အောင်ပန်းမြို့တွင် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံး ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 1, 2020

အောင်ပန်းမြို့တွင် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံး ဖွင့်လှစ်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ က လောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇန်နဝါရီလမှ စတင်၍ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ အလုပ်အကိုင် နှင့် အလုပ်သမား ရှာဖွေရေးရုံး ဖွင့် လှစ်ပြီး အလုပ်သမား မှတ်ပုံတင် ကတ်ပြားများကို ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
.
 
.
“အရင်က တောင်ကြီးမှာပဲ အ ကုန်စုပြီး လုပ်ပေးတာပါ။ အခု ၂၀၂၀ ဇန်နဝါရီလက စပြီး အောင်ပန်းမှာ ရုံးသစ် ဖွင့်ပေးလိုက်တာပါ။ တစ်နိုင် ငံလုံး ၆ ရုံးဖွင့်တာ ရှမ်းက အောင် ပန်းပါတယ်။ ကယားက ဖားဆောင်း မှာဖွင့်ပါတယ်” ဟု တောင်ကြီးမြို့ရှိ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးရီက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
“တောင်ကြီးမှာ သွား လုပ်ရတာဆိုတော့ တစ်ရက်အချိန် ကုန်တယ်။ အခုလို ရုံးဖွင့်ပေးတော့ အဆင်ပြေပါတယ်။ အခုလို ရုံးခွဲဖွင့် ထားတာကလည်း လူသိပ်မသိကြ သေးပါဘူး”ဟု အောင်ပန်းဒေသခံ တစ်ဦးက ၎င်း၏ အမြင်ကို ပြောဆို ခဲ့သည်။
.
အဆိုပါ အောင်ပန်းရှိ အလုပ် သမားညွှန်ကြားမှု ဦးစီးဌာနရုံးတွင် အောင်ပန်းမြို့ အပါအဝင် ဟဲဟိုး၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ပင် လောင်းနှင့် နောင်တရားမြို့များမှ ဒေသခံများအနေဖြင့် အလုပ်သ မားမှတ်ပုံတင်ကတ်ပြား ပြုလုပ်နိုင် ကြောင်း သိရသည်။
.
အောင်ပန်းတွင် ပုဂ္ဂလိကပိုင် အရက်ချက်စက်ရုံနှင့် ရေသန့်စက် ရုံ၊ အထည်ချုပ်လုပ်ငန်း၊ မုန့်လုပ် ငန်း၊ ပန်းတိမ်လုပ်ငန်း၊ ပန်းပဲလုပ် ငန်း၊ ပန်းချီလုပ်ငန်း၊ အိုးလုပ်ငန်းနှင့် အိမ်တွင်းမှုလုပ်ငန်း လုပ်ကိုင်သူများ အပြင် ပြည်တွင်း/ပြည်ပရှိ အလုပ် အကိုင်များတွင် သွားရောက်အလုပ် လုပ်ကိုင်လိုသူများမှ အလုပ်သမား မှတ်ပုံတင်ကတ်ပြား ပြုလုပ်မှုများ ရှိနေကြောင်း သိရသည်။
.
အလုပ်အကိုင်နှင့် အလုပ်သ မားရှာဖွေရေးရုံးများကို ရှမ်းပြည် နယ်အတွင်း တောင်ကြီး၊ လွိုင်လင်၊ လားရှိုး၊ ကျောက်မဲ၊ ကျိုင်းတုံနှင့် တာ ချီလိတ်မြို့များတွင် ဖွင့်လှစ်ထားပြီး ယခု အောင်ပန်းမြို့တွင် ၇ ရုံးမြောက် အဖြစ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About