ကောင်လေး (မြန်မာစာ)
.
ရခဲလှသော
လူ့ဘဝတိုတိုလေးမှာ လူတိုင်းလူတိုင်း ကိုယ်စီ မျှော်လင့်ချက်တွေ၊ အိမ်မက်တွေနှင့်
ရည်ရွယ်ချက်ပန်းတိုင်တွေ ကိုယ်စီကိုယ်စီရှိကြသည်။ ဥပမာ သိန်းတစ်သောင်း ထီဆုကြီး
ပေါက်ချင်ကြသည်။ တချို့က လက်ရှိရာထူးထက် ကြီးသောရာ
ထူး တိုးချင်ကြသည်။ တချို့က
ပိုက်ဆံတွေ အများကြီး ရှိလာ သောအခါမှာ
ပရဟိတလုပ်ငန်းတွေ အများကြီးလုပ်ချင်ကြ သည်။ မျှော်လင့်ချက်သည် အနာဂတ်ကို
အပြုသဘောဖြင့် ရှု မြင်ရန်၊ အခွင့်အလမ်းများရှိ
စိန်ခေါ်မှုများထက် အခွင့်အလမ်း များကို မြင်တွေ့ရန်။ ၎င်းသည်
အနာဂတ် ဖြစ်ရပ်များတွင် ဖြစ် နိုင်ချေရှိသော ကောင်းကွက်တွေကို
မြင်နိုင်စွမ်းဖြစ်သည်။ ဘဝ ရှိရာ
မျှော်လင့်ချက်ရှိ၏ မျှော်လင့်ချက်များ ရှိသည့်နေရာတွင် အိမ်မက်များစွာရှိသည်။ ကွက်ကွက်ကွင်းကွင်း မြင်သာသော အိမ်မက်များ ထပ်ခါထပ်ခါရှိလျှင်
၎င်းတို့သည် ပန်းတိုင်များ ဖြစ်လာသည်။ ရည်မှန်းချက်
ပန်းတိုင်များသည် အတွင်းစိတ် ကတိကဝတ်တစ်ခု ဖြစ်လာသည်နှင့်အမျှ
အောင်မြင်မှုသည် အလိုအလျောက်နီးပါး ဖြစ်လာသည်။ အထူးသဖြင့် နောင်တစ် ချိန်တွင် အနာဂတ်နိုင်ငံတော်ကို
ပခုံးပြောင်း တာဝန်ယူ ထမ်း ဆောင်မည့်
လူငယ်လူရွယ်များသည် မျှော်လင့်ချက်ရှိရန် အ လွန်အရေးကြီးပါသည်။
မျှော်လင့်ခြင်းသည် ဘဝတွင်အရေးကြီး ဆုံး စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ
အနက်မှ တစ်ခုဖြစ်ပါသည်။ နှစ်ပေါင်း ၂၀ အပြုသဘော
ဆောင်သော စိ်တ်ပညာကို တည် ထောင်သူ
Martin Seligman မှ ပြုလုပ်ခဲ့သည့် သိပ္ပံနည်းကျ သုတေသနပြုချက်အရ မျှော်လင့်ချက်သည် အကူအညီမဲ့မှုကို ခံစားရစေသည်။ ပျော်ရွှင်မှုကို တိုးပွားစေသည်၊ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး ကျွနု်ပ်တို့၏ ဘဝအရည်အသွေးကို တိုးတက် စေသည်။
.
မျှော်လင့်သော
သူများသည် အပြုသဘောထားဖြင့် အဆိုး ဆုံးများကိုပင် ရင်ဆိုင်နိုင်ကြသည်။
ထို့အပြင် အကောင်းမြင် ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများကြောင့်
ကျွနု်ပ်တို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သိသိသာသာ တိုးတက်စေ သည်။
မျှော်လင့်ချက်တွေကြောင့်သာ အသက်ရှင်ဖို့ ရည်ရွယ် ချက်တွေ ရှိလာကြသည်။
အနာဂတ်သည် ယခုထက်ပိုပြီး ကောင်းနိုင်မယ်လို့ မျှော်လင့်လာရသည်။ ဒီတိုင်း ထိုင်နေမည့် အစား
တစ်ခုခု ဖြစ်ထွန်းဖို့အတွက် ခွန်အားတွေရှိလာသည်။ လူတွေပြောနေကျ စကားတစ်ခွန်းမှာ ငါ့ဘဝရဲ့ အဓိပ္ပာယ်ကို ရှာအတွေ့သေးဘူးဆိုတဲ့
စကားပဲဖြစ်ပါသည်။ မိမိတို့၏ မျှော် လင့်ချက်
ပန်းတိုင်ဆီ သွားနေစဉ် အခိုက်အတန့်လေးမှာ ဘဝ
မှာကြုံရမည့် ခလုတ်ကန်သင်းတွေကို ကိုယ့်ဘဝတိုးတက် အောင် မြှင့်တင်ပေးမည့် လှေကားထစ်တွေအဖြစ်
ပြောင်းလဲ ပစ်နိုင်ရမည်။ ဘဝဆိုတာ တိုးတက်တဲ့ အချိန်တွေမှာ
လှေကား ပမာ အထစ်ပေါင်းများစွာ ကျော်ဖြတ်ရသည်။
နိမ့်ကျပြီဆိုရင် လည်း မီးရှူးပမာ ပုတ်ခနဲ
ထိုးကျတတ်သော သဘောရှိသည်။ လင်းလက်တောက်ပပြီဆိုရင် ဓူဝံကြယ်ရဲ့ အလင်းထက်သာ ပို ပြီး နေမင်းရဲ့
စွမ်းအားထက် သာလွန်မရှိ၊ စွမ်းအားမရှိပေ။ မှောင်မိုက်ပြီ ဆိုရင်လည်း လူသားတွေကြောက်စရာ ကောင်း လောက်အောင် ကမ္ဘာကြီးကို
အလင်းရောင်ပေးတဲ့ နေမင်းရဲ့ စွမ်းအားတောင် ပြတ်တောက်သွားလောက်အောင်
ခံစားနေရ တဲ့ သူတွေလည်း လောကကြီးမှာရှိပါသည်။
ဒါပေမယ့် တချို့က မျှော်လင့်ချက်မဲ့ ရည်ရွယ်ချက်မဲ့
တတ်ကြသည်။ မျှော်လင့် ချက် ကင်းမဲ့ခြင်းသည် အရာအားလုံးကို
ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။ မျှော်လင့်ချက်မဲ့သော ဘဝမျိုး
ရောက်မသွားအောင် ရှောင်နိုင်ဖို့အရေးသည် ကျွန်တော်တို့၏ ဦးနှောက်ရဲ့အရေးအပါ ဆုံး အလုပ်ဖြစ်လာသည်။ ကိုယ့်ကိုယ်ကိုယ်
နားလည်ခြင်းတွေ၊ ပတ်ဝန်းကျင် အပေါ်မှာထားသော ခံယူချက်တွေ အားလုံးသည် လည်း မျှော်လင့်ချက်ကို ထိန်းထားနိုင်ဖို့
တည်ဆောက်ထား သည့်အရာတွေ ဖြစ်လာသည်။ မျှော်လင့်ခြင်းအတွက် အသက် ပေးဖို့ အသင့်ဖြစ်လာကြသည်။
ကိုယ့်ထက်ပို အရေးမပါသော အရာသည် ကိုယ့်ရဲ့ မျှော်လင့်ချက်တွေပဲဖြစ်သည်။
ဒါပေမယ့် မျှော်လင့်ချက် မရှိရင် ယုံကြည်သမျှတွေသည် အလဟဿပဲ
ဖြစ်တတ်သည်။ မျှော်လင့်ချက်သည် ဘဝ၊ ဘဝသည် မျှော်လင့်
ချက် ဟူသောစကားအတိုင်း မျှော်လင့်ချက်ရှိမှသာလျှင် ဘဝ
သည်ပို၍ အဓိပ္ပာယ်ရှိလာမည်။ မျှော်လင့်ချက် မဲ့လာက ဘဝ သည်ပို၍
အဓိပ္ပာယ်မဲ့လာသည်။ အဆုံးအစမရှိသော အရှုံးပေး ခြင်းတွေ၊ စွန့်ပစ်ခြင်းတွေ
မျက်စိတစ်ဆုံး ပြည့်နေသော သဲ ကန္တာရကြီးပဲ
ဖြစ်သည်။ အရာအားလုံးသည် သုံးစားမရအောင် ပျက်စီးကုန်ပြီလို့ ယုံကြည်သွားသောကြောင့် ဖြစ်သည်။
.
ကျွန်တော်
ဖတ်ခဲ့ဖူးသော အလင်းရောင်ပေးသူ မျှော်လင့် ချက် ဖယောင်းတိုင်လေး အကြောင်းကို
ပြန်လည်ဝေမျှ လိုပါ သည်။ တစ်ခါတုန်းက
အခန်းလေး တစ်ခန်းထဲမှာ ဖယောင်း တိုင် ၄
တိုင် ထွန်းလင်းတောက်ပ နေကြပါသည်။ ပတ်ဝန်းကျင် ကလည်း တိတ်ဆိတ်ငြိမ်သက်နေတာကြောင့် သူတို့လေးတွေ စကားပြောနေကြတာကို
အတိုင်းသား ကြားနေရပါသည်။ ပထ မ
ဖယောင်းတိုင်လေးက ငါက ငြိမ်းချမ်းမှု ဖယောင်းတိုင်လေး
ပါ။ ဘာပဲဖြစ်ဖြစ် ငါ့ကို
ဘယ်သူမှ ဂရုမစိုက်ကြတော့ရင် ငါ့မီး တောက်ကလေး ငြိမ်းသွားမှာ
သေချာတယ် ဟုပြောခဲ့သည်။ ဒီလိုနဲ့ ပထမ ဖယောင်းတိုင်လေးရဲ့
မီးတောက်ဟာ တဖြည်း ဖြည်းမှေးမှိန်လာပြီး လုံးဝငြိမ်းသွားပါတော့သည်။
ဒုတိယ ဖ ယောင်းတိုင်လေးကလည်း
ငါကတော့ ယုံကြည်ချက်ဆိုတဲ့ ဖ ယောင်းတိုင်လေးပါဟု
ပြောသည်။ ငါက မရှိမဖြစ် အရာမဟုတ်
ပါဘူး။ ငါ့အလင်းရောင် ထွန်းလင်းနေလို့လည်း ဘာမှ ထူးခြားမှု ဖြစ်လာမှာ
မဟုတ်ပါဘူး လို့ ပြောပြီးမကြာခင် လေပြေလေး
တစ်ချက်အဝေ့မှာ ဒုတိယဖယောင်းတိုင် မီးစလေးလည်း ငြိမ်း သွားပါသည်။ တတိယ
ဖယောင်းတိုင်လေးကလည်း သူ့အ လှည့်ရောက်လာတော့ ငါက
ချစ်ချင်းမေတ္တာတရားဆိုတဲ့ ဖ ယောင်းတိုင်လေးပါဟု
ဝမ်းနည်းစွာနဲ့ ပြောခဲ့သည်။ ငါလည်း ဆက်လက်ထွန်းလင်းနေဖို့ အင်အားမရှိတော့ဘူး။
လူတွေက ငါ့ကို ဥပေက္ခာပြုထားကြပြီ ငါ့ရဲ့
အရေးပါမှုကို နားမလည်ကြ တော့ဘူး။ သူတို့နဲ့
အနီးဆုံး လူတွေကိုတောင် မေတ္တာထားဖို့ မေ့လျော့နေကြကုန်ပြီလို့
ဝမ်းနည်းစွာနှင့် ပြောဆိုပြီး ခဏအ ကြာမှာ ငြိမ်းသွားပြန်သည်။
ရုတ်တရက် အခန်းထဲကို ကလေး တစ်ယောက်ဝင်လာပြီး ဖယောင်းတိုင်လေး
၃ တိုင်က မီးငြိမ်း
နေတာတွေ့လိုက်သည်။ ဒီဖယောင်းတိုင်လေးတွေက ဘာလို့ ဖယောင်းတိုင်ကုန်တဲ့အထိ မလင်းဘဲ ငြိမ်းသွားတာလဲ
လို့ဆို ပြီး ကလေးလေးက ငိုပါတော့သည်။
ဒီတော့ စတုတ္ထဖယောင်း တိုင်လေးက ပြောတယ် ဘာမှ
မပူနဲ့ကလေး ငါ့အလင်းရောင် တွေ မငြိမ်းသေးသ၍ ဟိုငြိမ်းသွားတဲ့
ဖယောင်းတိုင်လေးတွေကို ပြန်ထွန်းညှိလို့ ရပါတယ်။ ငါကတော့ မျှော်လင့်ချက်
ဖယောင်း တိုင်လေးပါဟု ပြောသည်။ ကလေးလေးရဲ့ မျက်ဝန်းမှာ
အ ရောင်လေးတွေ တောက်ပလာပြီး
မျှော်လင့်ချက်ဖယောင်းတိုင် လေးကိုယူကာ ငြိမ်းနေတဲ့ ဖယောင်းတိုင်လေးတွေကို ပြန်ထွန်း ညှိလိုက်ပါတော့သည်။ ဒီလိုပါပဲ
မျှော်လင့်ချက်ဆိုသော မီး တောက်လေးကို ကျွန်တော်တို့
ဘဝတွေထဲက ပျောက်ကွယ်မ သွားစေသင့်ဘူး။ ဒီလိုမှသာ ကျွန်တော်တို့ အားလုံး၏
မနက်ဖြန် တိုင်းသည် မျှော်လင့်ချက် ရှင်သန်လာပြီး
ယုံကြည်ချက်၊ ငြိမ်း ချမ်းမှုနှင့် ချစ်ခြင်းမေတ္တာတရားတွေကို
ထာဝရ သိမ်းထားနိုင် မည် ဖြစ်ပါသည်။ ကျွန်တော်တို့သည်
မျှော်လင့်ချက်တွေကို ဥပေက္ခာပြုချင်ပြုပါလိမ့်မည်။ သို့သော် မျှော်လင့်ချက်သည် ကျွန်တော်တို့ကို
ဘယ်တော့ခါမှ စွန့်ပစ်မသွားပါဘူး။ ကျွန်တော် တို့၏ အကြောက်တရားက
ပြောတာတွေ နားမထောင်ဖို့ လိုပါ သည်။ ကျွန်တော်တို့၏
မျှော်လင့်ချက်တွေနှင့် အတူ အိမ်မက် တွေက
ပြတဲ့လမ်းကိုသာ ဆက်လျှောက်ကြဖို့ လိုပါသည်။
.
နိဂုံးချုပ်
ဆိုရသော် လူတို်င်းမှာ အကြောက်တရားတွေ ရှိ တတ်ကြပါသည်။ ထိုအကြောက်တရားတွေကြောင့်
မိမိမျှော် လင့်ထားသော မျှော်လင့်ချက် မနက်ဖြန်တွေ ပျောက်သုဉ်းသွား တတ်ကြသည်။ မနက်ဖြန်တိုင်း မျှော်လင့်ချက်တွေ
မရှိတော့ ဘူးဆိုရင် မိမိလိုချင်သော ပန်းတိုင်ကို
ရောက်တော့မည် မ ဟုတ်ပါ။
ထို့ကြောင့် လူတိုင်း လူတိုင်း မျှော်လင့်ချက်
ကိုယ်စီ တွေနှင့်အတူ မနက်ဖြန်တိုင်း မိမိလိုချင်သော ပန်းတိုင်ဆီကို အရောက်လှမ်းဖို့ လိုပါသည်။ နေမင်းကြီး၏ မနက်ဖြန်တိုင်း
ရောင်နီတွေနှင့် အတူ မိမိတို့၏ မျှော်လင့်ချက်များလည်း
မနက် ဖြန်တိုင်း ရောင်နီသန်းရန် လိုပါကြောင်း ရေးသားလိုက်ရပါသတည်း။
No comments:
Post a Comment