အမတ်လောင်းများအတွက် လမ်းညွှန် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, February 29, 2020

အမတ်လောင်းများအတွက် လမ်းညွှန်


မင်းဇော်မင်း
.
လာမယ့် ၂၀၂၁ ဆိုရင် စစ်အာဏာရှင်အောက်က မလွတ် တလွတ် အစိုးရသက်တမ်း နှစ်မြောက်တော့မှာ ဖြစ်ပြီး၂၀၂၀ ရွေးကောက်ပွဲအတွက်လည်း နိုင်ငံရေးပါတီတွေ ခပ်ကွင်းပြင် နေကြတာမြင်ရတော့ ပြိုင်ဆိုင်ကြမယ့် ပါတီတွေရဲ့ ကိုယ်စား လှယ်လောင်းလို့ခေါ်တဲ့ အမတ်လောင်းတွေအတွက် နိုင်ငံ သားတွေရဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေကို လမ်းညွှန်အနေနဲ့ ဖော်ပြချင်ပါတယ်။
.
မြန်မာနိုင်ငံအနေနဲ့က  ဒီမိုကရေစီ ကျင့်သုံးမှု ()ခုထဲမှာ တိုက်ရိုက် မဟုတ်ဘဲ ကိုယ်စားပြု ဒီမိုကရေစီဖြစ်တာကြောင့် မိမိကိုယ်စားပြုတဲ့ လူထုဆိုတဲ့ မိမိမဲဆန္ဒနယ်က မဲဆန္ဒရှင်တွေ ကို ကိုယ်စားပြုတဲ့နေရာမှာ တကယ့်ကို ဆောင်ရွက်နိုင်စွမ်း ရှိိဖို့ အခုအစိုးရရဲ့ သက်တမ်းအတွင်းမှာ ရွေးကောက်ပွဲဆိုင် ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ရဲ့ နိုင်ငံတစ်ဝှမ်းလုံးမှာ ကောက် ယူခဲ့တဲ့စစ်တမ်းအပေါ် အခြေခံပြီး ဖော်ပြချင်တာပါ။
.
အဓိကညွှန်းတာကတော့ pacemyanmar ရဲ့ ၂၀၁၉ ခု နှစ်၊ ဇူလိုင်လထုတ် ၂၀၂၀ ခုနှစ်(ပြည့်နှစ်)အတွက် နိုင်ငံသား များ၏ နိုင်ငံရေး မျှော်မှန်းချက်ထဲက အချက်အလက်များ နက် တစ်နိုင်ငံလုံးထဲမှ ပြည်နယ်များ၊ ပြည်နယ်များထဲမှ ရှမ်း ပြည်နယ်အနေနဲ့ ဖော်ပြထားတာတွေကို အဓိကညွှန်းမှာ ဖြစ် ပါတယ်။
.
ယခုကျင်းပနေတဲ့ လွှတ်တော်များရဲ့သက်တမ်းဟာ လာ မယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ နောက် ရွေးကောက်ပွဲအတွက် အထွေထွေရွေး ကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းလောက်မှာ ကျင်းပဖြစ် မယ်လို့ မျှော်လင့်ရင်း လာမယ့်ရွေးကောက်ပွဲမှာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ပိုမိုညီညွတ်မှု ရှိလာစေဖို့ လိုအပ်နေသေးတယ် လို့ Pacemyanmar က သူရဲ့နိဒါန်းမှာ ဖော်ပြထားတယ်။
.
ဥပမာတွေမှာ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်စွဲနဲ့ အချိန် စာရင်းအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် တွေကို အများပြည်သူ အလွယ်တကူ သိရှိလက်လှမ်းမီနို်င်ရေး နဲ့ ပွင့်လင်းမြင်သာမှု၊ ရွေးကောက်ပွဲ ဖြစ်စဉ်အတွင်း နိုင်ငံသား များ ပါဝင်ဆောင်ရွက်နိုင်ခွင့် အထူးသဖြင့် စောင့်ကြည့်လေ့လာ ခွင့်ကို ဥပဒေအရ အကာအကွယ်ပေးမှု၊ ကော်မရှင်ရဲ့ လွတ်လပ် ပြီး အမှီအခိုကင်းမှု၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ထုံးလုပ် နည်းများ ပိုမိုတိကျစွာ အသေးစိတ်ပြဋ္ဌာန်းမှု၊ မဲဆန္ဒရှင် စာရင်း မှန်ကန်တိကျမှု၊ ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ပြင်ဆင်ပြီး စောင့်ကြည့်လေ့လာသူများ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနဲ့ သတင်းမီဒီယာတို့အနေနဲ့ စောင့်ကြည့် လေ့လာခွင့် စတဲ့နယ်ပယ်တွေကို ပြုပြင်ပြောင်းလဲမှုများဆောင် ရွက်နိုင်မှသာ ရွေးကောက်ပွဲဖြစ်စဉ်ရဲ့ ဒီမိုကရေစီ စံနှုန်းများကို အာမခံချက်ပေးနိုင်မှာ ဖြစ်တယ်ဟု ဆိုထားတယ်။
.
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ အတိုက်အခံအဖြစ် ဆယ်စုနှစ်များဖြင့် နေခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဦးဆုံး ကျင်းပရမယ့် အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးဖြစ်သလို နိုင်ငံရေး အချိုးအကွေ့တစ်ခုလည်း ဖြစ်ပါတယ်။ အရေးကြီးတဲ့ နိုင်ငံရေး ခြေလှမ်းတစ်ခုလည်း ဖြစ် တာကြောင့် ပိုအရေးကြီးပါတယ်။
.
လတ်တလောဆိုရင်လည်း တိုင်းရင်းသားပါတီတွေ ပေါင်း စည်းလာတာ၊ တစ်ပါတီတည်း ဖြစ်လာတာ၊ အခြားပါတီအသစ် တွေ တည်ထောင်လာတာတွေဟာ ရွေးကောက်ပွဲ နည်းလမ်းက နေ အာဏာကို ရယူဆောင်ရွက်နိုင်တဲ့ တရားဝင် နည်းလမ်းအ ဖြစ် လက်ခံမှု များပြားလာတာနဲ့အမျှ ပြိုင်ဆိုင်မှုတွေလည်း ပိုမိုပြင်းထန် များပြားလာမှာ ဖြစ်ပါတယ်။
.
အဲဒီလို ပြိုင်ဆိုင်တဲ့နေရာမှာ ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ သမာသမတ်ရှိရှိ ယှဉ်ပြိုင်နိုင်ကြဖို့က ရွေးကောက်ပွဲတစ်ခုရဲ့ အနှစ်သာရပဲဖြစ်ကြောင်း အကျယ်တဝင့် ပြောစရာတောင်မရှိ ပါဘူး။ ရွေးကောက်ပွဲဆိုတာကို အသုံးချပြီး ဟစ်တလာလို စစ်  အာဏာရှင်က လူသားတွေအပေါ်မှာ လူမဆန်အောင် သတ် ဖြတ်ရက်စက်ခဲ့သလို မြန်မာ့သမိုင်းမှာလည်း တစ်ပါတီအာဏာ ရှင်စနစ်အတွင်းက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုတာတွေကလည်း မသမာမှုရဲ့ သက်သေတွေ ဖြစ်ပါတယ်၊ ၂၀၀၈ အခြေခံဥပဒေ အပေါ် အခြေခံတဲ့ ပထမ၊ ဒုတိယ လွှတ်တော်သက်တမ်းရွေး ကောက်ပွဲတွေမှာလည်း မဲမသမာမှုများကို တွေ့ကြုံခဲ့ရတာ လည်း လူထုအားလုံး အသိလို့ ဆိုနိုင်ပါတယ်။
.
အခု ရွေးကောက်ပွဲကော်မရှင်ကတော့ တပ်တွင်းမဲရုံတွေ အပြင်ထုတ်တာကို လုပ်ဆောင်နိုင်ခဲ့ပေမယ့် မဲဆွယ်စည်းရုံးရေး တွေကိုတော့ တပ်တွေအတွင်း ဝင်ရောက်မဲဆွယ်ရန် မဖြစ်နိုင် ဘူးလို့ ဖေဖော်ဝါရီလ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ လုံခြုံရေး အရ မဖြစ်နိုင်ဘူးလို့ သူကပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် တပ် မဲရုံအဖြစ် အကြမ်းဖျဉ်း လျာထားချက်အရ တပ်မဲရုံသီးသန့် ၆၀၀ ကျော်၊ ရပ်ကွက်ကျေးရွာများနှင့် ပူးတွဲ မဲရုံ ၄၀၀ နီးပါး ရှိ နေတယ်လို့ သူက ပြောခဲ့ပါတယ်။
.
သူ့ပြောကြားချက်မှာ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် ၂၀၂၀ ပြည့်နှစ်ကုန်အထိ အကျုံးဝင်တဲ့ မဲဆန္ဒရှင် စာရင်းအရ ရှမ်းပြည်နယ်မှာ သန်းကျော်၊ ကချင်ပြည်နယ်မှာ သန်း ကျော်၊  ကယားမှာ သိန်းကျော်၊ ကရင်မှာ သန်းကျော်၊  ချင်း မှာ သိန်းကျော်၊  စစ်ကိုင်းမှာ သန်းကျော်၊ တနင်္သာရီမှာ သန်း သိန်းကျော်၊ ပဲခူးမှာ သိန်း သောင်း၊ မကွေးမှာ သန်းကျော်၊ မန္တလေးမှာ သန်းခွဲ၊ မွန်ပြည်နယ်မှာ သန်း သိန်းကျော်၊ ရခိုင်ပြည်နယ်မှာ သန်း သိန်း၊ ရန်ကုန်မှာ သန်း သိန်းကျော်၊ ဧရာဝတီမှာ သန်းကျော်၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်မှာ သိန်းကျော်တို့ဖြစ်ပြီး မဲဆန္ဒရှင် စုစုပေါင်း ၃၇ သန်းကျော် ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
.
၂၀၁၉ ခုနှစ်၊ မတ်လတွင် pacemyanmar က သူတို့ရဲ့ ခုမြောက် လူထုသဘောထား အမြင်စစ်တမ်းကောက်ယူရာ မှာ မြို့နယ် ၂၃၃ ခုရှိ ရပ်ကွက်နဲ့ကျေးရွာပေါင်း ၅၁၁ နေရာ ကို တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ပြည်နယ်နှင့် တိုင်းဒေ သကြီး ၁၄ ခုလုံး ကောက်ယူခဲ့ပြီး ပြည်နယ်များအတွင်း ပိုဆောင်း ကောက်ယူမှု ၇၈၂ ခု မှာ ရှမ်းပြည်နယ်အတွက် ပိုဆောင်း ကောက်ယူမှု ၄၂၈ အပါအဝင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံ မေးမြန်းမှုပေါင်း ၂၉၇၈ ခုကို ပြုလုပ်ခဲ့တယ်ဟု ဆိုတယ်။
.
အပိုဆောင်းကောက်ယူမှုမှာ နမူနာ အရေအတွက်ကို တွက်ချက်ရာမှာ မိုင်းမောမြို့နယ်၊ ပန်ဆန်း(ပန်ခမ်း)မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်မြို့နယ်နှင့် မိုင်းလားမြို့နယ် () မြို့နယ်ကို ထည့်သွင်းနိုင်ခဲ့ခြင်း မရှိဟု သိရပြီး အထူးသဖြင့် ရှမ်းပြည် နယ်က နေရာ ၃၅ နေရာကို လက်နက်ကိုင် တိုက်ပွဲတွေကြောင့် သွားရောက်နိုင်ခြင်း မရှိခဲ့ဘဲ အချို့သောနေရာတွေမှာ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေက တားဆီးလို့ လုံးဝကောက်ခွင့်မရရှိခဲ့ သည့် နေရာများ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ််။
.

.
အဆိုပါစစ်တမ်းမှာ ပါရှိတာတွေအနက် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် လိုအပ်သည်များကိုသာ ကောက်နုတ်ဖော်ပြခြင်းဖြစ်တဲ့အတွက် အသေးစိတ် သိရှိလိုပါ က WWW. Pacemyanmar.org  တွင် လေ့လာနိုင်ကြောင်း လေးစားစွာဖြင့် ကြိုတင်မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား။ ဓိကတော့ စစ်တမ်းပါဖြေကြားတာတွေကို သိခြင်းအားဖြင့် နိုင် ငံသားတွေအကြား လွှတ်တော်နဲ့ အမတ်တွေရဲ့ လုပ်ငန်းစဉ် တွေနဲ့ပတ်သက်တာကို သိရှိမှု နည်းပါးနေတာကို တွေ့ရမှာဖြစ် လို့ ၂၀၂၀ မှာ အမတ်ဖြစ်လာမယ့်သူတွေအတွက် ကိုယ်သာ မတ်ဖြစ်လာခဲ့ရင် ဘာလုပ်နိုင်မယ်ဆိုတာကို ကြိုတင်လေ့လာ နိုင်အောင် အကြံပြုတာပါ။ ဥပဒေပြုခြင်းဆိုတဲ့ မေးခွန်းအောက် မှာဆိုရင်
.

စစ်တမ်းကောက်ယူသူတွေက ဖြေဆိုသူတွေကို ဥပဒေ တစ်ခု ပြုလုပ်ပြဋ္ဌာန်းခြင်းနဲ့ပတ်သက်ပြီး အဆို ခုကို ဖတ်ပြပြီး မည်သည့်အဆိုကို ပို၍ သဘောတူညီမှု ရှိသည်ကို ရွေးချယ်စေ ရာမှာ ပထမအဆိုဖြစ်တဲ့ "အစိုးရဝန်ကြီးဌာနများက ဥပဒေများ ကို ဦးဆောင်ရေးဆွဲပြီး လွှတ်တော်က အပြောင်းအလဲ အနည်း ငယ်ပြုလုပ်ကာ အတည်ပြု ပြဋ္ဌာန်းသင့်သည်" ကို ရာခိုင်နှုန်း ကသာ ရွေးချယ်ပြီး "လွှတ်တော်ကို ဥပဒေများကို ဦးဆောင်ရေး ဆွဲပြီး အစိုးရဝန်ကြီးဌာနများ၊ နိုင်ငံသားများ၊ ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းကာ အတည်ပြု ပြဋ္ဌာန်းသင့်သည်"ကိုမူ ဖြေဆို သူ ၅၀ ရာခိုင်နှုန်းက သဘောတူ လက်ခံကြပြီး မသိပါဟု ဖြေ ဆိုသူ ၃၉ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရတယ်ဟု ဆိုပါတယ်။
.
ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ ဆောင်ရွက်ချက် မှာ ဝန်ကြီးဌာနများကို ထိန်းကျောင်းမှုတွင် ၃၇ ရာခိုင်နှုန်းမှာ မသိဟု ဖြေပြီး ၃၁ ရာခိုင်နှုန်းသာ ကောင်းပါသည်ဟုဖြေကာ ၂၂ ရာခိုင်နှုန်းမှာကြားနေပြီး ရာခိုင်နှုန်းမှာ ညံ့သည်ဟုဖြေကြား ကြပါတယ်။
.
နိုင်ငံသားများနှင့် ကျွမ်းကျင်သူ ပညာရှင်များ၏ အကြံဉာဏ် တွေကို ရယူမှုတွင် ၄၄ ရာခိုင်နှုန်းက မသိပါဟု လည်းကောင်း၊ ၂၉ ရာခိုင်နှုန်းသာ ကောင်းပါသည်ဟုလည်းကောင်း၊ ၁၇ ရာ ခိုင်နှုန်းမှာ ကြားနေကာ ရာခိုင်နှုန်းမှာ ညံ့သည်ဟု ဖြေဆို သည်ဟု စစ်တမ်းတွင် ပါရှိပါတယ်။
.
နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမယ့် ဥပဒေတွေကို ပြ ဋ္ဌာန်းနိုင်မှုတွင် မသိပါ၊ ၄၂ ရာခိုင်နှုန်း၊  ၂၈ ရာခိုင်နှုန်းက ကောင်း ပါသည်ဟု လည်းကောင်း၊ ၁၉ ရာခိုင်နှုန်းက ကြားနေကာ ၁၀ ရာခိုင်နှုန်းက ညံ့သည်ဟု ဖြေကြားကြပါတယ်။
.
စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်မှု ပိုမိုလွယ်ကူ စေရန် ဥပဒေများ ပြောင်းလဲပြင်ဆင်ခြင်းတွင် ၄၃ ရာခိုင်နှုန်းက မသိပါ၊ ၂၈ ရာခိုင်နှုန်းက ကောင်းပါသည်၊ ၁၇ ရာခိုင်နှုန်းက ကြားနေကာ ၁၀ ရာခိုင်နှုန်းက ညံ့သည်ဟု ဆိုတယ်။
.
နို်င်ငံရေးနှင့် နိုင်ငံသား အခွင့်အရေးများကို အကန့်အသတ် ဖြစ်နေသည့် ဥပဒေများကို ပြင်ဆင်ခြင်း/ဖျက်သိမ်းခြင်းတို့တွင် မသိပါက ၄၇ ရာခိုင်နှုန်း၊ ကောင်းပါသည်က ၂၄ ရာခိုင်နှုန်း၊ ကြားနေက ၁၈ ရာခိုင်နှုန်းရှိပြီး၊ ရာခိုင်နှုန်းက ညံ့ကြောင်း  ဖြေ ဆိုခဲ့ကြတာ တွေ့ရပါတယ်။ တို်င်းဒေသကြီး/ပြည်နယ်များ၏ လုပ်ငန်းများကို ထိန်းကျောင်းမှုတွင် မသိပါက ၄၀ ရာခိုင်နှုန်း၊ ၂၈ ရာခိုင်နှုန်းက ကောင်းပါသည်။ ၂၀ ရာခိုင်နှုန်းက ကြားနေ ၁၁ ရာခိုင်နှုန်းက ညံ့ပါသည်ဟု ဖြေကြကြောင်း ပါရှိပါတယ်။
.
ဒေသတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှု ပိုမိုလွယ်ကူစေရန် ဥပဒေများ ပြောင်းလဲပြင်ဆင်ခြင်းတွင် မသိ ပါက ၄၄ ရာခိုင်နှုန်း၊ ကောင်းပါသည်က ၂၈ ရာခိုင်နှုန်း၊ ကြား နေ ၁၇ ရာခိုင်နှုန်းနှင့် ညံ့သည် ရာခိုင်နှုန်းတို့ဖြစ်သည်။
.
နိုင်ငံသားများနှင့် ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ် များကို ရယူမှုတွင် မသိပါက ၄၇ ရာခိုင်နှုန်း၊ ၂၆ ရာခိုင်နှုန်းက ကောင်းပါသည်။ ၁၇ ရာခိုင်နှုန်းက ကြားနေနှင့် ရာခိုင်နှုန်း က ညံ့သည်ဟု ဆိုပါတယ်။
.
တိုင်းဒေသကြီး/ ပြည်နယ်များအတွက် အကျိုးဖြစ်ထွန်း စေမည့် ဥပဒေများကို ပြဋ္ဌာန်းနိုင်မှုတွင် မသိပါက ၄၆ ရာခိုင်နှုန်း၊ ကောင်းပါသည်က ၂၄ ရာခိုင်နှုန်း၊ ကြားနေက ၁၈ ရာခိုင်နှုန်းနဲ့ ညံ့တာက ရာခိုင်နှုန်း ဖြေထားတယ်။ ဒီနေရာမှာ ရှမ်းပြည်နယ်အတွင်း အဖြေများမှာ မသိပါ ဖြေ တာက ၆၀ ရာခိုင်နှုန်း၊  ကောင်းတယ်လို့ ဖြေတာက ၁၃ ရာခိုင်နှုန်းသာ ရှိပြီး မသိပါက ၁၈ ရာခိုင်နှုန်းနဲ့ ညံ့တာက ရာခိုင်နှုန်း ရှိ ကြောင်းပါ။
.
လွှတ်တော်အသီးသီးရဲ့ အစည်းအဝေးတွေမှာ တက်ကြွ စွာ ပါဝင်ဆွေးနွေးတဲ့နေရာမှာ လုံးဝတစ်ကြိမ်တစ်ခါမှ ဆွေးနွေး တင်ပြခြင်း မေးခွန်းမေးမြန်းခြင်း မရှိ်ခဲ့တဲ့ အမတ်တွေ ရှိနေခဲ့ တယ်ဆိုတာ အသေးစိတ် မဖော်ပြပေမယ့် ပါဝင်နေတယ်ဆို တာ ပြောလိုပါတယ်။ အမတ်တွေရဲ့ဆွေးနွေးတဲ့ လုပ်ဆောင် ချက်ကို စစ်တမ်းမှာ ၄၉ ရာခိုင်နှုန်းက မသိပါလို့ဖြေသလို  ကောင်းတာက ၂၄ ရာခိုင်နှုန်း၊ ကြားနေက ၁၄ ရာခိုင်နှုန်းနဲ့ ညံ့ တယ်လို့ဖြေတာက ၁၁ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
.
ဥပဒေကြမ်းများ တင်သွင်းတဲ့နေရာမှာလည်း ပြည်နယ် တွေအနေနဲ့ မသိပါက ၅၅ ရာခိုင်နှုန်း၊ ကောင်းတာက ၁၆ ရာ ခိုင်နှုန်း၊ ကြားနေက ၁၇ ရာခိုင်နှုန်းနဲ့ ရာခိုင်နှုန်းက ညံ့တယ် လို့ ပါတယ်။
.
အခြားပါတီတွေက အမတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နေရာမှာ ၅၄ ရာခိုင်နှုန်းက မသိပါ၊ ၁၇ ရာခိုင်နှုန်းက ကောင်းပါ တယ်၊  ၁၅ ရာခိုင်နှုန်းက ကြားနေနဲ့ ၁၂ ရာခိုင်နှုန်းက ညံ့တယ် လို့ ဆိုတယ်။
.
အထက်ပါအချက်တွေကို အကျဉ်းချုံးပြီး အမတ်တွေအ ပေါ် မဲဆန္ဒရှင်တွေရဲ့ မျှော်မှန်းချက်တွေကို ဖော်ပြထားတာမှာ ရပ်ရွာတွင်းကိစ္စရပ်တွေကို အခုထက် ပိုမိုနားလည်အောင် အား ထုတ်ရန် ၄၇ ရာခိုင်နှုန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စစ်ဆေးရန် ၃၀ ရာခိုင်နှုန်း၊ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို အခုထက် ပိုမိုနားလည်အောင် အားထုတ်ရန် က ၂၄ ရာခိုင်နှုန်း၊ မဲဆန္ဒနယ်ကို သွားရောက်လည်ပတ်ရန်က ၁၈ ရာခိုင်နှုန်း၊ ပဒေပြုရေး ကိစ္စရပ်တွေကို ပိုမိုနားလည်အောင် အားထုတ်ရန် က ၁၂ ရာခိုင်နှုန်း၊ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဉာဏ်ကို ရယူသင့်တာက ရာခိုင်နှုန်း၊ မဲဆန္ဒနယ်မှာ ရုံးခန်း ဖွင့်သင့် တယ်ဆိုတာက ရာခိုင်နှုန်း၊ အခြား ရာခိုင်နှုန်းနဲ့ ဘာမှမ လိုဘူးဆိုတာက ရာခိုင်နှုန်းရှိပြီး မသိပါဆိုတာက ၂၄ ရာခိုင် နှုန်းရှိတယ်လို့ စစ်တမ်းက ဆိုတာကို မှတ်သားသင့်ကြောင်းပါ။
.
လက်ရှိ လွှတ်တော်အသီးသီးမှာ NLD က ပြည်သူ့လွှတ် တော် ၂၅၅ နေရာနဲ့ အမျိုးသားလွှတ်တော် ၁၃၅ နေရာ၊ USDP က ပြည်သူ့လွှတ်တော်မှာ ၃၀ အမျိုးသားလွှတ်တော်မှာ ၁၁ နေရာ၊ SNLD က ပြည်သူ့လွှတ်တော်မှာ ၁၂ နေရာ၊ မျိုးသားလွှတ်တော်မှာ နေရာ၊ ANP က ပြည်သူ့လွှတ်တော် မှာ ၁၂ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၀ နေရာ ရှိနေတာ ဖြစ်တယ်။

လက်ရှိ လွှတ်တော်အသီးသီးမှာ NLD က ပြည်သူ့လွှတ် တော် ၂၅၅ နေရာနဲ့ အမျိုးသားလွှတ်တော် ၁၃၅ နေရာ၊ USDP က ပြည်သူ့လွှတ်တော်မှာ ၃၀ အမျိုးသားလွှတ်တော်မှာ ၁၁ နေရာ၊ SNLD က ပြည်သူ့လွှတ်တော်မှာ ၁၂ နေရာ၊ မျိုးသားလွှတ်တော်မှာ နေရာ၊ ANP က ပြည်သူ့လွှတ်တော် မှာ ၁၂ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၀ နေရာ ရှိနေတာ ဖြစ်တယ်။


.
ရှမ်းပါတီဖြစ်တဲ့ SNLD ကို ရှမ်းပြည်နယ်မှာ ၄၄ ရာခိုင်နှုန်း က မသိပါ၊ ၂၃ရာခိုင်နှုန်းက ကောင်းပါတယ်၊ ၂၅ ရာခိုင်နှုန်းက ကြားနေနဲ့ ရာခိုင်နှုန်းက ညံ့တယ်လို့ ဆိုတာ စစ်တမ်းမှာ တွေ့ရတယ်။
.
NLD ကိုတော့ တစ်နိုင်ငံလုံး စစ်တမ်းပါ ပြည်နယ်များမှာ ၂၈ ရာခိုင်နှုန်းက မသိပါ၊ ၃၉ ရာခိုင်နှုန်းက ကောင်းတယ်၊ ၂၀ ရာခိုင်နှုန်းက ကြားနေနဲ့ ၁၁ ရာခိုင်နှုန်းက ညံ့တယ်လို့ဆိုတယ်။
.
USDP ကိုတော့ တစ်နိုင်ငံလုံး စစ်တမ်းပါပြည်နယ်များမှာ ၃၄ ရာခိုင်နှုန်းက မသိပါ။ ၂၃ ရာခိုင်နှုန်းက ကောင်းပါသည်။ ၂၃ ရာခိုင်နှုန်းက ကြားနေနဲ့ ၁၈ ရာခိုင်နှုန်းက ညံ့တယ်လို့ ဖော်ပြပါတယ်။
.
တောင်ကြီးအခြေစိုက် Kanbawza Tai က စစ်တမ်း အသေးစား တစ်ခုကို ဖေဖော်ဝါရီအတွင်းက တောင်ကြီး ကျိုင်းတုံ၊ လားရှိုး စတဲ့ နေရာတွေမှာ ပထမဆုံး မဲပေးရမယ့် သက် ၁၈ နှစ်ပြည့် လူငယ်တွေကို သမ္မတနာမည်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နာမည်၊ ရှမ်းပြည်မှာ ဘယ်ပါတီက မဲအများဆုံး နိုင် ခဲ့သလဲနဲ့ မဲပေးမှာလား မေးခွန်း()ခုရဲ့ အဖြေရယူခဲ့တာမှာ လူငယ်အများစုက သမ္မတနာမည်ကို သိပေမယ့် ဝန်ကြီးချုပ် နာမည်နဲ့ ရှမ်းပြည်မှာ ဘယ်ပါတီက မဲအများဆုံးအနိုင်ရတယ် ဆိုတာ မသိတာတွေ့ရသလို မဲပေးတာတောင် အိမ်က ပြောမှ ဆိုတာမျိုးတွေ ပါတာတွေ့ရတာဖြစ်လို့ အမတ်လောင်းများ အနေနဲ့ လူထုအကြား နိုင်ငံရေး အသိအမြင်ဖွင့်ကိစ္စရပ်တွေ လုပ်ပေးဖို့ ပိုမိုလိုအပ်နေတယ်ဆိုတာ တွေ့ရပါတယ်။
.
တစ်နိုင်ငံလုံးအတိုင်းအတာ Pacemyanmar စစ်တမ်းမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းကို ၅၆ ရာခိုင်နှုန်းက မဲပေး မယ်။ အသက် ၄၀ အောက်ကို ၅၅ ရာခိုင်နှုန်း မဲပေးမယ်၊ ကိုးကွယ်ရာဘာသာ မတူတဲ့သူကို  ၂၂ ရာခိုင်နှုန်း မဲပေးမယ်၊ လူ မျိုးမတူတာကို ၃၆ ရာခိုင်နှုန်းက မဲပေးမယ်၊ အခြားမြို့မှာနေ သူကို  ၃၆ ရာခိုင်နှုန်းက မဲပေးမယ် ဆိုတာတွေကို သတိမူသင့် ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာ Pacemyanmar စစ်တမ်းမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းကို ၅၆ ရာခိုင်နှုန်းက မဲပေး မယ်။ အသက် ၄၀ အောက်ကို ၅၅ ရာခိုင်နှုန်း မဲပေးမယ်၊ ကိုးကွယ်ရာဘာသာ မတူတဲ့သူကို  ၂၂ ရာခိုင်နှုန်း မဲပေးမယ်၊ လူ မျိုးမတူတာကို ၃၆ ရာခိုင်နှုန်းက မဲပေးမယ်၊ အခြားမြို့မှာနေ သူကို  ၃၆ ရာခိုင်နှုန်းက မဲပေးမယ် ဆိုတာတွေကို သတိမူသင့် ပါတယ်။


.
၂၀၁၅ တုန်းက လွှတ်တော်အားလုံးအတွက် ပါတီတစ်ခု ထဲကို မဲပေးခဲ့တာက ၅၉ ရာခိုင်နှုန်းရှိပြီး လွှတ်တော်အလိုက် တူညီတဲ့ ပါတီကို မဲပေးခဲ့တာက ၂၃ ရာခိုင်နှုန်းရှိကာ မသိပါက ၁၅ ရာခိုင်နှုန်းရှိခဲ့တာဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ခုမှာ မဲပေးတဲ့ဦးရေ သိသိသာသာ နည်းပါးသွားတာတွေ့ရလို့  အခု ၂၀၂၀ အတွက် မဲပေးလိုစိတ်ကို စစ်တမ်းကောက်တာမှာ တစ် နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၄၈ ရာခိုင်နှုန်းသာ ကျိန်းသေမဲ ပေးမယ်လို့ဖြေကြားထားတယ်။ ရှမ်းပြည်နယ်အနေနဲ့ကတော့ ၃၀ ရာခိုင်နှုန်းပဲ မဲပေးမယ်လို့ ဖြေထားတာတွေ့ရတာကို ထူး ဂရုပြုသင့်ပါတယ်။
.
အဆုံးသတ်ပြောချင်တာက အမျိုးသားလွှတ်တော်အမတ် ၂၂၄ နေရာမှာ တပ် ၅၆ ဖယ်ရင် ပြည်သူက ၁၆၈ နေရာ ရွေး ပေးရမယ်။ ဒီထဲက ၁၁၃ နေရာ နိုင်တဲ့သူက အမျိုးသားလွှတ် တော်ကို လွှမ်းမိုးမယ်။ ပြည်သူ့လွှတ်တော်အမတ် ၄၄၀ မှာ တပ် ၁၀၀ ကို ဖယ်ရင် ၃၃၀ ကို ပြည်သူက မဲပေးလို့ ၂၂၁ ဦး နိုင်တဲ့ ပါတီကပြည်သူ့လွှတ်တော်ကို လွှမ်းမိုးမယ်။ အမျိုးသား နဲ့ ပြည်သူ့လွှတ်တော်ပေါင်း ၆၆၄ နေရာမှာ ၃၃၃ ဦးရတဲ့ ပါ တီက အစိုးရ ဖွဲ့နိုင်မယ်။ ဆိုတော့ ပါတီတွေ အမတ်လောင်း တွေ ကြိုးစားသင့်တာက ၂၀၁၅ တုန်းက ရှုံးခဲ့တဲ့ နေရာတွေကို အနိုင် ပြန်ရနိုင်အောင် ရိုးသားစွာကြိုးစားကြစေလိုကြောင်းပါ။
.
အခြားပါတီများ၊ တိုင်းရင်းသားပါတီများနဲ့ တစ်သီးပုဂ္ဂလ အမတ်များ အနေနဲ့ကတော့ အနီနဲ့အစိမ်းကြားက ၂၀၁၅ တုန်းက လွတ်သွားတဲ့ ကွာခြားချက် အမတ်နေရာ ၅၇ နေရာ ကို နိုင်ခဲ့မယ်ဆိုရင် အင်အားချိနဲ့ သွားတဲ့ ပါတီကြီးတွေကို မဲ တင်းနိုင်တဲ့ ပါဝါ ရသွားနိုင်တာဖြစ်လို့ မြန်မာ့နိုင်ငံရေးကို ထိန်း ကျောင်းနိုင်မည် ဖြစ်ကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)