ကောက်ရိုးမီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 13, 2020

ကောက်ရိုးမီး


ရဲဘော်မြသိန်း (ဟိုပုံး)
.
" မိဘပြည်သူများ မင်္ဂလာပါရှင်။ မိဘပြည်သူများ၏ နေအိမ် ထွက် အမှိုက်သရိုက်များကို အပတ်စဉ် တနင်္လာနေ့တိုင်း ကား ဖြင့် လိုက်လံသိမ်းဆည်း ပေးလျက်ရှိရာ ယခုမိဘပြည်သူတို့ အိမ်ရှေ့တွင် ထွက်၍ အသင့်စောင့်ဆိုင်း စွန့်ပစ်ပေးကြပါရန် မေတ္တာရပ်ခံပါသည်ရှင်။"
.
သက်ဆိုင်ရာ အမှိုက်များ သန့်ရှင်းရေးဝန်ဆောင်မှု ကုမ္ပဏီ က တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံနှိုးဆော်လေ့ ရှိပါ သည်။ မိမိအိမ်ရှေ့ မရောက်မီ ၁၅ အိမ်ကျော်ကျော်အကွာလောက်မှာ အသံချဲ့စက်ဖြင့် ကြိုတင်နှိုးဆော်သဖြင့် အိမ်တိုင်းကြိုတင်ပြင် ဆင်ချိန် ရကြပါသည်။ ကားကလည်း ဘီးများနှေးကွေးစွာ တ ဖြည်းဖြည်းချင်း လှိမ့်မောင်းပေးပါသည်။ နေအိမ်ထွက် အမှိုက် များကို တချို့က အိတ်ကြီး၊ အိတ်ငယ်၊ အိတ်လတ်များ တချို့ က အမှိုက်တောင်း အမှိုက်ပုံး အမှိုက်ခွက်များ စသည်ဖြင့် ထည့် သွင်းစွန့်ပစ်ကြပါသည်။ အမှိုက်သယ် ကားပေါ်မှ ဝန်ထမ်းများ၊ ကားဘေးက ဝန်ထမ်းများက ကူညီ၍ ရပ်ကွက်သူ ရပ်ကွက် သားများက ပူးပေါင်းစွန့်ပစ်ကြသဖြင့် အဆင်ပြေလှပါသည်။ အမှိုက်များ စွန့်ပစ်ရသည်မှာ ပျော်စရာပင် ကောင်းသေးတော့ သည်။ တစ်ခါတစ်ရံ အမှိုက်သိမ်းကားနှင့် အတူ ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် တာဝန်ရှိသူ တစ်ဦးစ နှစ်ဦးစတို့က ရပ်ကွက် သူ ရပ်ကွက်သားများ အမှိုက်စွန့်ပစ်ရာတွင် အခက်အခဲရှိ၊ မရှိ ကျေနပ်မှုရှိ၊ မရှိ၊ အကြံဉာဏ်များ ပေး၊ မပေး တို့ကို ကြည့်ရှုနား ထောင်ကြရာ အင်မတန်နှစ်သက် ဘဝင်ကျစရာများ ဖြစ်ခဲ့ရပါ သည်။ ဒါမှ ဒီမိုကရေစီနိုင်ငံသားများ၊ ဒီမိုကရေစီအလေ့အကျင့် များဟု ကျွန်တော့်ဘာသာ မှတ်ချက်ချမိခဲ့ပါသည်။
.
နောက်ပြီး ကျွန်တော် ဆက်စပ်တွေးတောနေမိပါသည်။ လစဉ် သူ့အချိုးအဆနှင့် သူ ပေးနေရသော ဝန်ဆောင်ခ (သို့မ ဟုတ်) အခွန်အခကို ကျွန်တော်(ပြည်သူ)တို့ တွန့်တို နှမြောမှု မရှိကြပါ။ ထိုဝန်ဆောင်ခထက် ပိုမိုပေးဆောင်ရန် သက်ဆိုင်ရာ တို့က တွက်ချက်စိစစ် အသိပေး ညှိနှိုင်းလာပါလျှင်လည်း လက် ခံမည်သာဖြစ်ပါသည်။ မိမိအိမ် သန့်ရှင်းမှု၊ မိမိရပ်ကွက်သန့်ရှင်း မှု၊ မိမိမြို့ရွာ သန့်ရှင်းမှုအတွက် ကောင်းမွန်သော စီမံခန့်ခွဲမှုများ ဖြစ်သဖြင့် ငွေရေး ကြေးရေး ပေးဆောင်ရမှုကို ကျွန်တော်တို့ ဘဝင်ကျကျ လက်ခံမည်သာ ဖြစ်ပါသည်။ ထိုဝန်ဆောင်ခ (သို့) အခွန်အခများဖြင့် သက်ဆိုင်ရာ ဝန်ထမ်းများ (ယာဉ်မောင်း၊ အ မှိုက်သိမ်း၊ သန့်ရှင်းရေး၊ ငွေကောက်၊ စာရင်းပြု)ကို အလုပ်ခန့် ထားပေးရသည် မဟုတ်ပါလား။ နောက်ပြီး ထိုအခွန်အခများ ဖြင့် စည်ပင်သာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်ရ သည် မဟုတ်ပါလား။
.
သို့သော် အထက်ပါဖြစ်စဉ်သည် ၆ လကျော်ကျော်လောက် ရှိသောအခါ ရိုးအီသွားသည်လား မပြောတတ်တော့ပါ။ `မိဘ ပြည်သူများ မင်္ဂလာပါရှင်` ဟူသော နှိုးဆော်သံသည် ယခင်က လို နှိုးကြားတက်ကြွမှု မရှိတော့ပါ။ ဝင့်ကြွားထည်ဝါမှု မရှိတော့ ပါ။ ယခုအမှိုက်များ ကားပေါ်သို့ တင်ဆောင်ရာတွင် မိမိတို့အိမ် များရှေ့ရောက်လျှင် ပြည့်ကြပ်မို့မောက်နေသည်က ခပ်များများ ဖြစ်ပါသည်။ အတင်းဖိနှိပ်သွတ်သွင်း၍ အမှိုက်များ ကားပေါ် ရောက်သွားသည့်တိုင်အောင် အခြားအိမ်များ ကျန်ရှိနေပါသေး သည်။ ကားကို နောက်ထပ်တစ်ကြိမ်ဖြစ်စေ၊ ၂ ကြိမ်ဖြစ်စေ ထပ်မံလာရောက် သယ်ပို့ပေးမည်ဆိုပါက အဆင်ပြေသွားမည် ဖြစ်သော်လည်း ကားခေါက်ရေ ပိုမိုလာပြီး စက်ဆီ၊ အလုပ်ချိန် စသည်တို့ ပိုမိုလာကာ တွက်ခြေကိုက်မည် မဟုတ်ဟု တွက်ဆ သည်လား မသိ၊ အမှိုက်များကို ဖြစ်ကတတ်ဆန်း တင်သွားကြ ပါသည်။ အမှိုက်ရှိပါလျက် မစွန့်လိုက်ရသူများ ဘေးနားပတ် ဝန်းကျင်တွင် ပိုလျှံလွင့်စင် ကျန်ရစ်ခဲ့သည့် အမှိုက်စများ တခြား လမ်းများ တစ်လျှောက် ကျရောက်သွားကြသော အမှိုက်များ သည် စိတ်မချမ်းမြေ့စရာများ ဖြစ်ကြပါသည်။
.
ထို့ပြင် အမှိုက်သယ်ကားသည် တနင်္လာနေ့တိုင်း အချိန်မှန် သယ်ပို့ သိမ်းဆည်းပေးသော်လည်း ယခင်ကလောက် ဝန်ထမ်း များ မရှိတော့ပါ။ လုပ်သားဝန်ထမ်း အင်အားများ လျှော့ထား သည်လားမသိ။ ကားအပေါ်က တစ်ယောက် ကားအောက်က တစ်ယောက်တို့ဖြင့် မနိုင်မနင်း လုပ်ဆောင်လာကြပါသည်။ ကားမှာလည်း ယခင်ကလို ဖြည်းဖြည်း ညင်းညင်း မောင်းမလာ တော့ပါ။ တက်သုတ်ရိုက်၍ မောင်းလာကာ ချက်ချင်းအူလျား ဖားလျား အမှိုက်များတင်ကြ၊ ခဏချင်း ကားကထွက် စသည့်အ ခြေအနေများ ဖြစ်လာပါသည်။ တစ်ခါက ကျွန်တော်သည် အ ဆိုပါ အမှိုက်ကား အလာကို နားစွင့်နေရာ တစ်နေကုန်နီးပါး ကား မလာပါ။ အိမ်အလုပ်များ လုပ်ရင်း စောင့်နေခြင်းပါ။ သူ့ ချည်းပဲလည်း မစောင့်နိုင်ပါ။ အင်း ရောက်လာတော့လည်း မိုး ချုပ်ကာနီး အပြင်းမောင်းလာသဖြင့် မိဘပြည်သူများ မင်္ဂလာပါ ရှင် ဆိုသည့် ဆော်သြသံသည်လည်း တစ်ဝက်တစ်ပျက်ကြီး ဖြင့် အမြန်ဖြတ်သန်းသွားသဖြင့် ကျွန်တော်သည်လည်း ရေချိုး တန်းလန်းကြီးဖြင့် ရေစိုလုံချည်ဖြင့် ကိုယ်အထက်ပိုင်း ဗလာ ဖြင့် အမှိုက်ပုံးကို ပြေး၍လိုက်တင်ပို့လိုက်ရပါသည်။ တချို့မှာ အမှိုက်များ စုဆောင်းထားသော်လည်း အချိန်ခြင်းမကိုက်ညီ တော့သည့် အကန့်အသတ်ကြောင့် အမှိုက်များ မစွန့်ပစ်လိုက် ရပါ။ နောက်တစ်ပတ် အမှိုက်ကားလာမှ တင်ရမည်ဖြစ်သော် လည်း ထိုအခါ အမှိုက်ကားက ပိုမိုပြည့်မောက်လာမည် ဖြစ်ပါ သည်။ အမှိုက်စွန့်ပစ်ကြရသည်မှာ ယခင်ကလောက် ဘဝင်မ ကျတော့ပါ။ အားလုံးမပျော်ရွှင် ကြတော့ပါ။ မင်္ဂလာမရှိကြတော့ ပါ။ အဲ ယခင်က ဆိုင်ကယ်ဖြင့် လိုက်လံကြည့်ရှုစစ်ဆေးသည့် တာဝန်ရှိလူကြီးတို့သည်လည်း မပေါ်လာသည်မှာ တစ်နှစ်နီးပါး ဖြစ်ပါသည်။
.
ဤနေရာတွင် ကြားဖြတ်တစ်ခု တင်ပြချင်ပါသည်။ တချို့ ရပ်ကွက်သူ ရပ်ကွက်သားတို့သည် မိမိတို့အိမ်ရှေ့တွင် အမှိုက် ကား ရောက်လာသည့်အခါ ဂရုစိုက် တင်ပေးမည့်သူ မရှိပါ။ အ မှိုက်များကိုတော့ အိတ်အတိုင်း၊ ပုံးအတိုင်း၊ အမှိုက်ခွက်အတိုင်း ပုံထား ချထားကြပါသည်။ ကားနှင့်ပါလာသည့် ဝန်ထမ်းက အမြင်မတော် ကောက်တင်ပေးရပါသည်။ ထိုသို့မျက်နှာလွဲ ခဲ ပစ် အကြိမ်များလာတော့ ဝန်ထမ်းက အမှိုက်များ တင်မပေး တော့ပါ။ ကာယကံရှင်ကမှ အလေးဂရုမပြုတာကိုး။ ခရီးသွား နေ၍ ဖြစ်စေ၊ အပြင်ထွက်နေ၍ဖြစ်စေ မအားမလပ် ဖြစ်နေ လျှင်လည်း နီးစပ်ရာ အိမ်နီးချင်းများကို ကြိုတင် အကူအညီ တောင်းထားလျှင် ဖြစ်နိုင်ပါသည်။ သို့စင်လျက် မိမိဘက်က ပေါ့လျော့ ပျက်ကွက်သော်လည်း အမှိုက်ကားနှင့် ဝန်ထမ်းများ ကို ထိုပေါ့လျော့သူကပင် အထက်တာဝန်ရှိ လူကြီးများထံ ဖုန်း ဖြင့် တိုင်တန်းအရေးယူ ခိုင်းကြပါသည်။ ဒီမိုကရေစီနည်း မကျ ပါချေတကား။
.

.
စာရှုသူများခင်ဗျား။ မြန်မာမှုနယ်ပယ်တွင် စကားပုံလား ဆိုရိုးလားမသိ၊ စကားတစ်ခွန်းရှိပါသည်။ ကောက်ရိုးမီး ဟူ၏။ ကောက်ရိုးမီးသည် ရှို့လိုက်လျှင် ဟုန်းကနဲထပြီး လောင်ကျွမ်း ၏။ သို့သော် ခဏချင်းတွင်ပင် ပြန်ငြိမ်းသွား၏။ သူ၏အပူရှိန်နှင့် အလင်းရောင်ကို ကြာရှည်ကြာများ သုံးစွဲ၍မရ။ မီးသွေးမီးလို တရှိန်ရှိန်ဖြင့် တောက်လောင်ကျွမ်းခြင်း မဟုတ်သဖြင့် အသုံးမ ဝင်လှ။ အခုလည်း အမှိုက်သန့်ရှင်းရေး လုပ်ငန်းကြီးသည် အစ ပထမတော့ အလွန်ကောင်းလှပါ၏။ ရပ်ကွက်သူ ရပ်ကွက်သား များ အုပ်ချုပ်ရေး အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် ဝန်ဆောင်မှု ကုမ္ပဏီတို့၏ တွေ့ဆုံဆွေးနွေးမှုမှ ပေါ်ထွက်လာသော လုပ်ငန်း တစ်ရပ် ဖြစ်ခဲ့ပါ၏။ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန် တစ်ကွက် ဖြစ်ပါ၏။ အားလုံး အဆင်ပြေခဲ့ပါ၏။ ပျော်ရွှင်စရာ အသိဖြစ်ခဲ့ပါ ၏။ ကျေနပ်ဘဝင်ကျစရာ ဖြစ်ခဲ့ပါ၏။ သို့သော် တာရှည်မခံ။ အ ချိန်တစ်ခုတွင် ကောက်ရိုးမီးလို ငြိမ်းသွားခဲ့ပါ၏။ ကျွန်တော်တို့ သည် ဘယ်အလုပ်မျိုးကို လုပ်လုပ် ကောက်ရိုးမီးပမာ လုပ် ကြလျှင် အရာရာ အကျိုးရှိမည် မထင်။ ကမ္ဘာနှင့်ချီ၍ ကြီး ကြီးကျယ်ကျယ် ပြောရသော် ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့ နေနေသာသာ မူလရှိပြီးသား တိုးတက်မှုများပင် ပြန်၍ပြန်၍ ဆုတ်ယုတ်သွားစရာ အကြောင်းရှိပါသည်။ ထိုသို့ မဖြစ် အောင် ဒီမိုကရေစီ နည်းကျကျပင် ကျွန်တော်တို့တတွေ ပြန် လည်ဆုံတွေ့ နှီးနှောတိုင်ပင်သင့် ကြပြီ မဟုတ်လား။ ကျွန် တော်တို့က ဒီမိုကရေစီ နိုင်ငံသူ နိုင်ငံသားများ ပါလေ။
.

အထက်က အမှိုက်စွန့် အမှိုက်သိမ်းဖြစ်စဉ်သည် နမူနာ လောက်သာ ဖြစ်ပါသည်။ ထိုဖြစ်စဉ်ကဲ့သို့ ကောက်ရိုးမီးပမာ လောင်ကျွမ်းကြသည့်ဖြစ်စဉ် အမြောက်အများ ကျန်ရှိကြပါသေး သည်။ တစ်ခုစ နှစ်ခုစလောက် တင်ပြပါဦးမည်။ ဥပမာ နာရေး ကူညီမှု အသင်းများ ဖြစ်ကြပါသည်။ အားလုံးကို မဆိုလိုပါ။ ယ ခင်က ထိုအသင်းအားလုံးတို့သည် သူ့အသင်းနှင့်သူ အောင်မြင် ကြပါသည်။ အများအကျိုးပြုကြပါသည်။ ရည်ရွယ်ချက် မြောက် ကြပါသည်။ သို့သော် အတန်ငယ်ကြာလာတော့ အောင်မြင်မှု များ လျော့ပါး အားနည်းလာကြပါသည်။ ဥပမာ နာရေးအသင်း ပိုင် ပို့ဆောင်သည့်ယာဉ်ကို အကူအညီတောင်းလျှင် ငွေရေး ကြေးရေး ပြည့်ပြည့်စုံစုံပေးမှ၊ အလှူငွေ မြက်မြက်လေးထည့်မှ လိုက်ပါပို့ဆောင်ပေးခြင်းမျိုး၊ အသင်းတာဝန်ရှိသူများကလည်း မသိကျိုးကျွံပြုလာကြခြင်းမျိုး၊ ဝန်ထမ်းများ မညီညွှတ်ခြင်းမျိုး၊ အသင်းပိုင်ယာဉ်များ၊ ပစ္စည်း ပစ္စယများ ပိုမိုပွားများ တိုးတက် လာသော်လည်း ငွေမျက်နှာ လူမျက်နှာများ ကြည့်၍ ဆောင် ရွက်ခြင်းမျိုး။ ဆိုတော့ကာ ထိုသို့ ကောက်ရိုးမီးပမာ ဆောင်ရွက် ကြလျှင် တစ်ချိန်ချိန်တွင် ထိုအသင်းမျိုးသည် ပျက်ဆီးခြင်းမလှ ပျက်ဆီးသွားပေတော့မည်။ အများအကျိုးအတွက် (အထူးအား ဖြင့်) ဆင်းရဲချို့တဲ့သူများအတွက် ရည်ရွယ်ခဲ့သည်။ မွန်မြတ် သော လုပ်ငန်းသည်လည်း ရပ်ဆိုင်းသွားတော့မည်ဖြစ်ပါသည်။ အမှန်က အများအတွက် ဆောင်ရွက်ခြင်းများတွင် တစ်ဦးချင်း အကျိုးစီးပွားများ ဝင်လာ၍ အများနှင့်သက်ဆိုင်သော စိတ် ဓာတ်များ လျော့ပါးအားနည်းလာခြင်း ဖြစ်ပါသည်။ အစဉ်တ စိုက် အများနှင့် သက်ဆိုင်သော စိတ်ဓာတ်များ ထွန်းကားပြန့် ပွားရေးကို ရှေးရှုဆောင်ရွက်သော နာရေးအသင်းများ ဖြစ်ကြ ပါစေ။
.
စာရှုသူများ ခင်ဗျား။ ကောက်ရိုးမီးပမာ ဆောင်ရွက်သော စီးပွားရေးလုပ်ငန်း တစ်ခုအကြောင်းကိုလည်း တင်ပြပါဦးမည်။ အများသိကြသည့်အတိုင်း ယနေ့ခေတ်သည် အသင့်ဖျော်ကော် ဖီ၊ နွားနို့၊ လက်ဖက်ရည်စသည့် အစားအစာများ ပေါများထုတ် လုပ်သည့် ခေတ်ဖြစ်ပါသည်။ ကုမ္ပဏီအမျိုးမျိုးမှ စီးပွားရေးအရ ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ ကုမ္ပဏီတစ်ခုသည် မိမိ၏ လုပ်ငန်း အောင်မြင်လာသည့်အခါ (ဥပမာ ကော်ဖီမုန့်ထုပ်များ အရောင်း သွက်လာသည့်အခါ) ထိုကော်ဖီမှုန့်ထုပ်များကို ယခင်က လောက် အရည်အချင်းပြည့် မထုတ်လုပ်တော့ပါ။ သကြား လျှော့ထည့်လား၊ လျှော့ထည့် (သို့မဟုတ်) အလေးချိန်လျှော့ ထည့်လား၊ လျှော့ထည့် (သို့မဟုတ်) ကော်ဖီမှုန့်လျှော့ထည့် လား၊ လျှော့ထည့်(သို့မဟုတ်) နို့မှုန့်လျှော့ထည့်လား၊ လျှော့ ထည့်စသည်တို့ လုပ်လာကြပါသည်။
.
ဆိုလိုသည်မှာ မိမိအမြတ်အစွန်း ပိုမိုရရှိရေးအတွက် ကော် ဖီ၏ အရည်အသွေးကို ဂရုမစိုက်တော့ခြင်း ဖြစ်ပါသည်။ တစ် နည်းအားဖြင့် လောဘတက်လာခြင်း ဖြစ်ပါသည်။ ဒါသည်စား သုံးသူကို ဂရုမစိုက်ခြင်း ဖြစ်ပါသည်။ အခိုက်အတန့်အတွင်း ကံ ကောင်း ထောက်မ၍ အမြတ်အစွန်းများဖြင့် ပြေလည်နေသော် လည်း ကြာလာသောအခါ အရည်အသွေးချို့တဲ့ ကျဆင်းလာမှု များကြောင့် အရောင်းရ မသွက်လက်တော့ပါ။ ထင်သလောက် မမြတ်တော့ပါ။ အရှုံးပင် ဆိုက်လာပါသည်။ ထိုအခါ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လာပါသည်။ အရောင်းပြန် မြင့်တက်အောင် ဆောင်ရွက်မည် ဆိုသော်လည်း တော်တော်နှင့် ယခင်ကအ တိုင်း ပြန်မဖြစ်တော့ပါ။ လုပ်ငန်းအောင်မြင်မှုကို မထိန်းသိမ်းနိုင် တော့ပါ။ တကယ်က မိမိလုပ်ငန်းကို ကောက်ရိုးမီးပမာ လောင် ကျွမ်းလုပ်ဆောင်ခဲ့သဖြင့် အသုံးမကျခြင်းများ ဖြစ်ရပါတော့ သည်။ စီးပွားရေး မအောင်မြင်ရခြင်း၏ အဓိကအချက်သည် ကောက်ရိုးမီးပမာ ကျင့်သုံးခဲ့သောကြောင့်ပင်။
.
အချုပ်အားဖြင့် ကျွန်တော်တို့သည် တစ်ဦးချင်းဖြစ်စေ၊ အ များနှင့်ဖြစ်စေ၊ ကိုယ့်အတွက်ဖြစ်စေ၊ အများအတွက်ဖြစ်စေ၊ နောက်ဆုံးတိုင်းပြည်အတွက်ဖြစ်စေ တစ်စုံတစ်ရာ လုပ်ဆောင် ကြမည်ဆိုလျှင် ကောက်ရိုးမီးလို တစ်ခဏချင်း ဟုန်းကနဲထ တောက်လောင်ကျွမ်းခြင်းမျိုး မဖြစ်မိအောင် သတိထားဆင်ခြင် ရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About