လက်တစ်ကမ်းမှ ဒုက္ခပေးနေကြသူများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 23, 2020

လက်တစ်ကမ်းမှ ဒုက္ခပေးနေကြသူများ

ကျော်လင်းထွန်း(ချောင်းဦး)
.
"ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်" ဆိုသောစကားပုံ၊ "အာရောဂျံ ပရမံ လာဘံ" ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသော ဘုရားဟောတွေကို ကြားမိဆင်ခြင်မိသောအခါ ယနေ့ ခေတ်ပတ်ဝန်းကျင်ကို ကြည့်၍ အလွန်ကို စိုးရိမ်မိပါသည်။
.
မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍအဆင့်သည် နောက်ဆုံး နား၊ အောက်ဆုံးနားတွင် ရောက်နေပါပြီ။ စဉ်းစားသုံးသပ်ကြည့် သောအခါ ကျန်းမာရေး မကောင်းကြသူ အများစုမှာ အတိတ် ဘဝ ကံအကျိုးပေးကြောင့်က နည်းနည်း၊ စဉ်းစားဆင်ခြင်ဉာဏ် (ပညာရေးနှင့် စာပေဗဟုသုတ၊ လိုက်နာကျင့်သုံးကြမှု) မရှိခြင်း ကြောင့်က များများ ဖြစ်ပါသည်။ ကိုယ့်ကို ကယ်ဆယ်သည်ဟု ထင်ရပေမယ့် ဒုက္ခပေးနေသော အရာများအား တင်ပြ လိုပါ သည်။
.
ခေတ်မီဆေးဝါးများ(Modern Drugs)
ယနေ့ခေတ်တွင် အင်္ဂလိပ်ဆေးဝါးများမှာ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သည်။ ဝယ်ချင်သူက ဝယ်ချင်သည့်အရွယ် ထွက် ဝယ် ချင်သည့် အချိန်ဝယ်နိုင်သော စည်းမရှိ ကမ်းမရှိ၊ ပညာမဲ့ နေကြသော ပတ်ဝန်းကျင်တွင် ရောင်းသူကလည်း ရောင်းရ လျှင်ပြီးရော ရောင်းနေကြသည်။ ကြုံလျှင်ကြုံသလို ပါးစပ်စ ကား၊ ပါးစပ်နားနှင့် အကြံပြု လမ်းညွှန်လိုက်သော ဆေးကို၊ ဘာမသိ ညာမသိသူက ဝယ်နေကြပြီး ရောင်းရ၍ အမြတ်ရ လျှင်ပြီးရောဆိုသည့် ရောင်းသူကရောင်းသည်။ စဉ်းစားဆင် ခြင် ကင်းမဲ့စွာနှင့် ရောင်းဝယ်နေကြသော ဆေးဝါးရောင်းဝယ် သည့် စနစ်မှာ အလွန်အင်မတန် ကြောက်စရာကောင်းတော့ သည်။ ဆေးစာအုပ်နှင့် ဆရာဝန်လက်မှတ်၊ တံဆိပ်တုံး မလိုပါ၊ ဆေးနာမည်တွေ့ရုံမျှနှင့်ပင် ရောင်းနေဝယ်နေကြသည်။
.
ဆရာဝန်ကလည်း ဆေးကုမ္ပဏီက ပေးထားသည့် writing pad ပေါ်တွင် ကြုံသလို ရေးလျှင်ရေး၊ သို့မဟုတ်လျှင် သူနာပြု ဆရာမတွေကို ရေးခိုင်း၊ လူနာရှင်ကို ဆေးဝယ်ခိုင်း။ ဆေးဆိုင် ကရောင်းသူကလည်း ဆေးနာမည်တွေ့သည်နှင့် ရောင်းပေး လိုက်သည် ဤမျှနှင့်မပြီးသေးပါ။ ဆေးသောက်အကြိမ်ရေ ပြည့်ရင်ပြီးရော၊ သောက်ချင်သည့် အချိန်သောက်နေကြပြန် သည်။
.
ဆေးခန်းများ၊ ဆရာဝန်များကလည်း မနက်တစ်ကြိမ်မှ၊ နေ့လယ်တစ်ကြိမ်၊ ညတစ်ကြိမ်ဟူ၍သာ လူနာဆေးသောက်ရန် မှာကြားလိုက်ကြသည်။ အစာရှိမှ သောက်ရန် လို မလို၊ သောက် ရမည့် အချိန် အပိုင်းအခြားနှင့် သောက်ရမည့် အချိန်အပိုင်းအ ခြားနှင့် သောက်ရမည့် အချိန်နာရီတို့ကို အတိအကျ မမှာလိုက် ကြပါ။ ဆိုကြပါစို့။ တစ်ရက် ကြိမ် သောက်ရမည့်ဆေးမှာ တစ် ရက်မှာ ၂၄ နာရီဖြစ်လေတော့ နာရီတစ်ခါ သောက်ရမည်။ မနက် နာရီထိုး တစ်ကြိမ်၊ နာရီခြား နေ့ခင်းပိုင် နာရီထိုး တစ်ကြိမ်နှင့် နောက် နာရီခြားပြီး ၁၀ နာရီထိုး တစ်ကြိမ် သောက်မှသာ ဆေး၏အာနိသင်က ရောဂါဝေဒနာအပေါ်သက် ရောက်မှု ပြည့်ဝပေမည်။ သို့မဟုတ်ဘဲ မနက်စာ စားပြီး တစ် ကြိမ်၊ နေ့လယ်စာ စားပြီး တစ်ကြိမ်နှင့် ညနေစာ စားပြီး တစ် ကြိမ်သာ သောက်နေကြပါလျှင် ဆေးသောက်သင့်သည့် ကာ အပိုင်းအခြား လွဲသွားမည်။ ထိုအခါ ဆေး၏အကျိုးသက် ရောက်မှု အားနည်းမည်။ ရောဂါဝေဒနာ ခေတ္တပျောက်ကင်း  သက်သာသည်ကို အရှင်းကြီးပျောက်ပြီ အထင်နှင့် ဆေးဆက် မစားခြင်း၊ ဆေးစားချိန် လွဲမှားခြင်းကြောင့် ရောဂါဝေဒနာမှာ အမြစ်ပြတ် မပျောက်ဘဲ ခေတ္တငုပ်နေမည်။ များမကြာမီ ရောဂါ ဝေဒနာ ပြန်ပေါ်မည်။ ထိုအခါ အရင်ပုံစံ ဆေးသောက်နည်း ဖြင့်သာ သောက်မည်။ ဤသို့ဆိုပါက လူနာ၏ ရောဂါဝေဒနာ ပျောက်ကင်း သက်သာမှု မရှိဘဲ၊ မုန့်လုံးစက္ကူကပ်နှင့် လိပ်ပတ် လည်နေပါတော့မည်။
.
ပြီးလျှင်ရှိပါသေးသည် ဖျားလျှင်၊ ခေါင်းကိုက်လျှင် ပါရာစီ တမောလ်၊ ကိုနီဒင်း၊ လန်းဆန်း၊ ခေါင်း လုံး (သို့) ကုလား ကောင်ဟု ခေါ်နေကြသော (MIXAGRIP) အကိုက်အခဲပျောက် ဆေးကို အလွယ်တကူ ချက်ချင်းသောက်နေကြသည်။ ခေါင်း အရမ်းမူးလျှင် လုံးသောက်ကြပြီး၊ သက်သာလာလျှင် ပျောက် ပြီအထင်နှင့် ဆေးဆက်မသောက်ကြတော့ပေ။ ဤသို့ဖြင့် ခန္ဓာ ကိုယ်အတွင်းမှ ဗိုင်းရပ်စ်တို့သည် ဆေးကိုရင်းနှီးပြီးသား ဖြစ် ကာ ရောဂါဝေဒနာမှာ မကြာမကြာ ပြန်ဖြစ်နေပါလိမ့်မည်။
.

.
အချို့က အားဆေးများ အိပ်ဆေးများ ဝမ်းကိုက်ပျောက် ဆေးများ အသည်းအားဆေးများကို ဆရာဝန်ညွှန်ကြားချက် ရှိဘဲ ကိုယ့်အတွေး၊ ကိုယ့်စိတ်ကူးများနှင့် သောက်နေကြသည်။ ခေါင်းကလေး ညီစိစိဖြစ်လာလျှင် Ibuprofen တို့၊ paracetamol တို့ကို သောက်နေကြသည်။ နှာစေး ချောင်းဆိုးလေး ဖြစ်လာ လျှင် procold တို့၊ fluza တို့ ဝယ်သောက်ကြသည်။ ချောင်းလေး ဆိုး၊ ချွဲလေးကြပ်လာလျှင် bronchest တို့၊ dextro တို့ကို ဝယ် ယူသောက်ကြသည်။ အရက်သောက်လျှင် အသည်းထိသည် ဆိုပြီး livolin တို့ သောက်သူကသောက်ကြသည်။ အခြားသော သွေးအားဆေးတို့ သောက်နေကြသည်မှာလည်း ပြောမဆုံး ပေါင်။ ဆေးများ၏ ဘေးထွက်ဆိုးကျိုးကို မသိကြပေ။
.

ဒါဖြင့်လျှင် ဆေးမသောက်ရဘူးလားဟု မေးကြပေလိမ့် မည်။ ဤသို့ ဆိုလိုသည် မဟုတ်ပါ။ လိုအပ်လျှင် ဆရာဝန်ဆီ သွား၍ ကုသမှု ခံယူရပေမည်။ လိုအပ်လျှင်ဟု ဆိုထားပါသည်။ တော်ရုံ တန်ရုံ ချောင်းဆိုး၊ ခေါင်းကိုက်၊ ကိုယ်လက်မအီမသာ ခြင်းသည် လူတိုင်းဖြစ်တတ်ပါသည်။ ခန္ဓာကိုယ်ရှိသူတိုင်း ဝေဒ နာတော့ ခံစားရပါမည်။ ဝမ်းမမှန်၍ အပူကန်ခြင်း၊ အစားမဝင်၊ ခံတွင်းမတွေ့ခြင်း ဆိုသည်မှာ ရံဖန်ရံခါ ရှိတတ်ပါသည်။ တော်အသင့် နေထိုင်မကောင်းခြင်းမှာ မိမိ၏ အစားအသောက်၊ အနေအထိုင်ပြုပြင်ပြီး ဆီးဝမ်းမှန်စေခြင်း၊ တစ်ကိုယ်ရည် သန့် ရှင်းရေးနှင့် အိပ်ရေးဝခြင်းများဖြင့် တော်ရုံတန်ရုံ ပျောက်ကင်း စေပါသည်။ ထို့နောက်တွင် မိမိခန္ဓာကိုယ်၏ လိုအပ်ချက်ကို မိ မိဂရုစိုက်၍ အာဟာရဖြစ်စေသော လတ်ဆတ်သန့်ရှင်းသည့် ဟင်းသီးဟင်းရွက်များကို ဦးစားပေး စားသောက်ခြင်း၊ အာဟာ ရမဖြစ်သော မုန့်ပဲ သွားရေစာများကို ရှောင်ကြဉ်ခြင်းဖြင့် ကျန်း မာရေး ကောင်းမွန်အောင် ကြိုးစားသင့်ပါသည်။ အစားအ သောက် မဆင်ခြင်ဘဲ လှုပ်ခနဲရှိ ဆေးခန်းသွား၊ ဆေးဆိုင်က ဆေးဝယ် သောက်နေပါလျှင် ဆေး၏ဘေးထွက်ဆိုးကျိုးကို ခံ ကြရပေလိမ့်မည်။
.
အာဟာရမဲ့ မုန့်ပဲသွားရေစာများ
ယနေ့ခေတ်တွင် Ready made တို့၊ chemical တို့ကလည်း အလွန်အင်မတန်ပေါ၏၊ ဝယ်၍ အလွန်လွယ်ကူလှ၏ မုန့်လုပ် ကျွေးကြသည့် မိခင်ကလည်း ရှားလာ၏။ ချဉ်စပ်ခေါက်ဆွဲ၊ လေဖောင်းမုန့်၊ ပင်လယ်စာ၊ အသားတု၊ အစပ်ချောင်း၊ အချို ရည်ဘူး၊ အာလူးကြော်၊ ငရုတ်သီးကြော်၊ သကြားလုံး မာလာ ဟင်းဘူး စသည်တို့မှာ လက်တစ်ကမ်းမှ စျေးဆိုင်တွင် လွယ် လင့်တကူ ဝယ်၍ရနေသည်။ သဘာဝအစားအစာ ပြောင်းဖူးကို ကိုယ့်အိမ်မှာ ကိုယ်ပြုလုပ်ခြင်း၊ ကန်စွန်းဥပြုတ်၍စားကြခြင်းက အားနည်းလာပြီး လူငယ်ကလေးများပါ အကျင့်ပျက်နေကြကာ သဘာဝအသီးအနှံ၊ သစ်ဥသစ်ဖုထက် ဓာတုဆေးသုံး အာဟာ ရမဲ့ အစားအစာများကို မက်မောနေကြသည်။ တွေးခေါ်ဆင်ခြင် နိုင်စွမ်း (ပညာအရည်အချင်း) နည်းလေသော သူအများစုသည် သဘာဝသစ်သီး သစ်ရွက်စားသူများမှာ တောကျသည်၊ ရွာ သားဟု အထင်မှားကြပြီး ခေတ်ပေါ်အားတိုး အစားအစာကို စားသောက်နေမှ ခေတ်မီနေပြီဟု ယူဆနေကြသည်မှာ စိတ် မကောင်းစရာ ဖြစ်နေကြပါတော့သည်။ ပညာရေးအဆင့်အ တန်း နိမ့်ကျမှု၏ အနီးကပ် ဒုက္ခပေးခြင်း ခံနေကြရသည်ကို သတိပြုစေချင်ပါသည်။
.
wifi free နှင့် Handset များ Internet များ
သုံးတတ်လျှင် အလွန်အသုံးဝင်ပြီး၊ မသုံးတတ်လျှင် လွန်အန္တရာယ်အများဆုံး အရာမှာ Internet wifi နှင့် Phone handest များ ဖြစ်ပါ၏။ အလွန်အင်မတန် အသုံးဝင်သော်ငြား အလွန်အင်မတန် အန္တရာယ်များလှပါသည်။ ပညာအရည်အ ချင်း ပြည့်စုံသူများအတွက် Internet wifi Phone handest တို့သည် အလွန်အသုံးဝင်လှပြီး ရက်၊ လများစွာ ရှာနေရသည့် data များ ရှာတွေ့နိုင်ပါသည်။ သုံးတတ်သူများအတွက် ကု သိုလ် များပြီး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စေ့စပ်ကောင်း မွန်စေနိုင်ပါသည်။
.
ပညာအရည်အချင်း၊ အသိစိတ်ဓာတ် အားနည်းသူများ၏  Internet wifi နှင့် Phone handest အသုံးပြုခြင်းများမှာ ချိန်ကုန်၊ ငွေကုန်၊ လူပန်းစေရုံမျှမက အကုသိုလ်သာလျှင် တိုးပွားစေပြီး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလစ်ဟာမှုများ ယုတ်လျှော့မှုများကိုသာ ဖြစ်စေပါသည်။ ဂိမ်းဆော့ကြလျှင် နိုင် ချင်သော လောဘ၊ ဆော့ရင် စိတ်တိုနေသည့် ဒေါသ၊ ဘေးပတ် ဝန်းကျင်ကို မေ့လျော့နေတတ်သည့် မောဟ စသည်တို့သည် အကုသိုလ်၏ မူလအစ ပထမပင် ဖြစ်တော့သည်။ ယဉ်ကျေးမှု ကင်းမဲ့နေကြပြီး မိမိ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ယုတ်လျှော့စေသော လက်တစ်ကမ်းမှ ဒုက္ခပေးနေသည်ကို ကိုးကွယ်အားထားနေကြသော သူအပေါင်း ဆင်ခြင်တွေးတော၍ အသိတရားဝင်စေချင်ပါသည်။
ယဉ်ကျေးမှု ကင်းမဲ့နေကြပြီး မိမိ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ယုတ်လျှော့စေသော လက်တစ်ကမ်းမှ ဒုက္ခပေးနေသည်ကို ကိုးကွယ်အားထားနေကြသော သူအပေါင်း ဆင်ခြင်တွေးတော၍ အသိတရားဝင်စေချင်ပါသည်။ 
.
အားကစား အယောင်ဆောင် လောင်းကစားများ
အဓိက တင်ပြလိုသည်မှာ ဘောလုံးပွဲလောင်းကြခြင်းနှင့် ကျူထိုးနေကြခြင်းဖြစ်သည်။ နိုင်ငံခြား ဘောလုံးပွဲရလဒ်နှင့် ဂိုး အခြေအနေများ ပြောနေရခြင်းကပင် မိမိသာလျှင် global ထင် မှတ်မှားသူ များစွာရှိပါသည်။ ကျူထိုးခြင်းကိုပင် နိုင်ငံ တကာ ဘိလိယက်၊ စနူကာ လိုလိုနှင့် မိသားစုဝင်ငွေ စီးပွား ပျက်ရအောင် အချိန်နှင့်ငွေ ဖြုန်းတီးနေသူများမှာ မမြင်ချင် မှအဆုံး။ ပေါမှပေါ။
.
လူမှုရေး အယောင်ဆောင် ညမင်းသားများ
အထက်လူကြီးနှင့် အောက်ခြေဝန်ထမ်းအကြား ဆက်ဆံ ရေး ကောင်းခြင်း အယောင်ဆောင်သော KTV သမား ညမင်း သားများအတွက် အန္တရာယ်ပေးမည့် စီးပွားရေး သမားများမှာ တောမီးလောင်၊ တောကြောင်လက်ခမောင်းခတ်ရန် အသင့်ရှိ နေကြသည်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဝိသမလော စီးပွားရေး သမားများ ဖြစ်ကြသည်။ သံသရာနှင့် အများ ကောင်းကျိုး ကိုမသိ၊ လတ်တလောဘဝ ကောင်းစားရေးနှင့်  အတ္တသမားများသာ ဖြစ်လာတော့သည်။ ဘယ်သူမပြု မိမိမှု သာဖြစ်၍ သူတစ်ပါးကို လက်ညှိုးထိုးနေ၍ အလကားပင်ဖြစ်ပါ ၏။ မိမိဘဝ၊ မိမိ၏မိသားစုကို ဒုက္ခပေးမည့်သူများမှာ အဝေးကြီး မှာ မဟုတ်တော့။ လက်ထပ်ကမ်းလေးမှာပင် အယောင်ဆောင် ရှိနေကြတော့သည်။
.
ကောသလအိပ်မက် (၁၆) ချက်အတိုင်းပင် ခေတ်ပျက်ကြီး အတွင်း၌ ရှင်သန်နေထိုင်ကြရသူအတွက် အမှန်ကို အမှန်အ တိုင်း မြင်တတ်ရန်သာ အရေးကြီးတော့သည်။ စဉ်းစားဆင်ခြင် နိုင်သော တကယ့်အမှန်စင်စစ် ပညာကို တန်ဖိုးထားနိုင်မှ တော် ကာကျတော့မည်။ ခေတ်ပျက်ကြီးအတွင်း အန္တရာယ်အပေါင်းမှ လွတ်ကင်းနေရန် တရားမပျက်၊ စည်းမပျက်၊ သီလမပျက်၊ သဘာဝမပျက် နေနိုင်မှသာ လူမပျက်နိုင်မည်ဟု ယုံကြည်ရန်မှ တစ်ပါး အခြားမရှိပါဟု ဆိုလိုက်ချင်ပါတော့သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About