အောင်ပန်းတွင် ယာဉ်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, February 15, 2020

အောင်ပန်းတွင် ယာဉ်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာ၊ သာမိုင်းခမ်းတံတားအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင် ၂ ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် ၁၈ ဘီး တွဲယာဉ်တို့ မျက်နှာချင်းဆိုင် ဝင်တိုက်မိသဖြင့် ဆိုင်ကယ်ပေါ်ပါသူ ၂ ဦး အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အမှတ် (၂၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (တောင်လေးလုံး) မှ ရဲတပ်သား စိုးလှိုင်ဝင်း (၂၁ နှစ်) မောင်းနှင်ပြီး ရဲတပ်သား ကျော်ဇင်သန့် (၂၅ နှစ်) လိုက်ပါစီးနင်းလာသော ဆိုင်ကယ်သည် ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေ ၅ နာရီခွဲခန့်က ပြည်ထောင်စုလမ်းမ ကြီးအတိုင်း ဟဲဟိုးဘက်မှ အောင်ပန်းဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၈၂/၄ နှင့် ၈၂/၅ အကြား အရောက်တွင် မျက်နှာချင်းဆိုင်မှ ကျောက်ဆည်မြို့နေ ယာဉ်မောင်း တင်စိုးခိုင် (၂၉ နှစ်) မောင်းနှင်လာသည့် ISUZU GIGA အမျိုးအစား ၁၈ ဘီး တွဲယာဉ်နှင့် လမ်းလယ်မျည်းသေပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ရဲတပ်သား စိုးလှိုင်ဝင်း တွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ဝဲဘက်နားထင် ပေါက်ပြဲဒဏ်ရာ မေးစေ့အောက် ပေါက်ပြဲ ဒဏ်ရာ၊ ရဲတပ်သားကျော်ဇင်သန့်တွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက် ဒဏ်ရာ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဝဲ/ယာနား သွေးထွက် ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ သေဆုံးသူများအား ရဲဆေးစာဖြင့် အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်ပြီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိကာ မိမိကိုယ်တိုင်နှင့် သူတစ်ပါးအား ထိခိုက်ဒဏ်ရာရ သေဆုံးစေခဲ့သူ ဆိုင်ကယ်ယာဉ်မောင်း ရဲတပ်သား စိုးဝင်းလှိုင်နှင့် တွဲယာဉ်မောင်း တင်စိုးခိုင်တို့ ၂ ဦးအား အောင်ပန်းနယ်မြေရဲစခန်း မှ  ယာဥ် (ပ) ၁၇/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၀၄ -က ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)