အောင်ပန်းတွင် တရားမဝင် ၂ လုံးထီရောင်းချသူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီး - Kanbawza Tai News

Breaking

Boxed(True/False)

Friday, February 28, 2020

အောင်ပန်းတွင် တရားမဝင် ၂ လုံးထီရောင်းချသူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်၊ နေ့လယ်ပိုင်းက တရားမဝင် ၂ လုံးထီလောင်းကစား ရောင်းချသူ အမျိုးသမီးတစ်ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
.
.
အောင်ပန်းမြို့၊ လက်မပင်ရပ်ကွက်နေ မလှလှစိန် (ခ) မကင်း (၃၇ နှစ်) သည် အောင်ပန်းမြို့ပေါ် ရပ်ကွက်များအတွင်း တရားမဝင် ၂ လုံးထီ ရောင်းချနေကြောင်း သတင်းအရ အောင်ပန်းနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မျိုးထက်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ဖေဖော်ဝါရီလ ၂၇ ရက်၊ နေ့လယ် ၁၂ နာရီအချိန်ခန့်က အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်၊ နယ်မြေ (၄) မြရေစင်လမ်းနှင့် လူရည်ချွန်လမ်းထောင့်တွင် စောင့်ဆိုင်းနေစဉ် မလှလှစိန် (ခ) မကင်းသည် မြရေစင်လမ်းအတိုင်း လမ်းလျှောက်လာသည်ကို တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် နီ/ဝါ/ဖြူစင်းကြား ချည်လွယ်အိတ်အတွင်းမှ လောင်းကစား ရောင်းချရာတွင် အသုံးပြုသည့် ပန်းရောင်ဘောက်ချာစာအုပ် တစ်အုပ်၊ အမည်နှင့် ငွေတန်ဖိုးများ ရေးသားထားသည့် အဝါနုရောင် မှတ်စုစာအုပ်အသေး တစ်အုပ်၊ ၂ လုံးထီဂဏန်းနှင့် ငွေတန်ဖိုးများ ရေးသားထားသော ပန်းရောင်ဘောင်ချာဖြတ်ပိုင်းစာရွက် တစ်ရွက်နှင့် အဖြူရောင်ဘောက်ချာဖြတ်ပိုင်း ၃ ရွက်၊ မှင်ခံစက္ကူအသေး ၁၃ ရွက်၊ အပြာရောင်ဘောလ်ပင် တစ်ချောင်း၊ ငွေသား ၅၂၇၀၀ ကျပ်တို့အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ၂ လုံးထီလောင်းကစားရောင်းချာရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ လက်ဝယ်တွေ့ရှိသူ မလှလှစိန် (ခ) မကင်းအား အောင်ပန်းနယ်မြေရဲစခန်းတွင် (ပ)၃၂/၂၀၂၀၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)