အောင်ပန်းတွင် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်တင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 19, 2020

အောင်ပန်းတွင် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်တင်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ က လောမြို့နယ်၊ အောင်ပန်းမြို့တွင် ဖေဖော်ဝါရီလ ၁၂ ရက်က ကလော မြို့နယ် ဓနုတိုင်းရင်းသားရေးရာ အ ဖွဲ့ချုပ်ရုံးခန်းအား ဆိုင်းဘုတ်တင် ဖွင့် လှစ်ခဲ့ပြီး ညနေပိုင်းတွင် ဆိုင်းဘုတ် တင်ပွဲ အထိမ်းအမှတ်အဖြစ် လက် ဘက်ရည်ကြမ်းဝိုင်း စာပေဟောပြော ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 .
ဆိုင်းဘုတ်တင်ပွဲကို အောင်ပန်း မြို့၊ လွယ်အံ့ကျေးရွာ၊ ပြည်ထောင်စု လမ်းမဘေးရှိ ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ချထားပေးသည့် မြေနေရာ တွင် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး လက် ဘက်ရည်ကြမ်းဝိုင်း စာပေဟော ပြောပွဲကို အောင်ပန်းမြို့၊ မြို့မပြင် သာကျောင်းတွင် မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဒီလို ဓနုတိုင်းရင်းသား မောင် မယ်တွေ တွေ့ဆုံရင်းနှီးဖို့ အလှည့် ကျ လက်ဘက်ရည်ကြမ်းဝိုင်း ပြု လုပ်ပြီး စာပေဟောပြောပွဲတွေ ပြု လုပ်ပေးခြင်းဖြင့် အချင်းချင်း ချစ် ကြည်ရင်းနှီးစွာနဲ့ စည်းလုံးညီညွတ် စေဖို့ ရည်ရွယ်လုပ်ဆောင်တာပါ။ ရုံးကတော့ ကလောမြို့နယ်ထဲမှာရှိ တဲ့ ဓနုတိုင်းရင်းသားတွေအတွက် လိုအပ်တာတွေ ဆောင်ရွက်ပေးနိုင် ဖို့  ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်” ဟု ကလောမြို့နယ် ဓနုတိုင်းရင်းသား ရေးရာအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလွင်ဦး က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောမြို့နယ်လူဦးရေ၏ ၄၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၈ သောင်းခန့်မှာ ဓနုတိုင်းရင်းသား များ ဖြစ်ကြပြီး ၎င်းတို့အတွက် ယခု ဆိုင်းဘုတ်တင်သည့် ရုံးခန်းကို ဆောက်လုပ်သွားရန် ရှိကြောင်းနှင့် ဓနုတိုင်းရင်းသားများသည် ပင်းတ ယတွင်မြို့နယ် လူဦးရေ၏ ၇၅ ရာခိုင် နှုန်း၊ ရွာငံတွင် ၈၇ ရာခိုင်နှုန်းရှိကာ ကလော၊ ရပ်စောက်၊ နောင်ချို၊ တောင်ကြီး၊ ကျောက်မဲ၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ဓနုတိုင်း ရင်းသား အများအပြား ရှိနေကြောင်း သိရသည်။
.
လက်ဘက်ရည်ကြမ်းဝိုင်း စာပေ ဟောပြောပွဲတွင် အမျိုးသားစာပေဆု ၆ ကြိမ်ရ စာရေးဆရာ အောင်သန်း ဦးက “အောင်ပန်းမှာ အောင်ပန်း ဆင်ကြမယ်" ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ စာပေဗိမာန်စာမူဆုရ မြတ် ဝေတိုး (ပညာရေးကောလိပ်)က “တန်ဖိုးမြင့်သောလူ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြပြီး သံဃာတော် ၄၇ ပါး အပါအဝင် လူ ဦးရေ ၁၅၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
.
ထို့အပြင် အဆိုပါ စာပေဟော ပြောပွဲတွင် ပညာထူးချွန်သူ ဓနုတိုင်း ရင်းသား ကျောင်းသား/သူ ၂၂ ဦး၊ အားကစားထူးချွန်သူများနှင့် Miss Myanmar 2019 ဆုရှင် အလှမယ် ခင်ဥမ္မာမြင့်တို့အား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About