တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 20, 2020

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၆ ရက်အထိ
.

တနင်္ဂနွေ
.
ကောင်းသောစာချုပ်စာတမ်းများ ပြုလုပ်ခွင့် ကြုံလိမ့်မည်။ အမြတ်ငွေများ ရရှိတတ်ပြီး စိတ်ပျော်ရွှင် လာမည်။ လုပ်ငန်းများ ကောင်းမွန်လာမည့်အပြင် တိုးချဲ့ရန် ကိစ္စများလည်း ပေါ်လာမည်။ အတိုက်အခံအ သေးစား ရှိသော်လည်း မိမိအနိုင်ရမည်။ နေအိမ်သို့ ပစ္စည်းကောင်းများ ဝင်လာကိန်းလည်း ရှိပါသည်။ သားသမီးအတွက် ကျေနပ်ဝမ်းမြောက်ရမည်။ ကုန်သည်များမှာ အရောင်းအား ဆက်လက်တိုးတက်နေ မည်။ ဝန်ထမ်းများ စိတ်ဖိစီးမှု များနေလိမ့်မည်။ ပွဲစားများ အနည်းငယ်ငွေဝင်လာမည့်ကာလ ဖြစ်အံ့။ ငယ်သူများအချစ်ရေးကိစ္စတွင် ချစ်သူကြောင့် ဂုဏ်သိက္ခာကျဆင်းလိမ့်မည်။ သတိပြုပါ။ ကျန်းမာရေးတွင် ချောင်းဆိုးမည်။ လည်ပင်းနာခြင်း ဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၅/၉) ဖြစ်သည်။
ယတြာ။ စေတီမှာ ပန်းအဖြူ ၅ ပွင့် လှူပါ။
.

တနင်္လာ
.
ဆိုင်ကယ်ပြုပြင်ရခြင်း၊ ရောင်းဝယ်ရခြင်း ဖြစ်လိမ့်မည်။ ငွေကြေး အခက်အခဲ နည်းနည်းကြုံမည်။ မြုပ်နေသော ငွေများ ပြန် ဝင်လာမည်။ စီးပွားရေးတွင် ကြိုးစားဆောင်ရွက်ရင်း အဆင်ပြေ လာမည်။ အဝတ်အစားသစ် ဝင်မည်။ မိတ်ဆွေဟောင်းများနှင့်လည်း ပြန်လည်ဆုံတွေ့လိမ့်မည်။ ကုန်သည်များ အရောင်းအဝယ် မဆိုးသော်လည်း ငွေအပေးအယူကိစ္စများ စကားများရလိမ့်မည်။ ဝန်ထမ်းများမှာ  စိတ်ကျေနပ်စရာ ကြုံရမည်။ ပွဲစားများမှာ အလုပ် အောင်မြင်လာလိမ့်မည်။ အချစ်ရေးတွင် ချစ်သူက လက်ဆောင်ကောင်း ပေးလိမ့်မည်။ ကျန်းမာရေးတွင် သွေးတိုးခြင်း၊ မူးဝေ ခြင်း ကြုံလိမ့်မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၀/၄/၂) ဖြစ်သည်။
ယတြာ။ ဘုရားမှာ မုန့်လှူပါ။
.

အင်္ဂါ
.
ကောင်းသောသတင်း ကြားရမည်။ နာရေးတစ်ခုခု သွားလာရမည်။ အတွင်းပူ နည်းနည်းဖြစ်ခြင်း ကြုံမည်။ အစားကောင်း စားရမည်။ အလှူပွဲများသို့ သွားလာရမည်။ အဝေးမှ ဧည့်သည်လည်း အလည်လာမည်။ စီးပွားရေး ပုံမှန်သွားနေလိမ့်မည်။ လုံလောက်ခြင်းတော့ မရှိပါ။ အစားနည်းနည်းမှားတတ်သဖြင့် သတိထားပါ။ ကုန်သည်များမှာ အောက်လူတပည့်များ လိမ်လည်ခြင်း ခံရလိမ့်မည်။ ဝန်ထမ်းကိစ္စပြောဆိုရမည်။ ပွဲစားများ အပေါင်ကိစ္စ အသေးစားတည့်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူကစိတ်ကောက် နေလိမ့်မည်။ ကျန်းမာရေးတွင် ဖျားတတ်၊ အအေးမိတတ်ပါသည်။ ရေချိုးမှားတတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၄/၇) ဖြစ်သည်။
ယတြာ။ စေတီတွင် ပေါက်စီလှူပါ။
.

ဗုဒ္ဓဟူး
.
ဝင်ငွေတိုးမည်။ လစာတိုးမည်။ ခက်ခဲသော အနေအထားမှ လွတ်မြောက်မည်။ အစားကောင်း စားရ မည်။ မိတ်ဆွေသစ် တိုးတက်လာလိမ့်မည်။ ဘုရားများ သွားရောက်ဖူးမျှော်ရမည်။ စိတ်ပျော်လာမည်။ စီး ပွားရေး ရုတ်တရက်ငွေများများ ဝင်ကံရှိသည်။ ကြီးသူအတွက် ဆောင်ရွက်ပေးနိုင်လိမ့်မည်။ ကားအသေး စား တိုက်မိ၊ ပွတ်မိမည်။ ကုန်သည်များမှာ အရောင်းအဝယ် ကောင်းလာပြီး အမြတ်အစွန်း ကြီးကြီးရလာ မည်။ ဝန်ထမ်းများ အချင်းချင်း အတိုက်အခံ ဖြစ်လိမ့်မည်။ ပွဲစားများမှာ မြေအပေါင်တည့်သဖြင့် ပွဲခရမည်။ ငယ်ရွယ်သူများမှာ ချစ်သူနှင့် ယာယီ ခွဲခွာနေရခြင်း၊ မဆုံတွေ့ဖြစ်ခြင်း စသည်တို့ ဖြစ်မည်။ ကျန်းမာရေးတွင် ကောင်းမွန်နေပါမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၈) ဖြစ်သည်။
ယတြာ။ သံဃာကို သစ်သီးလှူပါ။
.

ကြာသပတေး
.
ထူးခြားသော အဝတ်အထည်ဝင်မည်။ စီးပွားရေးအလုပ်အကိုင် အသစ်ပေါ်ပေါက်လာမည်။ လက် ဆောင်ရမည်။ အဝေးဧည့်သည် အိမ်လာမည်။ အဝေးအဆက်အသွယ် ရလာမည်။ စီးပွားရေး ဆောင်ရွက် ချက်များ ပြန်ကောင်းလာရန် စဉ်းစားကြံဆဖြစ်လိမ့်မည်။ မြေ၊ အိမ် ရောင်းချ၊ ပေါင်နှံရလိမ့်မည်။ ရရန်ပေး ရန် ပြီးပြတ်လာမည်။ ကုန်သည်များ ဖောက်သည်အထွက်များလိမ့်မည်။ မတည်မြဲသော ကာလဖြစ်သည်။ ဝန်ထမ်းများမှာ အလုပ်အကိုင် လွဲမှားသဖြင့် ဖိအားပေးခံရမည်။ ပွဲစားများ ယခင်ကိစ္စဟောင်း ဖြေရှင်းရလိမ့် မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူနဲ့အတူ လည်ခွင့်ရခြင်း၊ အတူစားသောက်ရခြင်း ကြုံပါမည်။ ကျန်းမာရေးကိစ္စများတွင် လျှာနာမည်။ သွားကိုက်ခြင်း ကြုံတတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၅/၈)ဖြစ်သည်။               ယတြာ။ ဘုရားမှာ အုန်းညွန့်လှူပါ။
.

သောကြာ
.
ထီပေါက်တတ်ပါသည်။ နေအိမ်အတွင်း သူခိုးဝင်ရောက်တတ်သည်။ ကားပြုပြင်ရလိမ့်မည်။ အင်ဂျင် ဝိုင်အသစ် လဲရမည်။ စီးပွားရေးအမြတ်ရခြင်း၊ အဆင်ပြေလာခြင်း၊ ထီပေါက်ခြင်း စသည်ကြုံမည်။ ကွဲကွာ နေသူ ပြန်တွေ့မည်။ အခက်အခဲကြားမှာ စီးပွားရေးကောင်းလာမည်။ နေအိမ်အတွင်း ခေတ်ပေါ်ပစ္စည်း ဝင်လာမည်။ ကုန်သည်များ ငွေကွာဟလိမ့်မည်။ ငွေအတွက် စကားများလိမ့်မည်။ ဝန်ထမ်းများအတွင်းရေး ရှုပ်ထွေးနေလိမ့်မည်။ ပွဲစားများမှာ အရောင်းအဝယ် ဖြစ်လာမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူအ သစ် တွေ့ပါမည်။ ပွဲစားများမှာ အရောင်းအဝယ် ဖြစ်လာမည်။ အချစ်ရေးကံဆိုးရာမှ ပြန်ကောင်းလာမည်။ ကျန်းမာရေးကိစ္စများတွင် အဆုတ်အအေးမိမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၆/၅) ဖြစ်သည်။
ယတြာ။ စေတီတွင် နှင်းဆီလှူပါ။
.

စနေ
.
မြို့ကြီးများသို့ သွားရောက်လည်ပတ်ရမည်။ နာရီပျက်မထားသင့်ပါ။ အကြံအစည်ကောင်း ပေါ်မည်။ ကူညီသူ တွေ့မည်။ ခက်ခဲသော အနေအထားမှ ကျော်ဖြတ်နိုင်မည်။ စီးပွားရေး အလုပ်အကိုင် အဆင်ပြေ လာမည်။ ရွှေဝင်မည်။ ဖုန်းပျက်မည်။ လွတ်ကျကွဲလိမ့်မည်။ လုပ်ငန်းအတိုက်အခံ ရှိသည်။ ကုန်သည်များ မှာ အရောင်းအား တိုးတက်လာမည်။ လှောင်ကုန်ဆုံးရှုံးတတ်ပါသည်။ သတိထားပါ။ ဝန်ထမ်းများအောက် လူက မချေမငံ ပြောခံရလိမ့်မည်။ ပွဲစားများ စာရွက်စာတမ်း ပျောက်လိမ့်မည်။ ငယ်သူများမှာ အချစ်ရေး တွင် ချစ်သူအသစ်ရမည်။ ချစ်သူဟောင်းနဲ့ လမ်းမှာတွေ့မည်။ ကျန်းမာရေးတွင် ညောင်းညာမည်။ ကံ ကောင်းစေသော ဂဏန်းများမှာ (၃/၅/၇) ဖြစ်သည်။
ယတြာ။ စေတီတွင် ကောက်ညှင်းပေါင်း လှူပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats

About