အာဆီယံ ဒေသတွင်းက အင်အားကြီး ရေတပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 24, 2020

အာဆီယံ ဒေသတွင်းက အင်အားကြီး ရေတပ်


စိုင်းကွမ်းမိုင်း
.
အာဆီယံဒေသတွင်း နိုင်ငံများမှ စင်္ကာပူနိုင်ငံသည် စွမ်း ဆောင်ရည် မြင့်မားသည့် ရေတပ်ကို ပိုင်ဆိုင်ထားသည်ကို တွေ့ရှိရသည်။ စင်္ကာပူရေတပ်သည် ယခု အချိန်ကာလအတွင်း တွင် စစ်လက်နက် ပစ္စည်းသစ်များ တပ်တော်ဝင်မှုနှင့်အတူအား ကောင်းမောင်းသန်ပြီး စွမ်းဆောင်ရည် မြင့်မားသော ရေတပ် ဖြစ်လာသောကြောင့် အာရှဒေသအတွင်းရှိ ခေတ်အမီဆုံးရေ တပ်များအနက် တစ်ခုအပါအဝင် ဖြစ်လာသည်။ ရှုထောင့်ပေါင်း စုံမှ လွှမ်းခြုံ၍ ကြည့်ရှုမည် ဆိုပါက စင်္ကာပူရေတပ်အားဒေသ အတွင်း၌ အင်အားချိန်ခွင်လျှာညီမျှပြီး အားကျဖွယ်ရာကောင်း သော တပ်ဖွဲ့တစ်ခုအဖြစ် သတ်မှတ်ရပေမည်။ လက်ရှိတွင် စင်္ကာပူရေတပ် အနေဖြင့် ထိရောက်စွာ အသုံးပြုနိုင်မည့်ကမ်း ရိုးတန်း ကင်းလှည့်ရေယာဉ် အုပ်တစ်အုပ်၊ အင်အားတောင့် တင်းသော ကမ်းကို ရေယာဉ်အုပ်တစ်အုပ် လေးစားဖွယ်ကောင်း သော အထင်ကြီးရသည့် ကိုယ်ပျောက်ဖရီးဂိတ်စစ် သဘောင်္အုပ် တစ်အုပ်နှင့် အရေအတွက်ပိုင်းဆိုင်ရာနှင့် စွမ်းရည်ပိုင်းတိုး တက်လာသော ရေငုပ်သဘောင်္တပ်ဖွဲ့တစ်ဖွဲ့တို့ကို ပိုင်ဆိုင် ထားပါသည်။
.
ထို့ပြင် စင်္ကာပူရေတပ်တွင် မကြာသေးမီကာလအတွင်း က တပ်တော်ဝင်ခဲ့သည့် အမေရိကန်နိုင်ငံထုတ် Seahawk ပင် လယ်ရေကြောင်း ဘက်စုံသုံး ရဟတ်ယာဉ်အုပ် တစ်အုပ်၊ ပင် လယ်ရေကြောင်း ဘက်စုံသုံး ရဟတ်ယာဉ်အုပ်တစ်အုပ်၊ ပင် လယ်ရေကြောင်း ကင်းလှည့်လေယာဉ်အုပ် တစ်အုပ်နှင့် လေ ကြောင်းချီ ကြိုတင်သတိပေးရေး လေယာဉ်အုပ်တစ်အုပ်တို့ဖြင့် ထပ်မံအားဖြည့်ပေးထားသည်။ (၁၇..၂၀၁၉)ရက်နေ့သည် စင်္ကာပူရေတပ်၏ ၅၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ စင်္ကာပူရေတပ်သည် အတွေ့အကြုံများ ပိုမိုရင့်ကျက်လာမှုနှင့် အစိုးရ၏ ဘဏ္ဍာရေးအရ ခိုင်မာစွာ ထောက်ပံ့ပေးမှုများကြောင့် လေးစားအားကျဖွယ်ရာကောင်းသော ရေတပ်ဖွဲ့တစ်ခုအဖြစ်သို့ ဆက်လက်တက်လှမ်းနေဆဲဖြစ်ကာ ကမ္ဘာတစ်လွှားတွင် ရေး ပါဆုံးရေလမ်းကြောင်းများအနက် တစ်ခုဖြစ်သည့် မလက္ကာ ရေလက်ကြားအပေါ် ထိန်းချုပ်နိုင်သည့် ရေတပ်ဖွဲ့တစ်ခုပင် ဖြစ်သည်။
.
စင်္ကာပူရေတပ်ဖွဲ့၏ ရှေ့ရေးအလားအလာ
စင်္ကာပူနိုင်ငံ၏ ကမ်းဦးရေတိမ်ပိုင်းတွင် ပြုလုပ်နေသည့် စစ်ရေးအတွက် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားသည့် Type 2185G အမျိုးအစား ရေငုပ်သဘောင်္ စီးမှ ပထမဆုံးတစ်စီးကို (၂၅..၂၀၁၉)ရက်နေ့တွင် ဂျာမဏီ၌ ရေချခဲ့ပါသည်။ အလျား မီတာ ၇၀ ရှိပြီး Invincible ဟု အမည်ပေးထားသည့် ယင်းရေ ငုပ်သဘောင်္သည် စင်္ကာပူနိုင်ငံ၏ လိုအပ်ချက်နှင့်အညီ တည် ဆောက်ထားသော ရေငုပ်သဘောင်္တစ်စီးပင် ဖြစ်သည်။ ယင်း ရေငုပ်သဘောင်္များသည် အခြားသော အချက်များအနက်မှ ရေ အောက်တွင် ကြာရှည်စွာ နေထိုင်နိုင်ပြီး ခေတ်မီလက်နက်များ ကို မြောက်များစွာ သယ်ဆောင်နိုင်သည့် စွမ်းရည်များကို ပိုင် ဆိုင်လာမည်ဖြစ်သည်။ ယင်းရေငုပ်သဘောင်္ စီးကို စင်္ကာပူ ရေတပ်မှ လက်ရှိအသုံးပြုနေသည့် Archer နှင့် Challenger အတန်းအစား ရေငုပ်သဘောင်္များနေရာတွင် အစားထိုးအသုံး ပြုသွားမည်ဖြစ်သည်။ Type 2185G ရေငုပ်သဘောင်္များသည် လက်ရှိရေငုပ်သဘောင်္များထက် ရေအောက်တွင် ကြာရှည်စွာ နေနိုင်မှုအပိုင်းတွင် ဆနီးပါး ပိုမိုနေနိုင်မည့်အပြင် ခေတ်မီဆို နာစနစ် Sonar System များကို တပ်ဆင်ထားသဖြင့် ရန်သူ များကို တိတိကျကျဖြင့် လျင်မြန်စွာ ရှာဖွေဖော်ထုတ်နိုင်စွမ်းရှိ သည်။ ပထမဆုံး Invincible ရေငုပ်သဘောင်္အား စင်္ကာပူနိုင်ငံ သို့ ၂၀၂၁ ခုနှစ်တွင် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး လွှဲ ပြောင်းခြင်း မပြုမီ ပင်လယ်ပြင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ် သွားမည်ဖြစ်ပါသည်။ ကျန်ရှိသည့် ရေငုပ်သဘောင်္ စီးကို လည်း Impeccable, Illustrious နှင့် Inimitable ဟူ၍ အမည် ပေးထားပါသည်။
.

.
ထို့ပြင် စင်္ကာပူရေတပ်သည် ပြည်တွင်း၌ပင် ဒီဇိုုင်းရေးဆွဲ ကာ တည်ဆောက်ထားသည့် ကမ်းနီးမစ်ရှင်သဘောင်္ သဘောင်္ သစ် စီးအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရေချခဲ့သည်။ ယင်းသဘောင်္များသည် စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့်မြောက် ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲနှင့် နေ့စဉ်ပင်လယ် ရေကြောင်း လုံခြုံရေးကင်းလှည့်မှုများ အပါအဝင် စစ်ဆင်ရေး တာဝန်များကို ထိထိရောက်ရောက်ဖြင့် လျင်မြန်စွာ ထမ်းဆောင် လျက်ရှိကြသည်။ ယင်းသဘောင်္များကို အာဆီယံနိုင်ငံစုံ ရေ တပ် စစ်ရေးလေ့ကျင့်ခန်းနှင့် စင်္ကာပူ-အိန္ဒိယ နိုင်ငံ ရေတပ် စစ်ရေးလေ့ကျင့်ခန်းကဲ့သို့ လေ့ကျင့်ခန်းများ၌လည်းထည့်သွင်း စေသည်။ ယင်းသဘောင်္များကို ဆယ်စုနှစ် ခုကျော်ကြာ သုံးပြုခဲ့သော Fearless အတန်းအစား ကင်းလှည့်ရေယာဉ်အုပ် နေရာတွင် အစားထိုး အသုံးပြုလျက်ရှိသည်။ ယင်းသဘောင်္များ တွင် ပင်လယ်ရေကြောင်း မစ်ရှင်အမြောက်အများကို ပြီးမြောက် ရန် ဆောင်ရွက်နိုင်ပြီး စင်္ကာပူရေတပ်၌  တပ်တော်ဝင်ချိန်မှစ၍ ချီးကျူးဂုဏ်ယူဖွယ်ရာ ကောင်းသော အခြေအနေထိ တာဝန် များကို ထမ်းဆောင်ခဲ့ကြသည်။ အသစ်ထပ်မံ ရေချခဲ့သည့် ကမ်းနီးမစ်ရှင် သဘောင်္ စီးသည် ၂၀၂၀ ပြည့်နှစ်တွင် တပ် တော်ဝင်သွားမည်ဖြစ်သည်။ ဆယ်စုနှစ် ခုကျော်ကြာကာလ ထိ စင်္ကာပူရေတပ်၏ တိုက်ခိုက်ရေးစွမ်းရည်ပိုင်းသည် အဓိက ကျောရိုးသဖွယ် ဖြစ်ခဲ့သည်။ Victory အတန်းအစား ဒုံးကျည် တင် ကော်ဗက်စစ်ရေယာဉ်များကို ၂၀၂၅ ခုနှစ်တွင် အနားပေး သွားမည်ဖြစ်သည်။
.

အဆိုပါ သက်တမ်းရင့် ကော်ဗက်စစ်ရေယာဉ်နေရာများ တွင် ဘက်စုံသုံး တိုက်ခိုက်ရေးသဘောင်္သစ်များနှင့် အစားထိုး သွားမည်ဖြစ်သည်။ ယင်း သဘောင်္သစ်များသည် ခေတ်မီစွမ်း ရည်ရှိသည့်အပြင် လုပ်ငန်းဆောင်ရွက်ချက် အချို့ကို အလိုအ လျောက် လုပ်ဆောင်မည့် နည်းပညာများကို အသုံးပြုထားပေ သည်။ ဆိုလိုသည်ကား ယင်းသဘောင်္သစ်များသည် လူအင် အား အနည်းငယ်ကိုသာ အသုံးပြုရခြင်းဖြစ်ပြီး အသေးစား ရီးဂိတ်စစ်သဘောင်္များနှင့် နှိုင်းယှဉ်ပါက စစ်ဆင်ရေးကုန်ကျစ ရိတ်သည် ၁၀ ရာခိုင်နှုန်းထိ သက်သာစေသည်ကို တွေ့ရှိရ သည်။ ထို့ပြင် ယင်းသဘောင်္များတွင် ခြိမ်းခြောက်မှုများကို တုံ့ ပြန်နိုင်စေရန် ကင်မရာနှင့် လက်နက်စနစ်များ တပ်ဆင်ထား သည့် မောင်းသူမဲ့ လေယာဉ် စီးနှင့် မောင်းသူမဲ့ ရေယာဉ်ငယ် စီးပါရှိပြီး ၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် တပ်တော်ဝင်သွား မည်ဖြစ်သည်။ ယင်းသဘောင်္များသည် တိုက်ခိုက်မှုဆိုင်ရာ ရေးသာမှုနှင့် စောင့်ကြည့်ထောက်လှမ်းမှု စွမ်းရည်များကို ပိုင် ဆိုင်ထားသည့်အပြင် စစ်ဆင်ရေးစွမ်းရည်များအတွက် ရည် ရွယ်တည်ဆောက်ထားသော ဒုံးကျည်တင် ကော်ဗက်စစ်ရေ ယာဉ်များထက် စစ်ဆင်နိုင်မှု အကွာအဝေးအား ပိုမိုမြင့်မားမည် ဖြစ်သည်။ ယင်းသဘောင်္များသည် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့များနှင့် ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး ပစ္စည်း များကို တင်ဆောင်နိုင်သောကြောင့် အကြမ်းဖက်ဝါဒတိုက်ဖျက် ရေးအပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေး ရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး (HADR) မစ် ရှင်များကို ဆောင်ရွက်နိုင်စွမ်း ရှိပါသည်။
.
ထို့အပြင် စင်္ကာပူရေတပ်သည် HADR စွမ်းရည်များကို မြင့်မားစေရန် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်တွင် စင်္ကာပူရေတပ်အနေဖြင့် ၂၀၀၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ အာ ချေးဆူနာမီ အပါအဝင် လူသားချင်းစာနာ ထောက်ထားမှု ကူအညီပေးရေး လုပ်ငန်းများ၌ တပ်ဖြန့်ချထားသော ကမ်းထိုး ရေယာဉ်များကို HADR မစ်ရှင်များ တာဝန်ထမ်းဆောင်ရာတွင် အသုံးပြုလျက်ရှိသည်။ စင်္ကာပူရေတပ်အနေဖြင့် ကုန်ပစ္စည်း ပမာဏ ဆထိ သယ်ဆောင်နိုင်ပြီး ၎င်းကုန်ပစ္စည်းများအား ပိုမိုကောင်းမွန်စွာ ဖြန့်ဝေပေးနိုင်သော ပိုမိုကြီးမားသည့် ပူးတွဲ ဘက်စုံသုံး သဘောင်္များဖြင့် အစားထိုး အသုံးပြုသွားမည်ဖြစ် သည်။ ယင်း ပူးတွဲဘက်စုံသုံး သဘောင်္များကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် စတင်မိတ်ဆက်သွားမည် ဖြစ်သည်။ စင်္ကာပူနိုင်ငံအနေဖြင့် ကမ်းထိုးရေယာဉ်များကို ဧဒင်ပင်လယ် ကွေ့တွင် ဆောင်ရွက်နေသော နိုင်ငံတကာ ပင်လယ်ဓားပြ တိုက်ဖျက်ရေး ကင်းလှည့်မှုများအတွက် ပုံမှန်တပ်ဖြန့်ချထား လျက်ရှိသဖြင့် စင်္ကာပူရေတပ်သည် ပင်လယ်ဓားပြတိုက်ဖျက် ရေး စစ်ဆင်ရေးများအတွင်း အရေးပါသော ယင်းရေယာဉ်များ နေရာလွတ်နှင့် အသုံးပြုနိုင်မှုတို့ကို တိုးမြှင့်ရန် ဆောင်ရွက် လျက်ရှိသည်။ ပူးတွဲဘက်စုံသုံး သဘောင်္များသည် ပင်လယ် ဓားပြများကို တွန်းလှန်ပြီး ကုန်တင်သဘောင်္များ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်စေရန် ဆောင်ရွက်နိုင်ရေးအတွက် သဘောင်္ပေါ်၌ စီးနင်းလိုက်ပါလာသည့် အဖွဲ့များကို သယ်ယူ ပို့ဆောင်ရန် ပိုမိုကြီးမားသော ရေယာဉ်များကို သယ်ဆောင် နိုင်စွမ်းရှိမည် ဖြစ်သည်။ ပူးတွဲဘက်စုံသုံး သဘောင်္များသည် ရေယာဉ်များကိုသာမက ပင်လယ်ဓားပြများကိုလည်း စောင့် ကြည့်ထောက်လှမ်းပြီး ချေမှုန်းတိုက်ခိုက်မည့် မောင်းသူမဲ့လေ ယာဉ်များနှင့် မောင်းသူမဲ့ ရေယာဉ်များကိုပါ သယ်ဆောင်နိုင် စွမ်းရှိမည် ဖြစ်သည်။ ကမ်းထိုးရေယာဉ်များသည် ရဟတ်ယာဉ် စီးသာ သယ်ဆောင်နိုင်သော်လည်း ပူူးတွဲဘက်စုံသုံးသဘောင်္ များသည်ကား ရှည်လျားသော သဘောင်္ကုန်းပတ်ပါရှိသည့်အ တွက် ရဟတ်ယာဉ်အစီးများစွာကို သယ်ဆောင်ပေးနိုင်စွမ်းရှိ သည်။
.
ရေတပ်လေ့ကျင့်ရေး အဆောက်အဦသစ်
စင်္ကာပူရေတပ်သည် Tues ရေတပ်အခြေစိုက် စခန်းတွင် ရေတပ်လေ့ကျင့်ရေး အဆောက်အဦသစ် တစ်ခုကို ၂၀၁၈ ခု နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ယင်းအ ဆောက်အဦသည် စင်္ကာပူနိုင်ငံ၏ နောက်ဆုံးပေါ် ပြည်တွင်း ထုတ်အဆင့်မြင့် နည်းပညာသုံး စစ်သဘောင်္များကို ကိုင်တွယ် အသုံးပြုတတ်စေရေး လေ့ကျင့်မည့် တပ်ဖွဲ့ဝင်များအတွက် လေ့ကျင့်ချိန် ၆၀ ရာခိုင်နှုန်းထိ လျှော့ချစေမည်ဖြစ်သည်။ ဆိုပါ RCSS Daring ကမ်းနီးမစ်ရှင် သဘောင်္သဏ္ဍာန်တူ လေ့ ကျင့်ရေးစင်တာသည် လေ့ကျင့်မှု ပိုမိုထိရောက်ကာ အကျိုးဖြစ် ထွန်းမှု ရှိစေရန် ဉာဏ်ရည်တုနှင့် စင်စစ်နီးပါး တူညီမှုကဲ့သို့ သော နည်းပညာများကို အသုံးပြုထားသည်။ ယင်းသဏ္ဍာန်တူ လေ့ကျင့်ရေးစင်တာကို စင်္ကာပူရေတပ်နှင့် ကာကွယ်ရေးသိပ္ပံ နှင့် နည်းပညာ အေဂျင်စီတို့မှ ပူးတွဲကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းစင်တာတွင် လက်တွေ့ပိုမိုကျသည့် လေ့ကျင့် မှုများ ပြုလုပ်ရန် ကမ်းနီးမစ်ရှင် သဘောင်္စုပေါင်းကွပ်ကဲမှု ဌာန ချုပ်၏ သဘောင်္ပတ်ဝန်းကျင် ၃၆၀ ဒီဂရီ မြင်ကွင်းအား ပုံတူပွား ထားသော ၃၀ မီတာပတ်လည် သဏ္ဍာန်တူ လေ့ကျင့်ရေး ခန်းတစ်ခန်းစီ၌ ရုပ်ထွက်ကြည်လင် ပြတ်သားသော ပရိုဂျက် တာ ၁၅ လုံးစီ ထားရှိခြင်းဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။ ဒသ မီတာရှည်လျားသော ဖန်သားပြင်သည် ၃၆၀ ဒီဂရီမြင် ကွင်းကို ဖော်ပြခြင်းဖြင့် ကမ်းနီးမစ်ရှင် သဘောင်္၏ စုပေါင်းကွပ် ကဲမှုဌာနချုပ်သဏ္ဍာန်တူ ပုံစံအား လွှမ်းခြုံပြသထားပေးသည်။ ယင်း သဏ္ဍာန်တူလေ့ကျင့်ရေးစင်တာသည် သဘောင်္များ ကျောက်ချရပ်နားခြင်း၊ ရေကြောင်းခရီး သွားလာခြင်းနှင့် စောင့် ကြည့်ထောက်လှမ်းမှု ပြုလုပ်ခြင်း၊ လက်နက်ပစ်ခတ်မှုများ ပြု လုပ်ခြင်းကဲ့သို့ နယ်ပယ်များတွင် လေ့ကျင့်မှုကို အထောက်အ ကူဖြစ်စေရန် ရေပိုင်နက်အတွင်း၌ ဆိုးရွားသည့် ရာသီဥတု အခြေအနေများ၊ စနစ်ချို့ယွင်းချက်များနှင့် ရေလမ်းကြောင်း သိပ်သည်းမှုနှင့် ရန်သူ့သဘောင်္များ တည်ရှိနေမှု အပါအဝင် သဏ္ဍာန်တူ ဖော်ပြမှုများကို လုပ်ဆောင်ပေးနိုင်သည်။ ပုံရိပ်များ ကို တိကျမှန်ကန်စွာ ဖော်ဆောင်နိုင်မှုနှင့် အတူလေ့ကျင့်မှုများ ကို ခက်ခဲကြမ်းတမ်းသည့် အခြေအနေများ၌ ဘေးအန္တရာယ် ကင်းရှင်းစွာ ထိန်းချုပ်ဆောင်ရွက်နိုင်သောကြောင့် သင်တန်း သားများအတွက် ပိုမိုမြင့်မားသော စွမ်းရည်များ ပိုင်ဆိုင်နိုင်စေ ရန် ယင်းတို့၏ ကျွမ်းကျင်မှု အရည်အသွေးများကို ထက်မြတ် ထူးချွန်လာရန် အာရုံစိုက် ဆောင်ရွက်နိုင်ပြီး ထိရောက်သော လေ့ကျင့်မှုများကို ရရှိစေနိုင်ကြောင်း ၎င်းစင်တာအကြီးအကဲမှ ပြောကြားခဲ့သည်။ ထို့ပြင် ယင်းစင်တာ၌ ကမ်းနီးမစ်ရှင်သဘောင်္ ပေါ်တွင် ရေကြောင်းပြတပ်ဖွဲ့၊ တိုက်ခိုက်ရေးတပ်ဖွဲ့နှင့် အင် ဂျင်နီယာတပ်ဖွဲ့ကဲ့သို့ တူညီမှုမရှိသော အဖွဲ့များအကြား ပူး ပေါင်းလေ့ကျင့်မှုများစွာကို ပြုလုပ်နိုင်ပေသည်။
စင်္ကာပူရေတပ်သည် Tues ရေတပ်အခြေစိုက် စခန်းတွင် ရေတပ်လေ့ကျင့်ရေး အဆောက်အဦသစ် တစ်ခုကို ၂၀၁၈ ခု နှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ယင်းအ ဆောက်အဦသည် စင်္ကာပူနိုင်ငံ၏ နောက်ဆုံးပေါ် ပြည်တွင်း ထုတ်အဆင့်မြင့် နည်းပညာသုံး စစ်သဘောင်္များကို ကိုင်တွယ် အသုံးပြုတတ်စေရေး လေ့ကျင့်မည့် တပ်ဖွဲ့ဝင်များအတွက် လေ့ကျင့်ချိန် ၆၀ ရာခိုင်နှုန်းထိ လျှော့ချစေမည်ဖြစ်သည်။
.
ချုပ်၍ဆိုရလျှင် စင်္ကာပူရေတပ်အနေဖြင့် နိုင်ငံ၏ တည် ငြိမ်အေးချမ်းမှု၊ ချမ်းသာကြွယ်ဝမှုတို့အတွက် လွန်မင်းစွာ ရေးပါသော ပင်လယ်ဆက်သွယ်ရေးလမ်းကြောင်းများကို ကာ ကွယ်ရာတွင် အားကောင်းမောင်းသန်ပြီး စွမ်းဆောင်ရည်မြင့် မားသည့် ရေတပ်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ စင်္ကာပူရေတပ်သည် အာဆီယံဒေသတွင်း၌ ခေတ်အမီဆုံးနှင့် စစ်လက်နက် တပ်ဆင်မှု အများဆုံးရေတပ်အဖြစ် သတ်မှတ် ခြင်း ခံထားရပြီး စစ်ဆင်ရေးစွမ်းရည်များ မြင့်မားလာစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ စင်္ကာပူရေတပ်သည် နာဂတ် အစီအစဉ်များအရ နိုင်ငံ၏ တိုက်ရိုက်အကျိုးစီးပွားရှိ သည့် ရေပိုင်နက်များအား လွှမ်းမိုးချုပ်ကိုင်နိုင်မည့်အပြင် ပတ် ဝန်းကျင်ရေပိုင်နက်များတွင် အာဏာဖြန့်ကျက်နိုင်မည့် စွမ်း ရည်များကို ပိုင်ဆိုင်လာမည် ဖြစ်သည်။ အနာဂတ်အား လှမ်း မျှော်ကြည့်မည်ဆိုပါက စင်္ကာပူရေတပ်သည် ဘက်စုံသုံးတိုက် ခိုက်ရေး ရေယာဉ်များ၊ Invincible အတန်းအစား ရေငုပ် သဘောင်္များ၊ မောင်းသူမဲ့ ရေယာဉ်သစ်များနှင့် လက်ရှိအသုံး ပြုလျက်ရှိနေသည့် ဖရီးဂိတ်စစ် သဘောင်္များ၊ ကမ်းနီးမစ်ရှင် သဘောင်္များနှင့် ပူးပေါင်းမည့် ပူးတွဲဘက်စုံသုံး သဘောင်္များ များစွာပိုင်ဆိုင်လာမည် ဖြစ်ကြောင်းနှင့် ရေတပ်သဏ္ဍာန်တူ လေ့ကျင့်ရေးစင်တာမှ တစ်ဆင့် ကျွမ်းကျင်မှု ပြည့်ဝသော ရေ တပ်ဖွဲ့ဝင်များ များစွာပေါ်ပေါက်လာမည် ဖြစ်ကြောင်း။             

No comments:

Post a Comment

Journal Download

Photo of three cats

About