အောင်ပန်းတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 18, 2020

အောင်ပန်းတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဈေးကုန်းကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
အောင်ပန်းမြို့၊ ပင်မှီကျေးရွာအုပ်စု၊ ဈေးကုန်းကျေးရွာနေ မမူမူလွင် (၃၈ နှစ်) က ယနေ့ ဖေဖော်ဝါရီလ ၈ ရက်၊ နံနက်ပိုင်းတွင် ၎င်း၏ ခင်ပွန်းဖြစ်သူ ထွန်းထွန်းဝင်း (ခ) မူးကြောင် (၄၀ နှစ်) သည် နေအိမ်အောက်ထပ်တွင် ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းပေးပို့လာသဖြင့် အောင်ပန်းနယ်မြေရဲစခန်းမှူး ရဲအုပ်စိုးဝင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ထွန်းထွန်းဝင်းအား နေအိမ်ထုပ်တန်းတွင် နီညိုရောင် ပုဆိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
သေဆုံးသူ ထွန်းထွန်းဝင်း (ခ) မူးကြောင်သည် ဖေဖော်ဝါရီလ ၁၇ ရက်တွင် အရက်ကြောင် ကြောင်နေသဖြင့် ဇနီးဖြစ်သူ မမူမူလွင်က တစ်ရွာတည်းနေ ၎င်း၏မိဘများနေအိမ်တွင် သွားရောက်အိပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက်၊ နံနက်ပိုင်းတွင် နေအိမ်သို့ ပြန်လာစဉ် ထွန်းထွန်းဝင်းအား သေဆုံးလျက် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထွန်းထွန်းဝင်း (ခ) မူးကြောင် သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၄/၂၀၂၀) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About