တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 6, 2020

တစ်ပတ်တာ ကံကြမ္မာ


ဆရာ ယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်မှ ၁၂ ရက်အထိ
.
တနင်္ဂနွေ
.
တိုးတက်မည့် အကြံကောင်းများပေါ်ပေါက်လာလိမ့်မည်။ အလုပ်အကိုင် အခွင့်အလမ်းကောင်းလည်း တွေ့လာလိမ့်မည်။ လှပသောပစ္စည်းများ ဝင်လာမည်။ စီးပွားရေးကိစ္စတွင် လောလောဆယ် ညံ့နေရာမှ ပြန်ကောင်းလာမည်။ အကြံအစည်သစ်များ ပေါ်မည်။ ခရီးတို သွားလာရလိမ့်မည်။ ထင်ရှားသောနေရာဒေ သ သွားရောက်ရမည်။ ကုန်သည်များမှာ အရောင်းအဝယ် နှေးနေမည်။  ဝန်ထမ်းများ အလုပ်သက်သာ မည်။ ခရီးသွားရမည်။ ပွဲစားများ အပေါင်ကိစ္စ ဖြစ်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူပေးသော လက်ဆောင်ရမည်။ ကျန်းမာရေးကိစ္စများတွင် ဆီးဒုက္ခပေးလိမ့်မည်။ အချို့ ဝမ်းချုပ်မည်။ ကံကောင်းစေ သောဂဏန်းမှာ (၁/၆/၇) ဖြစ်သည်။
ယတြာ။            စေတီတစ်ဆူတွင် (၂၄)ပစ္စည်း ရွတ်ဖတ်ပူဇော်ပါ။
.
တနင်္လာ
.
ယာဉ်အနည်းငယ်တိုက်မိမည်။ ပွတ်မိမည်။ ခက်ခဲသော ငွေကြေးကိစ္စနည်းနည်းကြုံမည်။ အိမ်ပြုပြင် ရလိမ့်မည်။ ရွှေ၊ စိန် စသည်ဝင်လာမည်။ စာရွက်များ အထားမှားလိမ့်မည်။ မစားဖူးသေးသော အစားအ စာ စားခွင့်ရမည်။ စီးပွားရေး အလုပ်ကိစ္စ စိတ်မောနေရမည်။ ကြွေးကိစ္စ ဖြေရှင်းရမည်။ စိတ်သောက နည်း နည်း များမည်။ ကုန်သည်များမှာ ဆိုင်နေရာ၊ အိမ်နေရာ စကားပြောရမည်။ ဝန်ထမ်းများ ခွင့်ယူရမည်။ အ လုပ်သက်သာခွင့် ရမည်။ ပွဲစားများမှာ ချေးငွေ ယူရလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့ ပြန် လည် အဆင်ပြေမည်။ ကျန်းမာရေးကိစ္စများတွင် ချောင်းဆိုးမည်။ အဆုတ်အအေး မိတတ်သည်။ အသေး စား ဖြစ်သည်။ ကံကောင်းစေသော ဂဏန်းများမှာ (၃/၅/၈)ဖြစ်သည်။
ယတြာ။            နေအိမ်ဘုရားရှေ့တွင် ဂုဏ်တော်ကိုးပါး ရွတ်ဖတ်ပါ။
.
အင်္ဂါ
.
ကားအသစ်ဝင်မည်။ ဆိုင်ကယ်အသစ် ဝင်မည်။ အဟောင်းကို ရောင်းချခြင်းလည်း ကြုံမည်။ အမွေ ကိစ္စ စကားပြောရမည်။ အလှူ၊ မင်္ဂလာဆောင် တစ်ခုခုရောက်မည်။ စီးပွားရေးကိစ္စများတွင် တိုးချဲ့ရမည်။ အခွင့်အရေးသစ် ပေါ်လာမည်။ အိမ်အတွင်း ဆေးသုတ်ရလိမ့်မည်။ စိတ်ကျေနပ်ပျော်ရွှင်ရခြင်း များမည်။ ကုန်သည်များမှာ အရောင်းအားကောင်းမည်။ အမြတ်ကောင်းရမည်။ ဝန်ထမ်းများမှာ ငွေအထူးဝင်လာမည်။ စိတ်ပျော်ရွှင်မည်။ ပွဲစားများမှာ အသေးစား ပွဲခရကြလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူ တွေ့မည်။ စန်းပွင့်နေမည်။ ကျန်းမာရေးကိစ္စတွင် သွားကိုက်မည်။ သွားနာလိမ့်မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၂/၄) ဖြစ်သည်။
ယတြာ။            စေတီမွေးနံ ဂြိုလ်တိုင်တွင် ဂုဏ်တော်ပုတီးစိပ်ပါ။
.
ဗုဒ္ဓဟူး
.
မိသားစုအတွင်း ကျန်းမာရေးညံ့သူတွေ့မည်။ ငွေများများ ဝင်လာလိမ့်မည်။ လုပ်ငန်းကောင်းပေါ်မည်။ ပစ္စည်းအဝယ်မှားတတ်သည် သတိပြုပါ။ စီးပွားရေးကိစ္စများတွင် တိုးတက်လာတော့မည်။ အလုပ်ကောင်း တိုးချဲ့ရမည်။ ခရီးထွက်မည်။ အစားကောင်း စားရပါမည်။ သူတစ်ပါးအတွက် ဝင်ရောက်ကူညီပေးရမည်။ ကုန်သည်များမှာ ငွေအရှုပ်အထွေးကြုံမည်။ ဝန်ထမ်းများမှာ အခွင့်အရေးကောင်း ပေါ်ပေါက်လာမည်။ ပွဲ စားများမှာ အလုပ်အောင်မြင်မည်။ ပွဲခရမည်။ ငယ်ရွယ်သူများမှာ ချစ်သူကြောင့် စိတ်ညစ်ရမည်။ သံသယ များရလိမ့်မည်။ ကျန်းမာရေးတွင် သွေးတိုးမည်၊ သွေးကျမည်။ သတိပြုပါ။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၆) ဖြစ်သည်။
ယတြာ။            ဘုရားမှာ ပဌာန်းရွတ်ဖတ်ပူဇော်ပါ။
.
ကြာသပတေး
.
ကြီးမားကောင်းမွန်သော အကြံအစည်ဖြစ်ပေါ်လိမ့်မည်။ ငွေကြေးအခက်အခဲမှ လွတ်လိမ့်မည်။ ကြွေးရစရာ ပြန်ရလိမ့်မည်။ နာမည်ဂုဏ်သတင်း ကျော်စောမည်။ အဝေးမှ မိတ်ဆွေအိမ်ရောက်လာမည်။ ရှင်းလင်းစရာကိစ္စများ ပြီးပြတ်သွားရလိမ့်မည်။ ကြီးမားသော စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာလိမ့်မည်။ ကုန်သည်များ ငွေကြေးအနည်းငယ် လည်ပတ်ရာတွင် ခက်ခဲနေလိမ့်မည်။ ငွေ မြုပ်နေတတ်ပါသည်။ ဝန်ထမ်းများ စိတ်ပျော်ရွှင်ကြလိမ့်မည်။ ပွဲစားများ မြေအရောင်းအဝယ် တည့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူကြောင့် အခြားလူများနှင့် ခိုက်ရန်ဖြစ်မည်။ စကားများမည်။ ကျန်းမာရေး တွင် ဝမ်းပျက်မည်။ ဝမ်းကိုက်ခြင်း စသည်တို့ ကြုံမည်။ ကံကောင်းစေသောဂဏန်းမှာ (၄/၆/၈) ဖြစ်သည်။
ယတြာ။            ဘုရားမှာ ပုတီး (၁၁)ပတ် စိပ်ပါ။
.
သောကြာ
.
ကောင်းမွန်သောခရီး သွားလာရမည်။ မြုပ်နေသော ငွေများဝင်လာမည်။ မထင်မှတ်သောသူ ပြန်ဆုံ တွေ့လိမ့်မည်။ ကားအသစ် လဲလှယ်ရလိမ့်မည်။ စီးပွားရေးလုပ်ငန်း အဆင်ပြေတိုးတက်လာလိမ့်မည်။ အဝတ်အစားသစ်များ ဝင်လာလိမ့်မည်။ စိတ်ကျေနပ် ပျော်ရွှင်စရာ ပေါ်ပေါက်လာမည်။ စက်ပစ္စည်းသစ် ဝင်မည်။ ကုန်သည်များမှာ ကုန်ပစ္စည်းကိစ္စ ဖြေရှင်းရမည်။ စကားများရလိမ့်မည်။ ဝန်ထမ်းများမှာ အပိုဝင် ငွေ၊ အကျိုးခံစားခွင့် စသည်တိုးလာမည်။ ပွဲစားများမှာ မြေပေါင်နှံခြင်းကိစ္စ လိုက်ပါဆောင်ရွက် အဆင်ပြေ မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူစွန့်ခွာခြင်း၊ သစ္စာဖောက်ခြင်း ခံရမည်။ ကျန်းမာရေးကိစ္စတွင် နှလုံးတုန်ခြင်း၊ မောပန်းခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၄/၈) ဖြစ်သည်။
ယတြာ။            စေတီမှာ မေတ္တာသုတ်ရွတ်ပါ။
.
စနေ
.
ထူးခြားသော သတင်းစကား ကြားသိရမည်။ အကြံအစည်များနေသော်လည်း မအောင်မြင်သေးချေ။ ငွေကြေးအထွက်များပြီး အဝင်နည်းနေသောကာလ ဖြစ်သော်လည်း ရုတ်တရက် ထီပေါက်တတ်ပါသည်။ မိတ်ဆွေကောင်း ပြန်တွေ့ဆုံမည်။ ဝမ်းသာကျေနပ် ပျော်ရွှင်ရလိမ့်မည်။ အလုပ်ကောင်း ပေါ်ပေါက်လာ မည်။ ထင်ရှားသော စေတီ၊ ဘုရား ဖူးမျှော်ရမည်။ ကုန်သည်များမှာ အရောင်းအဝယ်တွင် ငွေစာရင်းမှား ယွင်း နစ်နာရလိမ့်မည်။ ဝန်ထမ်းများမှာ အောက်လူများကြောင့် စိတ်ရှုပ်ထွေးနေရလိမ့်မည်။ ပွဲစားများမှာ အိမ်နှင့် မြေ အရောင်းတည့်ခါနီးမှ အဖျက်ဝင်နေလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် အေးစက်နေလိမ့်မည်။ အဆက်အသွယ် ပြတ်နေမည်။ ကျန်းမာရေးမှာ အထူးညံ့ မရှိပါ။ ကံကောင်းစေသောဂဏန်းမှာ (၂/၅/၉) ဖြစ်ပါသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats