ပညာရေး၏ မြေဇာပင်များ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 5, 2020

ပညာရေး၏ မြေဇာပင်များ

ကျော်လင်းထွန်း (ချောင်းဦး)
.
ယခုလက်ရှိ ပညာရေး အခြေအနေနှင့် ပညာရေး စနစ် ပြောင်းလဲမှု၏ အကောင်းထက် အဆိုးအကြောင်းတွေကလည်း ပြောမဆုံးပေါင်၊ တော သုံးတောင် ဖြစ်နေပါသည်။ Parrot learning ဖြစ်သော အလွတ်ကျက်ဖြေရသော စနစ် မကောင်း ဆိုပြီး ပြင်လိုက်တာက မေးခွန်း စုံပေးပြီး ဖြေရန်ဖြစ်သွားပါ သည်။ ထူးမခြားမှဖြင့် ဘာထူးပါမည်နည်း။ ထို့နောက်ဒီပုံစံ ကောင်းဆိုပြီး ပြင်မှာလိုလို အသံထွက်လာသည်က စာမေးပွဲမ ဖြေရတော့တဲ့ ယောက်တစ်စု အမှတ်ပေး စနစ်ဟု ကြားလိုက် ရသည်။ နောက်တော့ ဤသို့မဟုတ်ပါ ဖြစ်သွားပြီ၊ မအောင်မ နေရ ဆိုတဲ့ ကျောင်းဖြေစနစ် ဖြစ်သွားပြန်သည်။ ဤသို့ဖြင့် တန်းစဉ် အောင်လာသော (အတန်းတက်လာသည်က ပို၍ မှန် ပါမည်။) ကလေးတွေ တက္ကသိုလ်ဝင်တန်း မအောင်သောအခါ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ အထုခံ အထောင်းခံ ကြပေတော့။ စာမတတ်ဘဲ အတန်းတက်လာသော ကလေး တွေခမျာ ဘဝ၏ လောကဓံ ပတ်ဝန်းကျင်၏ အပြစ်ပုံချခြင်းဒဏ် ခံရရုံမှ တစ်ပါး မည်သူ့ကို အပြစ်လွဲချ ဝံ့မည်နည်း။ ဆရာ/မများ နှင့် ကျောင်းသား ကျောင်းသူများသာလျှင် ဒုက္ခရောက်ကြရ သည်။ မဟုတ်ပါ။ ငွေကုန်၊ အချိန်ကုန် လူပန်းကြရသော မိဘ များမှလည်း ပညာရေး၏ မြေဇာပင်ဘဝပါဝင်ပါသေးသည်။
.
တကယ့်ပညာရေး သမားများသာ ပညာရေး လုပ်ငန်းပါဝင်ခြင်း
ယနေ့ခေတ်တွင် ထွန်းကားလာသော ပုဂ္ဂလိကကျောင်းများ တွင် ပညာရေးကို အမှန်တကယ် စိတ်မဝင်စားဘဲ နေရာ ရရေး၊ လုပ်ပိုင်ခွင့် ရရေးနှင့် စီးပွားရေး ဦးစားပေးသမားများ ပါဝင်လာ သည်ကို ဝမ်းနည်းဖွယ် တွေ့နေရပါသည်။ ဆရာ့ကျင့်ဝတ်၊ ကျောင်းအုပ်ချုပ်သူ၏ တာဝန်ဝတ္တရားလည်း နားမလည်ဘဲ ကိုယ်ပိုင်ကျောင်း လုပ်ကြသည်။ ပညာရေး စိတ်ပညာ၊ ပညာ ရေး သဘောတရား၊ ပညာရေး သင်ပြနည်း ဘာသာရပ် စသည် တို့ကိုပင် နားမလည်ကြဘဲ ပညာရေး လောကသို့ ဝင်လာပြီး နေရာယူချင်ကြ သူများကို တွေ့နေရ၍ မြန်မာနိုင်ငံ ပညာရေး ရင်လေးဖွယ် ဖြစ်နေပါသည်။
.
ကျောင်းသား ကျောင်းသူများ အမှန်တကယ် တတ်မြောက် သွားအောင် လေ့ကျင့်ပေးရမည့် ပညာရေး သင်ပြနည်း ဘာ သာရပ်ကို ပညာရေး သမားမဟုတ်သူများက စိတ်မဝင်စားကြ ပါ။ သူတို့တတွေ စိတ်ဝင်စားသည်မှာ မိမိကျောင်း အောင်ချက် မြင့်မားရန်နှင့် ကျောင်းသို့ ကျောင်းသားကျောင်းသူ များလာစေ ရန်၊ စီးပွားရေး အကျိုးအမြတ်ရရန်သာ အဓိကဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူ လက်ခံပြန်တော့ စာလိုက်နိုင်သော ကျောင်းသားကိုသာ လက်ခံစောင့်ရှောက်၍၊ အခြေမပါသော စာ မလိုက်နိုင်သည့် ကလေးများကျောင်းထွက်မှ အောင်ချက် ကောင်းမည် ဖြစ်သောကြောင့် မစောင့်ရှောက်သည့်အပြင် ကျောင်းနေမပျော်အောင် ဖိအားပေးတော့သည်။ ပညာရေး မားမှန်လျှင်မူ မိမိတပည့်ဟူသော အသိဖြင့် ကျောင်းနေပျော် အောင် ဖေးမစောင့်ရှောက် ပါလိမ့်မည်။
.
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဖူးပါသည်။ စာတော်တဲ့ ကလေးကို ထူးချွန်အောင် လုပ် နိုင်တာက ဆရာ၏ အရည်အချင်း အစစ်မဟုတ်။ စာမရတဲ့ က လေး စာစိတ်ဝင်စားလာအောင်၊ နွမ်းပါးတဲ့ ကလေးတွေပညာ သင်ကြားခွင့်ရအောင် လုပ်ပေးနိုင်တာကမှ ဆရာ ဆရာမ ကောင်း တစ်ယောက်ရဲ့ အရည်အချင်း အစစ်ပါ ဟုပြောခဲ့ပါ သည်။
.
သို့ဖြစ်ပါ၍ ပညာရေးလောကဝင်မည်ဆိုပါက ရာထူးဂုဏ်၊ လုပ်ပိုင်ခွင့် အာဏာကို ဦးတည်၍ မဝင်ကြရန် အရေးကြီးပါ သည်။ ပညာရေး လုပ်ငန်းသည် သိမ်မွေ့သည်၊ ပြီးလျှင် ကျယ် ပြန့်သည်။ မိမိတွင် ဝမ်းစာပြည့်ရန် အထူးလိုအပ်သည်။ မိမိတွင် ဝမ်းစာမပြည့်ဘဲ အပေါ်ယံယူနီဖောင်း ရုပ်ပြဖြင့်သာ ပညာရေး လောကဝင်နေပါက မိမိရော၊ မိမိနှင့် ဆက်နွယ် ပတ်သက်သူ များပါ တစ်ဘဝသာမက သံသရာမှာပါ အမှားဒုက္ခရင်ဆိုင်ရနိုင် ကြောင်း
.
ဆေးထိုးကိုင်လက်၊ အမှားဖက်က
တစ်သက်တစ်ခန္ဓာ၊ ပျက်စီးပါ၏
မြေဖြူကိုင်လက်
(ယနေ့ခေတ် အသုံးအရဆိုလျှင်)
Soft pen ကိုင်လက်၊ အမှားဖက်က
တစ်သက်တစ်ခန္ဓာ၊ ကျော်လွန်ပါတည့်။
.
သံသရာ တစ်လျှောက်၊ အမှားရောက်ကာ ဆိုခဲ့ကြပါသည်။ ပညာရေး သမား၊ ဆရာ၊ ဆရာမများ ပီသစေရန် ယနေ့ခေတ် တွင် ပညာရေး တက္ကသိုလ်၊ ပညာရေး ကောလိပ်များ၌ ဆရာ ဆရာမကောင်းများ လေ့ကျင့်ပေးလျက် ရှိပါသည်။ ပညာရေး တက္ကသိုလ်၏ မူလအစမှာ ဆရာဖြစ်သင်ကျောင်းမှ စတင်ခဲ့ သည်။
ဆရာဖြစ်သင်ကျောင်း၊ ဆရာ အတတ်သင် သိပ္ပံမှသည်
.
ကမ္ဘာပေါ်တွင် ဆရာဖြစ်သင်ကျောင်းများကို ပြင်သစ်နိုင်ငံ မှ The Ecole Normal Supericure အမည်ဖြင့် ၁၇၉၄ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
.
မြန်မာနိုင်ငံတွင်မူ ရန်ကုန်မြို့၌ ပုဂ္ဂလိက ဆရာဖြစ်သင် ကျောင်းကို ၁၈၅၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အစိုးရ ဆရာဖြစ်သင် နော်မန်ကျောင်းကိုမူ ရန်ကုန်မြို့၌ပင် ၁၈၇၆ ခု  နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၂၁ ခုနှစ်တွင် ရန်ကုန်တက္က သိုလ်၌ ဘွဲ့လွန်ဆရာ အတတ်ပညာ ဒီပလိုမာ သင်တန်း စတင် ဖွင့်လှစ်ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ဆရာဖြစ်သင် ကျောင်းများကို စုစည်း၍ ရန်ကုန်တက္ကသိုလ်၏ ပေါင်းစည်းကောလိပ် အဖြစ် ဆရာဖြစ်သင်ကောလိပ် ဖွဲဲဲဲ့စည်းခဲ့ပြီး ပညာရေးဘွဲ့နှင့် ဆရာ ဖြစ်သင် လက်မှတ် သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့သည်။
.
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့လမ်းရှိ ရန်ကုန်ပညာ ရေး တက္ကသိုလ်မှာ ၁၉၆၄ ခုနှစ်တွင် ပညာရေး မဟာဌာနမှ တစ်ဆင့် အဆင့်တိုးမြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်ထဲမှာ ပင် စစ်ကိုင်းမြို့၌ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး ရေး သိပ္ပံဖွင့်လှစ်ခဲ့ပြီး၊ ၁၉၆၈ ခုနှစ်တွင် စစ်ကိုင်းမှ ရွာသစ်ကြီး သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ၎င်းကို ပြည် ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ဆင့်သို့ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ်မှာပင် မန္တလေး ပညာရေး တက္ကသိုလ် ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် စစ် ကိုင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ပညာ ရေး ကောလိပ် ၂၂ ကျောင်းတွင် လုပ်ငန်းခွင်အကြို ဆရာအ တတ်ပညာ ဒီပလိုမာသင်တန်းနှင့် လုပ်ငန်းခွင်ဆရာ အတတ် သင်တန်းများ ဖွင့်လှစ်ပေးခဲ့သည်မှာ ယနေ့အထိဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်တွင် ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနကို သီးခြားဖွဲ့စည်းခဲ့သည်။
.

.
ဆရာအတတ်သင် ပညာရေးမူဝါဒများမှာ အလွန်ကောင်း ပါသည်။ ဥပမာအနေဖြင့် မူဝါဒ နံပါတ် ကို တင်ပြလိုပါသည်။ ဆရာအတတ်ပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေ သနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်မည်။ ဟူ၍ဖြစ်ပါ သည်။ အလွန်ကို ထိရောက်သော သုတေသန လုပ်ငန်းများ စဉ်ဆက်မပြတ်  လုပ်ဆောင်နိုင်ပါက အင်မတန် အကျိုးကျေးဇူး များပါသည်။ နောက်ထပ်ရှိပါသေးသည်။ စစ်ဆေးရေး အကဲ ဖြတ် နည်းများကို ဆန်းစစ်ရေးဆိုင်ရာ မူဝါဒဖြစ်ပါသည်။ လက် တွေ့အကောင်အထည် ဖော်နိုင်ပါက လွန်စွာထိရောက်ပြီး ကျိုးပြုနိုင်ပါမည်။
မူဝါဒများ အကောင်အထည်ဖော်နိုင်ရဲ့လား
.
မူဝါဒများ အကောင်အထည် ဖော်နိုင်ရမည်ဆိုသည်မှာ ထက်လူကြီးများ၏ တာဝန်ဖြစ်ပါသည်။ မူဝါဒများ အကောင်အ ထည် ဖော်နိုင်ခွင့်နှင့် အကောင်အထည်ဖော်ရမည့် စွမ်းဆောင် ရည်ရှိ၊ မရှိ ဆိုသည်မှာ ဆရာဆရာမများ၏ တာဝန်ဖြစ်ပါသည်။
.

လတ်တလော အခြေအနေတွင် ဆရာ ဆရာမများသည် မူဝါဒ အကောင်အထည်ဖော်ခွင့် မရှိသော အခြေအနေဖြစ်နေပါ သည်။ သင်ကြားရေးတွင် ထိရောက်နေစေရန်ထက် ကျောင်း၏ အခြားသော တာဝန်တွေ ယူနေကြရခြင်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ အချိုးမမျှဘဲ ဆရာ/ ဦးရေ နည်း လွန်းခြင်း၊ ထို့ထက် ဆရာ၊ ဆရာမ အင်အား မလုံလောက်ဘဲ အမက ကျောင်းက လယ်ခွဲဖွင့်ခွင့်ရ၊ အလက ကျောင်းက ထခွဲ ဖွင့်ခွင့်ရသွား၍ မူပြမှ အလယ်တန်း သင်နေရခြင်းနှင့် လယ်ပြမှ အထက်တန်း သင်နေရခြင်းများမှာ ဆရာဆရာမများ သာမက ကျောင်းသားကျောင်းသူများပါ မြေဇာပင်ဖြစ်နေရပါသည်။
.
သင်ကြား သင်ယူမှု အဆင်ပြေ ချောမွေ့ရေးမှာ ဆရာ ရာမနှင့် ကျောင်းသားကျောင်းသူ ဆက်ဆံရေး အပြန်အလှန် နားလည်မှု ရှိရပါမည်။ ကျောင်းသားကျောင်းသူများက မိမိတာ ဝန်ဝတ္တရားသိရုံနှင့် မလုံလောက်ပါ။ ပညာရေးလုပ်ငန်းသည် လူမှုရေး လုပ်ငန်းဖြစ်လေရာ လူတစ်ဦးနှင့် တစ်ဦး ခံစားချက်များ အားနည်းချက် အားသာချက်များ သိရှိခွင့်လွတ် နားလည်ရန် အင်မတန် အရေးကြီးပါသည်။ ဆရာ ဆရာမက အလုပ်ပင်ပန်း စိတ်ပင်ပန်းနေချိန် ကလေးကစာမရ၍ သို့မဟုတ် စာသင်ကြား ခြင်းကို အာရုံမစိုက်၍ ဆူပူကြိမ်းမောင်းပြန်တော့ မိဘက ကြား ဝင်၍ ဆရာ ဆရာမ အပြစ်ပုံချခြင်း၊ တိုင်တန်းခြင်း ဖြစ်လာ သည်။ ထိုအခါ အထက်လူကြီးက ဆရာ ဆရာမကို ဖိအားပေး ပါတော့သည်။ ဆရာ ဆရာမက စိတ်စေတနာ အပြည့်နှင့် သင် ကြားပေးခြင်းကို မိဘများက နားလည်သင့်ပါသည်။
.
ယဉ်ကျေးမှု နှစ်ခုကြားက မြေဇာပင်များ
ကမ္ဘာ့အရှေ့ခြမ်း ယဉ်ကျေးမှုနှင့် ကမ္ဘာ့အနောက်ခြမ်း ယဉ် ကျေးမှု မတူပါ။ ကမ္ဘာ့အရှေ့ခြမ်းက ယဉ်ကျေးမှုက လူကြီးသူမ နှင့် စကားပြောဆိုရာတွင် ရိုသေကျိုးနွံစွာ ပြောရမည်။ ကမ္ဘာ့အ နောက်ခြမ်း ယဉ်ကျေးမှုက လူကြီးသူမနှင့် စကားပြောဆိုရာ တွင် ရဲရဲတင်းတင်း ပြောဆိုရမည်။ အရှေ့ခြမ်းယဉ်ကျေးမှုက ဆရာဆူလည်းခံ၊ ရိုက်လည်းခံရန်နှင့် ပြန်၍အာခံမပြောရန်၊ နောက်ခြမ်း ယဉ်ကျေးမှုက ကလေးများကို ဆူပူကြိမ်းမောင်းခြင်း မပြုရန်၊ ရိုက်နှက်ခြင်း မပြုရန်၊ မိမိဘက်က မှန်လျှင် ဆရာနှင့် မိဘပဲ ဖြစ်ပါစေ။ ပြန်၍ရှင်းလင်းရန် ခွင့်ပြုထားသည်။
.
Globalization နှင့် internet facebook တို့၏ ချိတ်ဆက် ပေးမှုကြောင့် ယဉ်ကျေးမှုစီးကြောင်းကြီးက ရောထွေးယှက်တင် နေတော့သည်။ သင်ကြား သင်ယူမှုတွင် အဆင်မပြေဖြစ််လာ သည်။ ဆရာ ဆရာမတို့ခမျာ စိတ်စေတနာ အပြည့်ဖြင့် ဆူရင် လည်း အခက်၊ မဆူပြန်ရင်လည်း တပည့်ရဲ့အနာဂတ်အတွက် စိတ်မကောင်း ဖြစ်ရသည်။ ကျောင်းသား ကျောင်းသူတိုိ့မှာ လည်း ခေတ်ယဉ်ကျေးမှုနှင့် တကယ်လက်တွေ့လိုက်နာရ မည့် နီတိများ မသိခဲ့ရသော ပတ်ဝန်းကျင်တွင် ရှင်သန်ခဲ့ရခြင်း ကြောင့် ကျောင်း၌ဆက်ဆံပြောဆိုရာ ဒုက္ခတွေ့တော့သည်။ ပတ်ဝန်းကျင်မှာ ပြောကြသည်က စိတ်ဒဏ်ရာရစေမည့် ဆူပူ ကြိမ်းမောင်းခြင်းမှာ မကောင်း။ အခုကျောင်းမှာ ဆရာ/ဆရာမ တွေက မိမိ၏အပြစ်နှင့် အားနည်းချက်ကို လူပုံအလယ် ပြော နေသည်။
.
ကျွန်တော်တို့၏ ပတ်ဝန်းကျင်ကြီး မပြောင်းလဲသေးသ၍၊ စာဖတ်ရှုမှု အားနည်းသည့် ပတ်ဝန်းကျင်ရှိနေသ၍ ပညာရေး တွင် အားလုံးမှာ မြေဇာပင်ဘဝတွင် ရှင်သန််နေကြရုံသာ ရှိတော့သည်။

No comments:

Post a Comment

Journal Download

Photo of three cats