အောင်ပန်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Tuesday, February 25, 2020

အောင်ပန်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက်ပိုင်းက နေအိမ်မီးလောင်မှု ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
 
.
အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ (၁) မြတ်လေးလမ်းနေ ညီညီထွန်း (၃၉ နှစ်) ၏ နေအိမ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က ဘုရားစင်ဘေးရှိ လျှပ်စစ်မီးပလပ်ခုံမှ အပူလွန်ကဲပြီး မီးစတင်ကူးစက်လောင်ကျွမ်းရာ အိပ်ခန်းအတွင်းရှိ စောင်၊ ခေါင်းအုံးနှင့် အဝတ်အစားများ လောင်ကျွမ်းခဲ့ပြီး ဘုရားခန်းအတွင်း အိပ်နေသူ ညီညီထွန်းတွင် မျက်နှာယာခြမ်း မီးအပူဟပ်ဒဏ်ရာ၊ ယာလက်မောင်း၊ ယာတံတောင်ဆစ်၊ ယာလက်ခုံများတွင် မီးအပူဟပ်ဒဏ်ရာဝဲလက်ချောင်းများ မီးအပူဟပ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂ သောင်းခွဲခန့် ရှိခဲ့ပြီး လျှပ်စစ်ဝါယာကြိုးများအား ခံနိုင်ဝန်အား ထက်ပို၍ ပေါ့လျော့စွာ သုံးစွဲသဖြင့် အပူလွန်ကဲပြီး မီးလောင်ကျွမ်းစေခဲ့သူ ညီညီထွန်းအား အောင်ပန်းနယ်မြေ ရဲစခန်းတွင် (ပ) ၃၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats