Parami University Campus တွင် နိုင်ငံတကာ အဆင့်မီ ခန်းမဆောင် ဆောက်လုပ်ရေးအတွက် ကမ္ဘောဇဘဏ်က ပါရမီ အနုဝိဇ္ဇာနှင့် သိပ္ပံပညာ ဖောင်ဒေးရှင်း (Parami Liberal Arts & Sciences Foundation) သို့ အမေရိကန်ဒေါ်လာ တစ်သန်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။
.
အဆိုပါ လှူဒါန်းမှုသည် ကမ္ဘောဇဘဏ်၏ လူမှုရေးရည်မှန်းချက် မဏ္ဍိုင် ၃ ခု အနက် တစ်ခု ဖြစ်သည့် အနာဂတ် စီးပွားရေးကဏ္ဍအတွက် ထူးချွန် ထက်မြက်သူများ မွေးထုတ်ပေးနိုင်ရေးဆိုသည့် အချက်နဲ့အညီ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားလာစေရန်နှင့် အနာဂတ်လူမှုစီးပွားဘဝအတွက် ဘဏ်၏ Social Purpose Committee မှ လေ့လာအကဲဖြတ်၍ အကြံပြုထောက်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘောဇဘဏ်က လှူဒါန်းသော အမေရိကန်ဒေါ်လာ တစ်သန်းကို သင်တန်းခန်းမဆောင်အတွင်း လူဦးရေ ၄၅၀ ဆန့်မည့် ကမ္ဘာ့အဆင့်မီ ခန်းမ တစ်ခု တည်ဆောက်ရာတွင် အသုံးပြုသွားမည် ဖြစ်ကာ ကျောင်းသားများ၏ ပညာရေးကို ပိုမိုတိုးတက် ကောင်းမွန်စေမည့် အရေးပါသော နေရာတစ်ခု ဖြစ်လာမည်ဖြစ်ပြီး ပွဲတော်များ၊ အစည်းအဝေးများ၊ နှီးနှော ဖလှယ်ပွဲများ၊ ပြပွဲများ၊ ဖျော်ဖြေပွဲများ၊ ကျောင်းဆင်းအခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများနှင့် လူမှုအဖွဲ့အစည်း အမျိုးမျိုး၊ အများပြည်သူအတွက် လှုပ်ရှားမှုများကိုပါ လက်ခံကျင်းပနိုင်မည် ဖြစ်ကြောင်း သိရသည်။
.
ယခု ပြုလုပ်သော ကမ္ဘောဇဘဏ်၏ ထည့်ဝင်လှူဒါန်းမှုသည် ပါရမီအင်စတီကျု့သို့ ပြုလုပ်ခဲ့သည့် လှူဒါန်းမှုများထဲမှ တစ်ခု ဖြစ်ပြီး ပါရမီ အနုဝိဇ္ဇာနှင့် သိပ္ပံပညာ ဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ စ၍ ဘဏ်အနေဖြင့် အခြားသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပါရမီအင်စတီကျု့တွင် တက်ရောက် ပညာသင်ကြားကြမည့် ကျောင်းသား ၃၃ ဦးအား ပညာသင်ဆုနှင့် ထောက်ပံ့ကြေး ပေးအပ်နိုင်ရန်အတွက် ပါရမီ အနုဝိဇ္ဇာနှင့် သိပ္ပံပညာ ဖောင်ဒေးရှင်းအား အမေရိကန်ဒေါ်လာ ၂၀၀၀၀ လှူဒါန်းပံ့ပိုးခဲ့ကာ ၂၀၁၉ ခုနှစ်တွင် ဆဋ္ဌမ အကြိမ်မြောက် ပါရမီ ခေါင်းဆောင်မှုရေးရာ တန်းခွဲမှ ကျောင်းသား ၄ ဦးအတွက် တစ်ဦးလျင် အမေရိကန်ဒေါ်လာ ၅၀၀၀ တန်ဖိုးရှိ ရာနှုန်းပြည့် ပညာသင်ဆုများကို ကမ္ဘောဇဘဏ်မှ ပံ့ပိုးပေးခဲ့သည်။
Thursday, February 13, 2020

Home
ကမ္ဘောဇအုပ်စု
ကမ္ဘောဇဘဏ်က ပါရမီ အနုဝိဇ္ဇာနှင့် သိပ္ပံပညာ ဖောင်ဒေးရှင်းသို့ အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်း
ကမ္ဘောဇဘဏ်က ပါရမီ အနုဝိဇ္ဇာနှင့် သိပ္ပံပညာ ဖောင်ဒေးရှင်းသို့ အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment