တိဗက်ဒေသ၏ အသည်းနှလုံး ရောင်းချခံရခြင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 3, 2020

တိဗက်ဒေသ၏ အသည်းနှလုံး ရောင်းချခံရခြင်း


စိုင်းကွမ်းမိုင်း
.
လွန်ခဲ့သည့် ဆယ်စုနှစ် ခုကျော်ကာလအတွင်း တရုတ် နိုင်ငံသည် ဆည်တမံ ၈၇၀၀၀ ကျော်ကို တည်ဆောက်ပြီးဖြစ် သည်။ ထိုဆည်တမံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု သည် ၃၅၂ ဒသမ ၂၆ မဂ္ဂါဝပ်ရှိသဖြင့် ဘရာဇီး၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့ထက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ထက် ပင် ကျော်လွန်လျက်ရှိသည်။ အခြားတစ်ဖက်မှ ကြည့်လျှင် ထို စီမံကိန်းကြီးများသည် ပြည်သူ ၃၂ သန်းကျော် တို့ကို အိုးအိမ်မဲ့ မြေယာမဲ့ ဖြစ်ပေါ်စေခဲ့သည်။
.
တိဗက်ကုန်းမြင့်ဒေသသည် အာရှဒေသတစ်ဝန်းတွင် မျှ ဝေသုံးစွဲလျက်ရှိသည့် မရှိမဖြစ် လိုအပ်လျက်ရှိသည့် သန့်ရှင်း လတ်ဆတ်သည့် ရေအရင်း အမြစ် မြောက်များစွာကို သို လှောင်ထားရှိသည်ကို တွေ့ရှိရသည်။ တရုတ်နိုင်ငံသည် ယင်း မှစီးဆင်းလာသည့် မြစ်များကို ဆည်တမံများ တည်ဆောက်ပြီး နောက် လက်ရှိအချိန်တွင် တိဗက်ကုန်းမြင့်မှ စီးဆင်းလာသည့် နိုင်ငံတကာ မြစ်ကြီးများကို မျက်စိကျလျက် တိဗက်ဒေသရှိ မြစ် များကို ဆည်တမံတည်ဆောက်သွားမည့် ခေတ်ကာလသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
.
အာရှ ရေအရင်းအမြစ်် မျှော်စင်ကြီး
အာရှ၏ ရေအရင်းအမြစ် မျှော်စင်ကြီးဖြစ်သည့် တိဗက်ဒေ သသည် နိုင်ငံ ၁၀ နိုင်ငံသို့ စီးဆင်းလျက်ရှိသည့် အဓိကကျ သော အာရှမြစ်ကြီး ၁၀ စင်း၏ အရင်းအမြစ်အဖြစ် တည်ရှိနေပါ သည်။ ကမ္ဘာ့လူဦးရေ သိပ်သည်းမှု အများဆုံး နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ မြန် မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် တိဗက်ဒေသမှ စီးဆင်းလာသည့် မြစ်ကြီးများ၏ ရေအရင်းအ မြစ်အပေါ် မှီခိုနေရပါသည်။
.
တရုတ်နိုင်ငံသည် တိဗက်ဒေသအား နိုင်ငံရေးအရ ထိန်း ချုပ်မှုမှ တစ်ဆင့် တိဗက်ဒေသမှ တစ်ဆင့်စီးဆင်းလာသော အဓိကမြစ်ကြီးများ အားလုံးကို အပြည့်အဝထိန်းချုပ် ဆောင် ရွက်လျက် ရှိပါသည်။ တရုတ်နို်င်ငံနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် တိဗက်ဒေသသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယင်း၏ရေအား လျှပ်စစ် အရင်းအမြစ်ကို ဒသမ ရာခိုင်နှုန်းခန့်သာ အသုံး ပြုရသဖြင့် သဘာဝ အရင်းအမြစ်များသည် မူလပကတိအတိုင်း ပင် တည်ရှိနေသေးသည်။ သို့သော် ယင်းအနေအထားသည် ရုတ်ခြည်းပြောင်းလဲလာခဲ့သည်။ တရုတ်နိုင်ငံသည် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်များကို ရှာဖွေလျက် ရှိသဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်ရန်အတွက် ရေအရင်းအမြစ်များကို ထိန်းချုပ် အသုံးချသွားဦးမည် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ရေ အားလျှပ်စစ်နှင့် စွမ်းအင်ကုမ္ပဏီများသည် တိဗက်ဒေသမှ စီး ဆင်းလာသည့် မြစ်များမှ ရေအားလျှပ်စစ် ပိုမိုထုတ်လုပ်ခွင့် ရှိရေးအတွက် အစိုးရအား စည်းရုံးသိမ်းသွင်းလျက်ရှိရာ ရေ အားလျှပ်စစ် ထုတ်လုပ်ရေး  အဆိုပြုချက် ၂၈ ခုသည် အစိုးရ၏ အတည်ပြုချက်ကို စောင့်လျက်ရှိသည်။
.
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၄၈၀၀၀ တွင် တည်ရှိသည်။ တိဗက်ဒေသသည် ပထဝီအနေအထားအရ တည်ငြိမ်မှု ကင်းမဲ့သည့် ဒေသဖြစ်သည် တိဗက်ဒေသသည် ဂေဟစနစ်အရ အထိအခိုက်မခံနိုင်သကဲ့သို့ မြေငလျင်များ လှုပ်ခတ်လျက်ရှိသော်လည်း တရုတ်နိုင်ငံသည် အာရှ၏ အဓိ ကမြစ်ကြီးများဖြစ်သည့် ယန်စီ၊ မြစ်ဝါ၊ ဗြပ္မာပုတ္တရ၊ မဲခေါင်နှင့် သံလွင်မြစ်ကြီးများ၏ အထက်ပိုင်း မြစ်ညာဒေသမှနေ၍ ရေ အားလျှပ်စစ်စီမံကိန်း တိုးချဲ့ထုတ်လုပ်မည့် အစီအစဉ်ကို ဆက် လက် အကောင်အထည် ဖော်လျက်ရှိနေသည်ကို တွေ့ရှိရ သည်။
.
၂၀၁၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ် စီမံကိန်း
တရုတ်နိုင်ငံသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကောင်အထည်ဖော်ခဲ့သည့် ၁၂ ကြိမ်မြောက် နှစ်စီမံကိန်းနှင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အကောင်အထည် ဖော် သည့် ၁၃ ကြိမ်မြောက် နှစ်စီမံကိန်းတို့အတွက် တရုတ်နိုင်ငံ တော်ကောင်စီ၏ စွမ်းအင်စီမံကိန်းသည် တိဗက်ကုန်းမြင့်ဒေသ တွင် ရေအားလျှပ်စစ်စီမံကိန်း အတွက် အစိုးရမှ အတည်ပြုပေး ခဲ့သည်။ ဆိုရလျှင် ရေအားလျှပ်စစ်သည် တရုတ်နိုင်ငံ၏ ပြည့် ဖြိုးမြဲစွမ်းအင်ကဏ္ဍ တိုးချဲ့ရေး စီမံကိန်းအတွက် အရေးကြီးဆုံး သော အရင်းအမြစ်ပင်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ယင်းရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှု စွမ်း ဆောင်ရည်ကို ဆအထိ တိုးမြင့်ပြီး ၃၀၀ မဂ္ဂါဝပ်အထိ ထုတ် လုပ်သွားရန် ရည်မှန်းထားသည်။
.
ဗြဟ္မပုတ္တရမြစ်သည် တိဗက်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့အကြား မျှဝေသုံးစွဲလျက်ရှိသော အဓိကမြစ်ကြီးတစ်စင်း ဖြစ် သည်။ ၎င်းမြစ်ကြီးသည် တိဗက်ကုန်းမြင့်ဒေသမှ စတင်မြစ်ဖျား ခံပြီး အရှေ့နှင့် အနောက်မိုင်ပေါင်း ၁၈၀၀ ကျော်ကို ဖြတ်သန်း စီးဆင်းလျက်ရှိသည်။ တစ်ချိန်တစ်ခါက လွတ်လပ်စွာစီးဆင်း နေသည့် မြစ်ကြီးသည် လက်ရှိအချိန်တွင် ဆည်များတည် ဆောက်ကာ ပိတ်ဆို့ခံနေရပြီဖြစ်သည်။ Zangmn ရေအားလျှပ် စစ်စက်ရုံမှ အစပြု၍ ဗြဟ္မပုတ္တရမြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး ဆည်တမံများစွာ တည်ဆောက်ထားပြီးဖြစ် သည်။
.
တရုတ်နိုင်ငံသည် ယင်း၏ ၁၂ ကြိမ်မြောက် နှစ်စီမံကိန်း တစ်စိတ်တစ်ဒေသ အဖြစ် ဗြဟ္မပုတ္တရမြစ်ပေါ်တွင် ရေအား လျှပ်စစ်စီမံကိန်း ခုကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ၌ အတည်ပြုခဲ့ သောကြောင့် မြစ်ရေစီးဆင်းမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံအား စိုးရိမ်ပူပန်မှု မြင့်တက်စေခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အိန္ဒိ ယနိုင်ငံ၏ စိုးရိမ်ပူပန်မှုကို လျော့ချရေး ကြိုးပမ်းမှု တစ်ရပ်အ နေဖြင့် တရုတ်အစိုးရက စီမံကိန်းကို သိပ္ပံနည်းကျ စီမံဆောင် ရွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရအား အာမခံချက်ပေးခဲ့ သည်။ အမှန်ဆိုရသော် ရေအားလျှပ်စစ် စီမံကိန်းများသည် မြစ် များကို လွှဲပြောင်းရယူကာ ရေအားလျှပ်စစ် ထုတ်လုပ်သော တာဘို်င်များကို ဖြတ်သန်းစီးဆင်းစေပြီးနောက် မြစ်အတွင်းသို့ ပြန်လည်စီးဆင်းစေသည့် နည်းလမ်းပင်ဖြစ်သည်။ ထို့ကြောင့် ၎င်းစီမံကိန်းများသည် မြစ်ရေစီးဆင်းမှုနှင့် မြစ်အောက်ပိုင်း ဒေ သများအပေါ် ဆိုးကျိုးများ သက်ရောက်မှုမရှိဟု ဆိုကာ အငြင်း ပွားလျက်ရှိနေကြသည်။
.


.
သဘာဝပတ်ဝန်းကျင်အား ဖျက်ဆီးလျက်ရှိသည်
ထိုအငြင်းပွားမှုများသည် မှန်ကန်မှု ကင်းမဲ့ကာ ရေအား လျှပ်စစ်စီမံကိန်း များသည် နေ့ဘက်အချိန်တွင် မြစ်ရေများကို သိုလှောင်ထားပြီး လျှပ်စစ်စွမ်းအား အများဆုံးလိုအပ်သည့် ဘက်အချိန်များတွင် ရေများကို ပြန်ထုတ်လေ့ရှိပါသည်။ ထို့ ကြောင့် မြစ်အတွင်း၌ နေ့စဉ်နှင့်အမျှ ရေအတက်အကျ ရှိနေ ခြင်းသည် မြစ်၏ဂေဟစနစ်ကို အဟန့်အတား နှောင့်အယှက် ဖြစ်ပေါ်စေပါသည်။ ထို့အပြင် ကြီးမားသော ဆည်တမံကြီးများ သည် မြေငလျင်များလှုပ်ခတ်နိုင်ခြင်း တန်ဖိုးရှိသော သဘာဝ ပတ်ဝန်းကျင်တို့ကို ပျက်စီးစေခြင်း တို့အပြင် ဗြဟ္မပုတ္တရမြစ် ပေါ် မှီခိုအားထားနေကြရသည့် ပြည်သူအပေါင်း များစွာတို့ကို  လည်း ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပါသည်။
.
လေထုညစ်ညမ်းမှု မရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် မှုသည် ပြည်သူများကို ဆိုးကျိုး ဖြစ်ထွန်းစေသည်ထက် တရုတ် နိုင်ငံ၏ ဆည်တမံတည်ဆောက်သူများသည် သဘာဝပတ်ဝန်း ကျင်အား ဖျက်ဆီးလျက်ရှိသည့်အပြင် စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် တိဗက်၏ အသည်းနှလုံးကိုလည်း ရောင်းချလျက်ရှိ သည်။ ဆည်တမံများသည် ညစ်ညမ်းမှုဖြစ်ပေါ်လာစေခြင်း စိမ်း လန်းစိုပြည်မှုကို ထိခို်က်ခြင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးအတွက်လည်း ကုန်ကျစရိတ် သက်သာမှုမရှိခြင်း တို့နှင့် ပတ်သက်၍ သိပ္ပံနည်းကျ သုတေသနပြုထားသည့် အထောက် အထားများရှိနေပါသည်။
.

တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (TAR)
တရုတ်နိုင်ငံသည် ဗြဟ္မပုတ္တရ မြစ်လယ်ပိုင်းအထိ ရေအား လျှပ်စစ်စီမံကိန်း ခုအကောင်အထည် ဖော်လျက်ရှိသည်ကား အံ့သြဖွယ်ရာ ကိစ္စတစ်ခုမဟုတ်တော့ပေ။ ယင်းစီမံကိန်း ခု သည် တစ်ခုနှင့် တစ်ခု နီးကပ်စွာတည်ရှိထားလျက်ရှိသည်။ ထို့ ပြင် တရုတ်နိုင်ငံသည် ဗြဟ္မပုတ္တရမြစ်နှင့် ယင်း၏မြစ်လက်တက် များပေါ်တွင်လည်း ရေအားလျှပ်စစ်စီမံကိန်း ၁၁ ခု တည် ဆောက်သွားရန် စီမံကိန်း ရေးဆွဲထားပြီး ရေအားလျှပ်စစ်ထုတ် လုပ်ရေး အုပ်စု ခုသည် တိဗက်ဒေသတွင် အခြေစိုက်နေပြီ ဖြစ်ပါသည်။ ယင်းတို့အနက် Huaneng သည် တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  TAR ရှိ အကြီးမားဆုံးသော ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်သည်။
.
တရုတ်နိုင်ငံပိုင် (Huaneng Group ၏လက်စွဲကုမ္ပဏီဖြစ် သည့် Huaneng Tibet Power Generation Co.ltd) သည် တိဗက်ဒေသတွင် သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်ရေးနှင့် စပ် လျဉ်း၍ TAR အစိုးရနှင့် သဘောတူညီချက် များစွာလက်မှတ် ရေးထိုး ထားလျက်ရှိပါသည်။ ကုမ္ပဏီနှင့် ဒေသဆိုင်ရာ အစိုးရ တို့အကြား သဘောတူညီချက်များအရ တိဗက်ဒေသတွင် Huangen လျှပ်စစ်ထုတ်လုပ်မှု စွမ်းဆောင်ရည်သည် ၂၀၂၀ ပြည့်နှစ်၌ ၁၀၀၀၀ မဂ္ဂါဝပ်အထိ ရှိလာမည်ဖြစ်သည်။ TAR ဒေ သရှိ ရေအားလျှပ်စစ် အရင်းအမြစ်ဖြစ်သည်။ တရုတ်နိုင်ငံ တစ် နိုင်ငံလုံး ရေအားလျှပ်စစ်ထုတ်လုပ်မှု စုစုပေါင်း၏ ၂၉ ရာခိုင် နှုန်း အထိရှိမည်ဟု သိရှိရသည်။
.
ချွေးသိပ်ခြင်း
ဒေသတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေး အန ္တ ရာယ်များကို မကြာခဏကြုံတွေ့နေရသည့် အချိန်တွင် အိန္ဒိ ယနိုင်ငံသည် ယင်း၏စိုးရိမ်ပူပန်မှုများကို တရုတ်နိုင်ငံမှ ချွေး သိပ်နည်းဖြင့် ကန့်ကွက်လာသည်ကို တွေ့ရှိရသည်။ အဆိုပါ စိုးရိမ်ပူပန်မှုများကို နားလည်မှု စာချွန်လွှာ MoU များ၊ သို့တည်း မဟုတ် ကျွမ်းကျင်ပညာရှင်အဆင့် ယန္တရားများဖြင့် ဖြေရှင်း လျက်ရှိသော်လည်း ခိုင်မာသော စာချုပ်စာတမ်းများ ချုပ်ဆိုနိုင် ခြင်း မရှိသေးသည့်အပြင် မည်သည့်အစိုးရအဖွဲ့အစည်းကမျှ ရေနှင့် ဆက်စပ်သော သဘာဝဘေးအန္တရာယ်များ လျှော့ချရေး အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဟု တိကျပြတ်သားသည့် ကတိကဝတ်များ ပြုထားခြင်း မရှိသေးချေ။
.
တရုတ်နိုင်ငံသည် ဗြဟ္မပုတ္တရ မြစ်ပေါ်တွင် ရေအားလျှပ်စစ် ဆည်တမံများ တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ လက်ရှိအချိန် တိုင် သက်ဆိုင်ရာ နိုင်ငံများနှင့် တရားဝင်ဆက်သွယ် ဆောင် ရွက်နိုင်ခြင်း မရှိသေးပေ။ ဆိုရလျှင် တိဗက်ဒေသရှိ မြစ်များပေါ် တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး ဆည်တမံများ တည် ဆောက်ရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ကင်းမဲ့နေခြင်း သည် ပြည်သူလူထု သန်းပေါင်းများစွာကို အထောက်အကူပြု နေသည့် မြစ်ရေစီးဆင်းမှု စနစ်နှင့် ပတ်သက်၍ ဘေးအန္တရာယ် နှင့် အကျိုးသက်ရောက်မှု များစွာကို တိဗက်ပြည်သူများနှင့် မြစ် အောက်နိုင်ငံများသို့ သတင်းအချက်အလက်များကို အပြည့်အ ဝပေးအပ်ပြီးပြီလော ဟူသည့် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက် ရှိသည်။ အဆိုပြုထားသည့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး ဆည်တမံများသည် တိဗက်ဒေသကို သာမက အခြားဒေသ များသို့လည်း ဂေဟစနစ်အရ ခြိမ်းခြောက်မှုကိုလည်း ပြင်းထန် စွာ ဖြစ်ပွားစေသည်ကို တွေ့ရှိရသည်။
.
အခွင့်မသာသည့် အိန္ဒိယ
ထို့ကြောင့် ဆည်တမံများ တည်ဆောက်သည့် တရုတ်နိုင်ငံ သည် ရေအရင်းအမြစ်များကို လွန်ကျွံစွာ ထုတ်ယူသုံးစွဲမှုအ တွက် တာဝန်ရှိနေမည်ဖြစ်သည်။ ထိုကဲ့သို့ ရေအရင်းအမြစ်များ ကို လွန်ကျွံစွာ ထုတ်ယူသုံးစွဲခြင်းသည် မြစ်တွင်းဂေဟစနစ် ပျက်စီးစေရုံမျှမက မြစ်အောက်ပိုင်းဒေသ၌ မြစ်ကြောင်းအနေ အထား ပြောင်းလဲမှုများကိုပါ ဖြစ်စေနိုင်သောကြောင့် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရှိ လယ်သမားများနှင့် ရေလုပ်သား များ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအပေါ်၌လည်း များစွာထိခိုက်ကာ ပျက်စီးဆုံးရှုံးစေသည်။
.
ထို့ပြင် တရုတ်နိုင်ငံသည် မြစ်ရေစီးဆင်းမှုကို လွယ်ကူစွာ အသုံးချနိုင်မည် ဖြစ်သောကြောင့် အိန္ဒိယနိုုင်ငံအား အခွင့်မ သာသည့် အနေအထားသို့ ဆိုက်ရောက်စေမည်ဖြစ်သည်။ ထို့ ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် မြစ်ကိုသုံးစွဲသူများ၏ အခွင့်အ ရေးများ ခိုင်မာသေချာစေရေးအတွက် ရပ်တည်ရန်နှင့် ဗြဟ္မ ပုတ္တရမြစ် အထက်ပိုင်းတွင် ဆည်တမံများ တည်ဆောက်နေမှုကို လေ့လာနိုင်စေရန် စောင့်ကြည့်ချိန်တန်ပြီဖြစ်သည်။ ဆိုရလျှင် တိဗက်ကုန်းမြင့်ဒေသရှိ သဘာဝပတ်ဝန်းကျင် အခြေအနေ သည် အာရှဒေသရှိ မြစ်ဝှမ်းဒေသများ၌ နေထိုင်လျက်ရှိကြသော ပြည်သူလူထု ဒသမ ဘီလီယံ အတွက် လွန်စွာအရေးပါ လျက် ရှိနေသည်။ ထို့ကြောင့် တိဗက်ဒေသရှိ မြစ်များကို ရေ အားလျှပ်စစ်ထုတ်လုပ်ရေးအတွက် လိုအပ်သည့်အရင်းအမြစ် တစ်ခုအတွက် ရှုမြင်ခြင်းမပြုဘဲ ထိုမြစ်များ၏ ဘူမိဗေဒဆိုင်ရာ ထူးခြားချက်များ ပထဝီနိုင်ငံရေး ဆိုင်ရာ သတင်းအချက်အလက် များကိုလည်း အလေးထား ထည့်သွင်းစဉ်းစား သွားသင့်လှ သည်။
.
မည်သို့ပင်ဆိုစေကာမူ စီးပွားရေးဖွံ့ဖြိုးတိုုးတက်ရေးအား အလေးထားတတ်သည့် တရုတ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက် ကို နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းလျက်ရှိရာ နိုင်ငံတွင်းရှိ ဆည်တမံများမှတစ်ဆင့် ရေအားလျှပ်စစ်ထုတ်လုပ်လျက် ရှိ သည့်အပြင် အိမ်နီးချင်းနိုင်ငံများတွင်လည်း ရေအားလျှပ်စစ်စီ မံကိန်းများ အကောင်အထည်ဖော်နိုင်ရန် ရင်းနှီးမြှုပ်နှံလျက်ရှိ ပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် တိဗက်ဒေသမှ ဆင်း သက်လာသည့် မြစ်ကြီးများသည် တရုတ်နိုင်ငံအတွက် တန်ဖိုး မဖြတ်နိုင်သော လျှပ်စစ်စွမ်းအား အရင်းအမြစ်များ ပင်ဖြစ်ပါ သည်။ သို့သော် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်တမံများကြောင့် မြစ်ကြောင်းတစ်လျှောက်တွင် ရေကြီးရေ လျှံမှုများ၊ ကမ်းပြိုမှုများ၊ သောင်ထွန်းမှုများ၊ သစ်တောပြုန်းတီး မှုများ အပါအဝင် ဂေဟစနစ် ယိုယွင်းမှုများစွာ ဖြစ်ပေါ်စေပါ သည်။ အကျိုးဆက်အနေဖြင့် မြစ်ဝှမ်းဒေသတွင် နေထိုင်လျက် ရှိသော ပြည်သူများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများကို ထိခိုက်စေလျက်ရှိကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats

About