မီးရေး ထင်းရေး ပျံကျစျေးနဲ့ ရတက်မအေးတဲ့ မြို့မစျေး - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, February 15, 2020

မီးရေး ထင်းရေး ပျံကျစျေးနဲ့ ရတက်မအေးတဲ့ မြို့မစျေး


အောင်ဆန်းဝင်း
.



မြို့မစျေးကြီးတောင်ဘက်တန်း။ အပေါ်ဆုံး ထပ် အနောက်ဘက် တစ်ခြမ်းလုံးက စက်သေနတ်ဒဏ်ရာနဲ့ ဗုံးဆံမှန်ထားတဲ့ စစ်ပြီးစ အခြေအနေနဲ့ တူနေတယ်။ ပြတင်း ပေါက်မှာ တပ်ဆင်ထားတဲ့ မှန်တွေက ဖရိုဖရဲ အကွဲအပြဲတွေ။ ပြတင်းမှန်တချို့ နေရာမှာ အစားထိုးသစ်သားတွေက ဖြစ်က တတ်ဆန်း တပ်ထားတယ်။ စျေးနံရံပေါ် ရေးချယ်ထားတဲ့ ဆေး သားတွေက မွဲတိမွဲခြောက်။ မသိရင် ကျောက်ခေတ် ကမ္ဘာဦး ကာလ လူသားတွေ ရေးခြစ်ထားတဲ့ နရံဆေးရေး ပန်းချီကား တွေအလားပေါ့။

.
ချိန်ခါရာသီက ဆောင်းပျောက်လို့ နွေဦးပေါက်တော့မယ့် ဆဲဆဲ။ တောင်မရောက်၊ မြောက်မရောက် အတော်ဗွေဖောက်တဲ့ ချိန်ခါဆိုရမလား။ ဇွတ်အတင်းအေးရင်း အပူချိန်တိုးလာသလို ခံစားရတယ်။ အိုက်စပ်စပ်ဖြစ်လို့ တစ်ထပ်လောက် ကိုယ်ပေါ်က ခွာတာနဲ့ ရင်အေးသလို ကျောချမ်းသလို ဖြစ်လိုဖြစ်။ တောင် ဘက်လေတိုက်ရင်း မြောက်ဘက်လေကြောင်း ပြောင်းလို ပြောင်း။ နေ့လယ်နေ့ခင်း အချိန်ပိုင်းတိုးတဲ့ အပူဓာတ်လေး ရှိ ပေမယ့် နေအကျ လေထတဲ့ ညနေစောင်းဆို လက်ကျန်ဆောင်း တွင်းက အစွမ်းပြတုန်း။ နှင်းစက် မရှိတော့တဲ့ ဆောင်းက အိပ် တန်းပြန်တော့မယ် ဆိုပေမယ့် ပီပီသသရှိသေးတာ အမှန်။ လက်ဆင့်ကမ်းမယ့် နွေဦးကခပ်လှမ်းလှမ်းမှာ ခရီးတစ်ထောက် နားနေကြတယ်။ မကြာခင် ဆောင်းရာသီကနေ ချိန်ခါရာသီကို လက်ဆင့်ကမ်း သယ်ဆောင်လိမ့်မယ်။ အခုတော့ ဆောင်းရက် တွေ အေးတုန်း။
.
အေးမြမြဆောင်းရက်ရဲ့ ကောင်းကင်ယံက ပြာလဲ့လဲ့နိုင် လွန်းတယ်။ အကြားအာရုံထဲ ပါးလျလျတိုးဝင်လာတဲ့ သီချင်းက ကောင်းကင်ယံကို ဘယ်သူများ ဆေးရောင်ခြယ်တဲ့။ တစ်ခါတစ် ခါလည်း ဖြစ်တတ်တယ်။ ကောင်းကင်ယံကို ဆေးရောင်ခြယ် တာမျိုးပေါ့။ လက်သည်တရားခံက ဖြူလွှလွှ တစ်ဖုံ မှိုင်း ညစ်ညစ် တစ်မျိုး ဖြစ်နေတဲ့ တိမ်တစ်အုပ်။ အဲ့ဒီဆောင်း တစ်ညကနေ ကောင်းကင်ယံကို ဆေးရောင်ခြယ်တဲ့ တိမ်တစ်အုပ်နဲ့ ဆုံရတာ ထူးဆန်းလွန်းတယ်။ အံ့သြစရာလည်း ကောင်းတယ်။ တိမ်တစ် အုပ်က ဆောင်းရဲ့ အလှတရားကို ခပ်ပါးပါး ကျီစယ်တယ်။ ဆောင်းခမျာ ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်သွားတယ်။ ဟုတ်တယ်လေ။ ကကြိုးကကြောင် တိမ်တစ် အုပ် လုပ်ပေါက်က အတော်ကိုးယိုးကားယားနိုင်တယ်။ မသိမ သာ တိတ်တခိုးမိုးစက်မျှင် ချွေချတာသဘာဝမှ မဟုတ်တာ။ ဆောင်းရက်တွေလေ။ 
.
ကျနေက စောင်းငန်းစောင်းငန်းနဲ့ ကမ္ဘာမြေကို ချို(ဂျို) ကြည့်ကြည့်တယ်။ ကမ္ဘာမြေကြီးက သဘာရင့်တဲ့ အပြုံးနဲ့ ကျွန် တော့်ကို အတည်ခန့် ပြန်ရှိုးတယ်။ မင်းဘာမှ မတတ်နိုင်ပါဘူး ကွာ။ မကြာခင် မင်းသွားကို သွားရမှာ။ မင်းကသာ သွားလိုက် ပြန်လိုက် လုပ်နေတာ။ ငါက အသွားအပြန်မရှိ အေးဆေးပဲဆို တဲ့ မျက်နှာပေးနဲ့။ ဆရာကြီးအထာနဲ့ ကမ္ဘာမြေကြီးက သူ့အ တိုင်းရှိနေတာ။ သွားလိုက်ပြန်လိုက်နဲ့ ဂနာမငြိမ်တဲ့ ကျွန်တော် က စောင်းငန်းငန်း ဘုသွားပြောရင်တော့ မောရုံပဲ ရှိတော့မှာ ပေါ့။ လက်ပြကာနီး ကျွန်တော်နဲ့ ကမ္ဘာမြေကြီး လွန်ဆွဲကို သောက်ဂရုမစိုက်ဘဲ ထင်ရာစိုင်းနေကြတာ လူးလာတွန်းတိုး နေတဲ့ ခိိုတစ်အုပ်။ စားပွဲခုံတွေအောက် ဇွတ်တရွတ် တိုးဝင် တယ်။ အလိုက်ကန်းဆိုးမသိ ခုံတွေပေါ် တက်လိုက်တယ်။ ဝယ်သူစောင့်နေတဲ့ အစားအစာတွေကို ထိုးတဲ့အကောင်က ထိုး၊ ဆိတ်တဲ့အကောင်က ဆိတ်နဲ့။
.
ဆိုင်ပိုင်ရှင်က သံပြားတစ်ချပ်ကို ဒိန်းကနဲ အသံမြည်အောင် ရိုက်တော့ ထပျံလိုက်ကြတာ အလုအယက်။ ခိုတွေရဲ့ ထုံးစံအ တိုင်း လူတွေနဲ့ဝေးရာတော့ သွားလေ့မရှိဘူး။ ဆိုင်ထဲကထပျံ ပြီး ခေါင်မိုးပေါ် အစုလိုက် အပြုံလိုက် နေရာယူကြတယ်။ တချို့ အကောင်တွေ ကြောက်ချင်ယောင်ဆောင်ပြီးနောက် တစ်ဆိုင် ရဲ့ခုံတွေအောက် ရောက်သွားတယ်။ အကောင်တချို့က မူလ ဘူတနေရာကတောင် ခွာမသွားကြဘူး။ ဝရုန်းသုန်းကား ထပျံ တဲ့အကောင်တချို့ရဲ့ အတောင်ပံရိုက်ချက်ကြောင့် ခုံပုလေး ပေါ်တင်ထားတဲ့ ချိုဆိမ့်နဲ့ ပုံမှန်ခွက်တွေ နည်းနည်းတော့ ယိုင်နဲ့ နဲ့ ဖြစ်သွားတယ်။ ပူပူနွေးနွေး ကြာကွေးပန်းကန်ထဲ ကြပ်ခိုးမှုန် တချို့ရောက်လာတယ်။ ဟန်ချက်ပျက်သွားတဲ့ စားပွဲခုံကို နေ သားကျအောင် ပြန်ပြင်ရင်း မိတ်ဆွေနောင်တော်က စကားတ ချို့ဆိုတယ်။ စျေးတော့စျေးပဲ။ ဒါပေမယ့် စျေးနဲ့တော့ သိပ်မတူ ဘူးတဲ့။
.
အကြောင်းမရှိ အကြောင်းရှာ လတ်ယား လတ်ယား လျှောက်သွားရင်း နောက်ဆုံးပိတ် စတည်းချတဲ့ နေရာကတောင် ကြီးမြို့ အထင်ကရဖြစ်တဲ့ မြို့မစျေးတောင်ဘက် ညစျေးတန်း။ ဒီတစ်ခေါက်ထိုင်တဲ့ ဆိုင်က အပြောင်းအလဲဖြစ်တယ်။ အယ်လ် ကိုဟောလုံးဝမပါတဲ့ ကြာရှည်(လက်ဖက်ရည်)ဆိုင်။ နည်းနည်း ချင်းသောက်ကြည့်လိုက် ကြာကွေးလေးစိမ်စားလိုက်နဲ့ သောက်လေ့သောက်ထမရှိတဲ့ လက်ဖက်ရည်က ဟုတ်သလို တော့အရှိသား။ အသစ်အဆန်းဖြစ်လို့ အရသာခံတုန်း ရသမျှ ပျောက်အောင် လုပ်တာက အလိုက်ကမ်းဆိုးမသိတဲ့ ခိုတစ် အုပ်။ ခေါင်မိုးပေါ် ရောက်နေတဲ့ ခိုတစ်အုပ်ကိုကြည့်ပြီး စျေး တော့စျေးပဲ စျေးနဲ့မတူဘူးပြောတာနဲ့ အကြောင်းအရင်း မေး ကြည့်တယ်။ ကြည့်သောသူမြင်၏။ သေသေချာချာ ကြည့်ပါတဲ့ ခိုတွေကို ကျော်ပြီး အကွဲအပြဲတွေနဲ့ ညစ်နွမ်းနွမ်းဖြစ်နေတဲ့ စျေး အပေါ်ဆုံးထပ်ကို ညွှန်ပြတယ်။
.
ဟုတ်တယ်။ မြို့မစျေးကြီးတောင်ဘက်တန်း။ အပေါ်ဆုံး ထပ် အနောက်ဘက် တစ်ခြမ်းလုံးက စက်သေနတ်ဒဏ်ရာနဲ့ ဗုံးဆံမှန်ထားတဲ့ စစ်ပြီးစ အခြေအနေနဲ့ တူနေတယ်။ ပြတင်း ပေါက်မှာ တပ်ဆင်ထားတဲ့ မှန်တွေက ဖရိုဖရဲ အကွဲအပြဲတွေ။ ပြတင်းမှန်တချို့ နေရာမှာ အစားထိုးသစ်သားတွေက ဖြစ်က တတ်ဆန်း တပ်ထားတယ်။ စျေးနံရံပေါ် ရေးချယ်ထားတဲ့ ဆေး သားတွေက မွဲတိမွဲခြောက်။ မသိရင် ကျောက်ခေတ် ကမ္ဘာဦး ကာလ လူသားတွေ ရေးခြစ်ထားတဲ့ နရံဆေးရေး ပန်းချီကား တွေအလားပေါ့။ မော်ဒန်ပန်းချီကား တစ်ချပ်လို လှချင်တိုင်း လှနေတဲ့ (ရွဲ့ရေးတာမဟုတ် ဒဲ့ရေးတာပါ) စျေးနံရံကြီး မြင်ရ တာ လီယိုနာဒိုဒါဗင်ချီ မျက်ရည်ကျလောက်စရာပါ။ ပုဇွန်ဆီ ရောင်သမ်းတဲ့ ဆောင်းညနေမှာ မှိုင်းပျပျ မြို့မစျေးနံရံကြီး မြင် ရတာက သရဲတစ္ဆေရုပ်ရှင် ဇာတ်ကားထဲက အိမ်အိုအိမ်ပျက်ကြီး မြင်ရသလို ခံစားချက်လည်း ဖြစ်မိတယ်။
.
ကြာရည်ဆွဲလိုက် ကြာကွေးစားလိုက် ဆောင်းကျနေနဲ့ အလှခြင်းပြိုင်တဲ့ စျေးနရံကြီး ခံစားလိုက်နဲ့ ဒိုးယိုပေါက်မြင်ရတဲ့ လက်ကျန်မှန်ကွက်တွေထဲက ထိုးထိုး ထောင်ထောင် ကုန် ပစ္စည်းတချို့ လှမ်းမြင်ရတယ်။ တံမျက်စည်းတွေ ဖြစ်ချင်ဖြစ် လိမ့်မယ်။ ကျန်တဲ့ ကုန်ပစ္စည်းတွေ ဖြစ်ကောင်းဖြစ်မယ်။ တစ်တန်းလုံး တစ်ထပ်လုံး မျက်စိတစ်ဆုံး ကြည့်လိုက်တာ ဆိုင်ခန်းတွေက စျေးရောင်းချတဲ့ ဆိုင်ခန်းပုံစံတွေမဟုတ်ဘူး။ ကုန်ပစ္စည်းသိုလှောင်တဲ့ စတိုခန်းတွေ။ သူ့အောက်တစ်ထပ် လည်း အပေါ်ဆုံးထပ်နဲ့ ထပ်တူထပ်မျှ ဖြစ်နေတယ်။ နိုင်ငံရပ် ခြား တိုင်းတစ်ပါးက အထပ်မြင့်စျေးကြီးတွေမှာ အထပ်တိုင်း သူ့ကုန်ပစ္စည်းနဲ့သူ ရောင်းကြဝယ်ကြတယ်။ ပိတ်စလိုချင်တဲ့သူ က ပိတ်စရောင်းတဲ့ အထပ်ကိုသွားတယ်။ ဟင်းရွက်ဝယ်ချင်တဲ့ သူက ဟင်းရွက်ရောင်းတဲ့အထပ်တက်ဝယ်တယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းတာလား။ မစီမံ မခန့်ခွဲတတ်တာလား။ တစ်ခုခုတော့ ဖြစ်လိမ့်မယ်။
.
အချိန်တော်တော်ကြာ ထိုင်မိတော့ လူ့သဘာဝအတိုင်း အညောင်းအညာလေး မိလာတယ်။ ခြေဆန့်လက်ဆန့် လုပ်ဖို့ လမ်းနည်းနည်း လျှောက်ရတော့မယ်။ စျေးနားရောက်မှတော့  စျေးတန်းထဲ လျှောက်ရတော့တာပေါ့။ မိတ်ဆွေနောင်တော်ကို ထိုင်လက်စခုံမှာ နေမြဲအတိုင်း ထားခဲ့ပြီး ဟိုစပ်စပ် ဒီနည်းနည်း လျှောက်ကြည့်တယ်။ နာရီစင်မြောက်ဘက်က ဧရာဝတီဘဏ် ရှိတဲ့ လမ်းထဲလျှောက်တယ်။ အသားငါးရောင်းချတဲ့ စျေးသည်ရှိ တယ်။ ဟင်းသီးဟင်းရွက်ရောင်းတဲ့ စျေးသည်ရှိတယ်။  မီးဖို ချောင်သုံးကုန် ပစ္စည်းရောင်းချတဲ့ စျေးသည်တွေအစုံ တွေ့ရ တယ်။ ကုန်ပစ္စည်း အမျိုးအမည် မမှတ်မိတော့တဲ့ စျေးသည် တွေလည်း ရှိနေတယ်။ စျေးတန်းရဲ့ ပြေးလမ်းက အတော်ကျဉ်း တာ မြင်ရတယ်။ မီးရေး ထင်းရေး အတွက်အလွန်တရာ စိုးရိမ် ရေမှတ်။ မီးသတ်ကားနောက်ထား ကားငယ်တစ်စီးတောင် ဝင် ခွင့်မသာတဲ့လမ်း။
.
စိုးရိမ်ရေမှတ်ရောက်နေတဲ့ စျေးတောင်ဘက် လမ်းကျော ခိုင်းပြီး ရောက်လက်စနဲ့ စျေးကြီးအနောက်ဘက် လမ်းထဲ ခြေ ဦး ဆက်လှည့်တယ်။ မျက်လုံးထဲမြင်ရတဲ့ အနေအထားက ရေ ချိန်လွန်။ နေ့မအား ညမနား နောင်လာနောက်သား မသောက် အောင် လက်ကုန်ဆွဲထားတဲ့ ဇိုးသမားတစ်ယောက်လိုပေါ့။ လမ်းမပေါ် ခင်းထားတဲ့ စျေးဆိုင်တန်းက လမ်းလုံးပြည့်။ ကုန် တင်ကုန်ချကားတွေ ကြုံသလိုရပ်ပြီး အတင်အချလုပ်တယ်။ လမ်းပြောင်းပြန်မောင်းတဲ့ ဆိုင်ကယ်တွေ အစီအရီရှိတယ်။ လက်တွန်းလှည်းတွေ လမ်းမပေါ် မင်းမူတယ်။ လမ်းမပေါ် ရောင်းချင်သလိုရောင်းတဲ့ စျေးဆိုင်တန်းနဲ့ ရပ်ချင်သလို စိတ်ကြိုက်ရပ်ထားတဲ့ ကားဆိုင်ကယ်််တွေ အတော်များတယ်။ မြို့မစျေးကြီး အပေါ်ထပ်က အသက်ပျောက်နေတဲ့ ဆိုင်ခန်း တွေ စိုပြည်အောင် လုပ်နိုင်ရင် လမ်းမကြီးအသုံးပြုလို့ ကောင်း သွားနိုင်တယ်။ အရေးပေါ်ရင် မီးသတ်ကား ဝင်လို့ရလိမ့်မယ်။
.
ဆောင်းရက်ရဲ့ ကျနေက တဖြည်းဖြည်း အကျမြန်တယ်။ အရေးဆိုရင် ကြီးကြီးမားမား အရာပေါ်သွားနိုင်တဲ့ လမ်းမတွေ ကြည့်ပြီး အရေးမပေါ်ဖို့ ဆုတောင်းမိတယ်။ အရေးမထား အ လေးမထားတဲ့ လူတွေကြည့်ပြီး အံ့သြစိတ်ဝင်တယ်။ နောက် ကြောင်းပြန်ပြီး ထိုင်လက်စ ခုံပုလေးမှာ ထိုင်လို်က်တယ်။ ဖန် ခွက်ထဲက လက်ကျန် ကြာရည်ကိုမော့တော့ ဆောင်းညလို အေးစက်စက်နဲ့။ လက်တံမပါတဲ့ တယ်လီဖုန်းနာရီကြည့်တော့ ညနေစောင်း ၄ နာရီတိတိ။ ပွင့်လင်းချိန်ရောက်တိုင်း ကြားနေ ကျသီချင်းသံက မြို့မစျေးကြီးအတွင်းက ထွက်လာတယ်။ ရန် သူမျိုး ၅ ပါးထဲပါတဲ့ ရန်သူမီးကို အစဉ်အမြဲသတိပြုပါတဲ့။ မြင်ရ တဲ့ အနေအထားက ဘယ်လောက်သတိပြုပြု ဝင်မရထွက်မရ တာနဲ့ အားလုံးပြာကျမယ့်ကိန်း။ ဖွင့်တဲ့လူက ဒီသီချင်းအမြဲဖွင့် တယ်။ ဦးထွန်းရွှေက အချိန်မှန်ဆိုတယ်။ လုံလောက်တယ်ထင် ရင် ၅ ပါးမှောက်သွားနိုင်တယ်။ သတိပြုဆင်ခြင်ဖို့ လိုအပ်တယ်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)