အလုပ်အကိုင်ရွေးရာမှာ သုံးစွဲနိုင်တဲ့ နည်းတချို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 6, 2020

အလုပ်အကိုင်ရွေးရာမှာ သုံးစွဲနိုင်တဲ့ နည်းတချို့


လင်းထိန်
.
သက်ရှိလောကမှ အပင်နဲ့ လူအပါ သတ္တဝါတွေဟာ မိမိ တို့ ရှင်သန်ရေး ရရှိဖို့ အစာအတွက် အလုပ် လုပ်ကြရပါတယ်။ ရွေ့လျားနိုင်တဲ့ အင်္ဂါတွေ မပါ၊ ပေါက်ရောက်တဲ့ နေရာမှာပဲ မြစ်စွဲလို့ ရှင်သန်ရတဲ့ အပင်တွေဟာလည်း နေရောင်ခြည်ရဲ့ အကူအညီနဲ့ မိမိတို့ရဲ့ အစိမ်းရောင်ခြယ်ပစ္စည်းကို သုံးလို့ စာချက်လုပ်တာကို လုပ်ကြရပါတယ်။ အစိမ်းရောင်ခြယ်ပစ္စည်း မပါ၊ ကိုယ်တိုင်အစာ မချက်လုပ်နိုင်၊ ချက်လုပ်နိုင်တဲ့ အပင်တွေ ကနေ စတင်တဲ့ အစာကွင်းဆက်ကနေ အစာရဖို့ လုပ်ကြရတဲ့ ရွေ့လျားနိုင်တဲ့ အင်္ဂါတွေလည်းပါတဲ့ သတ္တဝါတွေ အဖို့မှာက တော့ အထူးပဲ အလုပ်လုပ်ကြရတော့တာကို တွေ့ရပါတော့ တယ်။ သတ္တဝါတွေထဲမှာမှ အဆင့်အမြင့်ဆုံး၊ အချင်းချင်း ဆက် သွယ်ဆက်နွယ် ဆက်ဆံမှုပုံစံတွေ အထွေပြား အစုံလင်ဆုံး လူသားတွေ အဖို့မှာကတော့ ပိုထွေပြား များပြားလှတဲ့ အလုပ် အကိုင်ဆိုင်ရာ ပုံစံတွေကို အဆင်စုံနဲ့ အလုပ်လုပ်ကြရဖို့က ရှိ လာရတော့တာကို တွေ့ရပါတော့တယ်။
.
ဒီလို မျိုးစုံနေတဲ့ အလုပ်အကိုင်တွေထဲမှာမှ မိမိတို့ အမှန် တကယ် နှစ်သက်လိုလားတဲ့၊ လုပ်ချင် ကိုင်ချင်တဲ့ အလုပ်မျိုး ကို မိမိတို့ဘဝတွေမှာ ရွေးချယ်လုပ်ကိုင်မိသွားရေးဟာ အထူး ပဲ အရေးကြီးလာတော့တာကိုပါ တစ်ဆက်တည်း တွေ့ရပါ တော့တယ်။ ဒါမှသာ ဒီလိုမှသာ မိမိတို့အတွက်လည်း ပျော်ရွှင် ကျေနပ်မှု ရရှိရပြီး အလုပ်လည်း တွင်ကျယ်ကာ ထိရောက်တဲ့ ရလဒ်တွေလည်း ထွက်လို့ အားလုံးအတွက်၊ ကမ္ဘာလောက အသီးသီးအတွက် အကျိုးရှိစေတဲ့ ကိစ္စက ဖြစ်လာတော့မှာမို့ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်အကိုင်ဟာ လူသားမှာကျတော့ အသက်မွေးဝမ်းကျောင်းရာ အရာအဖြစ်အပြင် သူ့ကိုယ်သူ သတ်မှတ်နားလည်ချက်၊ သူ့ကိုယ်သူ သိမြင်မှတ်ယူပုံတွေကို အားဖြည့်ပေးတတ်တဲ့အရာလည်း ဖြစ်လာတတ်ပြီး အခြားသူ တွေ မြင်ရတဲ့ သူ့ရဲ့ စရိုက်လက္ခဏာကိုပါ ဖော်ကျူးပေးတတ် တဲ့အရာ ဖြစ်လာတော့တာကိုပါ တွေ့ရလို့ အလုပ်အကိုင် ရွေး ချယ်ရေးဟာ အရေးပါလှတာကို တွေ့ရပါတော့တယ်။
.
ရှေးခေတ်ဦး ကာလတွေမှာတော့ အလုပ်ခွဲခြား လုပ်ကိုင် ခြင်း မရှိခဲ့သေးပဲ မိမိတို့အတွက် လိုအပ်ရာ ဟူသမျှကို မိမိတို့က ပဲ အားလုံး ထုတ်လုပ် လုပ်ကိုင်ခဲ့ကြရပါတယ်။ အလုပ်ခွဲခြား လုပ်ကိုင်ခြင်း ရှိလာတဲ့ အခါတွေမှာတော့ အလုပ်အကိုင်ဟာ ကာယအလုပ်၊ ဉာဏအလုပ်ဆိုပြီး ရှိလာခဲ့ကြတာကို တွေ့ရပါ တယ်။ ပစ္စည်းဥစ္စာတွေကိုလည်း ဘုံပိုင်ဆိုင်ကြတဲ့ စနစ်ကနေ ပုဂ္ဂလိက ပိုင်ဆိုင်တဲ့ ပုံစံစနစ်ကို ရောက်လာတဲ့အခါတွေမှာ တော့လည်း အလုပ်အကိုင်ဟာ ကုန်ထုတ်ကုန်လုပ် ပစ္စည်းအ ရင်းအနှီးတွေနဲ့ ပိုင်ဆိုင်လုပ်ကိုင်တဲ့ ပုံစံနဲ့ ကုန်ထုတ်ကုန်လုပ် ပစ္စည်း အရင်းအနှီးမဲ့နဲ့ ကာယခွန်အား၊ ကျွမ်းကျင်မှု စွမ်းအား သာ သုံးလုပ်ကိုင်ရတဲ့ အလုပ်ပုံစံတွေအဖြစ် ဖြစ်လာခဲ့တော့တာ ကိုလည်း တွေ့ရပါတော့တယ်။
.
ဒါကြောင့် မိဘ လက်ငုပ်လက်ရင်း အရင်းအနှီးကို ဆက်ခံ ရရှိလို့ ဆက်လက်လုပ်ကိုင်စရာ ရှိနေသော်လည်း မလုပ်ချင်ဘဲ မိမိ လုပ်ကိုင်ချင်ရာ အရာတစ်ခုကိုသာ လုပ်လိုသူတွေနဲ့ မိဘ လက်ငုပ်လက်ရင်း အရင်းအနှီးကို ဆက်ခံစရာ မရှိပဲ အလုပ် လျှောက်ကာ အလုပ်ဝင်ကြရမယ့် သူတွေ၊ အလုပ်တစ်ခု ဖန်တီး ရမယ့်သူတွေအဖို့ အလုပ်အကိုင် ရွေးချယ်ရေးဟာ အထူးစဉ်း စားစရာ ဖြစ်လာရတော့တာကို တွေ့ရပါတော့တယ်။
.
မိမိ ဘယ်လိုအလုပ်အကိုင်မျိုး လုပ်ကိုင်သွားရမလဲ ဆိုတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ငယ်စဉ်အရွယ်ကတည်းက မသဲကွဲ ခဲ့လိုက်ရသူတွေ အဖို့က မိမိတို့ကိုယ်ကို မိမိတို့မေးခွန်းတွေ ထုတ်ခြင်းနဲ့ စတင်သင့်ကြောင်း သိရပါတယ်။ ဘယ်အရာတွေ က မိမိကို ပျော်ရွှင်စေလဲ၊ ဘယ်အရာတွေက မိမိကို တီထွင်ဖန် တီးမှု ဖြစ်စေလဲ၊ ဘယ်အရာကို မိမိ လုပ်ပေးချင်နေတာလဲ၊ မိမိ လွယ်ကူစွာ လုပ်နိုင်တဲ့အရာက ဘာလဲ၊ မကြိုးစား လိုက်ရလေ ခြင်းဆိုပြီး မိမိကို နောင်တရစေမယ့်အရာက ဘာလဲဆိုတဲ့မေး ခွန်းတွေဟာ မိမိတို့ရဲ့ ရင်တွင်းဆန္ဒအမှန်နဲ့ မိမိတို့ရဲ့ စွမ်းရည် စစ်တွေနဲ့ မိမိတို့ကို တွေ့ရှိ ဆက်သွယ်မိစေပြီး မိမိလျှောက်ရ မယ့်လမ်းကို ရှင်းလင်းစေနိုင်ကြောင်း သိရပါတယ်။
.

.
ကျွမ်းကျင် သုတေသီတွေကလည်း အလုပ်တစ်ခု လျှောက်ထားမီ၊ အလုပ်တစ်ခု မဖန်တီးမီ မိမိဟာ ဘယ်လိုလူ စား ဖြစ်တယ်၊ ဘယ်အကြောင်းအရာတွေက မိမိကို ပျော်ရွှင်မှု ဖြစ်စေတယ်ဆိုတာကို ခေါင်းအေးအေးနဲ့ ဦးစွာ စဉ်းစားသင့် ကြောင်း အကြံပြုထားပါတယ်။
.
ဂျွန်ဟော်လန်ဆိုတဲ့ စိတ်ပညာရပ် ကျွမ်းကျင်ပညာရှင်က လည်း လူတွေမှာ ပင်ကိုအရည်အသွေး စရိုက်လက္ခဏာ မျိုး ရှိတယ်လို့ ဆိုပါတယ်။ လူတိုင်းဟာ ထိုပင်ကိုအရည်အသွေး မျိုးမှ တစ်မျိုးမျိုးနဲ့ ထပ်တူကျ ကိုက်ညီပြီး တချို့တွေဆို တစ်မျိုး ထက်ပိုတဲ့ စရိုက်လက္ခဏာတွေ ပေါင်းစပ်နေတယ်လို့ ဆိုပါ တယ်။ များသောအားဖြင့် စရိုက်လက္ခဏာ တစ်မျိုးစီအတွက် သင့်တော်တဲ့ အလုပ်အကိုင်တစ်ခု သေချာပေါက် တွေ့နိုင် ကြောင်း ၎င်းက ဆိုပါတယ်။
.

စက်ပစ္စည်းတွေနဲ့ အလုပ် လုပ်ကိုင်ရတာကို ကြိုက်နှစ် သက်ပြီး လက်တွေ့ကျကျ စဉ်းစား ဆုံးဖြတ်တတ်သူတွေကို လက်တွေ့ဆန်တဲ့ စရိုက်အမျိုးအစား (Realistic type) သိ လိုတတ်လိုစိတ် ပြင်းထန်ပြီး ပြဿနာဖြေရှင်းရမှာကို နှစ်သက် ကာ အခြေအနေအရပ်ရပ်ကို ခွဲခြမ်းစိတ်ဖြာ စဉ်းစားပြီးလေ့လာ သင်ယူခြင်းကို နှစ်သက်သူတွေကို စိစိစပ်စပ် သိလိုတဲ့ စရိုက် (Investigative type) စိတ်ကူးစိတ်သန်းကောင်းပြီး အနုပ ညာ လက်ရာတွေ ဖန်တီးလိုကာ မိမိခံစားချက်ကို သူတစ်ပါး နားလည်အောင် တစ်နည်းနည်းနဲ့ ဖော်ပြဖို့ နှစ်သက်သူတွေကို အနုပညာစရိုက် (Artistic type) တစ်ပါးသူတွေကို ကူညီရ တာကို နှစ်သက်ပြီး ခင်မင်ဖော်ရွှေတတ်သူ ပြီးတော့ သူတစ် ပါးကို နည်းပေးလမ်းပြ ပြုတတ်သူတွေကို လူမှုရေး ကျွမ်းကျင် တဲ့စရိုက် (Social type) အပြင်ထွက် လုပ်ကိုင်ရတာကို နှစ် သက်ပြီး အခြားသူတွေကို ခေါင်းဆောင်ရခြင်း သူတစ်ပါး လက် ခံလာအောင် သိမ်းသွင်းဆွဲဆောင် ပြောဆိုတတ်သူတွေကို စွန့်ဦးတီထွင်စရိုက် (Enterprising type) အရာရာကို သေးစိတ် မှတ်သားလေ့ရှိပြီး လုပ်ရိုးလုပ်စဉ်တွေကိုသာ လုပ် ကိုင်ရတာကို ကြိုက်နှစ်သက်သူတွေကို သမားရိုးကျဆန်တဲ့ ရိုက် (Conventional type) လို့ အထက်ပါ စိတ်ပညာရှင်က ခွဲခြားသတ်မှတ် ပြဆိုပါတယ်။
.
လက်တွေ့ဆန်တဲ့ စရိုက်ရှိသူတွေဟာ အင်ဂျင်နီယာ ညာရပ်နဲ့ သိပ္ပံဆိုင်ရာ လုပ်ငန်းနယ်ပယ်တွေမှာ၊ စိစိစပ်စပ်သိ လိုသည့် စရိုက်ရှိသူတွေဟာ ဆေးပညာ သုတေသန သင်ကြား မှုဆိုင်ရာ လုပ်ငန်းနယ်ပယ်တွေမှာ၊ အနုပညာ စရိုက်ရှိသူတွေ ဟာ ဒီဇိုင်နာ စာရေးဆရာ ရုပ်ရှင်ဂီတ လက်မှုပညာ အစရှိတဲ့ နုပညာ လုပ်ငန်းတွေမှာ၊ လူမှုရေးစရိုက်ရှိသူတွေဟာ ရှေ့နေ လူမှုရေးအတိုင်ပင်ခံ စီးပွားရေးအကြံပေးနဲ့ ပရဟိတ လူမှုရေး ဆောင်ရွက်မှု လုပ်ငန်းနယ်ပယ်တွေမှာ၊ စွန့်ဦးတီထွင်စရိုက် ရှိ သူတွေဟာ စီးပွားရေး အရောင်းအဝယ် နိုင်ငံရေးနဲ့ သတင်း စာဆရာ အစရှိတဲ့ နယ်ပယ်တွေမှာ၊ သမားရိုးကျစရိုက်ရှိသူတွေ ဟာ ရုံးဝန်ထမ်း အရောင်းစာရေး အစရှိတဲ့ လုပ်ငန်းနယ်ပယ် တွေမှာ အသီးသီးသင့်လျော် ကိုက်ညီကြကြောင်းလည်း ကျွမ်း ကျင်တဲ့ အခြားသုတေသီတို့က ထပ်မံ အကြံပြုထားပါတယ်။
.
ဒါကြောင့် အသုံးဝင် အသုံးချနိုင်တဲ့ ဒီအချက်အလက် နည်းလမ်းတွေကို ကိုးကားအသုံးပြုပြီး မိမိတို့နဲ့ ကိုက်ညီတိုက် ဆိုင်မှု အံဝင်ဂွင်ကျရှိတဲ့ အလုပ်အကိုင်တွေကို ရွေးယူနိုင်ကြ ပါစေကြာင်း တင်ပြပေးလိုက်ရပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats