အောင်ပန်းတွင် တစ်ရက်အတွင်း ဆိုင်ကယ်တိမ်းမှောက်မှု ၂ ခုဖြစ်ပွား၍ တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 9, 2020

အောင်ပန်းတွင် တစ်ရက်အတွင်း ဆိုင်ကယ်တိမ်းမှောက်မှု ၂ ခုဖြစ်ပွား၍ တစ်ဦး သေဆုံး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်း-ဟဲဟိုးသွားလမ်းတွင် ဖေဖော်ဝါရီလ ၈ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်တိမ်းမှောက်မှု ၂ ခု ဖြစ်ပွား၍ တစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
အောင်ပန်းမြို့၊ ရေချိုကျေးရွာနေ မြင့်ဆွေ (၁၉ နှစ်) မောင်းနှင်ပြီး နောက်တွင် ငြိမ်းချမ်းအောင် (၁၈ နှစ်) လိုက်ပါ စီးနင်းလာသော CBR 150 အမျိုးအစား အဖြူရောင်ဆိုင်ကယ်သည် ဖေဖော်ဝါရီလ ၈ ရက်၊ နေ့လယ် ၁ နာရီ ၅၀ မိနစ်ခန့်က ပြည်ထောင်စုလမ်းမကြီးအတိုင်း ဟဲဟိုးဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၈၂/၂ နှင့် ၈၂/၃ အကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ အမည်/နေရပ် နှင့် ယာဉ်အမျိုးအစား စုံစမ်းဆဲ မော်တော်ယာဉ်၏ ဝဲဘက်နောက်အစွန်းအား သွားရောက်ချိတ်မိရာမှ တိမ်းမှောက်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ မြင့်ဆွေတွင် ဝဲဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်တံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာ၊ ခါးဝဲဘက် ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ငြိမ်းချမ်းအောင်တွင် ဦးခေါင်းယာဘက်ချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ယာပါး ပေါက်ပြဲ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိတိမ်းမှောက်ကာ မိမိ ကိုယ်တိုင်နှင့် အခြားသူအား ထိခိုက်ဒဏ်ရာရ/သေဆုံးစေသူ မြင့်ဆွေအား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၁၃/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ နေ့လယ် ၂ နာရီခန့်က ကလောမြို့၊ အမှတ် (၄) ရပ်ကွက်နေ မသက်မွန်ဦး (၃၀ နှစ်) မောင်းနှင်ပြီး နောက်တွင် ကလောမြို့၊ ရပ်ကွက် (၁) နေ မငြိမ်းအိစိုး လိုက်ပါစီးနင်းလာသည့် Kenbo-125 အမျိုးအစား အနက်ရောင် မော်တော်ဆိုင်ကယ်သည် ပြည်ထောင်စုလမ်းမကြီးအတိုင်း ဟဲဟိုးဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင် အမှတ် ၈၃/၄ နှင့် ၈၃/၅ အကြား အောင်ပန်းမြို့၊ ကျောက်နွားတောင်အနီး အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ လဲကျတိမ်းမှောက်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ မသက်မွန်ဦးတွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဘဲ နောက်တွင်လိုက်ပါစီးနင်းလာသူ မငြိမ်းအိစိုးတွင် ဦးခေါင်းယာဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ယာနား သွေးထွက် ဒဏ်ရာ၊ ယာခြေမျက်စိ ပွန်းပဲ့ဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှ ဆိုင်ကယ်မောင်းနှင်သူ မသက်မွန်ဦးအား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၁၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats