တန်ဖိုးရှိအောင် နေကြရာဝယ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 11, 2020

တန်ဖိုးရှိအောင် နေကြရာဝယ်


ကျော်လင်းထွန်း (ချောင်းဦး)
.
ကျွန်တော်ငယ်စဉ်ကတည်းက အခုချိန်အထိ အလွန်အင် မတန် နှစ်သက်ခဲ့ရတဲ့ စကားလေးနဲ့ပဲ အစပျိုးပါရစေ။
"အကောင်းဆုံးဖြင့် အချိန်ကုန်ပါ" တဲ့။
.
ဖေဖေရဲ့ ဆရာဖြစ်သူက ၄၅ နှစ်အရွယ် ဖေဖေ့ကို ဆုံးမခဲ့ တဲ့စကားပါ။ အဲဒီအချိန်က ကျွန်တော် အသက် ၁၅ နှစ်ပေါ့။ ခုဆိုရင် အဲဒီအချိန်က ဆုံးမစကား နာခံခဲ့ရတဲ့ ဖေဖေ့အသက် အရွယ်နီးပါး အရွယ်ထဲကို ကျွန်တော်ရောက်နေပါပြီ။ ဖေဖေ့ဆ ရာရဲ့ ဆုံးမစကားက သိပ်မှန်ပြီး သိပ်ကောင်းတာကိုး။ အိမ်ရဲ့ အဝင်ခါးပန်းမှာ ဖေဖေရေးထားတဲ့ မြေဖြူစာတမ်းလေး။ " ကောင်းဆုံးဖြင့် အချိန်ကုန်ပါ"တဲ့။ တိုတိုလေးနဲ့ ရှင်းရှင်းလေးပါ။
.
စကားလုံးက လုံးထဲပါ။ တကယ်ကို ထိရောက်တဲ့ ဆုံးမ စကား။ လိုက်နာလေလေ တန််ဖိုးရှိလေလေ။ ဖတ်ကြည့်လေ လေ လိုက်နာဖို့ ခက်လေလေ။ တန်ဖိုးရှိချင်ရင် တကယ်လိုက် နာရမှာပါ။
.
ဘဝမှာ တန်ဖိုးအမျိုးမျိုး သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ ကယ့်တန်ဖိုးရှိတဲ့အရာက ရှားပါတယ်။ ကျွန်တော့်တပည့်တွေ ကျွန်တော့်ဆီ လာကန်တော့တဲ့အခါ ကျွန်တော်ပေးတဲ့ ဆုတစ် ခုရှိပါတယ်။
.
"အချိန်၏တန်ဖိုး၊ ဘဝ၏ တန်ဖိုး၊ ပညာ၏တန်ဖိုး ပြည့်စုံ အောင် ကြိုးစားနိုင်တဲ့သူ ဖြစ်ပါစေ"လို့ စပြီး ဆုပေးပါတယ်။ ချိန်ရရင် နည်းနည်းရှင်းပြရပါတယ်။ ဘဝမှာ တန်ဖိုးမထားသင့် တဲ့အရာတွေကို တန်ဖိုးမထားမိစေဖို့၊ တန်ဖိုးထားရမည့် အရာ တွေကို တန်ဖိုးထားကြဖို့ပေါ့။ ဂုဏ်၊ ပကာသန၊ ပလွှားကြွားဝါ မှုတွေကို ရှောင်ကြဉ်ကြဖို့။ အပေါ်ယံ အဝတ်အစား၊ ဆံပင်ပုံစံ ကို တန်ဖိုးမထားကြဖို့။ ကား၊ ဆိုင်ကယ်၊ Phone Handset ဆို တာ တန်ဖိုးကြီးသော်လည်း တကယ်တန်ဖိုးရှိအောင် မသုံးလျှင် တန်ဖိုးအစစ် ဖြစ်မလာနိုင်ကြောင်းတွေကို ရှင်းပြမိပါတယ်။
.
လူအများစုဟာ အသက်ရှိစဉ် မသေခင်အချိန်ကို တန်ဖိုး ထားသူက နည်းလွန်းပါတယ်။ ဆွေမျိုးတစ်သိုက်စာ၊ မိသားစု ၃၊ စုစာအတွက် ပြည့်စုံအောင် လုပ်ပေးနေရတာကို မိမိအ ချိန်တွေ တန်ဖိုးရှိလှပြီလို့ ထင်နေကြတာပါ။ နေ့စဉ်လျာထား ချက်ရှိနေတတ်ကြပါတယ်။ တကယ်တော့ နေ့စဉ် လျာထား ချက်ပဲ လိုပါတယ်။ နေ့စဉ်ခဏကို တန်ဖိုးထားရမှာပါ။ မနက်ဖြန် ဆိုတာ မသေချာပါဘူး။ လူဆိုတာ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ဘဝကူးပြောင်းသွားနိုင်ပါတယ်။ နေ့ စဉ်နှင့်အမျှ ပို့နေရတဲ့ အသုဘတွေ၊ မနေ့ညက အကောင်း နက်ရောက်တော့ ဆေးရုံမှာ။ စောစောကပဲ ဖုန်းပြောနေရသေး တယ်၊ အခုတော့ ရင်ခွဲရုံမှာတဲ့။ ကား accident (ယာဉ်မတော် တဆမှု)ကြောင့်တဲ့။ စတာတွေဆိုတာ နေ့စဉ်နှင့်အမျှ သံဝေဂ ရစရာတွေပါ။
.
အလုပ်လုပ်ချင်သူအတွက် အလုပ်တွေဆိုတာ လုပ်လို့ကို မနိုင်ပါဘူး။ ဒါကို အလုပ်အမြဲလုပ်နေကျ သူတွေ ကိုယ်တွေ့ပါ။ ဒါပေမဲ့ အလုပ်မလုပ်ချင်တဲ့သူ၊ ရေသာခိုတဲ့သူ၊ အချိန်ဖြုန်းတဲ့ သူနဲ့ ပျင်းတဲ့သူတွေအတွက်ကတော့ ဘာလုပ်လို့ ဘာကိုင်ရ မှန်းမသိ ဖြစ်နေတတ်ပါတယ်။ ကိုယ့်မိသားစုအတွက် အလုပ် လုပ်နေရင်း ကိုယ့်ဘဝဝမ်းစာ စာဖတ်ဖို့ အချိန်ကိုမရရအောင် ရှာ၊ ပရဟိတ အလုပ်ကတစ်ဖက်၊ လူမှုရေးက တစ်မျိုး၊ အစည်း အဝေးကလည်း မတက်လို့ မဖြစ်ဆိုတော့ အလုပ်လုပ်နေကျသူ အတွက် တစ်နေ့ ၁၆ နာရီ အလုပ်လုပ်ချိန်ဟာ မလုံလောက် တော့ပါဘူး။ ဒါပေမဲ့ အလုပ်မလုပ်ချင်သူအတွက် အလုပ်လုပ် ချိန် နာရီတောင် ကောင်းကောင်းမလုပ်ဘဲ ရေသာခို။ အလုပ် ချိန်ပြီးပြန်တော့ အိပ်၊ စား၊ ကာမနဲ့ မိမိလုပ်ချင်ရာကို စိတ်အ လိုလိုက် အချိန်ဖြုန်းတော့တာပါပဲ။
.
ဘဝကို တန်ဖိုးထားသူ မှန်သမျှ အချိန်တန်ဖိုးထားကြသူ များပါပဲ။  ဘဝတန်ဖိုး ရှိချင်သူများဟာ အချိန်တန်ဖိုးကို ကောင်း ကောင်းသိကြတဲ့အတွက် မနက်စောစောထကြပါတယ်။
.

.
အရုဏ်ဦးကို တန်ဖိုးရှိရှိ အသုံးပြုကြသူတွေ
တကယ်တော့ အရုဏ်ဦး အလေ့အကျင့်ဟာ လူတစ် ယောက်ရဲ့ ဘဝတန်ဖိုးကို ဆုံးဖြတ်ပေးပါတယ်။ မနက်စောစော မှာ မေတ္တာစိတ်နှင့် အချိန်ကို အသုံးပြုပြီး၊ ကုသိုလ်အတွက် လုပ်လုပ်နိုင်ကြသူဆိုတာ လူနည်းစုပဲ ဖြစ်နေပါတယ်။ အရုဏ် ဦးမှာ ဘုရားသောက်တော်ရေကပ်၊ ရေချမ်းတော် ကပ်နှင့် မျှဝေ ဆုတောင်းတဲ့ အလုပ်ဆိုတာ အဘိုးအဘွားတွေ အလုပ် လို့ပဲ တွေးထင်မှားနေကြပြီး ပျင်းနေကြတဲ့ လူလတ်ပိုင်းက များ ပါတယ်။ ဆွမ်းချက်၊ ဆွမ်းတော်ကပ်ဆိုတာ အဘတို့၊ အမေ တို့၊ အိမ်ရှင်မတွေ ရှိတာပဲဆိုတဲ့သူက မိုးလင်းတာတောင် အိပ် ရာက မထချင်။ အိပ်ယာက နောက်ကျမှ ထ။ ဖုန်းကို ချက်ချင်း ယူ၊ Internet ဖွင့်။ မျက်နှာသစ်စတဲ့ ဗာဟိယတွေပြီးတော့ လက်ဖက်ရည်ဆိုင်ထွက်။ ကမ္ဘာ့အကြောင်း ကိုယ်က အရင်သိ တဲ့ပုံစံဖြင့် ဟောင်ဖွာဟောင်ဖွာနှင့် အချိန်ကုန်။ ဒီလိုနဲ့ မနက် နာရီခွဲကနေ တန်ဖိုးရှိရှိ သုံးရမည်။ နာရီလောက် အချိန်ဟာ ကိုယ့်ဘဝအတွက် တန်ဖိုးမဲ့ခဲ့ရပါတယ်။ မနက်ပိုင်း ဤသို့ ချိန်ကုန်နေကြသူက ဒုနှင့်ဒေးပါပဲ။ အိမ်ရှင်မ အများစုဟာလည်း စျေးသွားလျှင် စျေးမှာ၊ စျေးမသွားရလျှင် အိမ်မှာ မေတ္တာပို့ရင်း ထမင်းဟင်းချက်၊ အိမ်မှုကိစ္စ လုပ်နိုင်သူက ရှားလှပါတယ်။
.

မနက်စောစောထပြီး သောက်တော်ရေ ကပ်၊ ရေချမ်းတော် ကပ်၊ ဆီမီးလှူ၊ မေတ္တာပို့၊ သီလယူ၊ သမထနှင့် ဘဝနာ (ဝိပ ဿနာ) ပြုနေကျသူအတွက် လောဘ၊ ဒေါသ၊ မောဟ ကင်းနေ ပါမယ်။ သို့သော် တကယ့် စိတ်ရောကိုယ်ပါ မေတ္တာစိတ်နှင့် သဒ္ဓါစိတ် ရှိဖို့ အရေးကြီးပါတယ်။ လူမြင်ကောင်းရုံ၊ လူကြား ကောင်းရုံ ရိပ်သာ သွားခြင်း၊ တဘက် ပုခုံးပေါ်တင် ဘုရားစာ ကျယ်ကျယ်ရွတ်၊ ကြေးစည်တီး ပုံစံမျိုး မဖြစ်ရပါ။ ကိုယ်ကိုယ် တိုင်ကပင် တရားတကယ်သိ၍ စိတ်ကောင်းရှိဖို့၊ မေတ္တာပွား များဖို့ လိုအပ်ပါတယ်။ တကယ်တရားရှိတဲ့သူအတွက် သူတစ် ပါးအပြစ်ကို အခြားတစ်ပါးသူ ပြောခြင်း (အတင်းအဖျင်းပြော ခြင်း)ဆိုတဲ့ သူတော်ယုတ်အလုပ်ကို မလုပ်တော့ပါဘူး။
.
"မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကို ထား" တတ်တဲ့ သူတော်ကောင်းတွေဟာ ဘဝကို တန်ဖိုးရှိချင်ကြ ပါတယ်။ လောဘ တကယ်မရှိတဲ့အတွက် အတ္တစိတ် မရှိကြသူ တွေပါ။ ဘဝကို အကောင်းဆုံးဖြင့် အချိန်ကုန်သူအတွက် အတ္တ စိတ် ကင်းမဲ့ကြလေတော့ မိုးလင်းမိုးချုပ် သူတို့ရဲ့အချိန်ဟာ စိတ်ရှည်သည်းခံ၊ ပေးဆပ်ရန်သာ သိကြသူတွေပါ။
.
"စိတ်ကောင်းရှိ၊ သီလမြဲ၊ ဝိပဿနာစွဲ"ဆိုတဲ့ အဆင့်ရောက် အောင် ကြိုးစားနေကြသူဆိုတာ သူတော်ကောင်းတွေပါ။ သို့ သော်လည်း ကိလေသာ မွှေနှောက်၊ မိုးအောက်က လူတွေ၊ ပု ထုစဉ်လူသားတွေဆိုတော့ အရိယာမဖြစ်ခင် ကြိုးစားပြီး သီလ မြဲအောင် နေကြရပါတယ်။ ဒီခေတ်ကြီးမှာ တယ်လည်းခက်တဲ့ ကိစ္စမို့၊ အတတ်နိုင်ဆုံး ကြိုးစားရမှာပါ။

.
အာဟာရပြည့်သောစာကို ဖတ်တဲ့သူ
တစ်နေ့က ကာတွန်းလေးတွေ့လိုက်ရပါတယ်။ "အာဟာရ ဖြစ်တဲ့စာဆိုတာ ကြက်ဥကြော်နည်း၊ ဗီတာမင်ရှိတဲ့ အသီးအ ရွက် စားနည်းတွေ ရေးထားတဲ့ စာလားဟင်" ဆိုပြီး မေးခွန်း ထုတ်နေတဲ့ ကာတွန်းလေးတစ်ကွက်ပါ။ တွေးမိရင်း ပြူးနေမိ ပါတယ်။
.
စာကို အာဟာရဖြစ်အောင် ဖတ်တတ်ဖို့ လိုပါတယ်။ ကိုယ် ဖတ်ထားတဲ့ စာဟာ ကိုယ့်အတွက် တစ်ပါးသူအတွက်၊ လူ့ ဘောင်ကောင်းကျိုးအတွက် တန်ဖိုးရှိနိုင်အောင် လမ်းညွှန်ထား ပြီး၊ စာဖတ်သူကိုယ်တိုင် ကျင့်ကြံနိုင်ခဲ့ရင် ဖတ်ထားတဲ့စာဟာ အာဟာရရှိတဲ့စာ ဖြစ်သွားပါလိမ့်မယ်။ သို့မဟုတ်ပါပဲ ဖတ်သာ ဖတ်ပြီး လက်တွေ့ အသုံးမချလျှင်၊ လူမြင်ကောင်းရုံစာအုပ်ဖတ် စာအုပ်ဝယ်နေခဲ့ပါလျှင် အာဟာရ မဖြစ်နိုင်ပေ။ ငွေကုန်ရုံမက စာဖတ်သူ၏ စိတ်ဓာတ်ပါ ပျက်စီးသွားသည်မို့ နှမြောစရာ ကောင်းပါတော့တယ်။
.
လူအများစုဟာ ဘာသာရေးစာပေ၊ ကျန်းမာရေးစာပေတွေ ကို နေမကောင်းတဲ့အခါမှသာ လေ့လာနေကြပါတယ်။ ယနေ့ ခေတ်တွင် ကျန်းမာရေး ပြဿနာများ ပိုတွေ့ရပါတယ်။ ငယ် ငယ်ရွယ်ရွယ်နှင့် ဆီးချိုသွေးတိုးက များမှများ။ Screen hours (ဖုန်း အသုံးပြုလွန်းသူ) များလာတော့ ငယ်ငယ်ရွယ်ရွယ််နှင့် မျက်မှန်သမားက များမှများ။ Chemicals (ဓာတုပစ္စည်း) နှင့် Lifestyle (သဘာဝလွန်ဆန်နေကြသူက များ) အရ အမှည့် ဝင်းဝင်း၊ အကင်းတဖြုတ်ဖြုတ်ကလည်း အားလုံးမြင်နေကြားနေ ကြရသည့် အတိုင်းပင်။
.
မိုးကုတ်ဝိပဿနာ ယောဂီတွေ ရွတ်နေကြတဲ့
"ငါသည် မုချသေချ သေရမည်။ အချိန်ပိုင်းသာ လိုတော့သည် " ဆိုတာကို ကိုယ်နှင့်မဆိုင်သလို နေနေကြပါတယ်။ ယောဂီအလုပ်လို့ပဲ ထင်နေကြပါတယ်။
"အသက်ကြီးလေ ကံမွဲဉာဏ်မွဲလေ။
.
ကံမွဲတာထက်၊ ဉာဏ်မွဲတော့ နိဗ္ဗာန်နဲ့ လွဲတတ်တယ်" ဆို တာ မေ့လျော့ပြီး လောကီကာမဂုဏ်မှာ အာရုံရောက်လွန်းနေ တတ်ပါတယ်။ လောကီပညာကို တစ်စိုက်မတ်မတ် လိုက်ရှာဖွေ နေကြရင်း လောကုတ္တရာကို မေ့နေကြပါတယ်။ အများစုဟု လောကုတ္တရာ ပညာမရလိုက်ကြဘဲ လူ့ဘဝကို ကျောခိုင်းသွား ကြတာဟာ လူ့ဘဝတန်ဖိုး၊ ပညာတန်ဖိုး နှမြောစရာကောင်း လှပါတယ်။
.
တန်ဖိုး အစစ်ရှာကြမယ်
"ကျန်းမာခြင်းရဲ့တန်ဖိုးကို နေထိုင်မကောင်းတဲ့အခါမှ သိရတယ်။ ကုလိုလ်ရဲ့ တန်ဖိုးကို သေခါနီးမှ သိရတယ်" ဆိုု တာကို မေ့လျော့နေတာက များပါတယ်။ နေထိုင်မကောင်းတော့ မှ ဟိုက လမ်းညွှန်ရာ လိုက်လုပ်၊ သေခါနီးမှ ဟိုတရားနာ၊ ဟို ဘုရားစာရွတ်၊ တချို့ဆို ယတြာတောင် ချေလိုက်ကြသေးရဲ့။
.
ဒါကို ကြည့်ခြင်းအားဖြင့် ဘဝတန်ဖိုး၊ အချိန်တန်ဖိုးကို နား မလည်ကြသူများနေတာက သိသာလှပါတယ်။ မိမိကိုယ်ကို ဒီ အတိုင်းပဲ အမြဲပြုံးနေ၊ ကျန်းမာနေမယ်လို့ ထင်တဲ့သူက များနေ ပါတယ်။ ဒီကြားထဲမှာ ခေတ်ပညာတတ်ပြီး ပညာတန်ဖိုး၊ မပြည့် စုံသူကလည်း များမှများ။
.
မိမိပညာကို ကိုယ့်ဆွေမျိုး၊ ကိုယ့်မိသားစု ပြည့်စုံကြွယ်ဝလို မှု၊ လောကီ ဂုဏ်ပကာသန ထည်ဝါပလွှားမှု၊ အာဏာရှိမှု၊ ရာ ထူးဌာနန္တရ အဆင့် ထင်ရှားလိုမှုကိုသာ ရှေ့တန်းတင်နေကြ သောသူများကို သနားစဖွယ် တွေ့နေရသည်။ သူ့အကျိုး၊ ကိုယ့်အကျိုး ဘာမှ မသိရှာသော စုံလုံးကန်း ပညာတတ်ကြီး တွေကလည်း များမှများ၊ တကယ်တန်ဖိုးထားရမည်။ ဘဝတန် ဖိုး၊ ပညာတန်ဖိုး သိကြသူက ရှားမှရှားပင်။
.
ဘဝတန်ဖိုး မသိသူတွေဟာ ယဉ်ကျေးမှုတန်ဖိုး၊ စကားတစ် လုံး၏ တန်ဖိုး၊ အနုပညာတန်ဖိုး၊ မေတ္တာတန်ဖိုးများလည်း မသိ ကြလေတော့ တော်တော်သနားစရာ ကောင်းပါတော့တယ်။ ကဲ တန်ဖိုးရှိအောင် နေကြစို့လားဗျာ။      

No comments:

Post a Comment

Journal Download

Photo of three cats

About