ဝန်ကြီးဖြစ်ချင်သတဲ့လား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, February 22, 2020

ဝန်ကြီးဖြစ်ချင်သတဲ့လား


မင်းဇော်မင်း
.
ခင်ဗျားက ဝန်ကြီးဖြစ်ချင်သတဲ့လား !
.
အေးပါဗျာ ကျုပ်က ခင်ဗျားအကြောင်းကို ထောင်ထဲက တည်းကသိလို့ ကိုယ့်လူတွေကို အားမလိုအားမရ ပြောတယ်ဆို တာ နားလည်ပါတယ်၊ သရော်တာ မဟုတ်ပါဘူးဗျာ။ ခင်ဗျားတို့  ကျုပ်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေအတွက် အချို့ သော ကိစ္စရပ်တွေက သူ့နေရာသာ ငါဆိုရင်ဆိုတဲ့ အတွေးမျိုး နဲ့ အားမလို အားမရဖြစ်ရတာ အမှန်ပါပဲ။ ခင်ဗျားမှာ ဘွဲ့ရှိ တယ်၊ နိုင်ငံရေးသမိုင်း ကြောင်းလည်း ရှိတယ်၊ အသက်က လည်း ၆၀ ဆိုတော့ အမှီကောင်းရင် မှန်းလို့ ရပါတယ်။
.
အတန်းဘွဲ့ကတော့ သိပ်မလိုဘူး ထင်တယ်၊ ရန်ကုန် တောင် ဘွဲ့မရသေးဘူးလေ၊ ဒါပေမဲ့ ဒေါက်တာဘွဲ့ဆိုရင်တော့ ပိုကောင်းတာပေါ့၊ ဒါလည်း စံချိန်မမီတဲ့ ဒေါက်တာဘွဲ့ပြဿနာ၊ Thesis ဝယ်ပြီး မာစတာဘွဲ့ယူတဲ့ပြဿနာတွေနဲ့တော့ ကင်း ရှင်းဖို့ လိုတာပေါ့ဗျာ၊ ဟုတ်ပါတယ်ဗျာ ခင်ဗျား ကင်းရှင်းတာ ကျုပ်ယုံပါတယ်။
.
ကျုပ်တို့သစ်ခုတ်သမားတွေကတော့ တတ်စွမ်းသမျှပေး ဆပ်ပြီးရုံမကပါဘူး နေရာမရလည်း အတတ်နိုင်ဆုံး လုပ်နေ ကြတုန်းပါလေ၊ နိုင်ငံရေးသတ္တဝါတွေ မဟုတ်လား။ ဒါပေမဲ့ ချို့သော ကိစ္စရပ်တွေမှာ ကိုယ်ခုတ်ပေးလိုက်တဲ့ သစ်ကို ပန်းပု သမားကထုတာ ငှက်တော့ ငှက်ပဲ လဒရုပ် ပေါက််တာတော့ လက်မခံချင်ဘူး။ အေးလေ ဒါက ဖြည့်မြင်ဝါဒသမား ဆိုရင် တော့ သူမြင်ချင်တာ ဖြည့်မြင်ခွင့်ရှိတာပဲ။
.
နေဦး ခင်ဗျားက ထောင်ထဲမှာ ၁၀ နှစ်နီးပါးနေခဲ့ရတာနော်။ အထဲတုန်းက ဝါဒရေးရာ ဆွေးနွေးပွဲတွေနဲ့ အနာဂတ်နိုင်ငံရေး ရည်မှန်းချက်မှာ ဒီမိုကရေစီအစိုးရ ငါတို့အစိုးရဖြစ်ခဲ့ရင် ဆိုတာ အိပ်မက် မက်ခဲ့ပြောခဲ့ကြရင်း ထောင်ကကျွေးတဲ့ ဟင်း၊ ဝက် တောင် ခေါင်းခါတဲ့ `ဝက်ခေါင်းခါ` ခွေးတောင်ငိုတဲ့ `ခွေးငို` သဲရောထမင်းတွေကို ပျော်ပျော်ကြီး စားခဲ့ရရင်း မျှော်လင့်ခဲ့ကြ ရတာ အခုငါတို့အစိုးရလို့ ပြောနိုင်ပေမယ့် အားမရတာတော့ အမှန်ပါဗျာ။
.
ဘယ်လို အားမရတာလဲလို့ ပြောရင် အဆင့်နဲ့မတန်တဲ့ စကား၊ အောက်ခြေနဲ့ မညီတဲ့လုပ်ရပ်၊ လူထုအားကိုးမှု လိုအပ် ချက်နဲ့ မကိုက်ညီတဲ့ အပြောတွေ တွေ့ရင်၊ ရှေ့စကား နောက် စကား မညီတာတွေ ကြားရရင် အထပ်ထပ်သော အတားအ ဆီးတွေကို ချိုးဖြတ်နေရတဲ့ ကိုယ့်ဘက်(ဒီမိုကရေစီ)သားတွေ အခြေအနေကို အားမရတာပါ။

ဘယ်လို အားမရတာလဲလို့ ပြောရင် အဆင့်နဲ့မတန်တဲ့ စကား၊ အောက်ခြေနဲ့ မညီတဲ့လုပ်ရပ်၊ လူထုအားကိုးမှု လိုအပ် ချက်နဲ့ မကိုက်ညီတဲ့ အပြောတွေ တွေ့ရင်၊ ရှေ့စကား နောက် စကား မညီတာတွေ ကြားရရင် အထပ်ထပ်သော အတားအ ဆီးတွေကို ချိုးဖြတ်နေရတဲ့ ကိုယ့်ဘက်(ဒီမိုကရေစီ)သားတွေ အခြေအနေကို အားမရတာပါ။


.
ကိုယ့်ဘက်သားတွေအနေနဲ့ ချိုးဖြတ်နေရတဲ့ အတားအ ဆီးတွေထဲမှာ ပူူးသတ်ခံနေရတာလဲပါသလို အတိုက်အခံဘက် သား ဗျူရိုကရက်တွေရဲ့ ပညာပြမှုတွေကိုလည်း ကြုံတွေ့နေရ တာတွေ ပါလေသပေါ့။ အဲဒါတွေကို ကိုယ်ချင်းစာ နားလည်ပေ မယ့် အဂတိနဲ့ငြိတဲ့သူ၊ ကလေးကလား အဆင့်နဲ့ မညီ စကား ပြောတဲ့သူ၊ ခုပဲ ညွှန်ကြားချက်ထုတ်လိုက် တော်ကြာ ပြန်ရုပ် လိုက် စတာတွေ တွေ့တော့လည်း ပြောင်းလဲရေး ကြွေးကြော် ပြီး တက်သွားတဲ့ သူတွေကို အားမရတာ အမှန်ပေါ့ဗျာ။
.
ဒါထက် ခင်ဗျားက ဘယ်လို ဝန်ကြီးဖြစ်ချင်တာတုန်း၊ ဟို လေ ဝန်ကြီးတွေမှာက တိုင်း/ပြည်နယ် ဝန်ကြီး၊ ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး ဘယ်ထဲကလဲဗျ၊ ဒုဝန်ကြီးတို့၊ ဖွဲ့စည်းပုံ ထဲ မပါဘဲ အရင်အစိုးရ ဆင်းကာနီး ခန့်ခဲ့တဲ့ အမြဲတမ်း တွင်းဝန်ဆိုတာတွေတော့ ခင်ဗျား မမှန်းဘူး ထင်တယ်။ နောက် ပြီး ပြည်သူက တိုက်ရိုက် မဲစနစ်နဲ့ ရွေးချယ်တဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီးဆိုတာလည်း ရှိတယ်၊ တိုင်းရင်းသားရေးရာ ဝန် ကြီးတွေက ပြည်သူက ကြိုက်လို့ မဲပေးပေမယ့် ဘာမှ လုပ်ပိုင် ခွင့် မယ်မယ်ရရ မရှိတာမို့ ရှမ်းပြည်နယ်မှာတော့ ဝန်ကြီးအ တုတွေတဲ့လားဆိုပြီး ဆောင်းပါးတောင် ရေးလာတာ ဖတ်ရ သေးတယ်။ ဒီလိုဆိုတော့ ခင်ဗျားဖြစ်ချင်တာ တိုင်းရင်းသား ရေးရာ ဝန်ကြီးတော့ မဟုတ်လောက်ဘူး၊ အော် လုပ်ခွင့်ရရင် လုပ်မှာပဲလား၊ အေးပေါ့ဗျာ ခင်ဗျားအကြောင်း သိထားလို့ ခင် ဗျားရဲ့ နိုင်ငံရေးစေတနာ အမှန်ကို နားလည်ပါတယ်၊ စိတ်မရှိပါနဲ့ဗျာ။
.
ပြည်ထောင်စုဝန်ကြီးအဆင့် ရဖို့ကတော့ ပါတီခေါင်း ဆောင်ပိုင်းက ရွေးမှဖြစ်မှာ။ ဘယ်စံနှုန်းတွေနဲ့ရွေးတယ်တော့ သူတို့ပဲ သိမှာလေ။ ဒါပေမဲ့ မှန်းလို့ရတာတော့ ယေဘုယျဆို ရရင် အသက်ကြီးရမယ်၊ ဒေါက်တာဘွဲ့ပါရမယ်၊ ပြီးတော့ကိုယ့် လူ မဖြစ်ခဲ့ဘဲ ကိုယ့်ကို ဆော်ခဲ့တဲ့သူတွေဖြစ်ရင်လဲ အမျိုးသား ရင်ကြားစေ့ရေး အကြောင်းပြထားတော့ အများစုကိုလည်း ကယ့်နေရာတွေမှာ ခန့်နေတာပဲလေ၊ အဓိကတော့ အစိုးရခန့် ဝန်ကြီးပေါ့ဗျာ မဟုတ်ဘူးလား။
.
ဘယ်လိုပဲဖြစ်ဖြစ် အရင်ဆုံးတော့ ရွေးကောက်ပွဲ ဝင်ခွင့် ရွေး ချယ်ခံရဖို့ လိုမယ်၊ ပြီးတော့ အနိုင်ရတဲ့အမတ်ဖြစ်ဖို့ လိုမယ်။ တပ်ဝန်ကြီးတွေလား အဲဒါက ရွေးကောက်ခံ မဟုတ်ဘူးဆိုတာ ခင်ဗျားအသိလေ၊ ခင်ဗျားနောက်တာပေမယ့် ပြောစရာတော့ရှိ လာတယ်။ သူတို့က ရွေးချယ်စေလွှတ် ခံရသူတွေဆိုတော့ မိုး ကျရွှေကိုယ်တွေပေါ့ဗျာ၊ အံမယ် ခင်ဗျားတို့ဝန်ကြီးဖြစ်ရင်လဲ အုပ်ချုပ်မှု ဆိုက်ထဲမှာကို အများကြီး တွေ့ရမှာပါ။ ဘာကြောင့် ဆိုတော့ အထက်ပိုင်းရာထူးတွေက သူတို့ယူထားတာ များ တယ်လေ။ အဲဒါကြောင့် ပြောတာပေါ့ ဝန်ကြီးလုပ်မယ်ဆိုရင် သူတို့ထက် ပိုသိအောင် လုပ်မှဖြစ်မှာလို့။ ဒီလိုပြောရတာက လည်း ကိုယ့်ဘက်ဖြစ်လို့ ပြောရတာပါ။ သူ့ဘက်ကိုဘာမှ ပြောချင်ဘူး၊ ခုချိန်ထိ သုမနကျောမှာ ဒဏ်ရာတွေနဲ့လေ ခင် ဗျားကျောမှာလည်း ရှိနေတာပါ။ ဘဝနဲ့ချီရခဲ့တာတွေကိုးဗျ နော။
.
ကဲပါဗျာ ပြည်သူ့ဝန်ကြီးလမ်းကြောင်းပဲ ပြောကြရအောင် ပါ။ စိတ်ကူးယဉ်တယ်ဆိုတာ ပိုက်ဆံပေးရတာ၊ စျေးဆစ်စရာ မလိုတော့ ဘယ်လောက်ကြီးကြီး မှန်းရတာ ပျော်ဖို့ကောင်းတာ ပ။ အဲဒီတော့ လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်တွေကို ကြည့်ကြည့် ရအောင်ပါ။
.
ဒီထဲမှာ ဆန်းစစ်ချက်အရ နိုင်ငံရေးလမ်းကြောင်းကလာတဲ့ ဝန်ကြီးတွေ ဘယ်နှဦး၊ မဟုတ်တာက ဘယ်နှဦး၊ ပညာ ရှင်က ဘယ်နှဦးဆိုတာ ခင်ဗျားလည်း သိနေတာပဲ၊ ခေါင်း ဆောင်ပိုင်းက ရွေးခန့်ဖို့ပဲ လိုတာပဲလေ။
.
တစ်ခုတော့ရှိတယ် အဲဒါက မိန်းပဲ။ ခေါင်းဆောင်ကို ဝန်းရံ နိုင်စွမ်းနဲ့ သူ့ပြောတာကို လိုက်နာနိုင်စွမ်း မရှိရင်တော့ ခင်ဗျား မဖြစ်နိုင်ဘူး။ ကျုပ်တို့ကတော့ လူထုဆန္ဒနဲ့အညီ ပုံဖော်ပေးနိုင် တဲ့ စွမ်းအားရှိသူ ဖြစ်စေချင်တာပါပဲ။ အရေးကြီးတာက ခင်ဗျားတို့ ကျုပ်တို့မကြိုက်တဲ့ လူထုကို ဒုက္ခပေးခဲ့တဲ့ အာဏာရှင် လက်ပါးစေဟောင်း အရောင်ပြောင်းတွေနဲ့ ခရိုနီတွေရဲ့ ညှပ် ကြောင်းထဲ မမိတဲ့သူတွေ ဖြစ်ဖို့ လိုအပ်တာပါပဲ။
.
အဲ ဝန်ကြီးချုပ်လား ၂၀၀၈ အရတော့ ဝန်ကြီးချုပ်က ပြည် ထောင်စုဝန်ကြီး လယ်ဗယ်လေ။ ဒါပေမယ့် သိပ်အရေးကြီးတာ ပေါ့ဗျာ။ တိုင်းရင်းသားဒေသတွေမှာ ဒေသခံတွေရဲ့ ယုံကြည် ချက်ရအောင်၊ ပါတီရဲ့မူဝါဒတွေကို ထိန်းညှိနိုင်စွမ်း ရှိအောင်၊ ကိုယ်ကျင့်တရားတွေ မယိုင်လဲအောင် ထိန်းညှိရတဲ့ တကယ့် နေရာဖြစ်လို့ သိပ်အရေးကြီးတာပေါ့။
.
ပြည်ထောင်စုဝန်ကြီးတွေက ကိုယ်ရံတော် ဝန်ကြီးတွေဆို ရင် ဝန်ကြီးချုပ်တွေက ရှေ့တန်းတပ်မှူးကြီးတွေ ဖြစ်တော့မ ပေါ့။ ဝန်ကြီးချုပ်(၁၄)ပါးကို ခင်ဗျား ဆန်းစစ်ထားတယ်လား၊ အေးလေ သစ်ခုတ်သမားက ()ဦးပဲ ပါတာလေ၊ ကျန်သူတွေကတော့ အမြင်အရ ပြောရရင် နိုင်ငံရေးသမားလို့ မဆိုနိုင်ပေဘူး။
.
သူတို့တွေ လုပ်သမျှဟာ တိုင်းပြည်အတွက် စိတ်ရင်း ကောင်းနဲ့ လုပ်တယ်ယူဆရပေမယ့် ဒီမိုကရေစီ လိုလားတဲ့ လူ ထုဆန္ဒနဲ့ မကိုက်ညီတဲ့ အခါမှာတော့ ဝေဖန်မှုတွေ ညံရတာ ပေါ့ဗျာ၊ ဒီနေရာမှာ နည်းနည်း ဆွေးနွေးကြတာပေါ့ဗျာ။ ဆရာ လုပ်တယ် မထင်ပါနဲ့ ခင်ဗျားက ဝန်ကြီးလုပ်မယ်မှန်းတာ ကျုပ် ထက် မြင့်ပါတယ်။ ကျုပ်ကပါမွှားပါ။ အရေးမပါ ပါဘူး။
.
အခုက အများစုအစိုးရ(Majority gonernment)နော်။ နိုင်ရတဲ့ ပါတီက ဖွဲ့ထားတဲ့ အစိုးရပေါ့ဗျာ၊ စံအရ ဖော်ပြရမယ် ဆိုရင်တော့ ဒီအစိုးရကို ယုံကြည်မှုကို ဖော်ညွှန်းနိုင်တဲ့အထိ ရောက်ဆုံးနဲ့ တာဝန်ခံမှု အရှိဆုံး အစိုးရပုံစံလို့ ဆိုရမယ်။ ခြားပါတီတွေနဲ့ ညှိနှိုင်းစျေးဆစ်ရတာတွေ မရှိဘူးပေါ့ဗျာ။ ဒါ ပေမဲ့ လူနည်းစုအုပ်စုတွေရဲ့အမြင်ကို ထည့်သွင်းစဉ်းစားတာ လိုလားမှု နည်းပါးနိုင်တာရယ်၊ ကိုယ့်မူဝါဒ အလုပ်မဖြစ်ဘူးဆို တာကိုလည်း တုံ့ပြန်ဖို့ လိုလားမှု မရှိဖြစ်နိုင်တာတွေ ရှိတယ်။ ဒါတွေက တစ်ပါတီ အများစု အစိုးရတွေကို တစ်ချိန်က လိုလားအပ်တဲ့ ရှုမြင်ကနေ သွေဖည်စေတာတွေ ဖြစ်တယ်။
.
နောက်တစ်ခုကတော့ လူနည်းစုအစိုးရ(Minority Govern-ment) သတ်မှတ်ထားတဲ့ အမတ်ဦးရေအောက်ရပြီး ဖွဲ့တဲ့  စိုးရ။ လွှတ်တော်တစ်ခုမှာ အမတ်အများစုရဲ့ စိတ်ချ အာမခံချက် မရှိတဲ့ ထောက်ခံချက် အသာစီးမရှိတဲ့ အစိုးရ။ ဒီအစိုးရတွေ ကိုတော့ နိုင်ငံရေးအရလည်း တည်ငြိမ်မှုမရှိ၊ အုပ်ချုပ်ရေးမှာ လည်း ထိရောက်မှု မရှိဘူးလို့ ထင်မြင်ယူဆကြတယ်။ သာဓ ကတွေအရ အစိုးရတွေ အပြောင်းအလဲ လျင်မြန်ပြီး နောက် ဆုံးမှာ အစိုးရ တရားဝင်မှု ရှိ/မရှိ ပြဿနာကို ဦးတည်သွားကြ တယ်။ သာဓကတွေကတော့ စကင်ဒီနေဗီးယား၊ ဒိန်းမတ်တို့ ကိုနဲ့ ၁၉၄၅ ပြင်သစ်၊ ၁၉၈၀ အီတလီတို့ကို ညွှန်းတယ်။ ဗြိ တိန်မှာတော့ ၁၉၂၉-၃၁၊ ၁၉၇၄၊ ၇၆- တို့ကို ညွှန်းတယ်ဗျ။
.
အဆင့်စုံအုပ်ချုပ်ရေး(စနစ်) (multi-level governance)ကို (State centric Governance ) နိုင်ငံဗဟိုပြု အုပ်ချုပ်ရေး စနစ်က လက်ရှိ EU ကို ညွှန်းတာဖြစ်လို့ ကိုယ့်ပြည်နဲ့ဆိုင်တဲ့ ပါတီစုံစနစ်(Multiparty System)က ပါတီတစ်ခုချင်းရဲ့ မတ်လောင်းတွေ စုပေါင်းရတဲ့ မဲအရေအတွက်နဲ့ အချိုးကျ အမတ်နေရာယူတဲ့ ရွေးကောက်ပွဲစနစ်(Propor-tional Rep-resentation –PR) ကိုပဲ ပြောမယ်လေ။ ဒီမှာက နိုင်ငံရေး အက်ကြောင်း(claevaage)တွေကို ကုစားနိုင်တဲ့ (First-past-the-post) နိုင်သူအကုန်ယူ စနစ်ဆိုတော့ အနိုင်ရပါတီကြီး တစ်ခုခုက အစိုးရဖွဲ့တာမှာ အခြားနိုင်ငံတွေလို ပါတီကြီး()ခုထဲ လုနေတဲ့အနေအထားမျိုး မဟုတ်တဲ့ တိုင်းရင်းသားပါ တီတွေက နေရာရဖို့ကို အစွမ်းကုန် ကြိုးစားနေကြတာ အသိ ပဲလေ။
.
အခုဆိုရင် ()ပါတီ ပေါင်းသွားသလို ကျန်တဲ့ တိုင်းရင်း သားပါတီ အစုအဖွဲ့တွေဖြစ်တဲ့ NBF တို့ LSSEP တို့က ၂၀၂၀ မှာ မဲဆန္ဒနယ်မြေခွဲဝေ ကျင့်သုံးမယ့် ဗျူဟာတွေ ချခင်းနေကြ ပြီလေ။ တိုင်းရင်းသားလူထုကတော့ သူတို့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်စွမ်းရှိသူကို အဓိက ရွေးချယ်ဖို့ပြင်ဆင် နေကြမယ် ထင်ပါတယ်။
.

.
ဒါပေမယ့်ဗျာ အင်အားကြီးတွေကတော့ Duverger`Law အရ မဲအများဆုံးရသူကို ရွေးချယ်တင်မြှောက်တဲ့ (First-past-the-post)နိုင်သူအကုန်ယူ စနစ်က အများစုအစိုးရ၊ အနည်းစု အစိုးရ ဒါမှမဟုတ် ညွန့်ပေါင်း(colalition) အစိုးရတွေထက် သာလွန်ကောင်းမွန်တယ်လို့ ဆိုတယ်၊ အဓိကတော့ လူထုက သာ သမိုင်းကိုရွေးချယ်မှာပါ။
.
ခင်ဗျားကတော့ နိုင်ငံရေးပါးဝတယ်လို့ ကျုပ်က ယူဆပါ တယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းကိုး။ ပြီးတော့ ဒီမိုသမား ကိုး။ ဒါပေမဲ့ ပညာရှိ သတိဖြစ်ခဲဆိုတာတော့ ဂရုပြုစေချင် တယ်။ ဒါပေမဲ့ နေရာတိုင်းမှာ ဆရာထက် တပည့်ကိုပိုလိုတယ် ဆိုတာ ခင်ဗျားလည်း သိပါတယ်။ ဆရာလုပ်မိလို့ ပြုတ်သွား သူတွေလည်း ရှိတယ်နော အခုတောင် ခင်ဗျားကိုဆရာ လုပ် နေတာ မကြိုက်ချင်ဖြစ်နေပြီလား မသိ။
.

မှာချင်တာကတော့ စွန့်ခဲ့ရတဲ့ ကျုပ်တို့တွေ မစားရချင် နေပါစေ၊တန်စေချင်တာပါ။ အမတ်တစ်ယောက်က အဲဒီကိစ္စ ဝေဖန်လို့ အရေးယူခံရတာ ခင်ဗျားကြားလား၊ နာမည်နဲ့နေ ရာတော့ မပြောတော့ပါဘူး၊ လုပ်တုန်းကတော့ ကျုပ်တို့က သွေးချွေးတွေနဲ့ ဘဝတွေပေးပြီး လုပ်ခဲ့ရတာ၊ အခုတော့ ဝန် ကြီးရဲ့ ဆွေမျိုးတွေက ဘယ်က ပေါ်လာတယ်မသိ၊နေရာတွေ ယူနေကြတယ်ဆိုတဲ့ သဘောပြောလို့လေ။ အေးဗျာ ဆွေမျိူး ကောင်းစားရေးဝါဒ(Nepotism)က ခင််ဗျားကောင်းကောင်း ရှောင်နိုင်မှ ဖြစ်မယ်ဗျို့၊ ပြောသာပြော ရတယ်၊ ဒီမိုတွေကျတော့ ပြောတယ် အခြားတွေကျတော့ မပြောတော့ဘူးလားတဲ့။ ပြောချင်တာက အော့ နှလုံးနာတာရယ် တတ်စွမ်းသမျှလည်း ငါးတွေ ကြော်နေကြတာမို့ပါ။ စားစရာမရှိတဲ့ တိုင်းပြည်မှာ ထားစရာ မရှိအောင် ချမ်းသာနေသူတွေ၊ ငွေကို လေလိုသုံးနေ တဲ့ခရိုနီတွေကို နိုင်ငံသား အခွင့်အရေး၊ ဥပဒေအရ ဆိုတဲ့အသုံး အနှုန်းတွေနဲ့ဘက်လိုက်၊ အခွင့်အရေးပေး၊ ကိုယ်ကျိုးစီးပွား ရှာကြတဲ့ နိုင်ငံရေးသမား အမည်ခံအမှိုက်တွေ သန့်စင်သွားဖို့ လိုတယ်ဗျ။ ခင်ဗျားသာ ဝန်ကြီးတစ်ပါးဖြစ်ခဲ့ရင် အဓိကက အဲ ဒါတွေ နှိပ်ကွပ်ဖို့ပဲ။ ပြောသာ ပြောရတယ် လုပ်ဖို့ကတော့ လွယ်ပေးဘူး၊ ၁၀-စုနှစ်များစွာ စနစ်တကျ ဖျက်ဆီးခဲ့တာ ဆို တော့ ပျက်အစဉ်၊ ပြင်မရနဲ့ ရွှေထီးဆောင်းဖို့လောက်ပဲတွေး နေကြတာ မလွယ်ပေးဘူး။ မစွန့်ဘဲ စားနေကြတာတွေက အုတ်အရောရော ကျောက်အရောရောနဲ့လေ။ ပြီးတော့ ခါ တော်မီ သူရဲကောင်းတွေကလည်း အများသားမလား။
.
ခင်ဗျားက သစ်ခုတ်သမားဘဝကနေ ပန်းပုထုမယ်ဆိုရင် တော့ နိုင်ငံရေးကိုယ်ခံအား ကောင်းတယ်ဆိုပေမယ့် လုပ်ပိုင် ခွင့် အာဏာက အမြင်တွေဝါးစေတာ၊ အပြောတွေ ဝါးစေတာက နေ ပါးစပ်ကပါ ဝါးတာတွေ ဖြစ်လာမှာ သတိကောင်းကောင်း ချပ်နော်။ တော်ကြာ လူထုချဉ်ဖတ် ဖြစ်သွားနိုင်တယ်။
.
ကဲ လေလည်း ရှည်ပြီ အလုပ်လုပ်ဖို့ပဲ ရှိတယ်၊ ခုရှည်ခဲ့တဲ့ လေတွေကို အလုပ်မှာ ဆောင်ရန်ရှောင်ရန် လုပ်သွားမယ်ဆိုရင် ကျုပ်ပြောရကျိုး နပ်ပါတယ်။ ဒါပေမဲ့ ဆရာ သရဝဏ်(ပြည်)ရဲ့ အပြောလေးနဲ့ နဲနဲထပ်ရှည်လိုက်ပါရစေ-
.
အစိုးရဖွဲ့တဲ့အခါမှာလည်း အလုပ်တစ်ခုကို လုပ်မယ်ပြော လိုက်၊ ဆိုင်းငံ့လိုက်၊ ဖျက်သိမ်းလိုက် စကားအမျိုးမျိုးပြောတဲ့သူ၊ အလုပ်ကို အမျိုးမျိုးလုပ်သူ လူအများက ကန့်ကွက်တာခံရသူ။ ရွှေဉာဏ်တော်စူးရောက်လေသူ ဝန်ကြီးအချို့၊ ဘေဘီလုံမှ ချမ်းသာဆုံး ပုဂ္ဂိုလ်အချို့လို ဘာကိုမှ မဆုံးဖြတ်ရဲဘဲ အရာရာ ရေလိုက် ငါးလိုက်နဲ့ အချိန်ကုန်စေသူ၊ ခရီးသွားလာရေးကဏ္ဍ သိပ်ပြီးတိုးတက်အောင် မဆောင်ရွက်နိုင်သူ၊ အချို့သော ဝန် ကြီးချုပ်အချို့လို ဆရာမတွေကို ရွာမှာ မြဲစေချင်ရင် ရည်းစား စကား ပြောခိုင်းသူ၊ မြေအိုးကနျူကလီးယား ဓါတ်ပေါင်းဖို ထုတ်ခိုင်းသူ၊ လယ်ထဲမှာ ခရုကျနေပါက နိုင်ငံခြားကို တင်ပို့ ရောင်းချစေလိုတဲ့ ခရုကို ခါးတောင်းကျိုက်ဖမ်းပြနေသူ၊ ရုပ် တည်ကြီးနဲ့ မြို့သစ်၊ မြို့ဟောင်း စီမံကိန်း၊ ဘာစီမံကိန်း၊ ညာစီမံကိန်း တွေနဲ့ မစားရဝခမန်း အကြီးကြီးတွေနဲ့ အချိန် ကုန်နေသူ၊ ဆရာ/ဆရာမ တွေကို ကလေးထိန်းခိုင်းသူ၊ မိုးပျံ၊ မြေလျိုး လိမ္မော်သီးကို ရဲတင်းနဲ့ထုပြနေသူတွေလိုတော့ ခင် ဗျား မဖြစ်ဖို့ လိုတယ်ဗျာ။
.
နို်င်ငံရေး လုပ်စားနေကြသူတွေ နေရာမှာ နိုင်ငံရေးကို လိုက်စားသူတွေ နေရာရလာဖို့လိုတာဖြစ်လို့ ခင်ဗျားဝန်ကြီး ဖြစ်စေချင်ပါတယ်၊ တစ်ကယ်ပါ ဆုံးသွားတဲ့ တောင်ကြီး ရှမ်း ပြည်နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ကိုတင်မောင် တိုးပြောသလို သမိုင်းကို ငွေပေးဝယ်လို့မရဘူးပေ့ါဗျာ၊ ခင်ဗျား က သမိုင်းကြောင်း ကောင်းပါတယ်၊ ဝန်ကြီးဖြစ်ခါမှ စွန့်ပြီး စား ရင်တော့ မပြောတတ်တော့ဘူးဗျာ။
.
တစ်ခုတော့ သတိပေးလိုက်မယ် ကိုယ်က သူတို့လုပ်တာ မကြိုက်လို့ တစ်လျှောက်လုံး အတိုက်အခံနဲ့ပြောင်းအောင်ဆို ပြီး လုပ်တဲ့လူတွေက ကိုယ်လဲလုပ်ခွင့်ရရော သူတို့ထက် ပို ဆိုးတာ မဆိုးတောင် သူတို့လို အာဏာအပေါ်ယစ်မူးတာမ ဖြစ်ဖို့ လိုတယ်၊ ရှင်းရှင်းပြောရရင် အာဏာထောင်ချောက်ထဲ မကျဖို့ မရောက်ဖို့ လိုတယ်၊ ခရိုနီနဲ့ စီးပွားရေးသမားတွေ၊ ဗျူရိုကရက် (Old cunning Fox) တွေက အာဏာနွံံထဲ ကျဖို့ တွန်းချနေတဲ့ ထောင်ချောက်တွေကို နိုင်ငံရေးသတိ၊ ဒီမိုကရေ စီအသိနဲ့ အထူးသတိပြု ရှောင်ရှားနိုင်စွမ်းရှိရုံမက ဖြိုခွင်းနိုင် ဖို့ အရည်အချင်း ရှိဖို့လိုမယ်ဆိုတာ ကြပ်ကြပ်ကြီး သတိပေး ချင်တယ်။
.
၂၀၀၈ ကိုတော့ ပြင်+သစ် သမားတွေ အယူအဆမတူကြ ပေမယ့် တစ်ဖက်ထဲဆိုတော့ လက်တွဲလို့ရပါတယ်၊ ဒါပေမဲ့ ခု ကတော့  ဖက်စပ်မှာပဲ ရှိနေသေးတာ အတားအဆီးတွေကို ဖြတ်ကျော်ဖို့က သမိုင်းပေး တာဝန်လေ။
.
ဟိုနေ့က တောင်ကြီးကို သမ္မတ လာပြီး တာချီလိတ်က ဂိမ်းခုံတွေ ဖမ်းခိုင်းလိုက်မှ လုပ်တာမျိုး၊ ရှင်ဘုရင်ကိုယ်တိုင် ခွေးမောင်းနေရတာမျိုး မဖြစ်အောင် လုပ်ပေးမယ့် ဝန်ကြီးချုပ်၊ ဝန်ကြီးတွေ လိုတယ်ဗျာ။ ပြောရရင်တော့ မလုပ်မရှုပ် သမား တွေ ငါ့ဖို့သမားတွေ၊ လူထုကိုယ်စား မပြုသူတွေ၊ နိုင်ငံရေးပါး မဝသူတွေ၊ ကိုယ့်တပ်ကိုယ် ပြန်နင်းမယ့် သူတွေ မပါဝင်လာ ဖို့လိုမယ်ဗျာ။ နိုင်ငံရေး အကင်းပါးဖို့ သိပ်လိုမယ်။
.
လာမယ့် ၂၀၂၀ နိုင်ငံရေး ရာသီမှာတော့ Capacity စွမ်း ရည်ပြည့် အသင်းအနေနဲ့ ပြန်ဖွဲ့စည်းပြီး တိုင်းပြည်အတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းမယ်ဗျာ။ ခင်ဗျားအတွက်တော့ ဂရုဏာဒေါသော စကားနဲ့ပြောလိုက် မယ် ဝန်ကြီးလုပ်မည်ဆိုလျှင် အသက်ပြည့်ဖို့ထက် ကျပ်ပြည့် ဖို့ လူပါးမဝဘဲ နိုင်ငံရေးပါးဝဖို့၊ Be a Leader not a Boss ဖြစ်ဖို့က ပိုအရေးကြီးတယ်လို့ ဆိုပါရစေ။ နောက်မို့ဆို ဇာတ်ထဲက ဝန်ကြီးတောင် ဇာတ်စကား ဇာတ်ပညာ မပြည့်ဝရင် ကြိုး ဆွဲတောင် မရနိုင်ပေဘူး ဆိုတာပါပဲ။

No comments:

Post a Comment

Journal Download

Photo of three cats