အေးသာယာမြို့တွင် မီးလောင်မှု ဖြစ်ပွား၍ လူတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 19, 2020

အေးသာယာမြို့တွင် မီးလောင်မှု ဖြစ်ပွား၍ လူတစ်ဦး သေဆုံး

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၆) ရပ်ကွက်၊ နယ်မြေ(၈) အတွင်းရှိ နေအိမ်တစ်လုံး၌ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၈ နာရီခွဲကျော်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် လူတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
.

" မီးလောင်တာတော့ ဟုတ်ပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ အခုမှစစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ အတိအကျ မသိရသေးပါဘူး။ သွားတဲ့ သူတွေက ပြန် မရောက်သေးတော့ ဖြစ်စဉ်ကို မသိရသေးပါဘူး။" ဟု ​တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ​ပြောသည်။
.
သေဆုံးသူမှာ မီးလောင်ကျွမ်းရာ နေအိမ်ပိုင်ရှင် ကိုပေါက် ဖြစ်ကာ မီးလောင်ကျွမ်းရသည့် အခြေနေများကို မီးသတ်တပ်ဖွဲ့ဝင်များက စစ်ဆေးနေဆဲ ဖြစ်ပြီး ည ၈ နာရီ၊ မိနစ် ၅၀ ခန့်တွင် မီးအား ငြှိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About