ရှူခက်ရင်ကျပ် အမြစ်ဖြတ် - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, February 25, 2020

ရှူခက်ရင်ကျပ် အမြစ်ဖြတ်


ဒေါက်တာအောင်ကျော်(သွား/ဆရာဝန်)
.
ဆေးနည်းတို
ရှေးဘိုးဘေးဘီဘင် လက်ထက်ခေတ် အဆက်ဆက်က တည်းက သုံးစွဲလာခဲ့ကြသည့် တိုင်းရင်းဆေးနည်းများသည် လူမျိုးတိုင်း၌ ရှိစမြဲပါ။ အတွေ့အကြုံများအရ၊ အစဉ်အဆက် လက်ဆင့်ကမ်းခဲ့ကြ၏။ ရောဂါနှင့် ဆေးသင့်အောင်ပေးပျောက် ရေး မခက်ပါ ဆိုစကားအတိုင်းပင် ရောဂါမျိုးအစား၊ ရောဂါသက် အနုအရင့်၊ ရာသီ အနေအထား စသည့် အခြေခံ အချက်များကို မူတည်လျက် သင့်တော်မည့် ဆေးကို အသက်အရွယ်အလိုက် ချိန်ဆ၍ ပေးတတ််ဖို့တော့ လို၏။ ရာသီမပိုင် ဆေးမကိုင်နှင့်ဟူ သော စကား၊ ပထဝီတေဇော အာပေါဝါယော ဓာတ်ကြီးလေး ပါး။ ဆီးဝမ်းသွေးလေ မှန်လေးမှန်ပါမကျန် ထည့်တွက်ပြီးမှ သင့်တော်ဆုံးဆေးကို ရွေးချယ်ပေးကြရ၏။ ဆေးကောင်းလျှင် သန်းခေါင်း (တချို့လည်း ယင်ခေါင်းဟုဆို) စကားကလည်း ဆေးကောင်းဖို့သာ လို၏။ ပမာဏနည်းများခြင်းကား အကြောင်း ရင်း မဟုတ်ပါဆိုသည့် သဘောသက်ရောက်သလို နည်းပင် နည်းငြားသော်လည်း အမျိုးမှန် အဖိုးတန်မို့ ဆေးဖိုးကလည်း ကြီးမြင့်ပြီ ဖြစ်၏။
.
မြန်မာ့တိုင်းရင်းဆေးများ၌ မြစ်ချင်းပြီး၊ ဥချင်းပြီး စသည်ဖြင့် တစ်မျိုးတစ်မည်တည်းကို ရောဂါတော်တော်များများအတွက် ချမ်းသာပျောက်ကင်းစေနိုင်သည်များ တကယ်ရှိ၏။ ရောဂါကို လိုက်၍ အပူအအေးကို လိုက်၍ ရေအေးနှင့် ပေးမည်လား၊ ရေ နွေးနှင့် ပေးမည်လား။ ဆန်ဆေးရည်ဖြင့်လား၊ ကွမ်းရွက်ပြုတ် ရည်ဖြင့်လား၊ ချင်းထန်းလျက်ပြုတ်ရေလား၊ အုန်းရေလား ချင့် ချိန်ကာ တွဲဖက်ပေးရ၏။ ဆေးရွက်ကြီးတောင်မှ ကုန်းဆေးလား ကျွန်းဆေးလား ခွဲခြား၏။ အုန်းရေကိုလည်း တံတားဦးလား တောင်မြို့ (အမရပူရ)လား မတူသေးပါတဲ့။ ရေမြေကိုလိုက်၍ ပါဝင်သော ဓာတ်သဘော ခြားနားသောကြောင့် အာနိသင် လည်း ကွာခြားသွားတတ်၍ ဖြစ်၏။ အနောက်တိုင်း သိပ္ပံဆေး များ သုံးစွဲရာ၌ အစာမစားမီ (before meal) အစာနှင့်အတူတူ (between meal) အစာစားပြီးမှ (after meal) ဟူ၍ ခွဲခြားသေး သလို တိုင်းရင်းဆေးဝါးများတွင်လည်း အလားတူ ကန့်သတ် ချက်များ ရှိနေ၏။ နံနက်စောစော၊ နေ့လယ်နေမွန်းတည့် အိပ်ရာဝင်တို့အပြင် ညသန်းခေါင်ချိန်ကျမှ ထစားရသည်တောင် ရှိ၏။
.
လွယ်လွယ်ကူူကူ လက်လှမ်းမီရာမှ အချိန်မရွေးရနိုင်သော ဆေးအမယ်များ ဥပမာ မီးဖိုချောင်တွင်းမှ ချင်း၊ ကြက်သွန်ဖြူ နီ၊ နနွင်းမှုန့် စသည်တို့ဖြင့် လတ်တလော စီရင်အသုံးပြုနိုင်ပါက ဆေးမြီးတိုဟု ခေါ်ကြ၏။ ပိုယဉ်ကျေးသော အသုံးမှာ ဆေးနည်း တို ဖြစ်၏။ ချက်ချင်း ထုထောင်းကျိုချက်နိုင်က ပိုလျင်မြန်စွာရ ၏။ အများအားဖြင့် ခွက် ခွက်တင်အောင် ကျိုရန် ညွှန်းကြ ၏။ ခွက် ခွက်တင်၊ ခွက် ခွက်တင် ဆိုသလို ညွှန်းသည် လည်း ရှိ၏။ ရှား၏။ ခြံတွင်း လမ်းဘေးမှ ရနိုင်သော အညွန့်အ ရွက်ရှိသလို တောတောင်ထဲ၌ ရှာဖွေဆွတ်ခူး တူးယူရသည် လည်း ရှိ၏။
.
ပန်းနာ
ကျွန်တော် ခေါင်းစီးတင်ထားသော "ရှူခက်ရင်ကျပ်" မှာ အသက်ရှူရ ခက်ခဲလွန်းလောက်အောင်ထိ ရင်ထဲ ဆို့ကျပ်အ သက်ရှူမဝ၊ ချွေးသီးချွေးပေါက်ကျကာ ရင်ဘတ်ကြီး ဖောင်း ကားလိုက် နိမ့်ကျလိုက်နှင့် ပန်းထိမ်ဖားဖိုလို ရှူးရှဲရှူးဟဲ အသံ မြည်နေသော ဝေဒနာရှင်မျိုးကို ဆိုလိုပါ၏။ အသက်ထွက်လု မတတ် ရှူရှိုက်တစ်ချက်ကို ပင်ပန်းကြီးစွာ ရုန်းကန်ဆောင်ရွက် နေရသည့် ဝေဒေနာရှင်ဟု သိနိုင်ပါပြီ။ ပန်းနာရင်ကျပ်ဟု ခေါ် ၏။ အင်္ဂလိပ်လို asthma အက်စ္စမာပါတဲ့။ ဖြစ်ရခြင်း အကြောင်း ရင်းများစွာ ရှိ၏။ သွေးမတည့်ခြင်း allergy ကြောင့် အဖြစ်များ ၏။ စပါးနှံမှ ဝတ်မှုန်ဝတ်ဆံများ လေထဲ လွင့်ပါလာသည်ကို ရှူ ရှိုက်မိက ရင်ကျပ်ရောဂါထတတ်၏။ အလားတူ ရှမ်းပြည်နယ် တောင်ကုန်းတောင်တန်းများ၌ ပေါက်ရောက်သော ထင်းရှူးပင် မှ ဖူးတံဝတ်မှုန် ဝတ်ဆံ (pollen)နှင့် မတည့်သူ၊ အခြားသော ပန်းအမျိုးမျိုးတို့၏ ဝတ်မှုန်ဝတ်ဆံ၊ ပန်းရနံ့၊ ရေမွှေးအစရှိသော အလှအပ အခြယ်အသသုံး မိတ်ကပ်ကော့မစ်တစ် (cosmetic) ပစ္စည်းများနှင့် မတည့်သူ၊ ဓာတုဗေဒပစ္စည်း ပလပ်စတစ်နွယ် အသုံးအဆောင်များနှင့် မတည့်သူ စသည်အားဖြင့် မတည့်ချင် သည့် ပစ္စည်းတစ်စုံတစ်ခုကြောင့် ပန်းနာရင်ကျပ်ရောဂါ ရုတ်တ ရက်ကြီး ထဖြစ်တတ်ပြန်၏။
.
ရာသီဥတုအပြောင်းအလဲကြောင့်လည်း ရင်ကျပ်ရောဂါထ တတ်ပြန်သေး၏။ ဘယ်လိုရာသီဥတုမျိုးနှင့် မသင့်ပါသနည်း။ တစ်ဦးနှင့် တစ်ဦး မတူညီတတ်ကြပါ။ အချို့သူများက စပ်ကူး မပ်ကူးကာလ ဆောင်းအကုန်နွေအကူး၊ နွေအကုန် မိုးအကူး၊ မိုးအကုန် ဆောင်းအကူးတို့၌ ဖြစ်တတ်၏။ ရာသီဥတု သုံးပါးတို့ တစ်နှစ်အတွင်း ကြိမ် ကူးပြောင်းရာ၌ ကြိမ်လုံး အဖြစ် သည်းကြပြီ။ တချို့ကျတော့ သူနှင့် မသင့်သည့် တစ်ကြိမ်နှစ် ကြိမ်၌သာ ရောဂါထတတ်ကြ၏။ ပြီးတော့ ရှိသေး၏။ ရာသီဥတု အလွန်ပြင်းထန်လွန်းချိန် ဥပမာအားဖြင့်၊ နွေခေါင်ခေါင် ပူပြင်း လွန်းလျှင်၊ မိုးတွေ စွေပြီး ရက် လီ ရွာသွန်းနေလျှင်၊ဆောင်း ပြင်ပြင် ခိုက်ခိုက်တုန် အေးခဲလွန်းလျှင် ရောဂါထတော့၏။ ကိုယ့်အကြောင်း ကိုယ်သိလျှင် ကြိုတင်ပြုပြင် ထိန်းသိမ်းရှောင် တိမ်းနိုင်ပါ၏။ ခက်သည်က ဘာအကြောင်းရင်းကြောင့် မတည့် ဖြစ်မှန်း မသိလျှင် တော်တော်ကြီး ခွကျလှ၏။ လူနာကိုယ်တိုင် ကမှ အကြောင်းရင်းကို မရိပ်စားမိ မသိရှိပါက ကုသရသည့် ရာဝန်လည်း ဦးနှောက် ခြောက်ရပါတော့သည်။
.

.
ပန်းနာရင်ကျပ် ကုသရာ၌ စားဆေးထိုးဆေး ရှူဆေးအမျိုး အစားများစွာ ရှိပါ၏။ တစ်ဆင့်ပြီးမှ တစ်ဆင့် မြင့်ရာသို့ နိမ့်ရာမှ ပြောင်းသင့်၏။ ဆေးအမြင့်စားသို့ ရောက်ခဲ့စားခဲ့ပြီးပါက အနိမ့် ဆေးသို့ ပြောင်းသုံးရန် မဖြစ်နိုင်တော့ပြီ။ ဆိုလိုသည်မှာ စား ဆေး အနိမ့်အမြင့်မျိုးစုံ ကုန်ခဲ့၍ ထိုးဆေးမှ ထိရောက်လျှင် စား ဆေး လက်လွှတ်လိုက်ပေတော့။ အလားတူပင် ရှူဆေးခံတွင်း သို့ ဖျန်းထည့်ရသော ဆေးကိုင်မိပြီးလျှင် ထိုးဆေး မတိုးတော့ ပြီ။ သွားလေရာ ဆောင်ယူသွားပေရလိမ့်မည်။ အိမ်နေစဉ်မှာ လည်း လက်လှမ်းမီရာ အလွယ်ဆောင်ထားသင့်၏။ အချိန်မ ရွေး ထဖြစ်တတ်သောကြောင့်ပါ။
.

ပဲစင်းငုံ
ကိုယ်ဖောရောင်ခြင်းအတွက် ပဲစင်းငုံဆေးမြီးတိုကောင်း ကြောင်းကို ကျွန်တော် ကြားဖူးနားဝ ရှိထား၏။ အင်္ဂလိပ်ဆေး သိပ္ပံပညာအရ ကျောက်ကပ် မကောင်းလျှင် မျက်နှာက စတင် ဖောရောင်တတ်ပြီး နှလုံးမကောင်းလျှင် ခြေလက်များ စတင် ဖောရောင်တတ်သည်ဟု အကြမ်းဖျင်းအားဖြင့် တွက်ဆကြ၏။ ဤကား ရောဂါနုသေးချိန် စတင်ဖြစ်ချိန်မှာ အကဲခတ်ခြင်းပါ။ ဆေးမကုသလျှင် သို့မဟုတ် ကုသမှုများ မထိရောက်လျှင် ရော ဂါရင့်လာပါက တစ်ကိုယ်လုံး ဖောရောင်ပါ၏။ ပြီးတော့ သွေး လှည့်ပတ်မှု စနစ်မှာ လူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ နှလုံးမှ ညှစ် ထုတ်လိုက်သော သွေးများ ပျံ့နှံ့သက်ရောက်၏။ သို့ဖြစ်၍ တွင်းအပြင် ခန္ဓာတစ်ခုလုံး ဆက်စပ်နေသည်။ ပြီးတော့ အခြား ရောဂါ အခြေအနေ အရပ်ရပ်ကြောင့်လည်း မျက်နှာအမ်းခြင်း ခြေလက်ရောင်ကိုင်းခြင်းများ ရှိနိုင်သေး၏။ ပဲစင်းငုံ ဆေးမြီးတို ဆိုသည်ကလည်း သင့်မြတ်လျှင် မြန်မြန်ဆန်ဆန် ပျောက်ကင်း မည်။ မသင့်မြတ်လှသည့်တိုင် ခန္ဓာကိုယ်ကို ဒုက္ခအကြီးအ ကျယ် မပေးနိုင်ပါ။ အကြောင်းမှာ ပဲအမျိုးမျိုးအနက် ပဲစင်းငုံက ဆေးဖက်ဝင် အာဟာရဖြစ်သည့် တန်ဖိုးရှိ အစားအစာထဲ၌ ပါ ဝင်သောကြောင့်ပါ။ ကြားသိကြုံတွေ့ရသမျှတော့ ပဲစင်းငုံသည် အဖောအရောင် ရောဂါရှင်များအား အကျိုးပြုသည်ချည်းဖြစ်ပြီး မြန်ဆန်ခြင်းနှင့် အချိန်ယူခြင်းသာ ကွာ၏။ ဆေးအတွက် သုံး မည်ဆိုလျှင် အခွံမချွတ်ရပါ။ ပဲတောင့်၏ အပြင်အခွံကို မဆိုလို ပါ။ ပဲလုံးစေ့၏ အခွံကို ဆိုလိုပါသည်။ ယင်းပဲလုံးစေ့ အခွံပါမှ ဆေးအဖြစ် ပိုထိရောက်သည်ဟု သိရသည်။
.
စာရေးဆရာ မေတ္တာရှင်ကြီး တောင်နယ်ခြား သာသနာပြု အရှင်ဦးဥတ္တမသာရသည် လွန်ခဲ့သော နှစ် ၃၀ ခန့် ၁၉၉၀ ပြည့် နှစ် မတ်လဆန်းတွင် တောင်ကြီးမြို့သို့ ကြွရောက်ကာ ပရိတ် တရားနှင့် ဟောတရားများ ချီးမြှင့်ပေးတော် မူခဲ့၏။ တရားတစ် ပွဲ၌ ထုံနာကျင်နာ၊ ပန်းနာ ဖောရောင်ရောဂါများအတွက် ပဲစင်းငုံ သည် အလွန် အားကိုးထိုက်သော ဆေးတစ်လက် ဖြစ်ကြောင်း မိန့်ကြားခဲ့၏။ အခွံမချွတ်ရသေးသော ပဲစင်းငုံလုံး အစေ့အတိုင်း နို့ဆီဘူးနှင့် တစ်ဘူးပြုရပါမည်။ နူးနပ်လာသောအခါ အရည်ကို ငှဲ့ယူပြီး သိမ်းထားပါ။ ကြက်သွန်ဖြူ ကြက်သွန်နီ ဆီသတ်ကာ ပြုတ်ထားပြီးသော ပဲစင်းငုံကို ရောမွှေပါ။ ဆားသင့်ရုံထည့်ပါ။ ပြီးတော့ ငှဲ့ယူထားသော ပဲပြုတ်ရည်ကို ရောပြီး နှပ်ထားပါ။ ယင်းအစီအစဉ်အတိုင်း လတိတိ ဆက်စားပါက ပန်းနာရင် ကျက် လုံးဝပျောက်ကင်းပါကြောင်း၊ အခြားဘာဆေးမှ ထိုးရန် စားရန် မလိုပါကြောင်း ညွှန်းခဲ့၏။ ဆန်လုံးတီး (စပါးခွံသာ ချွတ် ထားသော မောင်းထောင်းဆန်) ထမင်းနှင့် တွဲဖက်စားသောက် ရပါမည်။ ဖောရောင်ရောဂါရှင်အတွက် ပဲပြုတ်ရည်ဖြင့် ရေချိုး ပေးနိုင်၏။ နေ့စဉ်မှန်မှန် စားလျှင် ပဲ ပြည်သား ကုန်သောအ ခါ သိသာစွာ ရောဂါသက်သာသွားတတ်၏။ တစ်ခုသတိပြုရ မည်မှာ ဆားကို သင့်ရုံသာ ထည့်ရန်ဖြစ်၏။ ဆားများလွန်း ငံ လွန်းပါက ဆားသည် ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းထား၍ ဖော ရောင်ကျနှေးကွေးနေမည်။ ထုံကျင်နာသူအတွက် ရောဂါသက် သာပြီးနောက် မကြာခဏ သတိထားပဲစင်းငုံ ချက်စားပါလေ။
.
ဖြူအူနု
ဤဆေးနည်းတိုလည်း ပန်းနာရင်ကျပ်အတွက် အလွန်ထိ ရောက် အကျိုးများ၏။ ရောဂါအမြစ်တောင် ပြတ်၏ဟု သိရ သည်။ သို့သော် ဗုဒ္ဓဘာသာဝင်များဖြစ်သည့် အားလျော်စွာ သူ့ အသက်အတွက် မကြံကောင်းပါ။ ကိုယ့်ရောဂါ သက်သာ ပပျောက်ရေးအတွက် သူတစ်ပါး အသက်ကိုတော့ ရန်မရှာလို တတ်ကြပါ။ ပံ့သကူရလျှင်မှု အဆင်အပြေဆုံး ဖြစ်၏။ ကျွန် တော့်အဒေါ်တစ်ဦး၏ ပွဲတွေ့ဆေးဖြစ်၏။ "အောင်ကျော်ရေ ငါ့ asthma ရောဂါအမြစ် ပြတ်သွားပြီဟ" ဟု တစ်နေ့စကားစပ် ရင်း ပြောပြ၏။ "အန်တီကလည်းဗျာ။ လုပ်ရော့မယ်။ ပန်းနာရင် ကျပ်ဆိုတာ သေရာပါရောဂါ။ အမြစ်မပြတ်နိုင်ပါဘူး" ဟူ၍ စောဒက တက်မိ၏။ "ငါ အဟုတ် ပြောတာပါ။ ခါတိုင်း ရာသီဥ တု စပ်ကူးစပ်ကူးဆို အမြဲအဆိုးဆုံး ခံရနေကျ။ မင်းသိပါတယ်။ ခု နှစ် ရှိပြီ။ ပြန်ကို ပေါ်မလာတော့တာ" မယုံချင်စရာပါ။ မြစ်ပြတ်ဟု သည်တစ်ခါပဲ ကြားဖူး၏။ ပြီးတော့ အဒေါ်ဖြစ်သူက ပြောခြင်းပါ။ "သားငယ် ကိုလေးဒေါက်တာ ကုပေးလိုက်တာ လား အန်တီ"ဟု မေးတော့ "ဘယ်ဟုတ်ပါ့မလဲ။ ဆေးမြီးတို ဖြူအူနုနဲ့ အဆင်ပြေသွားတာ" တဲ့လေ။ "ဖြူအူနုကို ပြာချ၊ ပျား ရည်မှာ ရက်တစ်ရာ စိမ်ပြီးမှ လျက်ရတာ။ ထမင်းစားပြီးတိုင်း လက်ညှိုး တို့စာပဲ လျက်ရတာ" ဟု သူ့ပွဲတွေ့ကို ပြောပြ၏။
.
အတန်းဖော် သူငယ်ချင်းတစ်ဦး ကျွန်တော့်တွင် ရှိ၏။ သူ လည်း ပန်းနာရင်ကျပ်ရောဂါ အတော်ကြီး ဒုက္ခပေး၏။ သူကိုယ် တိုင်ကလည်း အလွန်အောင်မြင်သော ထွေကုဆရာဝန်ပါ။ ရော ဂါအထွေထွေ အစုံကုသပျောက်ကင်းသောကြောင့် အင်းတစ် ကြောသူ့ကို အလွန်အားကိုးကြရ၏။ စေတနာမေတ္တာကြီးမား သူ သမားကောင်းတစ်ဦးဖြစ်၏။ သူ့ရင်ကျပ်ရော ထလျှင်မှောက် နေရပြီ။ သူ့တပည့် ဆရာဆရာမတွေကို ဘာဆေးထိုးပါဟု ညွှန်းပြီး အထိုးခိုင်းရမြဲ။ ကျွန်တော့်အဒေါ် အကြောင်းကို ပြော ပြ၏။ သူလည်း ခေတ်ဆေးသိပ္ပံဆရာဝန်ဆိုတော့ ကျွန်တော့်လို ပဲ ကြားသိစမှာ မယုံကြည်နိုင်ပါ။ ရောဂါလည်း ပျောက်ချင်ပါ၏။ ဖြူကောင်ရဖို့က မလွယ်ရေးချမလွယ်။ သူ့စေတနာအကျိုးပေး ဟုပဲ ပြောရပါလိမ့်မည်။ ဤဖြူအူနုဆေးမြီးတိုအကြောင်း သိရှိ ရသူ၊ သူ့မိတ်ဆွေတစ်ဦးက ပါးစပ်ဆော့ပြီး မေးမြန်းစုံစမ်းတော့ ၏။ အခြား မိတ်ဆွေတစ်ဦးသည် ဆေးကုမစားသော်လည်း ဝါ သနာအလျောက် ဖြူအူရရှိချိန်၌ ဆေးဖော်စပ်ထား၏။ အလုံး လေးတွေဟု သိရ၏။ သူ မယုံ့တယုံနှင့် စားကြည့်၏။ သိသာ ထင်ရှား၏။ လုံးဝအမြစ် မပြတ်သေးသော်လည်း ဆိုးဆိုးဝါးဝါး ကြီး ရောဂါမသည်းတော့ပါ။ ရောဂါလက်ကျန်မျှလောက်သာ အရိပ်အယောင် ပြတော့၏။ သတင်းကောင်း ကြားသိရ၍ ဆေး နည်းကို လိုက်ခိုင်းပါ၏။ ဆေးအမယ် မျိုးထဲရယ်။ နနွင်းခါး တစ်မျိုး တိုးရုံပါ။ အချိန်အတွယ်ကိုတော့ မသိရပါ။
.
ဖြူအူသာမဟုတ်၊ အစာအိမ်မှ စအိုထိ အားလုံးယူပါသတဲ့။ နနွင်းခါးမှုန့်ကို ဖြူအူအမှုန့်နှင့် ရော။ ပျားရည်ဖြင့် ထန့်ထန့်လေ တေကာ အလုံးသေးလေးတွေ လုံးပြီး အခြောက်ခံထားခြင်းပါ တဲ့။ ပန်းပေါင်းတစ်ထောင် ပျားရည်တစ်ခုတည်းတောင် အလွန် အားကိုးထိုက်၏။ နနွင်းခါးကလည်း ဆေးအဖြစ် နာမည်ကြီးပြီး သား။ အကောင်းတွေ မျိုးဆုံမိသောအခါ ပို၍သာ၍ ဆေးအ စွမ်းထက်မြက်ဖို့သာ ရှိတော့၏။ ရှူခက်ရင် ကျပ်အဖြစ်ဖြတ် ဆေးနည်းလေး နတ်လမ်းညွှန်ရင်း။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)