တန်ဖိုးကြီးမားလာမည့် အာကာသ စီးပွားရေး လုပ်ငန်းများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 10, 2020

တန်ဖိုးကြီးမားလာမည့် အာကာသ စီးပွားရေး လုပ်ငန်းများ


စိုင်းကွမ်းမိုင်း
.
တင်းမ်ဖန်းဟော့ဇ်၏ ဇန်နဝါရီလ ၁၄ ရက်နေ့ အင်တာနက် ဆောင်းပါးတွင် ၂၀၂၀ ပြည့်နှစ်သည် အာကာသအခြေပြု စီး ပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မည့် နှစ်ဖြစ်လာမည်ဟု သုံးသပ်တင်ပြထားသည်။
.
၁၉၈၄ ခုနှစ် ကတည်းကပင် အမေရိကန်လွှတ်တော်အ မတ်ရောဘတ်ဝေါက်ကာက AP သတင်းဌာနသို့ ပြောစကားတွင် ကမ္ဘာဂြိုလ်ကို ပတ်လမ်းအနိမ့်ဖြင့် လည်ပတ်နေသည့် ဂြိုလ်တု များ အခြေပြုသည့် စီးပွားရေးလုပ်ငန်းများသည် တန်ဖိုးအားဖြင့် ဒေါ်လာ တစ်ထရလီယံ၏ ထက်ဝက်မျှအထိ ၂၁ ရာစုအစ၌ မြင့် တက်လာမည်ဟု ကြိုတင်ခန့်မှန်းခဲ့သည့် ယနေ့ အချိန်အခါတွင် မစ္စတာဝေါက်ကာ၏ ခန့်မှန်းချက် တစ်ဝက်ထိ မှန်ကန်လာသည် ဟု ဆိုနိုင်သည်။ ယနေ့တွင် အာကာသ အခြေပြု၍ စီးပွားရှာ သည့် လုပ်ငန်းများသည် ဒုံးပျံများ ဂြိုလ်တုများ တည်ဆောက် ခြင်း၊ အသုံးပြုခြင်းနှင့် ဂြိုလ်တုများကို အသုံးပြုပြီး ကမ္ဘာဂြိုလ် ပေါ်ရှိ ဝန်ဆောင်မှုများကို ဖန်တီးခြင်းတို့ကြောင့် ရရှိလာသည့် ငွေကြေးပမာဏ အထွက်အကောင်းဆုံး ခန့်မှန်းချက်သည် ဒေါ် လာ ၄၀၀ ဘီလီယံထိ ရှိနေသည်။ ထရမ့်အစိုးရအဖွဲ့၏ အမျိုး သားလေကြောင်းနှင့် အာကာသထိန်းချုပ်ရေး (NASA)အဖွဲ့ အား ပြုပြင်ပြောင်းလဲမည့် အဖွဲ့တွင် မစ္စတာဝေါက်ကာက လွှတ်တော်အမတ်များ သဘောထား ပြောင်းလဲရန် စည်းရုံးသူ (Lobbyist)အဖြစ် ပါဝင်နေသည်။ ထိုအဖွဲ့မှ ဆွေးနွေးနေသည့် အာကာသစခန်းသည် ၂၀၀၀ ပြည့်နှစ် မတိုင်မီအထိ လည်ပတ် နိုင်ခြင်း မရှိသေးပေ။
.
အာကာသ အခြေပြုစီးပွားရေး (Space Economy)သည် ၂၁ ရာစု အစောပိုင်းတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ခဲ့ရ သည်။ နည်းပညာအခြေပြု စီးပွားရေး လုပ်ငန်း၏ ဆပ်ပြာပူ ဖောင်းများသဖွယ် ဖြစ်လွယ်ပျက်လွယ်မှု အင်တာနက်ဝန် ဆောင်မှုပေးမည့် လကမ္ဘာဆိုင်ရာ အထူးလုပ်ငန်းများသည် စကော့ရှယ်ယာ စျေးကွက်များနှင့်အတူ မှေးမှိန်ပျောက်ကွယ်ခဲ့ရ သည်။ သို့သော်လည်း အပြောင်းအလဲများစွာ ဖြစ်ပြီးနောက် ဒေါ်လာ တစ်ထရီလီယံ (သန်းပေါင်း တစ်သန်း) တန်ဖိုးရှိ အာ ကာသ စီးပွားရေး လုပ်ငန်းသည် အိပ်မက်မှ စတင်အကောင် အထည်ပေါ်လာခဲ့ပေသည်။ အစိုးရအရာရှိများ၊ အာကာသလုပ် ငန်း စွန့်ဦး တီထွင်လုပ်ငန်းရှင်များ၊ မော်ကွန်းမဂ္ဂဇင်း၏ အမေရိ ကန် ထိပ်တန်းလုပ်ငန်းရှင် ၅၀၀ စာရင်း (fortune 500)ဝင် ကုမ္ပဏီများမှ အမှုဆောင်အရာရှိများ၊ World Trade ရင်းနှီးမြှုပ် နှံရေးဘဏ်များတွင် အာကာသစီးပွားရေး ဆွေးနွေးသံများကို တစ်စထက်တစ်စ ကြားသိလာကြရသည်။ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ ရှေ့လာမည့် ဆယ်စုနှစ် ၃ ခုအတွင်းတွင် အာ ကာသတွင်း စီးပွားရေးလုပ်ငန်းများသည် ဒေါ်လာ ထရလီယံများ စွာ တန်ဖိုးရှိသော စျေးကွက်ဖြစ်လာနိုင်ခြေရှိနေသည်ဟု ခန့် မှန်းထားကြသည်။ အမေရိကန် စီးပွားရေးဆန်းစစ်လေ့လာ သည့် ဗျူရိုမှလည်း အာကာသစီးပွားရေး လုပ်ငန်းတစ်ခုကို စ တင်ခဲ့သည်။
.
အာကာသစီးပွားရေး လုပ်ငန်းကို အကောင်းမြင်ပြီး တွန်း အားပေးနေသည့် ပုံစံသည် နည်းပညာ အခြေပြုစီးပွားရေးလုပ် ငန်းများ စတင်စဉ်က တွန်းအားပေးသည့် ပုံစံများနှင့် များစွာ ဆင်တူနေသည်။ ထရန်စစ္စတာများ၏ ပါဝါ မြှင့်ပြီးအရွယ်သေး ပြုလုပ်ခြင်း၊ ဘက်ထရီနှင့် နေစွမ်းအင် ထုတ်လုပ်သည့် Solar ပြားများကို စမတ်ဖုန်းများ၊ ကြီးကျယ်စွာ ထုတ်လုပ်မှု၏ တစ် စိတ်တစ်ဒေသအဖြစ် ထုတ်လုပ်နေကြခြင်း၊ ဆက်သွယ်ပြော ဆိုမှုများ ရုပ်/သံ နှင့် ရေဒီယို သတင်းထုတ်လွှင့်မှုများ၊ ကုန် သွယ်ရောင်းဝယ်မှုများ အပါအဝင် အစစအရာရာတို့ကို အင် တာနက်ဖြင့် ချိတ်ဆက်အသုံးပြုလာခြင်းတို့အပြင် ပထဝီနိုင်ငံ ရေး တင်းမာမှုများကြောင့် ကာကွယ်ရေးအတွက် အစိုးရအဖွဲ့ အသီးသီးသည် အာကာသ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျခံ သုံးစွဲမှုတိုးမြင့်ရုံမျှမက ပုဂ္ဂလိက ကုမ္ပဏီများ ငှားရမ်း သုံးစွဲမှုပါ တိုးမြင့်လာခဲ့သည်။
.
ကြီးမားသည့် ဂြိုလ်တုများအား လွှင့်တင်ခြင်း
ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အာကာသတွင်း၌ ကြီး မားသည့် ဂြိုလ်တုများစွာ လွှင့်တင်အသုံးပြုကြဖွယ် ရှိလာသည်။ ဇန်နဝါရီလအတွင်းတွင် Space Acid Co မှ ပုဂ္ဂလိကပိုင် အင် တာနက် ဂြိုလ်တုပေါင်းများစွာ တင်ဆောင်ထားသည့် ပဥ္စမ မြောက် ဒုံးပျံတစ်စီးအား လွှင့်တင်ရန် ရှိသည်။ Space Acid Co: ပိုင် ဂြိုလ်တု အရေအတွက် စုစုပေါင်း ၃၀၀ ထိ ဖြစ်ရန် ထို လွှင့်တင်မှုမှ အားဖြည့်ပေးမည် ဖြစ်သည်။ ကမ္ဘာဂြိုလ်ပေါ်မှ သုံးစွဲသူ ဖောက်သည်များအတွက် Broadband Internet ဝန် ဆောင်မှုပေးရန် ဂြိုလ်တု ၄၈၀ ထိ လွှင့်တင်ရန် လိုအပ်သည်ဟု သုံးစွဲသူများအတွက် ကုန်ပစ္စည်း ထုတ်လုပ်မှုနှင့် အာကာသအ တွင်း ဆက်သွယ်ရေး ကုမ္ပဏီများနှင့် မိတ်ဖက်ဖွဲ့ဆောင်ရွက်မှု အပေါ် မူတည်သဖြင့် ဂြိုလ်တုများ မည်ကဲ့သို့ လွှင့်တင်မည်ဆို သည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ အခြား ကုမ္ပဏီများ ဖြစ် ကြသည်။ One Weg, Telesat နှင့် Amazon တို့မှလည်း အင် တာနက် ချိတ်ဆက်မှု ပြုလုပ်နိုင်သည့် ဂြိုလ်တုထောင်ချီပါဝင် သော ကွန်ရက်များအတွက် ဒေါ်လာ ဘီလီယံချီကာ ရင်းနှီးမြှုပ် နှံလျက်ရှိနေကြပြီ ဖြစ်သည်။ Apple Co: ကလည်း အာကာသ တွင်း ချိတ်ဆက်မှု စီးပွားရေး အိပ်မက်၌ ပါဝင်လာနိုင်ရန် ရည် ရွယ်ချက် ကြီးမားလျက်ရှိလာသည်ဟူ၍လည်း သတင်းများ ထွက်ပေါ်လာသည်။
.
အာကာသတွင်းတွင် အင်တာနက်အတွက် ဂြိုလ်တုအ မြောက်အများ ထားရှိရန် ရင်းနှီးမြှုပ်နှံမှုမျိုးကို ဘီလ်ဂိတ်က Teledesic စီမံချက်အဖြစ် ၁၉၉၀ ပြည့်လွန်နှစ်များက ကြိုးပမ်း ခဲ့ဖူးသော်လည်း အောင်မြင်မှု မရခဲ့ချေ။ ယနေ့အချိန် အခြေအ နေတွင် ဘီလ်ဂိတ် ကြိုးပမ်းစဉ်က အခြေအနေထက် ကုန်ကျစ ရိတ်များစွာ သက်သာသည့်အပြင် အင်တာနက် ချိတ်ဆက် သည့် အခွင့်အလမ်းရှိနေခြင်းသည် အသစ်အဆန်း မဟုတ်တော့ သော်လည်း သုံးစွဲသူများစွာက အင်တာနက်ချိတ်ဆက်အား လောဘတကြီး ရယူပိုင်ဆို်င်လိုနေကြပြီး စီးပွားရေးအတွက် လည်း အချက်အချာ ကျလာသဖြင့် အာကာသစီးပွားရေးကို ဖွံ့ဖြိုးစေနိုင်သည်။ အာကာသတွင်းတွင် လက်ရှိ အလုပ်လုပ်နေ သည့် ဂြိုလ်တုအရေအတွက် ၂၃၈ ရှိနေပြီး ထပ်မံ၍ အဆပေါင်း များစွာ တိုးလာမည့် အစီအစဉ်များကြောင့် ကောင်းကျိုးများသ ကဲ့သို့ ကုန်ကျစရိတ်နှင့် ဆိုးကျိုးများလည်း ရှိနေနိုင်သည်။ နက္ခတ်တာရာ ပညာရှင်များ၏ လေ့လာမှုတွင် အနှောင့်အယှက် ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသကဲ့သို့ အာကာသတွင်း ပတ် လမ်းအသီးသီးဖြင့် လည်ပတ်နေသည့် များစွာသော ဂြိုလ်တု များအတွက် လမ်းကြောင်းမလွတ်ဘဲ တိုက်မိကာပျက်စီး၍ အာ ကာသတွင်း အပျက်အစီး အပိုင်းအစများ ဖြစ်ပွားမှု မရှိစေရန် ရှောင်လွဲနိုင်မည့် စီမံခန့်ခွဲမှုအပေါ် မကျေမနပ် ပြောဆိုစွပ်စွဲမှု များ ရှိနေသည်။ ပတ်လမ်းနိမ့်တွင် လည်ပတ်မည့် ဂြိုလ်တုများ ၏ လမ်းကြောင်းရှင်းလင်းကာ ထိရောက်မှု ရှိစေမည့် ရင်းနှီးမြှုပ် နှံမှုများ တိုးမြှင့်လာနိုင်ဖွယ် ရှိနေသည်။
.


.
အသေးစား ဂြိုလ်တုငယ်များ လွှင့်တင်ခြင်း
ကြီးကျယ်ခန်းနားသည့် အာကာသ စီးပွားရေးအိပ်မက်အား သေးငယ်သည့် အာကာသဂြိုလ်တုငယ်များဖြင့် အကောင်အ ထည်ဖော်မည့် ကုမ္ပဏီများစွာ ပေါ်ထွက်လာသည်။ ထိုကုမ္ပဏီ များက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်၍ ဂြိုလ်တုအသေးများစွာကို ၂၀၂၀ ပြည့်နှစ်အတွင်း လွှင့်တင်ကြမည် ဖြစ်သည်။ ကုမ္ပဏီအ သီးသီး၏ စီးပွားရေးလုပ်သည့် ပုံစံကွဲပြားသော်လည်း အာကာ သယာဉ်များ တည်ဆောက်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း အတွက် ကုန်ကျစရိတ်လျော့ကျခြင်းအပေါ် ကုမ္ပဏီအားလုံးမှ မှီတည်နေကြသည်။ ထိုလုပ်ငန်းနှင့် ကိုက်ညီမည့် ဂြိုလ်တုလွှတ် တင်သည့် ဒုံးပျံထုတ်လုပ်သည့် ကုမ္ပဏီဦးရေလည်း တစ်စထက် တစ်စ တိုးပွားလာသည်။ ဒုံးပျံစမ်းသပ်ထုတ်လုပ်မှုသည် အောင် မြင်မှု အများဆုံး ရရှိသည့် လုပ်ငန်းဖြစ်လာပြီး အချို့ကုမ္ပဏီ များသည် ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံး ထုတ်လုပ်သည့် ဒုံး ပျံအသုံးပြုကာ အချို့ကား ၂၀၂၁ ခုနှစ် ရောက်မှပင် စတင်မည် ဟု သိရှိရသည်။
.

စီးပွားဖြစ်အာကာသ ခရီးစဉ်ဆိုင်ရာ နည်းလမ်းသစ်များ
အာကာသယာဉ်မှူးများကို အာကာသတွင်းသို့ ပုဂ္ဂလိက ပိုင် အာကာသယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေးကို စီးပွားဖြစ် လုပ်ရန် ကြိုးပမ်းမှုသည် ၂၀၁၉ ခုနှစ်အတွင်း ရှေ့တစ်လှမ်းတိုး တိုင်း နောက်တစ်လှမ်း ဆုတ်နေရသကဲ့သို့ တိုးတက်မှုကား နှောင့်နှေးနေခဲ့သည်။ NASA အဖွဲ့က အိုးအင်အပါအဝင် Space Aid ပုဂ္ဂလိက ကုမ္ပဏီ ၂ ခုနှင့် ပူးတွဲဆောင်ရွက်လျက်ရှိရာတွင် နောက်ဆုံးအဆင့် ရောက်ပြီဟု ကုမ္ပဏီ ၂ ခုစလုံးမှ ဆိုသည်။ ၂၀၂၀ ပြည့်နှစ်အတွင်းတွင် နိုင်ငံတကာ အာကာသစခန်း (LS ISS) သို့ အာကာသယာဉ်မှူးများ ပုံမှန်ပို့ဆောင်သည့် ပုဂ္ဂလိက ဝန်ဆောင်မှု စတင်နိုင်မည်ဟု မျှော်လင့်ကြသည်။ ISS တွင် NASA ၏ သုတေသန တိုးမြှင့်လုပ်ဆောင်နေခြင်းကလည်း အာ ကာသစီးပွားရေးအတွက် အကျိုးများစွာ ဖြစ်မည့် လက္ခဏာဟု ယူဆရသည်။ ချမ်းသာသည့် ခရီးသွား ဧည့်သည်များနှင့် သု တေသီများကို အာကာသဆီသို့ အခကြေးငွေ ယူပို့ဆောင်မည့် လုပ်ငန်းအတွက် ကုမ္ပဏီများအား လုပ်ပိုင်ခွင့် ပေးထားပြီးဖြစ် သည်။ အောင်မြင်သည့် အခြေအနေကား သေချာမှု မရှိသေး သော်လည်း အနိမ့်ပိုင်း ပတ်လမ်းဖြင့် အာကာသတွင်း ခရီးသွား လုပ်ငန်းဖြင့် အခွင့်အလမ်းကောင်း အသစ်များနှင့် ဝင်ငွေအ သစ်များ ရရှိရန် သေချာလျက်ရှိသည်။
.
၂၀၂၀ ပြည့်နှစ်အတွင်း အာကာသခရီးသွားလုပ်ငန်းများ သည် ဒေါ်လာ ၂၅၀၀၀၀ ဖြင့် ခရီးပို့ဆောင်ပေးနိုင်မည်ဟု ကုမ္ပဏီ တစ်ခုမှ ပြောဆိုနေသည်။ Amazon Co: ထူတောင်သူ ဂျက်မ်ဘီဇော့ Jeffbizauf ကလည်း အာကာသတွင်းသို့ ဒုံးပျံ စီးသွားမည့် ခရီးစဉ်အား ၂၀၂၀ ပြည့်နှစ်အတွင်း သရုပ်ပြနိုင်  ဖွယ် ရှိနေသည်။
.
အစိုးရနှင့် ပုဂ္ဂလိကဖက်စပ်လုပ်ငန်းနှင့် အာကာသတပ်ဖွဲ့
NASA ၏ အကြီးမားဆုံး စီမံချက်ဖြစ်သည့် လကမ္ဘာသို့ ထပ်မံ၍ သွားရောက်လေ့လာမည့် လုပ်ငန်းသည် ၂၀၁၉ ခုနှစ် အတွင်း အခက်အခဲများစွာ ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် NASA ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် ဖက် စပ်လုပ်၍ လကမ္ဘာ စီမံချက် အကောင်အထည်ဖော်မည် ဖြစ်သ ဖြင့် အာကာသ စီးပွားရေးအား တိုးတက်စေမည်ဟု ယုံကြည် နေကြသည်။ အမေရိကန် စစ်တပ်က အာကာသလွင်ပြင်အား စစ်တိုက်ခိုက်မည့် နယ်မြေသစ်အဖြစ် သတ်မှတ်ပြီး အာကာသ တပ်ဖွဲ့ကို စစ်တပ်၏ တပ်ဖွဲ့ခွဲ အသစ်တစ်ခုအဖြစ် ၂၀၁၉ ခုနှစ် အတွင်း၌ စတင်ဖွဲ့စည်းခဲ့သည်။ အာကာသတပ်ဖွဲ့က အုပ်ချုပ် ရေးနှင့် နိုင်ငံရေးအရ ဖွဲ့စည်းရာတွင် အာကာသတိုက်ခိုက်ရေး သမားများအတွက် စခန်းများ၊ ရန်သူ့ဒုံးကျည်ခြေရာခံမည့် အာ ရုံခံ ကိရိယာများ၊ ခုခံကာကွယ်နိုင်သည့်ပြင် ထိုးစစ်ဆင်မည့် အာကာသယာဉ်များ တည်ဆောက်ရေး လုပ်ငန်းအတွက် ပုဂ္ဂ လိကကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုများ စတင်ခဲ့သကဲ့သို့ ရေဒါ ကွန်ရက်မှ အစ အဆင့်မြင့်နည်းပညာသုံး ပစ္စည်းများ အဆုံး တည်ဆောက်ရေး အမျိုးမျိုးအတွက် ဒါဇင်ဝက်မျှရှိ အစိုးရအေ ဂျင်စီများက ဒေါ်လာသန်းချီ အသုံးပြုနေသဖြင့် ၂၀၂၀ ပြည့် နှစ်တွင် အာကာသ စီးပွားရေးဖွံ့ဖြိုးသည့် နှစ် တစ်နှစ် ဖြစ်လိမ့် မည်ဟု ကြိုတင်ကာ ဟောကိန်းထုတ်နေကြသည်ကို တွေ့ရှိရ သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About