ပြည်ထောင်စု ဆိုသည်မှာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 9, 2020

ပြည်ထောင်စု ဆိုသည်မှာ


တြိဂံ
.
ဆရာကြီး ဒဂုန်တာရာက ပြည်ထောင်စုဆိုသည်မှာ- ပြည် ထောင် (အမျိုးသားနိုင်ငံတော်)များ ညီညွတ်စည်းလုံးစွာ ကြီး ငယ်မဟူ တန်းတူခြင်း အခြေခံဖြင့် ဖွဲ့စည်းထားသောစုပေါင်း နိုင်ငံတော်စနစ် ဖြစ်သည်ဟု ဒဂုန်တာရာ၏ ပြည်ထောင်စုမူ သို့ မဟုတ် အောက်ချင်းငှက်တေးသံဟု ဒေါက်တာဆလိုင်းလျန် မုန်း စုဆောင်းတင်ပြသည့် ပင်လုံကတိကဝတ်များ စာအုပ်တွင် ဖော်ပြထားသည်ဖြင့် ဆောင်းပါးကို နိဒါန်းချီလိုပါသည်။
.
အဆိုပါ စာအုပ်တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ပြည်ထောင်စုအပေါ်ဝေ ဖန်သုံးသပ်သည့် စာတမ်းများပါရှိရာ ယင်းတွင် ဗိုလ်ချုပ်အောင် ဆန်း(ဗမာ) တောင်ကြီးဦးထွန်းမြင့်(ရှမ်း) ဇန်ထာရှင်(ကချင်) ပူးလျန်အုပ်(ချင်း)နှင့် ဒဂုန်တာရာ တို့ပါရှိသည်ကို တွေ့ရသည်။
.
လာမည့် ဖေဖော်ဝါရီ ရက်သည် ရှမ်းအမျိူးသားနေ့နှင့် ရှမ်းပြည်နယ်နေ့ အငြင်းပွား အခါ်အဝေါ်တွင် သာမက သက် ရောက်မှု ကွာခြားသည့် အယူအဆကြားတွင် ရှိနေခဲ့သလို ပင် လုံစာချုပ်သမိုင်းကြောင်း၏ အဦးမြစ်ဖျားလည်းဖြစ်ရာ ယင်းမှ သည် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့၏ အနှစ်သာရ များကို ဆန်းစစ်ထားသည်များကို ကောက်နုတ်ဖော်ပြခြင်းဖြင့် တကယ့်အစစ်အမှန် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် နိုင်ပါစေရန် ရည်ရွယ်ရေးသားရကြောင်းပါ။
.
"ဖေဖော်ဝါရီ ရက်မှာ ရှမ်းစော်ဘွားတွေနဲ့ ပြည်သူလူ ထု စုစည်းတိုင်ပင် သဘောတူညီချက်အရ ဖေဖော်ဝါရီ ၁၂ ရက်မှာပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့တာပါ၊ ဖေဖော်ဝါရီ ရက်မှာ သာ စုစည်းသဘောတူညီမှု မရှိခဲ့ရင် ပင်လုံစာချုပ်ကလည်း တစ် မျိုးတစ်ဖုံ ဖြစ်သွားနိုင်ပါတယ်။ ပေါ်ပေါက်လာမယ် ပြည်ထောင် စုရဲ့ မြေပုံကလည်း အသွင်ပုံသဏ္ဍာန်တစ်မျိုး ရှိလာမှာဖြစ်ပါ တယ်။ ဒါကြောင့် ဖေဖော်ဝါရီ ရက်က ပင်လုံစာချုပ်တစ်နည်း အားဖြင့် ပြည်ထောာင်စုနေ့ရဲ့ အရင်းခံသမိုင်းဝင်နေ့ ဖြစ်ခဲ့ပါ တယ်" ဟု ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် သာမိုင်ခမ်းစော်ဘွားကြီး စဝ်ထွန်းဧ (ကွယ်လွန်) မြေးဖြစ်သူ စဝ်သာဦးက ရှမ်းပြည်နယ်နေ့ သို့မဟုတ် ရှမ်းအမျိူးသားနေ့ သို့မဟုတ် ရှမ်းပြည်အမျိုးသားနေ့အဖြစ် ကျင်းပနေကြသည့် ဖေဖော်ဝါရီ ရက်နှင့် စပ်လျဉ်း၍ ပြောဆိုသည်။
.
ယင်းမှသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းကိုယ်စားလှယ် စော်ဘွား ၁၃ ဦး၊ စော်ဘွားကိုယ်စားလှယ် ဦး၊ ကချင်ကိုယ်စား လှယ် ဦး၊ ချင်းကိုယ်စားလှယ် -ဦးတို့နှင့် မြန်မာအစိုးရ နေဖြင့် ဗိုလ်ချုပ်အောင်ဆန်းတစ်ဦးတည်း အနေဖြင့် ပါဝင်ခဲ့ပြီး ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု သမိုင်းမော်ကွန်း တွင်ခဲ့သည်။ (အကျယ်ကို ပင်လုံစာချုပ်တွင်ရှု)
.
ပင်လုံစာချုပ်၏ နိဒါန်းတွင် " မြန်မာပြည်ဘုရင်ခံ၏ အမှု ဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးအပြင် ရှမ်းပြည်၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်း ဒေသများမှ ကိုယ်စားလှယ်များ၊ တက်ရောက်ကြသောပင်လုံ မြို့တွင် ကျင်းပသည့် အစည်းအဝေး၌ ကြားဖြတ်မြန်မာအစိုး ရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်း တို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု စည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့် အတိုင်း တညီတညွတ်တည်း အောက်ပါအတိုင်း သဘော တူ ညီကြသည်" ဆိုသည့်အချက် ပါရှိသည်။
.
ယင်းသို့ ပူးပေါင်းမှုဖြင့် လွတ်လပ်ရေး ရယူမှုသည် မပူး ပေါင်းလျှင်လည်း သီးခြားပြည်နယ်များအဖြစ် လွတ်လပ်ရေးရ နိုင်သည်ဟူသည့် သမိုင်းကပေးအပ်သည့်နိုင်ငံရေး ရပိုင်ခွင့်  (political Mandate)အချက်ကို လွှမ်းမိုးခဲ့သည် ဖြစ်သဖြင့် ယင်း၏ အနာဂတ်အနှစ်သာရ အကျိုးဆက်ကို ထိခိုက်စေသည် ဟု သုံးသပ်ချက်အချို့၏ အကျိုးဆက်မှာ ယနေ့တိုင် ဖြစ်ပေါ် နေသည့် နိုင်ငံရေး အကြပ်အတည်း ဖြစ်နေသောကြောင့် တည် ဆောက်နေသည့် ဖက်ဒရယ်ပြည်ထောင်စုဆိုသည်ကို ချဉ်းကပ် ရာတွင် အရေးကြီးသည့်အချက် ဖြစ်နေခြင်းဖြစ်သည်ဟု ယူ ဆပါသည်။
.
(Federal)ဖက်ဒရယ်ဆိုသည့် စကားရပ်သည် လက်တင် ဘာသာ (Foederatus)မှ ဆင်းသက်လာသည်ဖြစ်ရာ ယင်းစ ကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ သဘောတူစာချုပ် ချုပ်ခြင်း၊ ပဋိဉာဉ် ပြုခြင်းပင်ဖြစ်ပြီး ယင်းအနက်အရ ပင်လုံစာချုပ်သည် အချင်းချင်း ပူးပေါင်း၍ သဘောတူစာချုပ် ချုပ်ဆိုကြသည် ဟူ သော(ပဋိဉာဉ်) ပြုခြင်းပင် မည်ပေသည်။
.
၄င်းအပြင် ခွဲထွက်နိုင်သည် ဆိုသည့် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေပါ ကိစ္စကလည်း လွတ်လပ်ရေးကို ပူးပေါင်းရ ယူသည်ဆိုသည့် ပူူးပေါင်းရေးမူဖြစ်သည် ဖက်ဒရယ်စကားလုံး ကို ပြောင်းပြန်အနက် ရယူမှုပြုကြသည့်အခါ နိုင်ငံရေးအကြပ် အတည်းကို ပိုမိုခက်ခဲကြာရှည်ခဲ့သည်မှာ ယခုလာမည့် ပြည် ထောင်စုနေ့သို့ပင်တိုင်ခဲ့ပြီး  ပင်လုံမြို့ရှိ ပင်လုံစာချုပ်သက် သေ တောင်တန်းပြည်မ ပူးပေါင်းရေး ကျောက်စာတိုင်ဟု ကားရပ်ကိုပင်၂၀၂၀ ပြည့် ဇန်နဝါရီ၁၀ ရက်ကမှ ပြင်ဆင်ခဲ့ကြ ရပေသည်။
.
ပြည်ထောင်စု ပြဿနာမှာ အခြေခံအရင်းအမြစ်များကို လေ့လာဆန်းစစ်ပါက နိုင်ငံတော်ကို မည်သို့မည်ပုံ ဖွဲ့စည်းတည် ထောင်သွားမည်ဆိုသည့် နည်းလမ်း၊ တစ်နည်းအားဖြင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် ဆက်နွယ်နေ သည့်(Constitunal Crisis) ပင် ဖြစ်သည်ကို တွေ့ရပေမည်။  ယင်းမှာ ဖက်ဒရယ်ပြည်ထောင်စုကို သွားရာတွင် လူမျိုးအပေါ် အခြေခံရယူမှု၏ အကျိုးဆက်ဟု နိုင်ငံရေး သုတေသီများက ဝေဖန်ကြသည်။
.
ဖက်ဒရယ်စကားရပ်ကို လေ့လာပါက  ဖန်တီးမှုဖက်ဒရယ် လစ်ဇင်(Creative Federalism) အရ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ နှစ်ခုအကြား အာဏာ ဟန်ချက်ညီရေးကို ခြုံ ငုံထားခြင်း ဖြစ်သည်ဟု ဆိုသည်။ အစိုးရအချင်းချင်းအကြားတိုက်ရိုက်ချိတ်ဆက်မှု အတိုင်းအတာများ မြင့်တက်လာစေပြီး ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရများအပေါ်သို့လွှမ်းမိုး ထားသလိုတော့ ရှိနေဆဲဖြစ်ကာ ဖက်ဒရယ်ပြည်ထောင်စုအစိုး ရ၏ အခန်းကဏ္ဍကြီးလာလေ ဒေသတွင်း ခေါင်းဆောင်များ၏ ပါဝါများလည်း ကြီးလာလေဖြစ်ဖို့ လုပ်ဆောင်ပေးသည်ဟု ဖွင့် ဆိုထားသည်။ သို့သော် ပရိုဂရမ်များထပ်လာပြီး တစ်ခုနှင့် တစ် ခု ဆန့်ကျင်လာမှုက နိုင်ငံတော်၏ ကိရိယာများစွမ်းဆောင်ရည် ကျဆင်းသွားစေသည်ဟု ဆိုထားသည်။
.
ပူးတွဲဖက်ဒရယ်ဝါဒ(Dual Federalism) သည် ပထမဆုံး ဖက်ဒရယ်ဝါဒဟုပင် ဆိုကြသည်။ အထက်က ဆိုခဲ့သည့် ဖန် တီးမှု ဖက်ဒရယ်လစ်ဇင်(Creative Federalism)အရ ပြည် ထောင်စုနှင့် ပြည်နယ်အစိုးရများ ချိတ်ဆက်ရာတွင် အခြေခံ အားဖြင့် ဖွဲ့စည်းတည်ဆောက်ပုံ -ခုရှိရာ ပူးတွဲ ဖက်ဒရယ်ဝါ သည် ပထမတစ်ခုပင် ဖြစ်သည်။ ယင်းပုံစံတွင် ပြည်ထောင်စု နှင့် ပြည်နယ်များက အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပြီး ဖြေ ရှင်းခြင်းရှိသော်လည်း အာဏာခွဲခြားထားမှုက ရှင်းလင်းပြတ် သားရမည်ဖြစ်ကာ ညီမျှမှုရှိပြီး အပြန်အလှန် ထိန်းကျောင်းမှုက ဟန်ချက်ညီရန် အရေးကြီးသည်ဟု ဆိုသည်။
.
စုပေါင်း ဖက်ဒရယ်ဝါဒ(Compound Federalism) ပြန်အလှန် မှီခိုမှုတွင် ပြည်ထောင်စုနှင့် ပြည်နယ် ဘယ်အပိုင်း ကမှ ပိုသာမနေသည့် ပုံစံဖြစ်သည်။ သို့အတွက် အစိုးရတစ် ရပ်အနေဖြင့် အကျိုးအမြတ် ကစားနိုင်စွမ်းရှိသလို ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးကို ဦးတည်သွားစေနိုင်သည်။ အစိုးရ တစ်ခုနှင့် တစ်ခု အပြိုင်အဆိုင်လည်း ဖြစ်စေသည်ဟုဆိုသည်။
.

.
ဗဟိုချုပ်ကိုင်မှု ဖက်ဒရယ်ဝါဒ(Unitary Federalism) ပူး တွဲနှင့် စုပေါင်းစနစ်များတွင် ကွဲပြားခြားနားမှု အဆင့်များတွင် မျှတစွာ စုပေါင်းလုပ်ကိုင်မှုမျိုး ရှိသော်လည်း ဗဟိုချုပ်ကိုင်မှု ဖက်ဒရယ်တွင်တော့ ဗဟိုက ချုပ်ကိုင်ထားသည့်အတွက် ပြည် ထောင်စုအစိုးရကိုသာ အဓိကထားပြီး ပံ့ပိုးသလို ဆက်ဆံရေး တွင်လည်း အထက်အောက် ဖိစီးမှု ရှိနေသည်။
.
အမေရိကန်လို ပထဝီဝင်နိုင်ငံရေးအပေါ် အခြေခံသည့် ဖက်ဒရယ်စနစ်တွင်ပင် ပူးတွဲဖက်ဒရယ်ကို ဟန်ချက်ညီထိန်း ချုပ်ဖို့ထက် ဗဟိုချုပ်ကိုင်မှု ဖက်ရယ်လစ်ဇင်ကို ညွတ်သွား သည်များ တစ်ခါတစ်ရံရှိခဲ့ရာ ကွန်ဖက်ဒရယ်စနစ်ကဲ့သို့ ပြည် နယ်အာဏာများကို လှမ်းယူချုပ်ကိုင်ခဲ့မှုမျိုး အမေရိကန်သမိုင်း အရ ၁၇၈၉-၁၈၆၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ပြည်တွင်းစစ် ကို သာဓကပြုထားသည်။
.

ဖက်ဒရယ်ဝါဒ၏ အဓိက မရေရာ မသေချာသည့်အချက် -ချက် ရှိသည်ဟု နိုင်ငံရေးအဘိဓာန်က ညွှန်းသည်။ ယင်းတို့ မှာ နည်းလမ်းများအရ အစိုးရနှင့် အမျိုးသားဒေသဆိုင်ရာများ အကြား ပြတ်သားသည့် ဖက်ဒရယ်ဆက်နွယ်မှု ပုံစံတစ်ရပ် ထင်ရှားစွာ ပေါ်ထွက်ခြင်း မရှိမှု ဖက်ဒရယ် သီအိ်ုရီများအရ ဒွိတ(Dual) ဖက်စပ် (Cooperative)နှင့် စနစ် ကျနသည့် (Orgenic) ဖက်ဒရယ်ဝါဒများ (အထက်စာပိုဒ်များပါ ဖက်ဒ ရယ်ဝါဒများကို တစ်နည်း ညွှန်းဆိုမှု)သည် တစ်မျိုးနှင့် တစ် မျိုး ကွဲပြားခြားနားခြင်းများအတွက် ပြဿနာများ ကြီးထွား လာစေပြီး အကြောင်းအရာ တစ်ခုတည်းနှင့် သက်ဆိုင်သည် ဟု ဆိုနိုင်ရ ခက်ပေမည်။
.
ဒွိတ(Dual) ဝါသည် ၁၉ ရာစုတွင် ပေါ်ပေါက်ပြီး ဖက်စပ် (Cooperative) ဝါဒမှာ ၂၀ ရာစုအလယ်တွင် ပေါ်ပေါက်ကာ စနစ်ကျနသည့်(Orgenic) ဝါဒမှာ ၂၀ ရာစု နှောင်းပိုင်းတွင် ပေါ်ပေါက်သည်ဆိုလျှင်မူ ဝိသေသလက္ခဏာအားဖြင့် တစ်မျိုး တစ်ဘာသာ ဖြစ်ပေါ်တိုးတက်သည်ဆိုလျှင် ဖက်ဒရယ်နှင့် ပေါင်းတစည်းတည်း စနစ်များ( unitary systems) အကြား ကွဲပြားခြားနားမှု မရှိသလောက်ဖြစ်မည်ဟု ဆိုသည်။ `ဖက်ဒ ရယ်ဝါဒ`ဟူသည် အလွန်အကျွံ ဆွဲဆန့်ထားသော စံနမူနာပြ သင်္ကေတဟု ဆိုသည်။
.
သို့အတွက် ပူးပေါင်းမှု သို့မဟုတ် ဗဟိုချုပ်ကိုင်မှု ဆိုသည့် အလွန်အမင်း အန္တရာယ်များလှသည့် အခြေအနေ()ရပ်တွင် `သက်ရှင်`နို်င်ငံရေး ပြဿနာ ဖြစ်နေသောကြောင့်ဟု ဆိုထား ရာ ၁။ ဒေသတစ်ခုသည် လက်ရှိပြည်ထောင်စု ဖက်ဒရေးရှင်း (Federation) မှ ခွဲထွက်လိုသောအခါ ၂။ လျော့ရဲရဲဖြင့် ပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်းဖွဲ့စည်းထားခြင်း (Confederation) သို့မဟုတ် မဟာမိတ်အဖွဲ့ကို ပို၍ ဗဟိုချုပ် ကိုင်မှုရှိသော ဖက်ဒရေးရှင်းနှင့် အစားထိုးရန် လုပ်ဆောင်လာ သောအခါ ပြဿနာတက်နိုင်သည်ဟု နိုင်ငံရေး အခြေခံအဘိ ဓာန်က ဖော်ပြထားသည်။
.
ဤသို့ အထက်တွင် ပြည်ထောင်စုဆိုသည့် ဖက်ဒရယ်စ ကားရပ်ကို အကျဉ်းချုပ်မျှ ဖွင့်ဆိုပြီးနောက် မြန်မာနိုင်ငံ၏ လက် ရှိ ဖြစ်ပေါ်နေမှုအရ (၇၃)နှစ်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည့် အခြေအ နေကို ဆန်းစစ်ပါက ပြည်တွင်းစစ်တာရှည်နေခြင်း၊ နိုင်ငံရေးဝါဒ မှသည် အမျိုးသားရေးဝါဒများ ပိုမို အားကောင်းလာနေခြင်း၊ လက်နက်ကိုင် ဒီပလိုမေစီနည်းအရ ဆက်ဆံမှု မြင့်မားလာနေ မှုများကို တွေ့ရှိရမည်ဖြစ်သည်။
.
သို့အတွက် ပြည်ထောင်စုဆိုသည်ကို ပင်လုံစာချုပ်ဖြစ် ပေါ်လာမှု ဖန်တီးရှင်များက မည်သို့ပြောဆိုခဲ့ကြသည်ကို လေ့ လာကြည့်ကြရအောင်ပါ- ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇၊ ဇွန် ရက်က ကျင်းပခဲ့သည့် တိုင်းပြုပြည်ပြုလွှတ်တော်တွင် ပင်လုံစာချုပ်၏ အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြရာ၌-၄င်းစာချုပ် ကို အခြေခံ၍ အသစ်ဖွဲ့စည်းထူထောင်မည့် နိုင်ငံတော်သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်ဖြစ်ရ မည့်အကြောင်း ဦးစွာ ရှင်းလင်းတင်ပြခဲ့သည့် `ပြည်ထောင်စု နိုင်ငံတော် ဆိုကတည်းက ကျွန်တော်တို့အခု ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေဟာ `Unitary  Constitution` လူမျိုးတစ်မျိုး တည်းဆိုတဲ့ နိုင်ငံမျိုးမဟုတ်ဘဲနှင့် လူမျိုးပေါင်းစုံ ပြည်ထောင် စုနိုင်ငံဆိုတဲ့ အဓိပ္ပာယ် ရောက်သွားပါတယ်`ဟု ရှင်းလင်းစွာ ပြောခဲ့သလို ထို့ထက်ပို၍ ရှင်းလင်းချက်ကို လေးနက်စေခဲ့ သည့်`ပြည်ထောင်စု`ကို အခြေခံဖွဲ့စည်း ထူထောင်ရမည့်မူ မှာ `တန်းတူရေး`မူ ကို မီးမောင်းထိုးပြခဲ့သောအချက် ဖြစ် သည့် အမျိုးသားပြည်နယ်များသည် မိမိတို့ဆန္ဒအလျောက် ပြည်ထောင်စုအဖွဲ့ဝင် ဖြစ်လာရမည်ဟူသော`Voluntary Association` ပင် ဖြစ်သည်။ ယင်းနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ် အောင်ဆန်းက`အဲဒီတော့ ပြည်ထောင်စုနိုင်ငံတော်မှာ ဘယ် နယ်တွေ ပါရမယ်ဆိုတာ ကျွန်တော်တို့ ဒီအထဲမှာ ထည့်ထား တာလဲ မရှိသေးပါဘူး၊ ပါချင်တဲ့သူတွေ ပါကြပါ`ဟု ရှင်းရှင်း ဘွင်းဘွင်း ပြောကြားခဲ့သည်။
.
`အဲဒီလို လုပ်ပြီးမှ သဘောတူသည် ဖြစ်စေ၊ နောက်ဆုံး ဆုံးဖြတ်ချက်ကျသည် ဖြစ်စေ အဲဲဒီလို ဆုံးဖြတ်ကြတဲ့အခါမှာ သတ်မှတ်ဖော်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများကို သဘောတူ ကျေနပ်လို့ဝင်လာတဲ့ပြည်နယ်များသာ ပါလိမ့်မယ်။ ပြည်ထောင်စု နိုင်ငံဆိုပြီး အဲဒီလောက်သာထည့်ထားတယ်၊ ဘယ်နယ်ကိုမှ ကျွန်တော်တို့ ဘယ်နယ်ကိုမှ အတင်းထည့်ထား တာ မဟုတ်ဘူး`ဟု ပင်လုံကတိကဝတ် စာအုပ်တွင်ဖော်ပြထား သည်။( အကျယ်ကို အညွှန်းပါစာအုပ်တွင်ရှု)
.
ယင်း စကားများအရ ပါချင်သူများ ပါခဲ့ကြသည့်သဘော ဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံဟု ဆိုနိုင်ပေသည်။ စနစ် အရ သမ္မတကို အမြင့်ဆုံးထားသဖြင့် ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်ဟု ခေါ်တွင်ကြပေသည်။  ပြည်ထောင်စု စနစ် တွင် သမ္မတကို (အာဏာအမြင့်ဆုံး)ပေးထားသလို ပြည်နယ် များကိုလည်း (အာဏာအများဆုံး)ပေးထားရန် လိုမည်ဖြစ် သည်။
.
ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သူ တောင် ကြီး ဦးထွန်းမြင့်၏ ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည်စာတမ်းတွင် `လူသည် သဘာဝအားဖြင့် နိုင်ငံရေးသတ္တဝါ ဖြစ်သည်`ဟု အရစ္စတိုတယ်လ်က ဆိုသည်ဟု အစချီကာ ရှမ်း သူပုန်(မူရင်းအတိုင်း)တို့သည် သီခြားသမ္မတနိုင်ငံ ထူထောင် လိုစိတ်ရှိသလို ရှမ်းမျိုးချစ်ပုဂ္ဂိုလ်မြောက်များစွာ တို့တွင်လည်း သီးခြားသမ္မတနိုင်ငံ ရိုးသားစွာ ထူထောင်လို သောဆန္ဒ ယနေ့ ပေါ်လွင်လျက် ရှိလေသည်။ လူမျိုးတစ်မျိုးသည် မြေဧရိယာ အဘယ်မျှ သေးငယ်၍ လူဦးရေအဘယ်မျှ နည်းပါးစေကာမူ ကိုယ့်တိုင်းပြည်၊ ကိုယ့်လွတ်လပ်ရေး၊ ကိုယ့်အချုပ်အခြာအာ ဏာဖြင့် နေထိုင်လိုကြသည်မှာ ဓမ္မတာဖြစ်သည်။
.
ကျွန်တော့်အား`မင်းသီးခြားလွတ်လပ်တဲ့ သမ္မတအဖြစ် နဲ့ မနေချင်ဘူးလား`ဟုမေးလျှင် နေချင်ပါသည်ဟု ဖြေပါမည်။ သို့သော် ဤသည်မှာ ဆန္ဒပိုင်းသာ ဖြစ်သည်။ တကယ့်ဖြစ်ရပ် နှင့် ဖြစ်နိုင်သည်က တခြားဖြစ်ပါသည်။ လူမျိုးကွဲပြားတိုင်း သီး ခြား နိုင်ငံတည်ထောင်ကြမည်ဆိုလျှင် ယနေ့ကမ္ဘာပေါ်တွင် သီး ခြားနိုင်ငံပေါင်း ထောင်သောင်းမက ပေါ်ပေါက်လာပါမည်။ နုမြူခေတ်၊ ဂြိုဟ်တုခေတ်၊ ဒုံးပျံခေတ်တွင် နဂိုကွဲပြားနေသည့် နိုင်ငံများပင် တစ်နည်းမဟုတ် တစ်နည်းဖြင့် ပူးပေါင်းလျက်ရှိကြသည်။ တစ်နေ့တွင် သီးခြားတိုင်းပြည် သီးခြားအစိုးရ သီးခြား လူမျိုးများပင် ရှိတော့မည် မထင်ပေဟု ရေးသားခဲ့သည်။
.
ပါလီမန်ခေတ် ၁၉၅၈ ကချင်ပြည်နယ်ဝန်ကြီးဟောင်း ဇန် ထာရှင် `ဒီမိုကရေစီပြောင်းပြန်` စာတမ်းတွင် ပြည်သူတို့၏ အာဏာဖြင့် တက်လာသော အစိုးရအဖွဲ့၌ ၄င်းအစိုးရအဖွဲ့၏ မဏ္ဍိုင်များဖြစ်ကြသော ဝန်ကြီးချုပ်နှင့် သမ္မတ၌လည်းကောင်း အလွန်ကြီးလေးစွာ တာဝန်ရှိလေ၏။ ဤသို့တာဝန်စောင့်သိ နို်င်ရန်မှာလည်း ဒီမိုကရေစီကို မပြတ်တစေ ခါးဝတ်ပုဆိုးကဲ့ သို့ မြဲခိုင်နိုင်မှသာလျှင် ဖြစ်ပေမည်။ ဆားသည် ရှင်ဘုရင်နှင့် သူဌေးသူကြွယ်များ စားလျှင်လည်း ငန်သည်။ လယ်သမားအ လုပ်သမား လူတန်းစားများ စားလျှင်လည်း ငန်သည်။ ဖုန်း တောင်း၊ ယာစကာ၊ နူနာဝွဲစွဲ သူဆင်းရဲများစားလျှင်လည်း ငန် သည်။ ဧဝရက် တောင်ထိပ်တွင် တက်ထိုင်၍ စားလျှင်လည်း ငန်သည်။ ထိုနည်းတူစွာ စစ်မှန်သော ဒီမိုကရေစီမှန်လျှင် ထိပ် ဆုံးမှအောက်ဆုံး လူတန်းစားအထိ ဒီမိုကရေစီ အရသာကို တူ ညီစွာ ခံစားခွင့် ရှိရပေမည်။ မြေပြန့်ဒေသ၊ တောင်ပေါ်ဒေသမ ရွေး တူညီပြည့်ဝစွာ အညီအညွတ် ရှိရပေမည်။
.
ဗိုလ်ချုပ်သည် သူပေးထားသည့် ကတိများကို မပျက်မကွက် လုပ်ပေးခဲ့၏။ ပြည်နယ်များနှင့် လူနည်းစုများ၏ အခွင့်အရေး များကို ပြဋ္ဌာန်းပေးခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးများ၊ အချုပ် အခြာ အာဏာများကို သတ်မှတ်ပေးခဲ့သည်။ (သို့သော် လွတ် လပ်ရေးရပြီး) ပြည်နယ်များသည် လည်းကောင်း၊ လူနည်းစု ဖြစ်သည့် ချင်းဝိသေသတိုင်းသည် လည်းကောင်း၊ မိမိတို့ဆန္ဒ အရ မဟုတ်ဘဲ ဝန်ကြီးချုပ်(ဦးနု)လုပ်သူ၏ ဆန္ဒအရ ဒီမိုကရေ စီနှင့် ဆန့်ကျင်စွာ ခံခဲ့ကြရ၏။ တစ်နည်းအားဖြင့် လူနည်းစု များ၊ ပြည်နယ်သားများ၏ ဒီမိုကရေစီ အညွန့်ကို ဦးနုသည် ပြောင်ပြောင်ကြီး ရိုက်ချိုးလိုက်ခြင်း ဖြစ်သည်ဟု ရေးသားခဲ့ သည်။
.
၄င်းကပင် ယနေ့တောင်တန်းဒေသ အမျိုးသားများဖြစ် သော ကချင်၊ ချင်းနှင့် ရှမ်းအစရှိသည့် လူမျိုးများသည် ဗြိတိသျှ ရောက်မလာမီ အချိန်ကာလကပင် ကျွနု်ပ်တို့၏ သမိုင်းအ ဆက်ဆက်တွင် သီးခြားကိုယ်ပိုင်အုပ်ချုပ်ခဲ့သော လူမျိုးများ ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ပြည်ထောင် အချင်းချင်း ပူး ပေါင်းသောမူနှင့် ပင်လုံစာချုပ်အရ ပြည်ထောင်စုဖွဲ့စည်းခဲ့ကြ သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။
.
သန်းထွန်း(လှည်းကူး) ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ် မြန် မာနိုင်ငံ၏ ပထမဆုံးသော ဝန်ကြီးချုပ်ဦးနုစာအုပ်မှ ကောက် နုတ်ချက်များကို ဖော်ပြရမည်ဆိုပါက ဘာကြောင့် အာဏာသိမ်း ရသလဲ အခန်းတွင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ရေးဆွဲမည့် ကော် မရှင်တွင် ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်က`အခြေခံဥပဒေ တွင် ပြည်ထောင်စုမှ ခွဲထွက်ခွင့် မပြုလျှင် မိမိတို့အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်၌ မပါဝင်`ဟု အကျပ်ကိုင်၍ ပထမပိုင်း တွင် ဗိုလ်ချုပ်အောင်ဆန်းက ၁၆--၁၉၄၇ ရက် ပြည်နယ်ရေးရာ ဆပ်ကော်မတီ အစည်းအဝေး၌ ထည့်ပေးခဲ့သည်။ ယင်း စည်းအဝေးမှတ်တမ်းကို၂၀--၁၉၄၇ ရက် အစည်းအဝေး၌ တည်ပြုမည်။ ၁၇--၁၉၄၇ ရက်တွင် ဗိုလ်ချုပ်က ထိုဆပ်ကော် မတီမှ ဥပဒေအကြံပေး ဦးမြင့်သိန်း(တရားသူကြီး)အား ၂၀- -၁၉၄၇ ရက် အစည်းအဝေး၌ ခွဲထွက်ခွင့်အပိုဒ် ဖြုတ်ပြီးမှ အတည်ပြုရန် မှာသည်။ ၁၉--၁၉၄၇ ရက်တွင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည်။ ၂၀--၁၉၄၇ ရက်တွင် စဝ်ရွှေသိုက်တို့က ဗိုလ်ချုပ် မှာကြားချက်ကို နားမထောင်၊ ဦးမြင့်သိန်းက ဗိုလ် ချုပ်မှာကြားသည့်အတိုင်း ထားသော်လည်း ဖြည့်စွက်အတည် ပြု၍ ထိုခွဲထွက်ခွင့် အခြေခံဥပဒေ ပါသွားသည်ဟု ရေးသား ထားသည်။
.
" လွတ်လပ်ရေး တည်တံ့ရန် လုပ်ပေးဖို့ အချက်မှာ ၁။ မင်္ဂလာရှိသော အစိုးရရှိရမယ်။ ၂။ မင်္ဂလာရှိသော အတိုက်အ ခံရှိရမယ်။ ၃။ မင်္ဂလာရှိသော ပြည်သူရှိရမယ်။" ဝန်ကြီးချုပ်-ဦးနု(၁၉၀၇-၁၉၉၅)
.
ဦးနု ဘာမှားခဲ့သလဲ အခန်းတွင် ဖက်ဒရယ်မူနှင့် ပတ်သက် ပြီး လူမျိုးပေါင်းစုံ နှီးနှော ဖလှယ်ပွဲ၏ ပယောဂသည် ၁၉၆၂ ခု နှစ်၊ မတ်လ ရက် တပ်မတော်မှ အာဏာသိမ်းခြင်းနှင့်များစွာ ဆက်စပ်မှုရှိကြောင်း နိုင်ငံရေး သုတေသီများက ဆိုကြသည်။
.
ယင်း စာအုပ်တွင်ပင် ၁၉၆၂ ခုနှစ်  မတ်လဆန်းတွင် ဖက်ဒ ရယ်ကို စော်ဘွားများ ဦးဆောင်ကာ ပြည်ထောင်စုကို စိပ်ခွဲ ပြီး အမေရိကန် ဆီးတိုးစစ်အုပ်စုထဲ ဝင်ရန် စော်ဘွားချင်းပေး စာကို ဝန်ကြီးဟောင်း ဦးကျော်ငြိမ်းကရ၍ ဦးနုကို ပေးသည်။ ဦးနုက စိပ်ကွဲရေးမူကို မတားနိုင်တော့၍ တပ်မတော်မှဝင် ထိန်းလိုက်ရခြင်း ဖြစ်သည်ဟု ပါရှိသည်။ ဤသို့အာဏာသိမ်း ပြီးနောက်ပိုင်းပေါ်ပေါက်ခဲ့သည့် အာဏာရှင် အုပ်ချုပ်ရေးများ ကိုတော့ အကျယ်မချဲ့ချင်တော့။ တိုင်းရင်းသားများ အခွင့်အ ရေးမဆိုထားနှင့် လူ့အခွင့်များပါ ဆိတ်သုဉ်းခဲ့ရသည့် အမှောင် လွှမ်းသော ကာလဟုသာ ဆိုချင်ပါသည်။
.
ယင်းမှ ညောင်နှစ်ပင်ညီလာခံက ပေါ်ထွက်လာသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အစိုးရ()ဆက် ပြောင်းလဲလာခဲ့ပေပြီ။ လက်ရှိအစိုးရသည် NCA ဖြင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးကို လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်နိုင်ရေး ဆက်လက်လုပ်ဆောင်နေသလို ဒုတိယပင်လုံဖြင့်လည်း နိုင် ငံရေး အကြပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိနေသည်မှာ အားလုံးအသိဟု ဆိုချင်ပါသည်။
.
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် ဆက်စပ်နေသည့် ပြည်ထောင်စုနေ့၊ ရှမ်းပြည်နယ် (အမျိုးသား)နေ့များသည် လည်း အတိတ်၏ သမိုင်းခြေရာများဖြစ်ကြရာ ယင်းတို့အထဲမှ ခြေရာအချို့ကို ကောက်နုတ်ခဲ့ခြင်းဖြစ်ပြီး ယခု ဆက်လက်သွား မည့် အနာဂတ်ခြေရာများကို အာဃာတများ၊ နာကျည်းချက်များ မပါဘဲ မှန်းဆစေ့ငုကြည့်နိုင်ရန် ဖက်ဒရယ်(ပြည်ထောင်စု) ဆို သည်ကို ကောက်နုတ်ချက် အနည်းငယ်မျှဖြင့် တင်ပြခဲ့ခြင်းဖြစ် ပြီး အကျယ်များကို ဆက်လက်လေ့လာနိုင်ရန် ညွှန်းပါသည်။
.
ပင်လုံ ကတိကဝတ်အရ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ခဲ့ပြီး ယင်း၏ လိုအပ်ချက်များအရ အမှောင်ကာလကြီး ပေါ်ပေါက်ကာ ရှည်ကြာခဲ့ရသော်လည်း ယခုတွင်မူ လင်းရောင် ခြည် သန်းနေသည့်ကာလ ရောက်နေပေပြီ။ ၁၉၄၇ အရ လူမျိုး ကြီး ပုံဖော်အုပ်ချုပ်မှုဟူသည့် စွပ်စွဲမှုသည်လည်း ၂၀၀၈ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းများ ပေါ်ထွန်းလာနေပြီဖြစ် သည်။ လူဦးရေဆိုသည် အမြဲတန်း ပွားများနေမည်ဖြစ်ရာ စစ် မက်ဖြစ်ပွားမှုကြောင့် လည်းကောင်း၊ ရောဂါကပ်ဆိုက်ရောက် ခြင်းကြောင့် လည်းကောင်းတို့မှသာ လူအင်အားလျော့နည်း နိုင်ပေမည်။ ယခုတွင် တိုင်းရင်းသား လူနည်းစုများမှ လူဦးရေ များပြားလာနေသည်ဖြစ်ရာ ဒေသတစ်ခုအတွင်းဦးရေ ၁၁၀၀၀ ကျော်လျှင် တိုင်းရင်းသားကိုယ်စားလှယ် ရရှိမှ၊ နိုင်ငံ့လူဦးရေ၏ ( ဒသမ )ရာခိုင်နှုန်းကျော်လျှင် တိုင်းရင်းသားရေးရာဝန်ကြီး ရွေးချယ်ပိုင်ခွင့်၊ ထိုမှသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုင်း/ ဒေသများ ရရှိပိုင်ခွင့်၊ ထိုမှသည် ပြည်နယ်တောင်းဆိုပိုင်ခွင့် ရှိလာနေသည်ကို``ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ပြည်နယ် တောင်းခံနေမှု၊ ပအိုဝ်းပြည်နယ် တောင်းခံနေမှု၊ ရှမ်းနီပြည်နယ် တောင်းခံလာနေမှုများက သက်သေပြနေပေသည်။
.
အရေးကြီးသည့် သမိုင်းမှတ်တိုင်များအဖြစ် ၁၂--၂၀၀၅ ခုနှစ်က ထိုင်းမြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပခဲ့သည့် လူမျိုးပေါင်းစုံ ပါတီစုံ(၄၂)ဖွဲ့ပါဝင်ပြီး နိုင်ငံရေး ခေါင်းဆောင် ၁၀၀ ကျော်က သဘောတူလက်မှတ် ရေး ထိုးခဲ့ကြသည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ အခြေခံဥပဒေတွင် ခွဲထွက်ခွင့်ကို ထည့်သွင်း ရေးသားခြင်း မပြုတော့ဘဲ ချန်လှပ် ထားရန် အရေးကြီး သဘောတူညီချက် ချမှတ်ခဲ့သည်။ ( ကျယ်ကို ဒီမိုကရေစီ အခြေခံ သဘောတရားများ အတွဲ()တွင် လည်းရှု)
.
ဆောင်းပါး အစတွင် ဖော်ညွှန်းခဲ့သည့် ဆရာကြီး ဒဂုန်တာရာ၏ ဆောင်းပါးအရအတိုင်း နိဂုံး ချုပ်ရပါက `Union`ပြည်ထောင်စု အခေါ်အဝေါ် အသုံးအနှုန်းဆို သည်မှာ အခြေအနေအရ ခေါ်ဝေါ်သုံးနှုန်းကြခြင်း ဖြစ် ပြီး အရေးကြီးသည်မှာ ယင်းအဓိပ္ပာယ်က ဖော်ပြထား သည့်အတိုင်း လက်တွေ့ကျင့်သုံးရမည်ဖြစ်ပြီး လက်တွေ့ ကျင့်သုံးမှသာလျှင် အဓိပ္ပာယ်ရှိမည်ဟု ဆိုသည်။
.
နာကျည်းချက်များ မပါသော၊ အာဃာတ တရားများ မပါသော ခံစားချက်များဖြင့် တိုင်းရင်းသား ခေါင်းဆောင် များ စုစည်း ညီညွတ်စွာဖြင့် ငြိမ်းချမ်း၍ တရားမျှတသော ပြည်ထောင်စုကြီးကို ခိုင်မြဲစွာ တည်ဆောက်နိုင်ကြပါစေ ကြောင်း ဆန္ဒပြုလျက်။
.
Ref;        ပင်လုံကတိကဝတ်များ
                ဒီမိုကရေစီ အခြေခံသဘောတရားများ အတွဲ()
                မြန်မာနို်င်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု နိုင်ငံရေး ဒဿနအခြေခံကျမ်း

No comments:

Post a Comment

Journal Download

Photo of three cats

About