ငြိမ်းချမ်းရေးဆီ မျှော်လိုက်ပြန်တော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 1, 2020

ငြိမ်းချမ်းရေးဆီ မျှော်လိုက်ပြန်တော့

တြိဂံ
.
" စစ်သားတို့ အိပ်မက်များမှ ကျန်ခဲ့သော အရာမှာ  နွေ မြက်ပင်များသာ "
၁၇ ရာစု ဂျပန်ကဗျာဆရာ ဘရှိုး(Basho)
.
 စာရေးဆရာကြီး မြသန်းတင့် (ကွယ်လွန်) ဘာသာပြန် သည့် အကြာဆုံး စစ်ပွဲ မြန်မာပြည် (၁၉၄၁-၄၅) Burma: The Longest War(1941-45) by Louis Allen ၏ စာအုပ် နောက်ဆုံးစာမျက်နှာတွင် ၁၇ ရာစု ဂျပန်ကဗျာဆရာ တစ်ဦး ဖြစ်သည့် ဘရှိုး(Basho)က စစ်ပွဲများ ပြီးဆုံးပြီးနောက် ဖြစ်ပျက် နေသည့် အခြေအနေတို့ကို အထက်ပါအတိုင်း ရေးဖွဲ့ခဲ့သည်။ ငြိမ်းချမ်းရေးကို မျှော်ကြည့်ရင်းနှင့် ဖြစ်ပြီး ဖြစ်ဆဲ စစ်ပွဲများကို သုံးသပ် တင်ပြလိုပါသည်။
.
လုံခြုံရေးအရဆိုလျှင် ယူနီဖောင်းဝတ် တပ်နှင့် ရဲကို မြင် ယောင်မိကြမည် ထင်သည်။ မြန်မာနို်င်ငံသားများ အနေဖြင့် ဖြတ်သန်းလာရသည့် ခေတ်များအတွင်း လုံခြုံရေးဆိုသည်မှာ စစ်ဖက်ဆိုင်ရာကိုသာ အဓိက ဖြတ်သန်းလာခဲ့ရသည့်အတွက် မိမိတို့ အခွင့်အရေး လွတ်လပ်ခွင့်ကိုပါ မသိဖြစ်ကာ လက်ခံခဲ့ ကြရပေသည်။
.
လုံခြုံရေး အကြောင်းပြချက်နှင့်ပင် နိုင်ငံမှာ အကျဉ်းထောင် အသွင် ရောက်ခဲ့ရသည်ကိုလည်း ဖြတ်သန်းခဲ့ရဖူးကြပေပြီ။ မကြာမီက ခရီးထွက်ရင်း တောင်ကြီးမှ ရန်ကုန်ဘက်သို့  လိုင်း ကား စီးသွားရင်း သာစည်လမ်းခွဲတွင် အိပ်ကောင်းနေရာမှ ကားပေါ်မှ ဆင်းလျှောက်ရသည့် ခေတ်ကို လုံခြုံရေးအရ ပြန် ရောက်ခဲ့ရသည်။ ရှမ်းပြည် မြို့အချို့၏ မြို့အဝင် ဂိတ်များတွင် လုံခြုံရေးယာဉ်တားများ ချထားသည်ကို ၂၀၂၀ ပြည့်နှစ် အ ကူးတွင် မြင်တွေ့လာရသဖြင့် စစ်မက်ရေးရာများ မငြိမ်သက်မှု ပြန်လည် ဖြစ်ထွန်းလာပြီလော၊ ၄င်းမှ တစ်ဆင့် ခရီးသွား ပြည် သူများ သွားလာမှု စစ်ဆေးမှုများမှသည် ယခင်၂၀၁၂ မတိုင် မီက (၃၅၊ ရပ်ထား) ဆိုသည့်များ ပြန်လည် ပေါ်ပေါက်လာတော့ မည်လောဟု မှန်းဆစိုးရိမ်မိရင်း မကြာမီက လုံခြုံရေးဆိုသည် မှာ ကဏ္ဍစုံရှိနေကြောင်း ဖော်ပြလိုရင်းဖြင့် ဤဆောင်းပါးကို ရေးဖွဲ့ရကြောင်းပါ။
.
ဆယ်စုနှစ်ပေါင်း ၇ ခုမျှ ကျော်ဖြတ်ခဲ့ပြီးသော်လည်း ပြည် သူများ၏ ဘဝများကို ယူနီဖောင်းနှင့် လက်နက်မြင်မြင်သမျှ ကြောက်နေရသည့် ခြိမ်းခြောက်မှုများ၊ မလုံခြုံမှုများ၊ ပြည့်နှက် နေသည့် လက်ရှိကာလအတွက် ပြည်သူနှင့် စစ်(ပြည်သူ့စစ် မဟုတ်)ကို ခေတ်သစ်လုံခြုံရေးအမြင်ဖြင့် ရေးဖွဲ့ရခြင်း ဖြစ်ပါ သည်။
.
၂၀၂၀ ပြည့်နှစ်သည် ထူးခြားမည့်နှစ် ဖြစ်မည်ဆိုသည်မှာ နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ရှိမည့်နှစ် ဖြစ်သလို အခြားရိုးရိုး သာမန်ပြည်သူများ မမျှော်မှန်း နိုင်သည့် ကိစ္စရပ်များ ဖြစ်ပွားလာနိုင်ခြင်းကြောင်း ဆိုလိုရင်းဖြစ် သည်။
.
ယင်း မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအထဲတွင် မမျှော်မှန်း ချင်သည့် တိုက်ပွဲဖြစ်ပွားမှု၊ နယ်မြေ မငြိမ်မသက် ဖြစ်မှုများကိုမူ လေသံမျှပင် မပြောချင်ကြပေ။ သို့သော် ဆောင်းပါးအစတွင် ဖော်ပြခဲ့သလို မြို့အဝင်/အထွက် ဂိတ်များတွင် လုံခြုံရေးပိုမိုလာ သည့် အခြေအနေကမူ ငြိမ်းချမ်းမှု အသွင်အစား ပဋိပက္ခ အ သွင်သို့ ဆောင်နေသဖြင့် လူထုစိုးရိမ်ကြရခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံလူထုက စစ်ကို မလိုလားဟု ဆိုလျှင် မြန်မာနိုင် ငံထဲမှပင် စစ်ကို လိုလားသူများက မည်သူများ ဖြစ်မည်နည်း။ စစ်ကို မလိုလားသူများသည် ငြိမ်းချမ်းရေး လိုလားသူများဖြစ် သည်ဟုဆိုလျှင် စစ်ကို လိုလားသူများမှာ စစ်ဝါဒီများ ဖြစ်ပေ ရော့မည်။ လက်ရှိအစိုးရသည် ယခင်အစိုးရ အစပြုပေးခဲ့သည့် NCA တွင် အခြား လက်နက်ကိုင်အဖွဲ့များ ပါဝင်လာရေး အ တွက် အထူးကြိုးပမ်းနေသလို ဒုတိယပင်လုံညီလာခံကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း အားလုံးအသိပင် ဖြစ်သည်။
.
ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ အသက်ဟုဆိုလျှင် ရွေးကောက်ပွဲ မအောင်မြင်ရန် သို့မဟုတ် မကျင်းပနိုင်ရန်လို လားနေသူများ ရှိနေသည်လော၊ သို့အတွက် လုံခြုံရေး ပိုမိုလာ ခြင်းသည်လော၊ စသည်ဖြင့် ပြည်သူများမှာ စိုးထိတ်ကြောက် ရွံ့လာရခြင်းပါ။
.
ဤနေရာတွင် လုံခြုံရေးဟု ဆိုတိုင်း စစ်ဖက်ဆိုင်ရာ တစ်ခု တည်းကိုသာ မြင်ယောင်နေကြရသည်မှ ကဏ္ဍစုံ လုံခြုံရေးကို အမြင်သစ်နှင့် ကြည့်တတ်စေရန် ဖော်ပြလိုပါသည်။ အမျိုးသား လုံခြုံရေး ဆိုသည်ကို ၁၈ ရာစုလောက်ကပင် သုံးစွဲလာကြပြီး ၁၇၉၀ ခုနှစ်ကပင် အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ်မှ ဘွဲ့ ကြိုကျောင်းသားများသည် `အမျိုးသားလုံခြုံရေးနှင့် ပြည်တွင်း စက်မှုလုပ်ငန်းများ ဆက်စပ်မှုအကြောင်း`ကို စတင်ဆွေးနွေးခဲ့ ကြသည်ဟု ဂျိုးဆက်ရွမ်း(Joseph Romm)က ဆိုထားသည်။
.
ယင်း အမျိုးသားလုံခြုံရေးဝေါဟာရကို ၁၉၄၅ ခုနှစ်၊ အမေ ရိကန် အထက်လွှတ်တော်ကြားနာပွဲတစ်ရပ်မှ စတင်ပေါ်ထွက် လာသည်ဟုလည်း လေ့လာသူများက ဆိုကြသည်။ ယင်း ကြား နာပွဲတွင် အမေရိကန် ရေတပ်ဝန်ကြီး ဂျိမ်းဖော်ရက်စတယ် (James Forrestal) က`ဘက်စုံလွှမ်းခြုံနေတဲ့ စစ်မျက်နှာကျယ် ကြီးမှာ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို အာမခံချက် ပေးနိုင်ရပါမယ်`
.
၄င်းကပင် `အမျိုးသားလုံခြုံရေး ကိစ္စမျိုးက ကြည်းတပ်နဲ့ ရေတပ်ရဲ့ ကိစ္စသက်သက်ကိုပဲ ဆိုလိုတာမဟုတ်ဘူး၊ စစ်ပွဲတွေသတ္တုတွင်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ လူ့စွမ်းအားတွေ၊ သာမန် လူမှုဘဝ နယ်ပယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေအားလုံးကို ထည့်သွင်းပြီး စဉ်းစားဖို့လိုပါတယ်`ဟု ပြောကြားခဲ့သည်။
.
ပြီးခဲ့သည့် စစ်အေးခေတ်ကာလ တစ်လျှောက်လုံးတွင် နိုင်ငံတော်ကို အဓိက လုံခြုံရေးအညွှန်းခံ(referent object) အဖြစ်စဉ်းစားခဲ့ကြသဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် စစ်ဖက်ရေး ရာ လုံခြုံရေး(Military Security) အယူအဆ အားအကောင်း ဆုံး ဖြစ်ခဲ့ရသည်။
.
အမျိုးသားလုံခြုံရေးကို စဉ်းစားရာတွင် စစ်ဖက်ရေးရာလုံ ခြုံရေးကဏ္ဍကို ဗဟိုပြုစဉ်းစားကြသည်ဆိုသော်လည်း ၄င်းတစ် ခုတည်းဖြင့် ဖော်ဆောင်၍ မဖြစ်နိုင်ဘဲ ကဏ္ဍစုံလုံခြုံရေး အစီ အမံများကို အားဖြည့်ဆောင်ရွက်ကြရသည်ဖြစ်ရာ လုံခြုံရေးကို ချဉ်းကပ် ပုံအသစ်၊ ရှုထောင့်အသစ်များဖြင့် ပုံဖော်ကြရတော့ သည်။
.
အထူးသဖြင့် ၁၉၇၀ ခုနှစ်ကျော် ကာလများတွင် လုံခြုံရေး ကဏ္ဍကို ဖြန့်ကျက်စဉ်းစားလာကြသည်နှင့်အတူ လူ့အဖွဲ့အ စည်း လုံခြုံရေး(Societal Security) ဆိုသည့် အယူအဆအရ လုံခြုံရေးအညွှန်းခံဝတ္တုမှာ နိုင်ငံတော်မဟုတ်တော့ဘဲ နိုင်ငံ တော်အတွင်းရှိသည့် လူ့အဖွဲ့အစည်း(A Collective Citizens) ဖြစ်လာသည်။
.
ယင်းကာလက ဂျပန်ဝန်ကြီးချုပ် မာဆာရိုရှီအိုဟိုင်းယား က `အမျိုးသားလုံခြုံရေး၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ အများပြည်သူ လုံခြုံရေးပင် ဖြစ်ပေသည်။  ပြည်သူ့ဘဝကို အ မျိုးမျိုးသော ခြိမ်းခြောက်မှုများမှ ကာကွယ်ခြင်းပင်ဖြစ်သည်`ဟု ဆိုခဲ့သည်။ ၁၉၈၇ ခုနှစ်က ထုတ်ဝေခဲ့သည့် ဘရန့်လန်း အစီ ရင်ခံစာ(Brundtland Report)တွင်`သဘာဝပတ်ဝန်းကျင်က နေပြီး လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုဟာ တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ စတင်ဖြစ်ပေါ်နေပါပြီ`ဟု ဖော်ပြခဲ့သည်။ ထို့အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရာသီဥတု ပြောင်းလဲလာမှု ပြ ဿနာများသည်လည်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် စ တင် ထည့်သွင်းလာကြသည်။
.
လုံခြုံရေး အယူအဆများ ပြောင်းလဲလာသည့် ထိုကာလ တွင် ဘယ်ရီဘူဆန်(Barry Buzan) ၏`ပြည်သူ၊ နိုင်ငံတော်နှင့် ကြောက်ရွံ့မှုများ (People, State and Fear) စာအုပ်ထွက်ရှိ လာရာ ယင်းစာအုပ်တွင် လုံခြုံရေးကဏ္ဍ(၅)ခုပါရှိပြီး ယင်း တို့ မှာ နိုင်ငံရေးဆိုင်ရာ လုံခြုံရေး (နိုင်ငံရေး အဆောက်အဦဆိုင်ရာ တည်ငြိမ်မှု၊ တရားဝင်မှုရှိသော အစိုးရ၏ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်မှုတို့ကို ရည်ညွှန်းသည်)။ စစ်ဖက်ရေးရာ လုံခြုံရေး(နိုင် ငံ၏ အကျိုးစီးပွားများနှင့် နိုင်ငံသားများကို စစ်ရေးဆိုင်ရာ ခြိမ်း ခြောက်မှုများမှ ကာကွယ်နိုင်စွမ်းကို အဓိကညွှွန်းသည်)။ စီးပွား ရေးဆိုင်ရာ လုံခြုံရေး( လိုအပ်သော အရင်းအမြစ်များ၊ ဘဏ္ဍာ ရေးနှင့် စျေးကွက်များကို လက်လှမ်းမီ ရရှိနေနိုင်မှုကို အဓိက ညွန်းသည်)။  လူ့အဖွဲ့အစည်း လုံခြုံရေး(  အစဉ်အလာ ဖြစ် တည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် အမျိုး သား ဝိသေသလက္ခဏာများကို ထိန်းသိမ်းနိုင်မှုနှင့် ဖြစ်ပေါ်တိုး တက်နိုင်မှုတို့ကို ညွှန်းသည်)။ သဘာဝပတ်ဝန်းကျင် လုံခြုံရေး (လူသားမျိုးဆက် မှီခိုနေရသည့် ကမ္ဘာကြီး၏ ဇီဝနယ်ပယ်နှင့် သဘာဝ ဂေဟစနစ်ကြီးတစ်ခုလုံးအား ထိန်းသိမ်းနိုင်ခြင်းကို ရည်ညွှန်းသည်) တို့ဖြစ်သည်။
.


.
၁၉၉၄ခုှနှစ်တွင်မူ  မယ်ရီကယ်လ်ဒေါ(Mary Kaldor)၏ လူသားလုံခြုံရေး( Human Security) စာအုပ်တွင်" လူသား များ၏ ထိလွယ်ရှလွယ် ဖြစ်နေသော အားနည်းချက်များသည် ပိုမို  ကျယ်ပြန့်လာခဲ့ပေသည်။ ခြိမ်းခြောက်လာသည့် စစ်ပွဲ ပုံစံအသစ်များတွင် နိုင်ငံတော်မှာ အဓိကအညွှန်းခံ မဟုတ် တော့သလို စစ်ပွဲအဟောင်းတွင် လိုက်နာခဲ့ကြသည့် စည်းမျဉ်း များမှလည်း သွေဖည်လာသည်" ဟု ဖော်ပြခဲ့ရာ " လူသားလုံခြုံ ရေး`အယူအဆမှာ UNDP မှ အစီရင်ခံစာတွင် ကမ္ဘာတစ်ဝှမ်း လုံးတွင် အသစ်ထွက်ပေါ်လာသည့် စိုးရိမ်ပူပန်မှုပင် ဖြစ်သည် ဟု  မိတ်ဆက်ထားသည်။
.
ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီရင်ခံစာမှနေ၍ လူ သားလုံခြုံရေးကို ကဏ္ဍ(၇)ရပ်ဖြင့် ဖွင့်ဆိုခဲ့ရာ ၄င်းတို့မှာ (၁)စီးပွားရေးဆိုင်ရာ လုံခြုံရေး (၂) စားနပ်ရိက္ခာ လုံခြုံရေး (၃) ကျန်းမာရေးဆိုင်ရာ လုံခြုံရေး (၄) သဘာဝပတ်ဝန်းကျင်ဆိုင် ရာ လုံခြုံရေး(၅) ပုဂ္ဂလိက လုံခြုံရေး (၆) လူ့အဖွဲ့အစည်း လုံခြုံ ရေး (၇) နိုင်ငံရေးဆိုင်ရာ လုံခြုံရေးတို့ ဖြစ်သည်။
.

ဤသို့ဖြင့် အမျိုးသားလုံခြုံရေးဆိုသည်မှာ နိုင်ငံတော်-လူ့ အဖွဲ့အစည်း-နိုင်ငံသားဆိုသည့် လုံခြုံရေး အညွှန်းခံဝတ္တု(၃) ခုလုံး ပါဝင်လာပြီး နိုင်ငံတော်လုံခြုံရေး ရှုထောင့်၊ လူ့အဖွဲ့အ  စည်း လုံခြုံရေးရှုထောင့်၊ လူသားလုံခြုံရေး ရှုထောင့်များဖြင့် ဘက်ပေါင်းစုံ ခြိမ်းခြောက်မှုများကို လွှမ်းခြုံ အဖြေရှာခဲ့ကြရာ မှ အညွန်းခံ ၃ ခုလုံးနှင့် သက်ဆိုင်သည့် ၁။ နိုင်ငံတော်၏နယ် နိမိတ် တည်တံ့ခိုင်မြဲမှု၊ ၂။ နိုင်ငံရေးအရ အမှီအခိုကင်းမှုနှင့် နိုင် ငံရေးအရ လွတ်လပ်မှု ၃။ စီးပွားရေးဖွံဖြိုးတိုးတက်မှု ၄။နိုင်ငံ အတွင်းရှိ မတူကွဲပြားခြားနားသော လူ့အဖွဲ့အစည်းများ၏ ဟန်ချက်ညီ မျှတစွာ ရှင်သန်နိုင်မှုနှင့် လူ့အဖွဲ့အစည်းများ အ နေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဝိသေသ လက္ခဏာများ ရှင်သန်နိုင်မှု ၅။ နိုင်ငံသားများ အနေဖြင့် ကြောက်ရွံ့စိုးရိမ်မှုများ မရှိဘဲ ရှင် သန် နေထိုင်နိုင်မှု ၆။ အခြေခံလူ့လိုအပ်ချက်များကို စိုးရိမ်စရာ မရှိဘဲ ရှင်သန်နေထိုင်နိုင်မှု ၇။  လူ့ဂုဏ်သိက္ခာနှင့် အညီ လွတ် လပ်စွာ ရှင်သန်နေထိုင်နိုင်မှု အစရှိသည်များကို အခြေအနေ များပေါ်တွင် မူတည်၍ တန်ဖိုးများကို အကောင်အထည်ဖော်ရန် လိုအပ်လာပေသည်။
.
ယင်းသို့ လုံခြုံရေးအညွှန်းခံ ဝတ္တု ၃ ခုနှင့် လုံခြုံရေးအဓိ က တန်ဖိုး ၇ ခုကို လုံခြုံမှု စီမံခန့်ခွဲရာတွင် အဓိကကဏ္ဍကြီး ၁၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ် ရာ ယင်းလုံခြုံရေးကဏ္ဍတို့မှာ (၁)နိုင်ငံရေးဆိုင်ရာလုံခြုံရေး ကဏ္ဍ၊ (၂) စစ်ဖက်ရေးရာ လုံခြုံရေးကဏ္ဍ (၃) ပထဝီမဟာဗျူ ဟာ လုံခြုံရေးကဏ္ဍ (၄) စီးပွားရေးဆိုင်ရာ လုံခြုံရေးကဏ္ဍ (၅) နယ်နိမိတ် လုံခြုံရေးကဏ္ဍ  (၆) လူ့အဖွဲ့အစည်း လုံခြုံရေး ကဏ္ဍ (၇) လူဦးရေ လုံခြုံရေးကဏ္ဍ (၈) အရင်းအမြစ်လုံခြုံ ရေးကဏ္ဍ (၉)  စွမ်းအင် လုံခြုံရေးကဏ္ဍ (၁၀)  သဘာဝပတ် ဝန်းကျင် လုံခြုံရေးကဏ္ဍ (၁၁) သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လုံခြုံရေးကဏ္ဍ (၁၂)  သတင်းအချက်အလက် လုံခြုံရေးကဏ္ဍ (၁၃) ဆိုက်ဘာလုံခြုံရေးကဏ္ဍ (၁၄) နို်င်ငံသားများ၏ ပုဂ္ဂလိက လုံခြုံရေးကဏ္ဍ (၁၅) ကျန်းမာရေးဆိုင်ရာလုံခြုံရေးကဏ္ဍ (၁၆)  စားနပ်ရိက္ခာ လုံခြုံရေးကဏ္ဍတို့ ဖြစ်ကြကြောင်း နိုင်ငံ ရေးလေ့လာမှုအဖွဲ့များက ဖော်ပြကြသည်။
.
ရစ်ချတ်အိုလ်မန်း(Richard Ullman)က အမျိုးသား ခြိမ်း ခြောက်မှု ဆိုသည်မှာ နိုင်ငံတော်ကို ခြိမ်းခြောက်မှု သက်သက် သာ မဟုတ်ဘဲ နိုင်ငံသားများ လူအုပ်စုများအပေါ် ခြိမ်းခြောက် မှုများအ ားလုံး အကျုံးဝင်နေသည်ဟု ဖွင့်ဆိုခဲ့သည်။ ပလာရီပ ရာဘာခါရန် ( Paleri Pabhakaran)က အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှုများကို (၁) ပြည်ပ (သို့) ပြည်တွင်းမှ ခြိမ်းခြောက် မှု၊ ထင်သာမြင်သာ (သို့) ထင်သာမြင်သာ မရှိသော ခြိမ်း ခြောက်မှု (၃) သွယ်ဝိုက် ခြိမ်းခြောက်မှုဟု ရှုထောင့် ၃ ခုဖြင့် ဖွင့်ဆိုခဲ့သည်။ ယင်း ၃ ခုမှ ထပ်မံ ခွဲခြား စိတ်ဖြာလိုက်သည့် ခြိမ်းခြောက်မှု ၈ မျိုးမှာ -
.
ပြည်တွင်းမှတိုက်ရိုက်- ထင်သာမြင်သာ ခြိမ်းခြောက်မှု-စနစ် အတွင်းမှ ပေါ်ထွက်လာသည့် လက်နက်ကိုင် သောင်းကျန်းမှု၊ လူမှု ပဋိပက္ခများ။
.
ပြည်တွင်းမှ တိုက်ရိုက် - ထင်သာမြင်သာ မရှိသော ခြိမ်းခြောက် မှု- အကျင့်ပျက် ခြစားမှုလိုမျိုးဟု ဖွင့်ဆိုသည်။ အလွယ်တကူ သိရှိဖော်ထုတ်နိုင်ရန် ခက်ခဲသည်ဟု ဆိုသည်။
.
ပြည်ပမှ တိုက်ရိုက်-ထင်သာမြင်သာ ခြိမ်းခြောက်မှု- စစ်ပွဲ များ၊ အကြမ်းဖက်မှုများ၊ စီးပွားရေး ပိတ်ဆို့မှုများ ပါဝင်သည်။
.
ပြည်ပမှ-တိုက်ရိုက်-ထင်သာမြင်သာ မရှိသော ခြိမ်းခြောက် မှု- ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများကို ပြည်ပမှ ထောက်ပံ့မှု၊ ကြားခံထားပြီး တိုက်သောစစ်ပွဲများ(Proxy wars)၊ နိုင်ငံကြီးတစ်ခုမှ ပထဝီမဟာဗျူဟာအရ ထောက်ပံ့မှု။
.
ပြည်တွင်းမှ-သွယ်ဝိုက်၍ -ထင်သာမြင်သာ ခြိမ်းခြောက်မှု- သမဂ္ဂများမှ အထွေထွေ သပိတ်မှောက်ရန် စီစဉ်မှုသည် တိုင်း ပြည်၏ စီးပွားရေးကို ထိခိုက်စေနိုင်သည့် သွယ်ဝိုက်ခြိမ်း ခြောက်မှုမျိုးဟု ဖွင့်ဆိုသည်။
.
ပြည်တွင်းမှ-သွယ်ဝိုက်၍- ထင်သာမြင်သာ မရှိသော ခြိမ်း ခြောက်မှု- လူမှုမလုံခြုံသော ကိစ္စရပ်များ(ယင်းတို့ကို အစိုးရများ အနေဖြင့် ပေါ့ပေါ့တန်တန် သဘောထားတတ်လေ့ရှိကြသည်)။
.
ပြည်ပမှ-တိုက်ရိုက် မဟုတ်သော-ထင်သာမြင်သာ ခြိမ်း ခြောက်မှု- အိမ်နီးချင်း နိုင်ငံမှ မငြိမ်မသက်ဖြစ်မှု၊ နယ်နိမိတ် ဖြတ်ကျော်သော တောမီးလောင်မှုမျိုး၊ စစ်အင်အားပြမှုမျိုးတို့ သည် ပြည်တွင်းသို့ တိုက်ရိုက်မဟုတ်သည့် နည်းဖြင့် သက် ရောက်သည်။
.
ပြည်ပမှ- သွယ်ဝိုက်၍- ထင်သာမြင်သာ မရှိသော ခြိမ်း ခြောက်မှု- ပထဝီမဟာဗျူဟာအရ လွှမ်းမိုးကြီးစိုးမှုနှင့် နိုင်ငံတ ကာ အကူအညီများသည်လည်း ရံဖန်ရံခါပါဝင်သည်ဟု ဆို သည်။
.
မြန်မာနိုင်ငံအနေဖြင့်မူ လုံခြုံရေးဆိုသည်ကို`လုံနေအောင် ခြုံထားနိုင်မှ အန္တရာယ်ကင်းဘေးရှင်းမည်`ဟု အဓိပ္ပါယ်ဆောင် ယူကာ လုံအောင်လုပ်သည်ကို ကာလရှည်ကြာစွာ စွဲကိုင်ရင်း လက်တွေ့တွင်မူ လွတ်လပ်ရေး နောက်ပိုင်းဘဝများမှာ လုံခြုံ မှုကို ပြည့်ဝစွာ မခံစားရနိုင်ခဲ့သည်မှာ တောက်လောင်ဆဲ ပြည် တွင်းစစ်များက သက်သေပြနေပေသည်။ ဝါဒရေးရာမှသည် လူ မျိုးရေးအထိ လက်နက်ကိုင် ပဋိပက္ခများအတွင်း လူသားများဖြစ် သည့် အများပြည်သူများသာ မြေစာပင်ဘဝ အတိဒုက္ခရောက် နေခဲ့ကြရသည်။ ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါး အန္တရာယ် ခြိမ်းခြောက်မှုက အများပြည်သူ သွားကားလမ်းပေါ် x-ray ဖြင့် စစ်ဆေးသည့်အခါ ကိုယ်ဝန်ဆောင်များထိခိုက်မှု ဖြစ်သည် အထိ လုံခြုံရေးကိုသာ ရှေ့တန်းတင်မှုက မလုံခြုံသည့် လူသား အရင်းအမြစ် ထိခိုက်မှုကို ပြဆိုနေသလို မြို့အဝင်/အထွက်နှင့် အများပြည်သူ သွားကားလမ်းအပေါ် တည်ထားသည့် တပ်များ မှ လုံခြုံရေးအကြောင်းပြ စစ်ဆေးမှုများသည်လည်း ပြည်သူ့ ဘဝ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်လာနေသည်ကို ဆန်းစစ်မိရန် လိုပေသည်။
.
နိုင်ငံရေး လေ့လာသူ ဦးတင်မောင်မောင်သန်းက " ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်က စပြီး မြန်မာနိုင်ငံမှာ လုံခြုံရေး အယူအဆကို ဖော်ဆောင်တာနဲ့ လုံခြုံရေးအတိုင်းအဆကို သတ်မှတ်ရာမှာ အဓိကအားဖြင့်တော့ (တပ်မတော်က ဦးဆောင် တဲ့) လူနည်းစု အီလစ်တွေကပဲ ဆုံးဖြတ်စီမံဆောင်ရွက်ခဲ့ကြ တယ်" ဟု ဆိုခဲ့ရာ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့်၂၁ရာစု ပင် လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(ပထမအကြိမ်)အစည်း အဝေးတွင် နိုင်ငံတော်ဗဟိုပြု လုံခြုံရေးအတွေးအခေါ်ကိုသာ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနေဆဲဖြစ်သည်ကို တွေ့ရှိရသည်ဟု သာဓက ယူသည်။
.
လွှတ်တော်အတွင်း စစ်ဘေးရှောင်ဟု မသုံးရန် တပ်မတော် ကိုယ်စားလှယ်မှ ကန့်ကွက်ခဲ့ပြီးနောက် တိုက်ပွဲရှောင်ဖြစ်လာ ရသည့် ပြည်တွင်းစစ် အကြောင်းကို အနည်းငယ် ကြည့်ရ အောင်ပါ။ စစ်(war) ဝေါဟာရ၏ အရှေ့၌ များပြားလှသည့် နာမဝိသေသနများကို ထားရှိကြည့်မည်ဆိုပါက ပမာအားဖြင့် ပြည်တွင်းစစ်(Civil War)၊ ပြောက်ကျား စစ်(guerrilla War)၊ ကန့်သတ်စစ်(limited  War)၊ ဥဿုံ စစ်ပွဲ(Total  War)၊ ဂိုဏ်းဂဏစစ်ပွဲ(Gang War)၊ လူမျိုးနွယ်စု စစ်ပွဲ(Tribal War)၊ စစ်အေး(Cold War)၊လူမျိုးအချင်းချင်း စစ်ပွဲ(Race War)၊ ကုန်သွယ်ရေး စစ်ပွဲ(Trade War)၊  လွတ်မြောက်ရေး စစ်ပွဲ (Liberation War)၊  လူတန်းစားစစ်ပွဲ( Class War)များ အ ပြင် Drug War (မူးယစ်ဆေးဝါးစစ်ပွဲ) (အတုအယောင်စစ်ပွဲ-phoney war) ဆိုသည့် စစ်များလည်း ရှိသည်။
.
မည်သည့် စစ်ဖြစ်သည်မဆို ယှဉ်တွဲပါလာသည်က War Crime ခေါ် စစ်ရာဇဝတ်မှုများ ဖြစ်သည်။ အပြည်ပြည်ဆိုင် ရာ စစ်ခုံရုံး၏ လုပ်ပိုင်ခွင့် ပဋိညာဉ် စာတမ်း(Charter of the international  Military  Tribunal)အရ ပြဋ္ဌာန်းထား သော`လူသားအပေါ် ကျူးလွန်သည် ရာဇဝတ်ပြစ်မှုများ` (Crime against humanity) ပါဝင်ရာ ယင်းတွင် အရပ်သားပြည် သူများအပေါ် လူမဆန်သည့် လုပ်ရပ်များကို အပြစ်ပေးအရေး ယူနိုင်ရန် တရားရုံးများ ဖွင့်လှစ် လုပ်ဆောင်နိုင်ရေးမှာ အလွန် အရေးကြီးပေသည်။
.
ယင်းပြစ်မှုများကို ကျူးလွန်သည့် လက်နက်ကိုင်မည်သည့် အဖွဲ့အစည်းမဆို လူသား အခွင့်အရေးအရ၊ ကဏ္ဍစုံလုံခြုံရေး အရ အဖက်ဖက်မှ ကာကွယ်ပေးရန်အပြင် ထိုက်သင့်သည့် အပြစ်ပေး အရေးယူရန်မှာလည်း ပြည်သူကိုကာကွယ်ရန် တာ ဝန်ရှိသည့် အုပ်ချုပ်သူ အစိုးရတိုင်းတွင် တာဝန်ရှိပေသည်။ ယင်းအတွက် အမျိုးသားလုံခြုံရေးကို ဖော်ဆောင်ရာ၌ ဘက်စုံ ကဏ္ဍစုံ လွှမ်းခြုံသော အစိုးရအဖွဲ့တစ်ခုလုံး ပေါင်းစပ်ဖော် ဆောင်သည့် (the-whole-of-government) နည်းလမ်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်ဟု နိုင်ငံရေး လေ့လာသူများက ဆိုကြသည်။
.
စစ်ကြီးများ စစ်ငယ်များ ဖြစ်ခဲ့ကြ ကျော်ဖြတ်ခဲ့ကြ ငိုကြွေး မြည်တမ်းခဲ့ကြ ပြန်လည်ထူထောင်ခဲ့ကြနှင့် လူ့သမိုင်းကို လူ သားများကပင် ရေးထိုးခဲ့ကြပေပြီ၊ စစ်ဝါဒီများမွှေးသည့် မီး တောက်လောက်သည်ကို အသက်ပေါင်းမြောက်များစွာဖြင့် ပေးဆပ် ငြိမ်းသတ်ခဲ့ကြပြီးနောက် ကျန်ရစ်သည်များ စစ်ရာဇ ဝတ်မှုများ၊ ဂုဏ်သိက္ခာမဲ့ အဆုံးသတ်မှုများနှင့် ဆောင်းပါး အဖွင့်တွင် ဂျပန်ကဗျာဆရာ ညွှန်းဖွဲ့ခဲ့သလို စစ်အိပ်မက်များ ၏ အကြွင်းအကျန်မှာ နွေမြက်များသာ ဖြစ်သည်ကို ညွှန်းလို ပါသည်။
.
တပ်တော်ဦးဆီ မျှော်ကြည့်လျှင် ရဲတံခွန်များ လေမှာလွင့် သည်ကို မှန်းဆမိသလို ငြိမ်းချမ်းရေးဆီ မျှော်ကြည့်ပါက ငြိမ်း ချမ်းရေးကိုယ်စားပြု ဂျိုးဖြူငှက်များ အေးချမ်းမှု သင်္ကေတသံ လွင်ခက်များကို ကိုက်ချီသယ်ဆောင်လာမည်ကို မျှော်လင့် ရင်းဖြင့်။
.
မည်သို့ ပင်ဆိုစေ မည်သည့်စစ်မျှ မဖြစ်ရန် လိုလားသော် လည်း ကဏ္ဍစုံမှ ခြိမ်းခြောက်မှုများကို မလွဲမသွေ ရင်ဆိုင်ကြ ရာတွင် စစ်ဖက်လုံခြုံရေးတစ်ခုတည်း (သို့မဟုတ်) ကဏ္ဍ တစ် ခုတည်း လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက်မှုသည် လူသားများ၊ နိုင်ငံသားများအတွက် လုံခြုံမှု မရှိဖြစ်သည်ကို သတိချပ် လုပ် ဆောင်ခြင်းဖြင့် ငြိမ်းချမ်းသော ၊ စစ်မက် မဖြစ်ပွားသော၊ လူထု အတိဒုက္ခ မရောက်စေသော ကဏ္ဍစုံလုံခြုံရေးဖြင့် နိုင်ငံတော်၊ နိုင်ငံသားများ၏  စိတ်ပိုင်းလုံခြုံရေး၊ ရုပ်ပိုင်းလုံခြုံရေး သာမက လူ့လောကဝန်းကျင် လုံခြုံရေးကိုပါ ဖော်ဆောင်နိုင်စေကြောင်း မေတ္တာရည်လျက်။
.
Ref:    နိုင်ငံရေးဒဿန ပညာအခြေခံကျမ်း(မင်းခက်ရဲ)။ အမျိုးသားလုံခြုံရေး အယူအဆကို ခေတ်သစ်အမြင်ဖြင့် ပြန် လည်ဖွင့်ဆိုခြင်း (တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့)။ နိုင် ငံရေး အဘိဓာန်(မင်းရွှေမောင်)။ အကြာဆုံးစစ်ပွဲ မြန်မာပြည် (၁၉၄၁-၄၅) (မြသန်းတင့်)။

No comments:

Post a Comment

Journal Download

Photo of three cats