အနီးဆုံးမှ ကျေးဇူး ပြုနေသူများ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, February 27, 2020

အနီးဆုံးမှ ကျေးဇူး ပြုနေသူများ


ကျော်လင်းထွန်း (ချောင်းဦး)
.
"တန်းတူတွေ့လျှင်၊ မေတ္တာဝင်
မဝင်နိုင်က၊ ပြိုင်တတ်တယ်။
ပြိုင်မည့်အစား၊ မေတ္တာပွား
.
စိတ်ထားပြုပြင် ပြောင်းပါ့မယ်။" စပြီး ရေးစပ်ထားသော ဗြဟ္မစိုရ်တရားနှင့်အညီ နေထိုင်ရေး ကဗျာကို စာဖတ်သူအချို့ ကြားဖူးကြမည် ထင်ပါသည်။ ပဋ္ဌာန်းဆရာတော် ဦးဝိသုဒ္ဓ ရေး စပ်တော်မူခဲ့သော ကဗျာ (သို့မဟုတ်) တရားလမ်းညွှန်စာစု ဖြစ် ပါသည်။
.
အသက်အရွယ်ပိုင်းအားဖြင့် လည်းကောင်း၊ စီးပွားရေးတို့ ပညာရေးတို့ ရာထူးပိုင်းမှာသော်လည်းကောင်း ကိုုယ်နှင့် တန်း တူဖြစ်နေသူ အချင်းချင်း မေတ္တာထားကြရန်နှင့် မေတ္တာမထား ကြလျှင် ပြိုင်စိတ်များ ဝင်လာပြီး အချင်းချင်းလောဘ၊ ဒေါသ စိတ်များ ဝင်ကာ အကုသိုလ်ဖြစ်လာနိုင်ကြောင်း လမ်းညွှန်းဆုံးမ ထားသော ကဗျာစာသား၊ တရားစာစုပင် ဖြစ်သည်။ ထိုနည်းတူ စွာ ကိုယ့်ထက်နိမ့်ကျသူတွေ့လျှင် ဂရုဏာတရား ထားကြရန် နှင့် ဂရုဏာတရား မထားနိုင်ပါက နိုင်ချင်စိတ်များ၊ အနိုင်ယူလို သော စိတ်များထားမိတတ်ပြီး အကုသိုလ်စိတ် ဖြစ်လာနိုင် ကြောင်း လမ်းညွှန်ထားပါသည်။
.
ကိုယ့်ထက် မြင့်သောသူ၊ ရာထူးကြီးသူ၊ စီးပွားဥစ္စာ ပြည့်စုံ သူတွေ့ပါက မုဒိတာ ပွားရမည့်အကြောင်း၊ မုဒိတာစိတ် မထား နိုင်ပါက မနာလိုစိတ်တိုစိတ် ဣဿာ။ မစ္ဆရိယများကြောင့် ကုသိုလ်ဖြစ်ရကြောင်း ဆုံးမလမ်းညွှန်ထားပါသည်။ စတုတ္ထအ ပိုဒ်၌မူ လူမိုက်တို့ အသိဉာဏ် နည်းသူတို့နှင့် တွေ့ပါက ပေက္ခာ ပြုထားကြရန်နှင့် သူတို့နှင့် ယှဉ်၍ တုဖက်ပြိုင်ခြင်း မပြုလုပ်ရန် လမ်းညွှန်ထားပါသည်။ နောက်ဆုံးအပိုဒ်အနေဖြင့်
.
"စိတ်ကိုလည်းပြင်၊ ရုပ်လည်းပြင်
ပြင်ဆင်တိုင်းရ၊ ပြုတိုင်းလှ
သုခနိဗ္ဗာန်တိုင်လိမ့်မယ်" ဟု ဆုံးမရင်း နိဂုံးချုပ်ထားပါ သည်။
.
လူအများစုသည် စိတ်ကို ပြုပြင်ရပါမည်။ သို့သော် ထိုသူ အများစုသည် စိတ်ကို ပြုပြင်ရကောင်းမှန်း မသိကြပါ။ စိတ်ကို အလိုလိုက်နေကြရင်းနှင့်ပင် လောဘ၊ ဒေါသ၊ မောဟများနှင့် အချိန်ကုန်နေကြကာ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်နေကြ သည်။ ကိုယ်ကျိုးစွန့် ပရဟိတကို မျက်ကွယ်ပြုနေကြရင်း ဘဝ နှင့် အချိန်တန်ဖိုး မဲ့နေသူက များပါသည်။
.
လူတို့သည် အခက်အခဲ၊ ဒုက္ခနှင့် ရင်ဆိုင်တွေ့ကြုံကြရသော အခါမှသာ မိမိအပေါ် ကျေးဇူးပြုဖူးသူ၊ မိမိကို ကျေးဇူးပြုမည့်သူ ကို ရှာဖွေတတ်ကြသည်။ တကယ်တော့ မိမိကို ကျေးဇူးပြုပေး မည့်သူ၊ ကျေးဇူးပြုခဲ့သူများမှာ ဝေးဝေးလံလံ ရှာနေစရာ မလို ပါ။ ပထမဦးစွာ သိထားရမည့် ကျေးဇူးပြုသူမှာ မိမိ၏ ကုသိုလ် စိတ် (စိတ်ကောင်းစိတ်မြတ်) သာလျှင် ဖြစ်သည်။ ဒုတိယကျေး ဇူးပြုသည့် သူများမှ မိဘနှစ်ပါး။ ထို့နောက် တတိယကျေးဇူးပြု သူများမှာ ဆရာ၊ ဆရာမများ၊ ဤတွင် သတိပြုရမည်မှာ သင်ဆ ရာသာလျှင် မကဘဲ မြင်ဆရာ၊ ကြားဆရာများကိုပင် မြင်အောင် ကြည့်တတ်ရန်မှာ အရေးကြီးပါသည်။ ထို့နောက်အဓိက ကျေး ဇူးပြုသူမှာ မိတ်ဆွေ၏ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပေး ရှာကြသော ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ကြဉ်းပေးကြသည့် မိတ်ကောင်းဆွေကောင်းများပင်တည်း။ နောက်ဆုံး ကျေးဇူးပြု နေကြသူများမှာ မိမိအား ဘဝတန်ဖိုး၊ အချိန်တန်ဖိုး အကျိုးရှိ စေသော စာကောင်းပေမွန်၊ စာအုပ်စာပေနှင့် ဗဟုသုတများပင် ဖြစ်သည်။
.
အနီးကပ်ဆုံး ကျေးဇူးပြုနေသူမှာ မိမိ၏ စိတ်ကောင်းစိတ် မြတ် (မေတ္တာစိတ်)ပင် ဖြစ်သည်။
.
"တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်
ချက်ကာထမင်း၊ ပေးလှူခြင်းထက်
မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ
မေတ္တာပွားများ၊ ကျိုးကြီးမားသည်
.
ဘုရားမြတ်စွာ၊ မိန့်ခွန်းတည်း။" ဆိုသည်နှင့်အညီ လူမြင် ကောင်းရုံ၊ လူကြားကောင်းရုံ လှူနေတန်းနေခြင်းထက် မေတ္တာ အရင်းခံ စိတ်ထားမှန်ရန်က ပို၍ အရေးကြီးပါသည်။ ဂုဏ်တု ဂုဏ်ပြိုင်စိတ်နှင့် လှူဒါန်းခြင်း၊ နာမည်ကြီးချင်စိတ်နှင့် လှူဒါန်း ခြင်းမှ ကုသိုလ်ထက် အကုသိုလ်ဘက်သို့ ပို၍ ယိမ်းယိုင်သွား နိုင်ပါသည်။ မိမိက ကုသိုလ်ရရှိရေး လိုလို၊ နာမည်ကောင်း ရေးလိုလို စိတ်နှင့် လှူဒါန်းသောအခါ အကျွေးအမွေး ကိစ္စအ တွက် တစ်ပါးသော တိရစ္ဆာန်တို့၏ အသက်ကို ထည့်တွက်ရန် လည်း လိုပါသည်။ အလှူအတန်းကို အပြစ်ဖွဲ့ ရေးသားနေခြင်း မဟုတ်ပါ။ မိရိုးဖလာ မျက်ကန်းလှူဒါန်းနေခြင်းထက် အဆင့် မြင့်သော လူမှုရေးနှင့် ဘာသာရေး အသိရှိစေလို၍ မီးမောင်းထိုး ပြသည့် သဘော ရေးသားရခြင်း ဖြစ်ပါသည်။
.
ဒါနကို ကန့်ကွက်ခြင်း မဟုတ်ပါ။ အဓိပ္ပါယ်ရှိသော ဒါန၊ တန်ဖိုးပြည့်ဝသော ဒါန၊ မေတ္တာစိတ် ထုံမွှမ်းစေလိုသော ဒါနမျိုး ဖြစ်စေချင်၍ ရေးသားရခြင်းပင် ဖြစ်သည်။ ဒါနတွင်သာမကပါ။ မည်သည့်လုပ်ငန်း လုပ်ကိုင်သည်ဖြစ်စေ မေတ္တာစေတနာ ရင်းခံ ဖြစ်ပါသည်။
.
မိမိကို အနီးကပ် ကျေးဇူးပြုနေသည့် စိတ်ကောင်းစိတ်မြတ် သည် မိမိကိုယ်တိုင် ဆောက်တည်ကျင့်သုံးရမည် ဖြစ်သည်။ အခြား မည်သူကမျှ ပြုလုပ်ပေး၊ ဖန်တီးပေး၍ မရပါ။ သို့သော် မိမိဖတ်ရှု လေ့လာနေသော စာကောင်းပေမွန်နှင့် မိမိနှင့် ထိ တွေ့ ဆက်ဆံနေသော မိတ်ကောင်းဆွေမွန်များက ပြုလုပ်ဖန် တီးချင်စိတ် မွေးပေးနိုင်စွမ်းပါ၏။ ထို့ကြောင့် စာကောင်းပေမွန် ဖတ်ရှုလေ့လာရန်နှင့် မိတ်ကောင်းဆွေမွန် ပေါင်းသင်းရန်ဖြင့် လိုအပ်လှပါသည်။ စိတ်ကောင်းစိတ်မြတ်၏ မူလအရင်းခံဖြစ် သော မေတ္တာနှင့် စေတနာကို အဓိက အားပြုရန် လိုအပ်လှပါ သည်။
.
မည်သည့်အလုပ်ကိစ္စတွင်မဆို စေတနာ တန် ရှိပါသည်။
"ပုဗ္ဗ၊ မုဥ္စ၊ ပရ စေတနာ" ဖြစ်သည်။
မဆောင်ရွက်မီ ရှေးဦးဖြစ်ပေါ်နေသော စိတ်စေတနာမှာ ပုဗ္ဗစေတနာ ဖြစ်သည်။
ဆောင်ရွက်နေဆဲ ဖြစ်ပေါ်နေသော စိတ်စေတနာမှာ မုဥ္စ စေတနာ ဖြစ်ပါသည်။
ဆောင်ရွက်ပြီးစီးပြီးနောက် ဖြစ်ပေါ်သော စိတ်စေတနာ ပရစေတနာ ဖြစ်ပါ၏။
.
မည်သည့်အလုပ်ကိစ္စပင် ဖြစ်ပါစေ မပြုလုပ်မီ စိတ်ကောင်း စိတ်မြတ်နှင့် မေတ္တာထား၍ ပြုလုပ်ဆောင်ရွက်ပါက ပုဗ္ဗစေတ နာကောင်း၍ ကုသိုလ်ရရှိပါလိမ့်မည်။ ထို့နောက် ပြုလုပ်ဆောင် ရွက်နေစဉ်နှင့် ဆောင်ရွက်ပြီး စိတ်စေတနာကောင်းနှင့် မေတ္တာ ပါခဲ့ပါမူ မုဥ္စစေတနာ၊ ပရစေတနာများပါ ဖြစ်ပေါ်နေ၍ ကုသိုလ် ထူး၊ အကျိုးမြတ် ရရှိပြီး တန်ဖိုးကြီးမားသော အလုပ်၊ အဓိပ္ပါယ် ပြည့်ဝသော အလုပ်၊ ပတ်ဝန်းကျင်အပေါ် အနှောင့်အယှက် ပြုသော ကောင်းကျိုးချမ်းသာ ပြည့်ဝသည့် အလုပ် ဖြစ်ပါလိမ့် မည်။
.
"Love is a mirror!"
"Character is lost, everything is lost"
"Love can make or break a life" စသည်တို့မှာ လွန်စွာ အသုံးဝင်လှသော၊ လူ့ဘောင်လောကကို သင်ခန်းစာကောင်း များ ပေးနေသော စကားပုံ၊ ဆိုရိုးစကား (Proverbs, Sayings) များပင် ဖြစ်သည်။
.

.
"သင်ပြုသည့်ကံ၊ ပဲ့တင်သံ၊ သင့်ထံ ပြန်လာမည်" ဆိုသည် မှာ မေတ္တာ၊ စေတနာကို သက်သေပြု ဖော်ညွှန်းနေခြင်း ဖြစ် သည်။ မိမိက စေတနာ မမှန်၊ မေတ္တာမထားဘဲ လုပ်ကိုင်ဆောင် ရွက်လျှင် မိမိ၏ ဘဝနှင့်် နောင်သံသရာတွင် မကောင်းမှု၏ ဒဏ် ဆိုးကျိုးများကို မိမိသာလျှင် ခံရပေလိမ့်မည်။
.

"ဘဝ" ဟူသည်မှာ တိုတောင်းလှပါသည်။ နေ့မြင်ညပျောက် ဖြစ်ပါသည်။ မနက်ဖြန်ဟူသည်မှာ မသေချာပါ။ နေ့စဉ်ခဏ၊ နေ့စဉ်ဘဝကို တန်ဖိုးရှိစေရန် အထူးဂရုပြုစေချင်ပါသည်။ စားထိုးမရသော မိဘနှစ်ပါးကို နေ့စဉ်ခဏ ပြုစုလုပ်ကျွေး၊ ကျေး ဇူးဆပ်ကြရန်နှင့် စိတ်ဆင်းရဲမှု မပြုလုပ်မိကြရန် အရေးကြီးလှ ပါသည်။ မိဘနှစ်ပါးရှိစဉ် မိမိစိတ်လိုက်မာန်ပါ ပြုလုပ်နေကြပြီး၊ မိဘနှစ်ပါး လွန်သောအခါမှ ငိုကြီးချက်မနှင့်၊ လူကြားကောင်း ငိုကြွေးပူဆွေး နောင်တရရုံ လုပ်ဆောင်နေကြခြင်းမှာ မိမိနှင့် ဝန်းကျင်လောက လုံးဝ အကျိုးမရှိသော လုပ်ရပ်မျှသာ ဖြစ် သည်။
.
မိမိိဘဝတွင် မိမိကို အနီးဆုံးမှ အကျိုးပြုနေသော ကျေးဇူးရှင်များတွင် မြင်ဆရာ၊ ကြားဆရာနှင့် အတွေ့အကြုံ အခက်အခဲများပင် ဖြစ်သည်။ ထို့ကြောင့်ပင်


မိမိိဘဝတွင် မိမိကို အနီးဆုံးမှ အကျိုးပြုနေသော ကျေးဇူးရှင်များတွင် မြင်ဆရာ၊ ကြားဆရာနှင့် အတွေ့အကြုံ အခက်အခဲများပင် ဖြစ်သည်။ ထို့ကြောင့်ပင်

.
"Experience is the best teacher" ဟု ဆိုစမှတ် ပြုခဲ့ကြ သည်။ မှန်ပေသည်။ မြန်မာဆိုရိုးစကား တစ်ခုရှိသည်။ "အလုပ် က သင်သွားလိမ့်မည်။" ဟူ၍ ဖြစ်ပါသည်။ ရုန်းရင်းကန်ရင်း ဖြေရှင်းရင်းနှင့်ပင် မိမိမတတ်သေးသော ဘဝဖြေရှင်းနည်း၊ လောကဓံ ရင်ဆိုင်နည်းနှင့် လောကကို အန်တုနည်းများ တတ် မြောက်လာကြသည်။
.
မိမိကို အနီးဆုံးမှ ကျေးဇူးပြုနေသူ နောက်တစ်မျိုးမှာ မိတ် ကောင်းဆွေမွန် ဖြစ်ပါသည်။
.
"A friend in need is a friend indeed" ဆိုသည်မှာ အင်္ဂ လိပ်စကားပုံ ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ သာယာပေါင်းသည် မိတ်တုဖြစ်ပြီး၊ အခက်အခဲ တကယ်ကြုံတွေ့နေရချိန်မှာ ကယ်ကူညီနေသူများသာလျှင် မိတ်စစ်၊ ဆွေစစ် ဖြစ်ကြပါသည်။ မိတ်ဆွေကောင်းသည် ဘဝ၏ တိုးတက်မှု၊ အောင်မြင်မှုတွင် လွန်စွာအရေးပါလှသည်။ အပေါင်းအသင်းမှားသော လူငယ် များမှာ သနားစရာ ကောင်းလှသည်။ "တံငါနားနီး တံငါ၊ မုဆိုး နားနီး မုဆိုး" ဆိုသည်နှင့်အညီ အပေါင်းအသင်းသည် မိမိအ ပေါ် ကောင်းကျိုးကျေးဇူး ပြုနိုင်သကဲ့သို့ ဆိုးကျိုးဒုက္ခများ ပေး နိုင်သည်ကို သတိပြုရပေမည်။
.
"သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း" ဆိုသည်မှာ ကောင်းအတူ၊ ကောင်းအတူဟု ယူဆမှားမည်ကို စိုးရိမ်မိပါ သည်။ မိတ်စစ်ဆွေစစ်၊ သူငယ်ချင်းကောင်းတို့ မည်သည် ကောင်းအတူ မရှိရလေအောင် ကြိုးစားပေးပါလိမ့်မည်။ မိတ် ကောင်းဆွေမွန်ဟူ၍ ဆိုလိုက်သည်နှင့် ဘဝကို တိုးတက် ကောင်းမွန်လာစေရန် ကူပံ့ပေးမည့်သူ ဖြစ်ပါသည်။ သို့မဟုတ် ဘဲ မိမိကိုလည်း မကယ်၊ သူကိုယ်၌လည်း ရုန်းကန်နိုင်စွမ်း မရှိ သူကို အားကိုးမမှားမိရန် လိုအပ်လှပါသည်။
.
ဘဝတစ်ခုလုံး လျှောက်လှမ်းနေစဉ် အကောင်းအဆိုး၊ မှားအမှန် ဝေဖန်ပိုင်းခြားနိုင်သော ပညာ၏ အရင်းခံမှာ စိတ်၊ စေတနာ၊ မေတ္တာပင် ဖြစ်သည်။ မှန်ကန်သော စိတ်စေတနာ၊ ဖြောင့်မတ်ဖြူစင်သော မေတ္တာတရားကို မွေးမြူ၍ ဘဝတိုက်ပွဲ ရင်ဆိုင်နွှဲကြစို့လား ခင်ဗျား။           

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)