တရားရင်ဆိုင်နေဆဲတွင် ပြစ်ဒဏ်ပေးနိုင်သလား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 7, 2020

တရားရင်ဆိုင်နေဆဲတွင် ပြစ်ဒဏ်ပေးနိုင်သလား


နန္ဒမောင် (LL;B)
.
ဥပဒေအရာဖြင့် ကြည့်မည်ဆိုလျှင်တော့ ယင်းမေးခွန်း၏ အဖြေက အလွန်ရိုးရှင်းလွန်းလှပေလိမ့်မည်။ စွပ်စွဲခံရသူ တ ရားခံတစ်ဦးဦးသည် အပြစ်ရှိသည်ဟု သက်သေထင်ရှားမပြ နိုင်သေးသမျှ အပြစ်ကင်းသည်ဟု မှတ်ယူရသည်။ သို့သော် ယင်း စကားရပ်ဝေါဟာရ အသုံးအနှုန်းသည် ဥပဒေမှာ သာရှိ ချင်ရှိမည်၊ စာထဲမှာသာ ရှိချင်ရှိမည်။ ပြင်ပ ပကတိလောက တွင်မူ အပြစ်ရှိသည်ဟု ထင်မြင်ယူဆမိရုံဖြင့် သို့မဟုတ် ပြစ်မှု တစ်ခုကို ကျူးလွန်ပါသည်ဟု စွပ်စွဲခံရရုံမျှနှင့် စတင်ဖမ်းဆီး၊ စစ်ဆေး မေးမြန်းခံရခြင်း၊ ရဲစခန်းအချုပ်ခန်း၊ တရားရုံးအချုပ် ခန်းနှင့် အကျဉ်းထောင် အချုပ်ခန်းများတွင် နေရခြင်းတို့ဖြင့် စ တင် ရင်ဆိုင်ရပေလိမ့်မည်။ ထိုအဆင့်များကို စတင်ဖြတ်သန်း ရပြီ ဆိုသည်နှင့် ပတ်ဝန်းကျင်၏ အထင်သေးခြင်း၊ လက်ညိုး ထိုးခြင်း၊ သံသယဝင်ခြင်းတို့ကို စတင်ခံစားရပြီး၊ လူ့အသုံးအ ဆောင်ပစ္စည်းများအားလုံးနှင့် အဆက်အသွယ် ဖြတ်ခံရခြင်း၊ အစားအသောက်၊ အသုံးအဆောင်၊ အပြောအဆို၊ အနေအ ထိုင်၊ အပြုအမူ အားလုံးတို့ကို လူတစ်ဦးအဖြစ်မှ တစ်ဆင့်နိမ့် ကာ ဆက်ဆံခံရခြင်း၏ နိဒါန်းအစပင် ဖြစ်လာလေတော့သည်။ ယင်းတို့သည် မည်သူကမျှ ပြစ်ဒဏ်တိုက်ရိုက် မပေးသေးသော် လည်း ပြစ်ဒဏ်ကို နိုင်ငံတော်ကသို့မဟုတ် ဥပဒေက သို့မဟုတ် တရားလိုက သို့မဟုတ် သက်ဆိုင်ရာ တာဝန်ရှိသူကသွယ်ဝိုက် သောနည်းဖြင့် ပေးနေသကဲ့သို့ပင် ဖြစ်လေသည်။
.
ထိုမှတစ်ဆင့် အချုပ်ခန်းများသို့ရောက်လျှင် စီနီယာ၊ ဂျူနီ ယာနှင့် တန်းစီးသို့မဟုတ် အချုပ်ခန်းလူကြီး သို့မဟုတ် အကျင့် ပျက် ဝန်ထမ်းအချို့၏ မထီလေးစားပြုခြင်း၊ အော်ဟစ်ဆူဆဲ ခြင်း၊ ခက်ထန်ရိုင်းပြစွာ ဆက်ဆံခြင်း၊ နိုင်လိုမင်းထက်ပြုကျင့် ခြင်း၊ စိတ်နှင့်ကိုယ်နှစ်ပါးအား ထိခိုက်နာကျင် သွေးထွက်သံယို ဖြစ်အောင် ပြုလုပ်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခြင်း၊ ငွေညစ် ခြင်း၊ မရှိဟုု ငြင်းလျှင် ပြင်ပမိသားစုများထံမှ တောင်းပြီး ပေး ခိုင်းခြင်းစသည့် အဓမ္မမှုများစွာတို့နှင့်လည်း ရင်ဆိုင်ကြုံတွေ့ ရနိုင်ရန် ရာခိုင်နှုန်းအလွန်များလေသည်။ ထို့အပြင် လက်ထိပ် ခတ်ခံရခြင်း၊ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ ကိုယ်ရေးရာဇဝင် အထုပ္ပတ္တိများနှင့် အိမ်လိပ်စာများ၊ ဖုန်းနံပါတ်များပါမကျန် အ လုံးစုံကို ဖွင့်ဟပြောဆို ရခြင်း၊ အချို့မပွင့်လင်း သည့်ဒေသများ တွင်ဆိုလျှင် နှိပ်စက်မေးမြန်း စစ်ဆေးခံရခြင်း၊ အကျပ်ကိုင် ခံရခြင်း၊ အကြမ်းဖက် စစ်ဆေးခံရခြင်းတို့ကိုလည်း တွေ့ကြုံ ရင်ဆိုင်ရနိုင်ပေသည်။ ထိုမျှမက တရားရုံးမှ ရီမန်ယူကာ အ ကျဉ်းထောင်များသို့ ပို့ဆောင်သည့်အချုပ်ကား များတွင်လည်း အချုပ်သစ် (အချုပ်သားအသစ်)၊ ကျသစ်(အကျဉ်းသား အ သစ်)တို့ကို ဝိုင်းဝန်းအနိုင်ကျင့် စော်ကားမှုများ၊ ငွေညစ်မှုများ ရှိနေတတ်ကြသည်ဖြစ်ရာ၊ ငွေပေးစရာရှိလျှင်ပေး၊ ပေးစရာမရှိ လျှင် ပြုသမျှနုရမည့် အခြေအနေမျိုးများနှင့် ရင်ဆိုင်ရနိုင်လေ သည်။ ယင်း အချုပ်သား ကြိုပို့ကားများတွင် အရာရှိတစ်ဦး၊  ဒရိုင်ဘာ တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ တပ်သားနှစ်ဦး၊ ရဲမေ တစ်ဦးစီ စုစုပေါင်း ၆ ဦး ၇ ဦးခန့် အမြဲပါတတ်သဖြင့် ထိုသို့အ ဖြစ်မျိုး မရှိနိုင်ဟု မယူဆသင့်ပေ။ သေသေချာချာ လေ့လာစုံ စမ်းမေးမြန်း စူးစမ်းပါက ယင်းပြဿနာများကို ထိုထက်ပို၍ နက်ရှိုင်း ကျယ်ဝန်းကြောင်း သိလာနိုင်ပေသည်။
.
ထိုမှတစ်ဆင့် အကျဉ်းထောင်များသို့ ရောက်လျှင်လည်း အထက်တွင် တင်ပြခဲ့သည့် ပြဿနာများကို အစမှပြန်လည် ကာ ကြုံတွေ့ရမည့် သံသရာစက်ဝန်းထဲကို အပြည့်အဝရောက် ရှိလာခဲ့ပြီဟု ဆိုရတော့မည် ဖြစ်ပါသည်။ ရဲစခန်းအချုပ်နှင့် တရားရုံးအချုပ်များထက် အကျဉ်းဦးစီးဌာနက ပိုမြင့်သည်မှာ အချုပ်သစ်၊ ကျသစ်များကို ပုံစံထိုင်ခိုင်းခြင်းနှင့် မှတ်ပုံတင်ခြင်း အပြင် ဘောက်ဆင်း (အလုပ် အစုံလုပ်ရခြင်း) လုပ်ရခြင်းများ ပိုပိုတိုးလာကာ ပိုပိုဒုက္ခအိုးကြီးလာတာ ဖြစ်ပါတယ်။ ပုံစံထိုင် တယ်ဆိုတာကတော့ ထောင်တွင်းမှာ လိုက်နာရမည့်၊ ကျင့်သုံး ရမည့်၊ ပြုမူရမည့်၊ ရှောင်ရှားရမည့်၊ ဆင်ခြင်ရမည့်၊ စည်းကမ်း နည်းလမ်း ကျင့်ဝတ်များကို သင်ကြားပြသပေးခြင်းဖြစ်ပြီး ရှေ့ ကြည့်ပုံစံထိုင်နည်း၊ ရှေ့ကြည့် ပုံစံရပ်နည်းများနှင့် မှတ်ပုံ တင်ချိန်တွင် ပြောဆိုရမည့်အချုပ်သားသစ်၊ အကျဉ်းသားသစ် မှတ်ပုံတင်နည်းတွင် လိုအပ်သောအမည်၊ အဘအမည်၊ မှတ် ပုံတင်၊ နေရပ်လိပ်စာ အပြည့်အစုံ၊ စွပ်စွဲခံရသည့် ပြစ်မှု၊ ရင် ဆိုင်ဖြေရှင်းရမည့် တရားရုံး၊ တရားရုံးသို့ သွားရောက်ရမည့် နေ့စွဲ၊ အမျိုးသမီးအမည်နှင့် ရှိ၊ မရှိ၊ အတန်းပညာ အရည်အ ချင်း၊ ကျွမ်းကျင်သည့်အလုပ် စသည်တို့ကို ပြောဆိုရမှာ ဖြစ်ပါ တယ်။ ထို့အပြင် မျက်လုံးသူငယ်အိမ် စကင်ဖတ်ခြင်း၊ လက် ဗွေများယူခြင်း၊ သိသာထင်ရှားသည့် အမှတ်အသားများ ရှာဖွေ မှတ်တမ်းတင်ခြင်း၊ ရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ထောင် ဝင်နံပါတ်ပေးခြင်းတို့ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။
.


.
ယင်းလုပ်ငန်းစဉ်များပြီးလျှင် အချုပ်သားသစ်သည် ထောင် တွင်းအလုပ်များ လုပ်ကိုင်ရန် ဘောက်ဆင်း အလုပ်ကိုလုပ်ရ တော့မည် ဖြစ်သည်။ ထိုနေရာတွင် အချုပ်သားဆိုသည်မှာ အ ကျဉ်းသားနှင့် မတူညီပေ။ အချုပ်သားသည် စွပ်စွဲခံရသူဖြစ်၏။ တစ်နည်းဆိုရလျှင် တရားလိုတစ်ဦးက သော်လည်းကောင်း၊ ရဲ တပ်ဖွဲ့က သော်လည်းကောင်း၊ ပထမ သတင်းပေးတိုင်ကြား ချက်ရေးဖွင့်ကာ စွပ်စွဲခြင်း၊ တရားစွဲဆိုခံရခြင်းကို တရားရုံးတွင် အပြစ်မရှိကြောင်း ပြန်လည်ထုချေခွင့် အပြည့်အဝရှိသော တ ရားစွဲခံတစ်ဦးသာ ဖြစ်ပြီး၊ ၎င်းသည် အပြစ်ရှိကြောင်း ပြစ်မှုကျူး လွန်ကြောင်း သက်သေအထောက်အထား အစုံအလင်ဖြင့် တင် ပြကာ ပြစ်မှုကျူးလွန်ကြောင်းပေါ်ပေါက်၍ အပြစ်ရှိကြောင်း သတ်မှတ်ခံရကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်၊ အလုပ်မဲ့ ထောင်ဒဏ် ကျခံရသည့်အကျဉ်းသားနှင့် မတူညီပေ။ ထို့ ကြောင့် အချုပ်သားသည် တရား ရင်ဆိုင်နေဆဲကာလဖြစ်ပြီး အပြစ်ရှိကြောင်း ပြစ်မှုကျူးလွန်ကြောင်း အတိအကျ အခိုင်အ မာ ပေါ်ပေါက်ခြင်းမရှိသေးသည့်အတွက် အပြစ်ရှိသူဟု ယူဆ မမှတ်သားသင့်ပေ။
.

သို့သော် ယင်းအချုပ်သားအများစုကို ပြစ်မှုကျူးလွန် ကြောင်း မပေါ်ပေါက်သေးမီ၊ အပြစ်ရှိကြောင်း တိကျခိုင်လုံစွာ မဆုံးဖြတ်ရသေးမီ၊ ပြစ်ဒဏ်မချမှတ်ရသေးမီတွင် ယင်းသို့ အ ချုပ်ခန်းများ၊ အကျဉ်းထောင်များတွင်ထားကာ အလုပ်များ ပြု လုပ်ရန် အဓမ္မခိုင်းစေခြင်းမှာ မှန်ကန်မှု ရှိပါ၏လောဆိုသည် ကို မြန်မာ့လူမှု အသိုင်းအဝိုင်း၊ တရားဥပဒေစိုးမိုးရေး အသိုင်း အဝိုင်းနှင့် နိုင်ငံတော်က ပြန်လည်သုံးသပ်ရန်၊ လေ့လာစုံစမ်း မေးမြန်းကာ နည်းလမ်းရှာပြီး ဖြေရှင်းသင့်ပေသည်။ ယင်းသည် စွပ်စွဲခံရသူ တရားခံတစ်ဦးအား အပြစ် ရှိမရှိ မသိရှိရသေး ဘဲ ပြစ်ဒဏ်ကို ကြိုတင်ပေးထားနှင့်ပြီး သကဲ့သို့ ဖြစ်နေသ ဖြင့် နိုင်ငံသားများစွာနှင့် ပြည်သူလူထုများစွာတို့တွင် နစ်နာ မှုများ အလွန်အကျွံ ဖြစ်နေပြီး နိုင်ငံတော်နှင့် အစိုးရအဖွဲ့ အ စည်းသည် ၎င်းနစ်နာသူများအပေါ်တွင် ပြစ်ဒဏ်အကြွေးများ တင်နေပေလိမ့်မည်။ တရားစီရင်ရေးနှင့် တရားရုံး၊ တရားခွင် များတွင် နှောင့်နှေးကြန့်ကြာမှုရှိသော ထိုအပြစ်မရှိသူ ပြစ်မှု မကျူးလွန်သူ စွပ်စွဲခံတရားခံများအတွက် ပိုမိုနစ်နာမှုများ လေ ပင် ဖြစ်သည်။
.
ထိုသို့ ချုပ်ရက်ကြာလေများလေ အပြစ်မရှိဘဲ အချုပ်အ နှောင်ခံရသည့်ရက်များ ပိုများလေ လူ့အခွင့်အရေးများ ပိုမိုဆုံး ရှုံးလေပင် ဖြစ်သည်။ နောက်ဆုံးတွင် သက်သေမခိုင်မာသ ဖြင့် အမှုတည်ဆောက်၍ မရသဖြင့် စွဲချက်တင်၍ မရသဖြင့်အမှုမှ တရားသေ သို့မဟုတ် တရားရှင်သို့မဟုတ် ပလပ်ခြင်း သို့မ ဟုတ် ပိတ်သိမ်းခြင်းပြုကာ လွတ်ပေးချိန်တွင် ထိုနိုင်ငံသား တစ်ဦး ပြည်သူလူထုတစ်ဦးအတွက် ဘာနစ်နာကြေးမျှ၊ ဘာ သက်သာခွင့်မျှ၊ ဘာတောင်းပန်ခြင်းမျှ မရရှိဘဲ တိုးတိုးတိတ် တိတ်နှင့် ပြီးသွားခဲ့ကြသည်ချည်း ဖြစ်လေသည်။ အမှန်တ ကယ်တွင်ကား ထိုသို့မှားယွင်း စွပ်စွဲခြင်း၊ ပြစ်ဒဏ် ကြိုတင်ပေး ခြင်း၊ နစ်နာခြင်းတို့အတွက် တရားလိုများနှင့် နိုင်ငံတော်သို့မ ဟုတ် လက်ရှိအစိုးရအဖွဲ့အစည်းများတွင် တာဝန်အပြည့်အဝ ရှိပေသည်။
.
စွပ်စွဲခံရသူ တရားခံများသည် အမှန်တကယ် တရားရင် ဆိုင်နေရဆဲဖြစ်သော်လည်း အပြစ်ရှိသည်ဟု အတိအကျ မ ပေါ်ပေါက်သေးသည်မှာ မှန်သော်လည်း၊ ပြစ်ဒဏ် မချမှတ်ရ သေးသည်မှာ မှန်သော်လည်း ယင်းတို့ကို လူ့ပတ်ဝန်းကျင်ကမူ မသိပေ၊ သတိလည်းမထားပေ။ ပတ်ဝန်းကျင်က အလွယ်တကူ သတ်မှတ်လိုက်သည်မှာ ရဲဖမ်းသွားသည်၊ ထောင်ကျသွားသည်၊ ထောင်ကလွတ်လာသည်၊ ထောင်ထွက်ကြီး၊ ထောင်ကျဖူးတယ် စသည်ဖြင့်သာ သတ်မှတ် ကမ္ဗည်းတပ်လိုက်ကြသည်။ ဘယ် လိုဖြစ်သလဲ၊ ဘာကြောင့်ဖြစ်သလဲ၊ ဘယ်လို ပုဒ်မနဲ့ တရားစွဲ ခံရသလဲ၊ ဘာအမှုဖြစ်သလဲ၊ မှန်သလား၊ မှားသလား၊ တ ကယ် ပြုလုပ်ခဲ့သလား၊ စွပ်စွဲ ခံရသလား၊ အပြစ်ရှိသလား၊ အပြစ်မ ရှိဘူးလားဆိုသည်ကို မည်သူမျှ စေ့စေ့စပ်စပ် မေးမြန်းတွေး တောကာ ဖြည့်တွေးနေမည် မဟုတ်ပေ။ ထောင်ထွက်ဟုသာ  အလွယ်တကူ သမုတ်လိုက်ကြမည် ဖြစ်ပေသည်။
.
ယင်းတို့အတွက် နစ်နာမှုများသည် စွပ်စွဲခံရကာတရားရင် ဆိုင်ပြီး လွတ်မြောက်ခံသူတို့တွင် များစွာပင် ရှိနေ၏။ ကျန်းမာရေး ချိုတဲ့မှု၊ စီးပွားရေး ရပ်တန့်မှု၊ လူမှုရေး ချို့ယွင်းသွားမှု၊ နိုင်ငံရေး နာမည်ပျက်ခြင်း၊ သေဆုံးခြင်းတို့ပင် ဖြစ်နိုင်သလို၊ မိဘ၊ ဆွေမျိုး၊ အသိုင်းအဝိုင်း၊ အပေါင်းအသင်း၊ အလုပ်ထဲမှ မိတ်ဆွေများ၊ ပတ်ဝန်းကျင်၏ သံသယဝင် ခံရမှု၊ ဂုဏ်သိက္ခာ ကျဆင်းမှု၊ နာမည်ပျက်ခြင်း၊ ပညာရေးတွင် အဆက်ပြတ်သွား ခြင်း၊ စီမံကိန်းများ ရပ်ဆိုင်းသွားခြင်း၊ အနာဂတ်ပန်းတိုင် ပျောက် ကွယ်သွားခြင်းနှင့် ကိုယ်စိတ်နှလုံး ဆင်းရဲရခြင်းတို့အတွက် မည်သူက နစ်နာကြေးနှင့် သက်သာခွင့်များကို တာဝန်ယူမှု တာ ဝန်ခံမှု အပြည့်ဖြင့် တာဝန်ယူကာ ဖြေရှင်းပေးကြမည်နည်း။ ယင်းသည် ပြည်သူလူထု၏ နစ်နာမှု ဖြစ်သည်။ နိုင်ငံသားများ ၏ နစ်နာမှု ဖြစ်သည်။ နိုင်ငံသားများ၏ ပြဿနာဖြစ်သည်။ နိုင်ငံတော်၏ ပြဿနာ ဖြစ်သည်။ ယင်းပြဿနာသည် နိုင်ငံ တော်နှင့် အစိုးရများက မဖြစ်မနေ ထည့်တွက်စဉ်းစားကာ ဖြေ ရှင်းပေးရမည် ဖြစ်သော ပြဿနာ ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment

Journal Download

Photo of three cats