အောင်ပန်းတွင် ရပ်ထားသော ထွေလာဂျီအား ဆိုင်ကယ်တစ်စီးက နောက်မှဝင်တိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 3, 2020

အောင်ပန်းတွင် ရပ်ထားသော ထွေလာဂျီအား ဆိုင်ကယ်တစ်စီးက နောက်မှဝင်တိုက်


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ အောင်ပန်း-ပင်းတယသွား ကားလမ်း ပေါ်တွင် ဖေဖော်ဝါရီလ ၂ ရက်၊ ညနေပိုင်းက ရပ်တန့်ထားသောထွေလာဂျီအား အရှိန်မထိန်းနိုင်သော ဆိုင်ကယ်တစ်စီး က နောက်မှဝင်တိုက်သဖြင့် ဆိုင်ကယ်မောင်းနှင်သူ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အောင်ပန်းမြို့၊ သူရဲဥမင်ကျေးရွာနေ ယာဉ်မောင်း ဖိုးခွား (၃၄ နှစ်) မောင်းနှင်သော စိမ်း/ပြာရောင် ထွေလာဂျီသည် ဖေဖော်ဝါရီလ ၂ ရက်၊ ညနေ ၆ နာရီခွဲခန့်က အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ အောင်ပန်း-ပင်းတယသွားကားလမ်း၊ အေမီကုန်စုံဆိုင်ရှေ့ လမ်းယာဘက်ဘေးတွင် ရပ်တန့်ထားစဉ် လားရာတူမှ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်နေ မိုးကျော် (၃၁ နှစ်) မောင်းနှင်သည့် ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ ထွေလာဂျီအား နောက်မှ ဝင်ရောက်တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ မိုးကျော်တွင် ဝဲဘက်နဖူး ပွန်းပဲ့ ဒဏ်ရာ၊ ဝဲဘက်ပါး ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာဘက်ပေါင် ဖူးယောင်ဒဏ်ရာ၊ ဝဲဘက်ခြေမ ပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ) တို့ ရရှိခဲ့သဖြင့် အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။
.
ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်၍ အရှိန်မထိန်းနိုင်ဘဲ ရပ်တန့်ထားသော ထွေလာဂျီအား နောက်မှဝင်ရောက် တိုက်မိသဖြင့် မိမိကိုယ်ကို ဒဏ်ရာများ ရရှိစေသူ ဆိုင်ကယ်ယာဉ်မောင်း မိုးကျော်အောင်အား အောင်ပန်းနယ်မြေ ရဲစခန်းတွင် ယာဉ် (ပ)၁၁/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ ည ၈ နာရီခန့်ကလည်း ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ အောင်ပန်း-ဟဲဟိုးသွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ၁၀ တန်းကျောင်းသားတစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ အိမ်စီးမော်တော်ယာဉ်နှင့် တိုက်မိကာ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats