားပါ။ ကုန်သည်များမှာ ဆိုင်နေရာ၊ ဂိုဒေါင်နေရာများ ပြုပြင်ရမည်။ စီစဉ်ရမည်။ ဝန်ထမ်းများမှာ အလုပ် စိတ်ကုန်နေမည်။ ရုန်းထွက်လို့လည်း မရကြုံနေအံ့။ ပွဲစားများမှာ မြေအပေါင်ကိစ္စများတွင် ပွဲခရကြပါမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ကောင်း ရပါမည်။ ကျန်းမာရေးကိစ္စများတွင် ဖျားနာလိမ့်မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၃/၄) ဖြစ်သည်။
ယတြာ။            ဘုရားမှာ ဆွမ်းကပ်လှူပါ။
.
အင်္ဂါ
.
ယာဉ်မော်တော်ကားများ ထပ်ဝင်မည်။ ကားအောက်ပိုင်း ပြုပြင်ရမည်။ အခက်အခဲရှိသူများ လွတ် မြောက်မည်။ ငွေကြေး အထူးဝင်လာလိမ့်မည်။ မိသားစုအတွင်း ကျန်းမာရေးညံ့သူ ရှိသဖြင့် စိတ်ညစ်ရမည်။ ဆွေမျိုးများအတွက် ငွေကုန်တတ်ပါသည်။ ထူးခြားသော သတင်းကောင်း ကြားသိရမည်။ မိတ်ဆွေသစ် တွေ့ပါမည်။ ကုန်သည်များ အရောင်းအဝယ် ကောင်းမွန်လာမည်။ အမြတ်ရမည်။ ဝန်ထမ်းများမှာ အခွင့်အ ရေးကောင်း ရလိမ့်မည်။ ပွဲစားများမှာ စကားများမည်။ အငြင်းပွားလိမ့်မည်။ အလိမ်လည်း ခံရတတ်ပါသေး သည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူအဝေးရောက်နေပါက ပြန်လာမည်။ အဆက်အသွယ် ရမည်။ မတည့်သော ချစ်သူများ ပြန်တည့်ပါလိမ့်မည်။ ကျန်းမာရေး ကိစ္စများတွင် လေထိုးလေအောင့်ခြင်း၊အစား မှားလိမ့်မည်။ ကံကောင်းစေသောဂဏန်းများမှာ (၃/၅/၆)ဖြစ်သည်။ ယတြာ။သံဃာတော်ကို ဆေးဝါးလှူပါ။
.
ဗုဒ္ဓဟူး
.
ထိတ်လန့်စရာကြုံမည်။ စိတ်မတည်ငြိမ်ခြင်း ကာလများ ဖြစ်ပါသည်။ အဝေးမိတ်ဆွေ အကူအညီ ယူရလိမ့်မည်။ မြေပြန့်ဒေသများသို့လည်း သွားလာရမည်။ ကြွေးရစရာရှိသူများ ပြန်လည်ရရှိလိမ့်မည်။ စက်ပစ္စည်းကောင်း ဝင်မည်။ နိုင်ငံခြားအချို့ သွားရလိမ့်မည်။ သူခိုးဘေး၊ လူလိမ်ဘေး နည်းနည်းကြုံပါ မည်။ သတိထားပါ။ ကုန်သည်များမှာ အကြွေးဆုံးလိမ့်မည်။ ငွေလာချေးပါက မပေးသင့်ပါ။ ဝန်ထမ်းများ မှာ အလုပ်များကြောင့် စိတ်ရှုပ်နေရလိမ့်မည်။ ပွဲစားများမှာ မြေအရောင်း၊ ကားအရောင်း တည့်ကြလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် မူးဝေခြင်း ကြုံမည်။ ခေါင်းကိုမည်။ ကံကောင်းစေသော ဂဏန်းမှာ (၅/၈/၆) ဖြစ်သည်။
ယတြာ။            ဘုရားမှာ ဖျော်ရည်လှူပါ။
.
ကြာသပတေး
.
အသေးအမွှားကိစ္စကြောင့် စိတ်ရှုပ်ရမည်။ စီးပွားရေးကိစ္စများ နှေးကွေးနေမည်။ ခရီးသွားလာရန် ပျက်သွားလိမ့်မည်။ သားသမီးကြောင့် စိတ်ရှုပ်ထွေးနေရမည်။ မတည့်သောသူများနဲ့ လမ်းမှာ ဆုံတွေ့လိမ့် မည်။ ရေကိစ္စဆောင်ရွက်ရလိမ့်မည်။ အကြံအစည်များ တိုးတက်လာမည်။ အခက်အခဲများ တွေ့နေရပြီး ပြောဆိုဖြေရှင်းရမည်။ အောင်မည်။ ကုန်သည်များမှာ ငွေစာရင်းကိစ္စ စကားများရမည်။ ရုံးရောက်တတ် သည်။ ဝန်ထမ်းများ အငြင်းပွားရလိမ့်မည်။ ပွဲစားများမှာ အပေါင်ကိစ္စနည်းနည်းဖြစ်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူနှစ်ယောက်ကြား ဗျာများမည်။ အချို့မှာ သံသယဝင်ရမည်။ ကျန်းမာရေးကိစ္စ များတွင် သွားနာမည်။ သွားကိုက်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၆) ဖြစ်သည်။
ယတြာ။            စေတီမှာ မာလကာသီးလှူပါ။
.
သောကြာ
.
စိတ်ရှုပ်ထွေးမှုများနေသော်လည်း အထူးညံ့မရှိသေးချေ။ ငွေများများ ဝင်လာမည်။ ကြွေးကိစ္စအနည်း ငယ် ပူရလိမ့်ဦးမည်။ ခရီးဝေး သွားလာရလိမ့်မည်။ အလိုရှိသောပစ္စည်းများလည်း ဝင်လာမည်။ မီးများ ပြန်ပြင်ရမည်။ သူတစ်ပါး နာရေးဝင်ရောက် ကူညီရလိမ့်မည်။ အဝတ်အထည်သစ်များ ဝင်လာမည်။ ကုန် သည်များမှာ အရောင်းကောင်းနေမည်။ ဝန်ထမ်းများ အလုပ်ပိနေတတ်ပြီး စိတ်ရှုပ်နေမည်။ ပွဲစားများမှာ မြေရောင်းတည့်သဖြင့် ပွဲခများရပါလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနဲ့အတူ အစားကောင်းစား ရမည်။ အတူလည်ပတ်ရမည်။ ကျန်းမာရေးကိစ္စများတွင် အကြောများ လွဲခြင်း၊ နာခြင်း၊ တက်ခြင်း၊ ကြုံ မည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၆/၉) ဖြစ်သည်။
ယတြာ။            စေတီတွင် နှင်းဆီ ၅ ပွင့် လှူပါ။
.
စနေ
.
အလုပ်များနေမည်။ မအားမလပ် ဖြစ်လိမ့်မည်။ ငွေများများ ရတော့မည်။ သတင်းကောင်း ကြားသိရ မည်။ စီးပွားရေး ကောင်းမွန််လာတော့မည်။ အမွေကိစ္စ၊ ငွေကိစ္စများ ခက်ခဲနေမည်။ အတူနေသူနဲ့ သဘော ကွဲမည်။ နေအိမ်စာရွက်စာတမ်းကိစ္စများကြောင့် ရှုပ်ထွေးနေမည်။ နေအိမ်တွင် သူခိုးဝင်မည်။ ဖုန်းပျောက် တတ်ပါသည် သတိထားပါ။ ကုန်သည်များ ဖောက်သည်အချို့ ပျက်သွားမည်။ သူတစ်ပါးထံ ပါသွားလိမ့် မည်။ ဝန်ထမ်းများမှာ သတင်းကောင်းကြားမည်။ ပျော်ရွှင်ရမည်။ ပွဲစားများမှာ အကြွေးတင်လိမ့်မည်။ ငွေ ပြတ်နေမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့ လမ်းခွဲခြင်း၊ စကားများခြင်း မခေါ်ပြောခြင်း စသည် တို့ ကြုံမည်။ ကျန်းမာရေးကိစ္စတွင် သွေးအားနည်းမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၅/၇) ဖြစ် သည်။
ယတြာ။    တန်ခိုးကြီးဘုရား သစ်သီးလှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats

About