ထာဝရ ရန်သူ ထာဝရ မိတ်ဆွေ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, February 14, 2020

ထာဝရ ရန်သူ ထာဝရ မိတ်ဆွေ


စိုင်းသိင်္ခသူ
.
" ငြိမ်းချမ်းရေးအတွက် အလိုအပ်ဆုံးမှာ ညီညွတ်ရေးနှင့် လွတ်လပ်ရေး ဖြစ်သည်။ ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ် အောင် လုပ်တာ" ဟု ကွယ်လွန်သူ စာရေးဆရာကြီး ဒဂုန်တာရာ က ဆိုထားသည်။
.
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်နိုင်ခြင်းသည် နိုင်ငံရေး ဟု ဆရာကြီးမှ ဖွင့်ဆိုထားရာ ရန်သူကို မိတ်ဆွေဖြစ်စေရန်လုပ် ရသည်မှာ အင်မတန်ပင် ခက်ခဲသိမ်မွေ့ စိတ်ရှည်သည်းခံနိုင် စွမ်းမှာ မည်ကာမတ္ထ မဟုတ်နိုင်ချေ။
.
အိန္ဒိယ၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီ၏ လွတ် လပ်ရေး ရယူမှုတွင်လည်း စိတ်ရှည်သည်းခံခြင်းဖြင့် အကြမ်း နည်းကို အကြမ်းမဖက်တုံ့ပြန်ရေး (ဂန္ဒီဝါဒ-ဆတ်ရာဂ ရာဟာ)အနုနည်းဖြင့် ဆက်ဆံခဲ့ခြင်းကြောင့် အောင်မြင်ခဲ့ခြင်းဟု အိန္ဒိ ယနိုင်ငံ၏ သမိုင်းဝင်အဖြစ် ဖြစ်ခဲ့သော်လည်း လွတ်လပ်ရေးနှင့် အတူ ပါကစ္စတန်နိုင်ငံသီးခြားပေါ်ထွန်းလာခဲ့သည်မှာ သာဓက တစ်ခု ဖြစ်သည်။
.
ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်းတွင် ဆက်ဆံရေး နည်းဗျူဟာကို ပုံပြောင်းခြင်းဖြင့် အကျိုးရရှိအောင် ပြုလုပ်နိုင် စွမ်းကို ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးနည်းဗျူဟာအရလည်း ပေါ်လွင်ခဲ့ပြီး ဖြစ်သည်။ နယ်ချဲ့ကိုလိုနီ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် ဂျပန်နှင့် မိတ်ဆွေပြုပြီး တိုက်ခိုက်ခဲ့ခြင်း၊ တစ် ဖန် ဖက်ဆစ်ဂျပန်ကို အင်္ဂလိပ်အကူအညီဖြင့်ပင် ပြန်တော်လှန် ခြင်း၊ ထိုမှတစ်ဖန် ယင်းအင်္ဂလိပ်ကိုပင် တိုင်းရင်းသား ညီညွတ် ရေးဖြင့် လွတ်လပ်ရေးရအောင် ယူနိုင်ခဲ့ခြင်းက သမိုင်းတွင်ခဲ့ပြီး ဖြစ်ရာ ဆရာကြီးဒဂုန်တာရာ ဆိုခဲ့သလို ငြိမ်းချမ်းရေးအတွက် အလိုအပ်ဆုံးဖြစ်သည့် ညီညွတ်ရေးနှင့်လွတ်လပ်ရေးတွင် နယ် ချဲ့လက်အောက်မှ လွတ်လပ်ရေးကို ရရှိပြီးဖြစ်သော်လည်း ပြည် တွင်း ညီညွတ်ရေးကို ရရှိနိုင်မှု၏ အနာဂတ် ခြေလှမ်းများကို ပြည်ထောင်စုအပေါ်တွင် စံထား၍ တွေးဆကြည့်ရအောင်ပါ။
.
`ငြိမ်းချမ်းရေး ဆိုသည်မှာ ပဋိပက္ခကင်းစင်ခြင်း မဟုတ်။ ပဋိပက္ခကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ကိုင်တွယ်နိုင်စွမ်း ရှိသည့် စွမ်းရည်သာဖြစ်သည်`ဟု ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း ရော်နယ်ရီဂင်က ဆိုခဲ့သည်။
.
ဒုတိယကမ္ဘာစစ် နောက်ပိုင်း ကမ္ဘာ့နိုင်ငံရေးလောကတွင်  ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် တွင်ကျယ်လာသည့် စကား ရပ်မှာ" နိုင်ငံရေးတွင် အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေမရှိ၊ ထာဝရ အကျိုးစီးပွားသာ ရှိသည်" ဆိုသည့်စကားရပ်ပင်။ ဒုတိ ယ ကမ္ဘာစစ်အတွင်းက မဟာမိတ်များအဖြစ် လက်တွဲခဲ့ကြသည့် နိုင်ငံကြီးများမှာ အုပ်စုများ ကွဲသွားပြီး ရန်သူများဖြစ်သွားကြပြီး ရန်သူများ ဖြစ်ခဲ့ကြသည့် နိုင်ငံများလည်း လာရောက်ပူးပေါင်း ခဲ့ကြသည်များ ရှိခဲ့သည်။ သာဓကများအဖြစ် စစ်အေးကာလ၏ အုပ်စုများ၊ အစ္စရေး-အာရပ် ဆက်ဆံရေးများ လစ်ဗျား၊ တီမော၊ အင်ဒိုနီးရှား၊ အာချေး ကိစ္စရပ်များသည် ထင်ရှားသည့် သာဓက များ ဖြစ်ပေသည်။
.
ကိုရီးယား ၂ နိုင်ငံကိစ္စတွင်လည်း အမေရိကန်ဗိုလ်ချုပ် ကြီး မက်အာသာကို ယခင်က ကယ်တင်ရှင်လို မြင်ခဲ့ကြသော် လည်း ယခု မျိုးဆက်သစ်များက မက်အာသာ အင်ချုံကို တပ် တွေနဲ့ ဝင်ရောက်လာသည့်နေ့ကို ကြေကွဲဖွယ် နေ့ကြီးတစ် နေ့အဖြစ် မြင်လာကြပြီး "မက်အာသာဟာ ကိုရီးယားနိုင်ငံကို ၂ ပိုင်း ခွဲပစ်တဲ့သူ၊ ထာဝရကွဲပြားအောင် ဆောင်ရွက်ခဲ့သူ အ ဖြစ်မြင်လာကြတယ်" ဟု ကိုရီးယားမှ ဟန်အင်ဆပ်ဆိုသူက ၂၀၀၅ ခုနှစ်၊ ဆန္ဒပြပွဲများအတွင်းက ပြောခဲ့သည်။ ဆိုလိုသည် မှာ နိုင်ငံပြင်ပမှ ကူညီမှုကို လက်ရှိမျက်မှောက်အနေဖြင့် မြင် သည့်အမြင် ကွဲလွဲသည်ကို ပြဆိုရင်း ဖြစ်သည်။
.
စာရေးဆရာကြီး ဂျော့အော်ဝဲ(George Orwell)က ဆိုခဲ့ သည့် " Peace that is peace" (မငြိမ်းချမ်းသည့် ငြိမ်းချမ်းရေး)ဆိုသည့် စကားကို ဂျပန်နိုင်ငံ မြို့ကြီး(၂)မြို့အပေါ် အနုမြူဗုံး ကြဲချပြီးနောက် နှစ်လအကြာတွင် ရေးသားခဲ့သည်ဖြစ်ရာ ယခု နှစ်ပေါင်း ၇၀ ကျော် ကာလအတွင်းတွင်ရော ကမ္ဘာကြီးငြိမ်းချမ်း ပြီလောဟု စစ်တမ်းထုတ်စရာ ရှိပါသည်။ မငြိမ်းချမ်းသည့် ငြိမ်း ချမ်းရေး မည်မျှအဓွန့်ရှည်နေဦး မည်နည်းဟု။
.
သမားရိုးကျစစ်၊ ဓာတုစစ်၊ ပိုးမွှားစစ်၊ အနုမြူစစ်၊ ရာသီဥတု စစ် စသည်ဖြင့် စစ်ပွဲများမှာ တစ်နည်းတစ်ဖုံ ကမ္ဘာမြေတစ်နေ ရာတွင် ဖြစ်ပွားရန်ကြိုးပမ်းနေကြသလို ဖြစ်နေကြသည်များမှာ လည်း တစ်နေရာမဟုတ် တစ်နေရာ ဖြစ်နေပေသည်။ မကြာ သေးမီကပင် အီရန်၊ အီရတ်နှင့် အမေရိကန်တို့ မကြေညာ သော တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သေးရာ သေကြေပျက်စီးရသူ များမှာ လူသားများသာဖြစ်ကြောင်း သတိချပ်စေလိုသည်။ စစ် မက်လိုလားသူ များသည် လူသားများသာဖြစ်သလို မငြိမ်းချမ်း မှု၏ သားကောင်များသည်လည်း လူသားများသာ ဖြစ်ပေသည်။
.
အယူဝါဒ တစ်ဖက်စွန်း အမြင်များသည် လည်းကောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတ္တကြီးမားမှုသည်လည်းကောင်း၊ သင်္ကေ တအမြင် ကျဉ်းမြောင်းမှုများသည် လည်းကောင်း၊ ပဋိပက္ခများ သို့သာ ဦးတည်နေရာ ယင်းတို့၏ အကျိုးဆက် ဆိုးရွားမှုများ သည် သမိုင်းကို အမဲရောင် ဆိုးခဲ့ကြသည်မှာ အာဏာရှင်များ ပေါ်ထွန်းလျက်ရှိသည်ကို သမိုင်း၏ ခြေရာများအဖြစ်တွေ့မြင် ကြပေမည်။
.
မြန်မာနိုင်ငံ အနေဖြင့်မူ ထာဝရရန်သူများ ရှိနေပါသည်၊ ယင်းတို့မှာ ပြည်တွင်းစစ်နှင့် မူးယစ်ဆေးဝါးပင် ဖြစ်သည်။ ယင်း တို့ကို ပုံဖော်နေသူများသည် မြန်မာနိုင်ငံအနေဖြင့် သာမက လူ သားများ၏ ထာဝရ ရန်သူများသာ ဖြစ်ပေမည်။ ပြည်တွင်းစစ် သည် တိုင်းရင်းသားဒေသများကို အခြေခံကာ ဖြစ်ပွားမှု အများ ဆုံး ဖြစ်သဖြင့် စစ်၏ အနိဌာရုံများကို ကြုံတွေ့ရသူများမှာ တိုင်း ရင်းသားများ များပြားသလို စစ်ပွဲဆင်နွဲကြရသည့် လက်အောက် ငယ်သားများလည်း ရှောင်လွဲ၍ မရခဲ့ပေ။ ၄င်းတို့၏ မိသားစု များသည်လည်း ဒုက္ခ၏ဆက်နွယ်မှုများအဖြစ် မလွဲမရှောင် ကြုံ ဆုံ ကြရသည်သာ။
.
မူးယစ်ဆေးဝါး ဆိုလျှင်လည်း လူသားအနာဂတ်မျိုးဆက် များသို့တိုင် ဖျက်ဆီးနေပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်မူ တစ် အိမ်တစ်ယောက် မူးယစ်ဆေးစွဲသူ ရှိနေလျှင်ပင် ဒုက္ခဘုံကိန်း ဆိုက်နေပေတော့သည်။ မိဘနှင့် မိသားစုသို့ ဆေးကြောင်ကာ သတ်ဖြတ်သည်များ ဘဝပျက်၍ အခြေအနေမဲ့ သေဆုံးနေရမှု များကို နေ့စဉ်လိုပင် သတင်းများတွင် ကြားသိနေရရာ နိုင်ငံကို ဖျက်ဆီးသည့် အထဲတွင် မူးယစ်ဆေးဝါးသည် အဓိကပင်ဖြစ် သည်။ သို့ဖြစ်၍ ပြည်တွင်းစစ် ငြိမ်းချမ်းစေရန်၊ ပြည်တွင်းစစ် နှင့် ဆက်နွယ်ပြီး စျေးကွက်ဖွံ့ဖြိုးနေသည့် မူးယစ်ဆေးဝါးအန္တ ရာယ် ပျက်သုဉ်းစေရန်မှာ အားလုံးတွင် တာဝန်ရှိသည်ဟု ခံယူ ရန် လိုအပ်ပေသည်။
.
ပြည်တွင်းစစ်ကြောင့် လက်နက်ကိုင် ဒီပလိုမေစီသည် ဒေ သတွင်းတွင် နေရာရလာသလိုဖြစ်ရာ လက်နက်ရှိမှ အာဏာရှိ သည်။ ပြောရေးဆိုခွင့်ရှိသည်ဆိုသည့် အယူအဆကို အထောက် အပံ့ ပြုနေသဖြင့် လက်နက်မပါသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု တို့ကို လုပ်ဆောင်နိုင်ရေးမှာ ယခုအစိုးရအတွက် အကြပ်အ တည်းတစ်ခုအဖြစ် ပါဝင်နေပေသည်။ သို့အတွက် ငြိမ်းချမ်းရေး စာချုပ်တွင် လက်နက်ကိုင် အဖွဲ့စုံအားလုံး ပါဝင်နိုင်ရေးကို အ သည်းအသန် ကြိုးစားနေသည်မှာ ပါတီအတွက် ဆိုသည်ထက် တိုင်းပြည်အတွက်ဟု ဆိုချင်ပါသည်။ ယင်းသို့ပင် လက်နက် ကိုင် အဖွဲ့အစည်းများ ဘက်ကလည်း နှစ်ဖက်မျှ အမြင်ဖြင့် လုပ်ဆောင်နိုင်ရန်နှင့် တပ်မတော်ဘက်မှ လျှော့စျေးဖြင့် လုပ် ဆောင်နိုင်ရန် လိုအပ်ပေသည်။
.


.

ဆိုလိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးနှင့် စစ်ဘက်၊ နယ်ဘက်ဆက်ဆံရေးတို့ကို အတတ်နိုင်ဆုံး လျှော့ချသွားရေးပင် ဖြစ်သည်။
.
၂၀၀၈ ဟု ဆိုရခြင်းမှာ ယင်း၏လားရာသည် ဖက်ဒရယ်ပြည် ထောင်စုစနစ်သို့ သွားရာတွင် အကြပ်အတည်းများကို ပုံဖော် ပေးနေသည့်အတွက်ဟု ဆိုချင်သည်။ မြန်မာနိုင်ငံတွင် ပေါ် ထွန်းခဲ့သည့် ခြေဥများသမိုင်းကို လေ့လာဆန်းစစ်ကြည့်ပါက ၁၉၄၇ နှင့် ၁၉၇၄ ခြေဥများတွင် တပ်မတော်၏ အခန်းကဏ္ဍ မပါရှိဘဲ ၂၀၀၈ တွင် ပါရှိလာခြင်းက ၁၉၄၇ တွင် ခွဲထွက်ခွင့် ဆိုသည့်အပိုဒ်ကဲ့သို့ပင် နိုင်ငံရေးအကြပ်အတည်း ဖြစ်ပေါ်နေ စေသည်။ ပင်လုံကတိကဝတ်အရ ၁၉၄၇ တွင် ခွဲထွက်ခွင့် ပါ ရှိခြင်းဖြင့် တိုင်းပြည်ပြိုကွဲမှုကို စစ်ဖက်အာဏာဖြင့် ထိန်းသိမ်း သည်ဟုဆိုပြီး အမှောင်ခေတ်ကို နှစ်ပေါင်း ၅၀ မျှ ဖြတ်သန်း ခဲ့ရပြီး တိုင်းပြည်လည်း ချွတ်ချုံကြခဲ့ရသလို ယင်း၏ နောက် ဆက်တွဲ ၂၀၀၈ သည်လည်း ဆက်လက်၍ အကြပ်အတည်းကို ဆက်လက်ဖော်ဆောင်လျက် ရှိနေပေသည်။
.
၂၀၀၈ ခြေဥအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ သတ် မှတ်ပေးမှုတွင် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်နေရာ လူမျိုး အရပင် ရှမ်းပြည်နယ်၌ (၅) ခု ရှိနေပေသည်။ ယင်းတို့တွင် ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တို့ဖြစ်ကြရာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ UWSA "ဝ" အထူးဒေသ(၂)အနေဖြင့် "ဝ" ပြည်နယ် ပြည်သူ့အစိုးရဟု သုံးနှုန်း၍ ကျိုင်းတုံ၊ မိုင်းတုံ(ဟွေအော) ဒေသများကို သတ် မှတ်ပြီး ပြည်နယ်တောင်းနေသလို၊ မကြာသေးမီက တောင် ကြီးမြို့အား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းထည့် သွင်းရန် ပြောကြားမှုများ ရှိလာနေသည်က တိုင်းရင်းသား အ ချင်းချင်းနယ်မြေဆိုင်ရာ ပိုင်ဆိုင်မှု ပဋိပက္ခဖြစ်ရန် ရည်ညွှန်း လာနေသည်မှာ အလားအလာကောင်း မဟုတ်ပေ။ အချင်းချင်း စည်းလုံးညီညွတ်ရမည့်အစား စိတ်ဝမ်းကွဲမှုများ ဖြစ်စေရန် မွေးထုတ်ပေးနေသကဲ့သို့ ဖြစ်နေသဖြင့် ၁၉၄၇ ခြေဥအကြပ် အတည်းကို ပြေလည်အောင် ရှင်းလင်းနေဆဲတွင် ထပ်မံ၍ အ ခြေခံဥပဒေ အကြပ်အတည်း(Constitutional Crisis) ဖြစ်လာ နေသည်ကို သုံးသပ်မိပါသည်။ ယင်းမှာ ထာဝရမိတ်ဆွေဖြစ် ရမည့် တိုင်းရင်းသားအချင်းချင်း ထာဝရရန်သူ ဖြစ်စေရန် လမ်း ကြောင်းပေးနေသည်ဖြစ်သည်ကို ထောက်ပြလိုပါသည်။
.
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်က တောင်ကြီးမြို့နယ်၊ နောင် လေကျေးရွာအုပ်စု၊ မူးယားဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ် သည့် လူထုတွေ့ဆုံပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PN0)အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေက လူဦးရေ(၁)သန်းကျော် ရှိသည့် ပအိုဝ်းလူမျိုးများအတွက် ၄င်းရသင့်ရထိုက်သည့် ရ ပိုင်ခွင့် ရှိလာစေရန် ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင် ဆိုသည့် (၃)မြို့နယ်ထဲသာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ် မှတ်ထားသော်လည်း ပအိုဝ်းလူမျိုး ထက်ဝက်ကျော်ရှိသော လွိုင်လင်၊ တောင်ကြီး၊ မောက်မယ်၊ မြို့နယ်များကိုပါ ပအိုဝ်း ကို်ယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ထည့်သွင်းဖို့ ပြောကြားခဲ့ပြီး ပအိုဝ်းလူမျိုးများအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ် ငန်းများ များပြားစွာ ရှိနေသေးကြောင်း မိမိတို့ရသင့်ရထိုက် သည့် ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ ရရှိလာရန် ကြိုးပမ်းဆောင် ရွက်ကြရမှာ ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ဒီမိုကရေစီခေတ် ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိလူမျိုး ရရှိသင့်သည့် အခွင့် အရေးများ ရရှိစေရန် လွှတ်တော်တွင် မိမိလူမျိုး ကိုယ်စားပြု လွှတ်တော်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရှိနေဖို့ လိုအပ်ကြောင် ဦးခွန်သိန်းဖေမှ ပြောကြားခဲ့ကြောင်းသိရသည်။
.
ယင်း ပြောဆိုချက်နှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက `ဒါ က ထည့်လို့မရဘူးလေ၊ ကျွန်တော်တို့သဘောမတူဘူး၊ လုပ် ရင် ကျွန်တော်တို့ကန့်ကွက်မှာပဲ၊ ကိုယ့်တိုင်းရင်းသား အချင်း ချင်းတော့ ဟုတ်တယ်၊ ဒါပေမဲ့ လွန်လာရင် မကောင်းဘူး`ဟု ပြောကြားခဲ့သည်။
.
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) မှ ဦး စိုင်းကျော်ကျော်လှိုင်ကလည်း "ဒါကတော့ သူလိုရာဆွဲသွင်းပြီး ပြောတယ်လို့ ထင်တယ်၊ ၂၀၀၈ ဖွဲ့စည်းပုံဆွဲကတည်းက ဒါ တွေက ပါပြီးသားလေ၊ လူဦးရေများတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ထည့်သွင်းလို့ရတယ်လို့ ဖွဲ့စည်းပုံထဲမှာ ရေးဆွဲမ ထားဘူး၊ ပြည်နယ်ရဲ့မြို့တော်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေ သထဲ ထည့်ခွင့်ပြုလိုက်မယ်ဆိုရင် သမိုင်းတရားခံဖြစ်သွားမှာ ပေါ့၊ ၂၀၀၈ ဆွဲတုန်းက လိုရာဆွဲသွားတယ်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဆိုတာ ရှမ်းပြည်နယ်မှာ အများဆုံး ဖြစ်တယ်၊ လူမျိုးအ ကြီးဆုံးနေတဲ့ ပြည်နယ်တစ်ခုကို အစိတ်စိတ်အမွှာမွှာ ကွဲ အောင် လုပ်လိုက်တဲ့သဘောပဲ"ဟု ပြောကြားခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရှမ်းပြည်နယ် အတွင်းရေးမှူး ဦးမောင်မောင်စိန်ကလည်း "၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကတော့ နေထိုင်တဲ့လူ ဦးရေရဲ့ ထက်ဝက်ကျော်ရင် ကို်ယ်ပိုင်အုပ်ချုပ်ခွင့်ရသတ်မှတ် တယ်လို့ ပါတယ်၊ ပြည့်မီတယ် မမီဘူးဆိုတာကတော့ သက် ဆိုင်ရာ ဌာနတွေပဲ သိမယ်၊ တောင်ကြီးကို ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသထဲ ထည့်ဖို့ဆိုတာကတော့ မဖြစ်သင့်ဘူး ထင် ပါတယ်" ဟု ၄င်း၏ အမြင်ကို ဆိုခဲ့သည်။
.
ဦးခွန်သိန်းဖေကမူ`အမျိုးသားညီလာခံက မူ၁၀၄ ချက် မှာက မြို့နယ်တစ်မြို့နယ်ထဲမှာ လူဦးရေထက် ဝက်ကျော်ရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သတ်မှတ်တဲ့မူ ရှိတယ်၊ ဥပမာ တောင် ကြီး၊ လွိုင်လင်၊ မောက်မယ်တို့မှာ ပအိုဝ်းတိုင်းရင်းသားထက် ဝက်ကျော်ရှိရင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထဲ ပါတယ်ဆိုပြီး ပြောခဲ့တာပါ`ဟု ပြောသည်။
.
ယင်းပြောကြားချက်ကို နိုင်ငံရေးပါတီများက ကန့်ကွက်ခဲ့ ကြသလို လူမျိုးများအရလည်း လက်မခံနိုင်ကြောင်း ပြောကြား ချက်များ သတင်းများတွင် ပါရှိလာသည်ကို တွေ့ရရာ ဤသည် မှာ ၂၀၀၈ ရပိုင်ခွင့်အရ လူမျိုးရေး ပွတ်တိုက်မှုများ ဖြစ်ပွားလာစေမည်ဟု မှန်းဆမိပြီး စည်းလုံးညီညွတ်မှုအတွက် မလို လားအပ်သည့်အရာ ဖြစ်သည်ဟု ယူဆပါသည်။ ယင်း သို့ပင် ရှမ်းနီ တိုင်းရင်းသားများကလည်း ရှမ်းနီပြည်နယ် ရရှိရေးမှာ နိုင်ငံရေး ရည်မှန်းချက် ဖြစ်ပြီး ယခုဆိုလျှင် ရှမ်းနီတပ်မတော်ကိုပင် ဖွဲ့စည်းလာနေပြီ ဖြစ်သည်။ ငြိမ်း ချမ်းရေးကို လက်နက်ဖြင့် ထိန်းကျောင်းနိုင်ရေး ကြိုးပမ်းမှုဟု ရှမ်းနီခေါင်းဆောင်များက ပြောကြားကြသည်။
.
နိုင်ငံရေးထိန်းညှိမှုအတွက် စံနှုန်းများတွင် အခြေခံဥပဒေ သည် လူတစ်စုထက် လူထု၏ အကျိုးကိုသာ ရည်ရွယ်ရပြီး မဏ္ဍိုင် (၃)ရပ်၏ ထိ်န်းညှိမှုသည် အနာဂတ်အတွက်ပါ သက်ရောက် စေရသည်ဖြစ်ရာ ပြုပြင်မရ အကြပ်အတည်း ဖြစ်ပေါ်စေသည့် အချက်များကို ရည်မှန်းချက် မွေးမြူထားစေမှုများသည် အခက် အခဲများအဖြစ်ပင် ဆက်ရှိနေစေမည် ဖြစ်သည်။
.
`အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတာဟာ အတိတ် က တရားမျှတမှု ကင်းမဲ့ခဲ့တဲ့အရာတွေကို မှန်ကန်မျှတမှုတွေ ရှိလာအောင် အတူတကွ ပူးပေါင်း လုပ်ဆောင်တာပါပဲ`ဟု တောင်အာဖရိကသမ္မတဟောင်း နယ်ဆင်မင်ဒဲလား၏ ပြော ကြားသွားမှုများထဲက ကောက်နုတ်ဖော်ပြလိုပါသည်။ ယင်းအ ဆိုအရ ပူးပေါင်း လုပ်ဆောင်ရန်ပါ၊ တိုက်ခိုက်ရန် မဟုတ် ကြောင်းပါ။
.
စစ်များ ဖြစ်ပွားရသည့် အကြောင်းအချက်များတွင် နယ် မြေများ အပြိုင်အဆိုင် ရယူလာကြခြင်း၊ အမျိုးသားရေး ဝါဒများ ပြင်းထန်လာခြင်း၊ စစ်အုပ်စုများ အပြိုင်ဖွဲ့စည်းခြင်း၊ လက်နက် အပြိုင် တပ်ဆင်လာခြင်းတို့ကြောင့်ဟု သုံးသပ်ထားခြင်းများ ရှိရာ မြန်မာနိုင်ငံ၏ အခြေအနေမှာ ယင်းအချက်များ၏ အခြေ ခံများ ပြည့်စုံလာနေသည်ဟု ရှုမြင်ရမည် ဖြစ်သည်။
.
ဤသည်ကို မဏ္ဍိုင်(၃)ရပ်တွင် ဥပဒေပြုရေး မဏ္ဍိုင်ကသာ ပြုပြင်ပြောင်းလဲနိုင်စွမ်းသည်က အခြားမဏ္ဍိုင်များထက် သာ လွန်ပြီး ၄င်း၏ အစစ်အမှန် တာဝန်ဝတ္တရားသာဖြစ်ရာ လွှတ် တော်များသည် ကိုယ်စားပြု ဒီမိုကရေစီကို ပုံဖော်ဆောင်သည် ဖြစ်၍ လူထုလိုလားသည့် အခြေခံဥပဒေများကို ပြုပြင်နိုင်စွမ်း ရှိရန် အထူးပင် လိုအပ်သည်မှာ မုချ မလွဲပေ။
.
အုပ်ချုပ်ရေးမဏ္ဍိုင် အနေဖြင့်မူ အစိုးရကောင်းဖြစ်ရန် ကြိုး စားရမည့် တာဝန်ရှိမည် ဖြစ်သလို အတိုက်အခံများကလည်း အ တိုက်အခံကောင်းများ ဖြစ်ရန် လိုအပ်ပေသည်။ အစိုးရကောင်း ရှိပြီး အတိုက်အခံကောင်းရှိလျှင် တိုင်းပြည်တိုးတက်မည်၊ အစိုး ရကောင်းပြီး အတိုက်အခံ မကောင်းလျှင် တစ်ဖက်စွန်းရောက် နိုင်သည်၊ အစိုးရ မကောင်းဘဲ အတိုက်အခံကောင်း ပြန်လျှင် တိုင်းပြည် ဆင်းရဲမည်ဖြစ်ကာ အစိုးရများ ပြုတ်ကျနိုင်ပြီး တိုင်း ပြည်အတွင်း နိုင်ငံရေး လှုပ်ရှားမှုများ ပြင်းထန်တတ်သည်၊ အစိုးရလည်း မကောင်း အတိုက်အခံလည်းမကောင်းလျင်မူ တိုင်းပြည်သည် ဆင်းရဲနွံမှ လွတ်မည် မဟုတ်နိုင်ဟု နိုင်ငံရေး သုတေသီများက ယင်းပေတံများဖြင့် တိုင်းတာထားကြသည်။
.
ယင်းတိုင်းတာချက်များအရ မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေဖြစ်သည့် တစ်ဝက်တစ်ပျက်ဒီမိုကရေစီကို အပြည့်အဝ ဒီမိုကရေစီဖြစ်ရန် ပထမဆုံးမှာ အတတ်နိုင်ဆုံး ညီညွတ်ကြ ရန်လိုပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြရန်ကို ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက် များမည်မျှပြည့်ဝ ကြမည်ကို စောင့်ကြည့် ချင်မကြည့်ချင် ကြည့်ကြရမည်ဖြစ်သဖြင့် လတ်တလောတွင်မူ လူသားအချင်းချင်း ထာဝရ ရန်သူဖြစ်စေမည့်နည်းလမ်းများကို ရှောင်ရှားကာ ထာဝရမိတ်ဆွေဖြစ်နိုင်မည့်နည်းလမ်းများအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က ရန်ကုန်မြို့ ကျိက္ကဆံအားကစားကွင်းတွင် ကျင်းပသည့် သွေးချင်းတို့ရဲ့ ပွဲတော်တွင် " ပြည်ထောင်စုမှာ ငြိမ်းချမ်းရေး ရဖို့အတွက် ကျွန်မတို့ ကြိုးစားနေပါတယ်၊ ဒီကြိုးစားမှုကိုလည်း ၀ိုင်းဝန်း ပြီးတော့ ကူညီကြပါ၊ ထောက်ခံကြပါ၊ နှလုံးသားထဲက ထောက် ခံပါ၊ ဉာဏ်ကိုသုံးပြီးတော့ ဘယ်လိုအောင်မြင်အောင် လုပ်မ လဲဆိုတာ စဉ်းစားပေးပါ" ဟု အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်းပါ။
.
မိမိအနေဖြင့်မူ လတ်တလောတွင် အဆိုတော် နီနီခင်ဇော် ၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသီချင်း "ထာဝရ သစ္စာ"သီချင်းကို နှလုံးသားထဲက ထောက်ခံမှုများဖြင့် ညည်း ဆိုရင်း ဖြင့်သာ။ ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)