ပုံမှန်လုပ်လျှင် ပန်းတိုင်ဝင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 17, 2020

ပုံမှန်လုပ်လျှင် ပန်းတိုင်ဝင်

ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
အလုပ်ရှင်
"မင်းတို့ဒီနေ့အရင့်အရင် စံချိန်မမီဘူးကွ။ ထမင်းစားချိန်၊ နားချိန်၊ ဖုန်းပွတ်ချိန်တွေ များလွန်းတယ်။ မီတာခ စျေးတက် လာပုံမျိုးနဲ့ တွက်ခြေမကိုက်၊ အိတ်စိုက်ရမယ့်ကိန်းဟ"
.
"စက်က ထွက်သလောက်ပဲရမှာပေါ့ ဆရာကြီးရယ်"
.
"ဟေ့ ဆင်ခြင်ဆင်လက်တွေ သိပ်ပေးမနေနဲ့။ အရင်က လည်း ဒီစက်ပဲ။ လုပ်သားကလည်း မင်းတို့ ယောက်ပဲ။ အရင် က မင်းတို့ လုပ်ခဲ့တဲ့နေ့စဉ် စာရင်းဇယားရှိထားတဲ့ဟာကို"
.
"မီးကလည်း စကားပြောသေးတယ်လေ ဆရာကြီးရဲ့"
.
"အေး မီးအားပြည့်မပြည့်၊ တဆက်တည်း လာမလာ ဒါ တော့ကွာခြားနိုင်တာပေါ့။ မနေ့က မီးအားကောင်းတယ်။ နေ့ ခင်းတစ်ချက်ပျက်တာ ၁၀ မိနစ်လောက်ပဲ။ စက်အပူချိန်လျှော့ လို့ ပြန်စောင့်ရတာ ၁၅ မိနစ်ပေါ့ကွာ။ စံချိန်ဒီလောက်ကြီး ကွာဟရဘူးလေ"
.
"ညနေပိုင်း တစ်ခေါက်မီးပျက်ပါသေးတယ် ဆရာကြီး"
.
"အဲဒါက နာရီထိုးခါနီးနေပြီ။ အလုပ်ပဲ သိမ်းတော့မယ့် ဟာ။ ဘူးထွက်တဲ့ နှုန်းထားအလုံး ၈၀ ကြီးတောင် မကွာရဘူးကွ။ အလုံး ၃၀၀ စံချိန်ကို ဘယ့်နှယ် ၂၂၀ ထဲ ပြီးရတယ်လို့။ မီးပျက်လို့ အထွက်လုံးရေ ၂၀၊ ၂၅ အလွန်အကျွံပေါ့ကွ။ မနေ့ က အလုံး ၂၈၀ မျိုး ပြီးသင့်တာ။ ထားပါ။ လွန်ရောကျွံရော လုံး ၃၀ ဆိုဦးတော့ ၂၇၀ ပေါ့။ အလုံး ၅၀ ကြီးများတောင်မှတဲ့။ ငါ့လချီးမှတဲ့။ မင်းတို့ဆရာကြီး ငါ့မှာ ဒေဝါလီခံရမယ့်အပေါက်။ မင်းတို့ဂလိုင်နဲ့ ခေါက်နေရော့သလား ဟေ"
.
"ဒီနေ့ ကျွန်တော်တို့ ကြိုးစားပါ့မယ်။ စက်မဖောက်ဖို့နဲ့ မီး မပျက်ဖို့ကိုတော့ ဆရာကြီးပဲ ဘုရားမှာ ဆုတောင်းပေးတော့ ပေါ့ဗျာ။ ကဲ အငယ်လေး။ ကျုံးလုပ် ကုန်းလုပ်ပေတော့။ ကျော ပူပဲ ခံချင်တယ်။ နားပူ မခံပါရစေနဲ့ကွာ။ ဟုတ်ပလား"
.
ပန်းပင်ရေလောင်းပေါင်းသင်ရင်း၊ ဘေးအိမ်က ဆရာတ ပည့် ဦးသားကို အကဲခတ်ရင်း၊ အချီအချပြောဆိုနေကြသည် ကို နားစိုက်မထောင်ဘဲ ကြားမိနေ၏။ အလုပ်ရှင် သူဌေးမှာအ လွန်စနစ် ဇယားကျကြောင်း သူ့ပြောစကားများက သက်သေ ခံနေပါပြီ။ အလုပ်သမား ဦးအနက် အကြီးတစ်ဦးကတော့၊ အကျိုးအကြောင်းသင့် သူတို့အတွက် သူတို့ကာကွယ်ပြီး ပြော နေပုံရပါသည်။ အငယ်လေး ဆိုသူ တပည့်လက်သားကတော့ တစ်ခွန်းမှ ဝင်မပြောဘဲ မျက်နှာသေလေးနှင့်။ အမှန်မှာလည်း သူတို့နေ့ခင်း ထမင်းစားပြီး အနားယူချိန်၊ ဖုန်းပွတ်ချိန် ပိုယူသွား ဟန်တူပါ၏။ ငယ်သေးတော့ အလုပ်သမားပါးမဝသေးပုံ ပေါက် ၏။ အကြီးတစ်ယောက်ကမူ၊ တစ်ခွန်းအပြောမခံချင်စိတ်ဖြင့် သူ့လက်အောက် တပည့်ကို ဟောက်သလိုပုံမျိုးဖြင့် စောင်း ချိတ်။
.

.
လုပ်သား
ဟိုတစ်ခေတ်တုန်းက လုပ်ငန်းကိုင်ငန်းအတွက် အလုပ် တွင်ကျယ်အောင် နေ့စားလခစား လူငှားခေါ်ခိုင်းရသူတို့ကို လုပ်သမားဟု ခေါ်ဝေါ်ခဲ့ကြ၏။ ကျွန်တော်တို့ မြန်မာနိုင်ငံ ဗြိတိ သျှ လက်အောက်မှ လွတ်မြောက်၍ ကိုယ့်မင်းကိုယ့်ချင်းဖြင့် ချီ တက်ကြသည့် ဒီမိုကရေစီတစ်ခေတ်မှာ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိသာ သက်ကောင်းရှည်ခဲ့၏။ ယင်း ၁၉၆၂ ခု နှစ်ဦး ပိုင်း လကျော်လေး လွန်သည်နှင့် တော်လှန်ရေး အစိုးရတက် ၏။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ဖြင့် ချီတက် သည်ဟု ကြေညာချက် ထုတ်ပြန်သည်။ တိုင်းပြည်ကြီးချောက် ထဲ ကျလုနီးမှာ ကယ်တင်လိုက်ရသည်ဆို၍ ကျေးဇူးတောင် တင်လိုက်ကြရသေး၏။ နိုင်ငံရေး လှည့်စားမှု ပရိယာယ်တွေများ လှ၏။ ကျွန်တော်တို့ ကျောင်းသားလူငယ်တွေမှာ ဟုတ်လိမ့်နိူး ထင်ခဲ့ကြ၏။ ကမ္ဘာ့ဘဏ်၌ ရွှေအပေါင်ထားလျက်၊ မည်သည့် ဘဏ်တွင်မဆို လဲလှယ်ခွင့်ရှိသည်ဟူသော အာမခံစာတန်းပါ ရှိသည့် လက်မှတ် မောင်ကောင်း၊ နောင်တော့ စံလင်းလည်းထိုး ရှိထားသည့် အစိမ်းရောင်ကဒေါင်း ၁၀၀ တန် ငွေစက္ကူ၊ အညို ရောင် ၅၀ တန် ငွေစက္ကူတို့ကို တရားမဝင် ကြေညာ၏။ အစိုးရ ဘဏ်မှ လွဲ၍ ကျန်နိိိိုင်ငံခြားဘဏ်များ၊ ပုဂ္ဂလိကပိုင် စာသင် ကျောင်းများ၊ ကုမ္ပဏီလုပ်ငန်း အဝဝဟူ၍ အပြင်အရောင်းဆိုင် ကြီး ဆိုင်သေးအားလုံး ပြည်သူပိုင် အသိမ်းခံရ၏။ စကတည်းက ယဉ်သကိုဟု ဆိုရမည်။ ၂၆ နှစ် ကြာသက်ဆိုးရှည်ခဲ့၏။ Prime of life ဟု ဆိုရမည့်အရွယ်ကောင်း တက်လူဘဝ၊ အသက် ၄၀ ကျော်ထိခေတ်ကျပ်ကြီးထဲမှာ ရုန်းကန်ခဲ့ကြပါတော့သည်။
.

ထိုတစ်ခေတ်တွင် သတင်းစာတိုက်များ၊ ဂျာနယ်တိုက်များ တို့လည်း ပိတ်သိမ်းခံကြရ၏။ အစိုးရသတင်းစာကိုသာ ဖတ်ကြ ရ၏။ လုပ်သားပြည်သူ့နေ့စဉ်။ အင်္ဂလိပ်လို the Working People's Daily တဲ့ ဗိုလ်တထောင်၊ မြန်မာ့အလင်း၊ ကြေးမုံနှင့် ဟံသာဝတီနာမည်သာ ကျန်၏။ ပြည်သူပိုင် သိမ်းထား၍ အစိုး ရအာဘော်အတိုင်းမို့ လုပ်သားသတင်းစာနှင့် တစ်ပုံစံတည်း သာရှိသော သတင်းများဖြစ်၏။ ဆောင်းပါးများဆိုလျှင်လည်း ခွင့်ပြုမူအတိုင်းသာ ရေးသားကြရ၏။ အားလုံးကောင်းပါသည် ဟူ၍သာ။ ဘာမှ မဝေဖန်နှင့်။ အကြံမပြုနှင့်။ စိတ်အလိုမသင့်က ပုဒ်မ ဖြင့် အဆွဲခံရ။ ထောင်ကြမည်။ အလုပ်သမား လယ်သ မားများကိုပါ စားပေး၏။ အစိုးရတက်သော မတ်လ ရက်နေ့ ကိုလည်း တောင်သူလယ်သမားနေ့ ရုံးပိတ်ရက် သတ်မှတ်ကာ ခပေါင်း၊ ဒူးယား စသည့် နှီးနှောဖလှယ်ပွဲကြီးတွေ ကျင်းပခဲ့ကြ သည်။ မတ်လ ၂၇ တော်လှန်ရေးနေ့တွင် အလုပ်သမားလုပ် သားကြီးများကို အလွန်ဦးစားပေးခဲ့၍ အလုပ်ရှင်ကို တိုင်တန်း သော လုပ်သားဘက်ပါကာ အလုပ်ရှင်များ ခံကြပေရော့အထိ လုပ်သားများ မိုးကောင်းခဲ့ကြ၏။ ယင်းတစ်ခေတ် ပြောင်းချိန် အတွင်း ရှေးစဉ်ဆက် လူမှုဆက်ဆံရေးများ ကျင့်ဝတ်များပျက် သုဉ်းသွားကာ အောက်ကလိအာများကြောင့် အလုပ်ရှင်များကို လုပ်သားများ မထီခဲ့၊ ပုန်ကန်ဝံ့ခဲ့ကြတော့သည်။
.
လူ့သဘာဝ
လူဆိုသော သတ္တဝါသည် လူနှင့်သာ အတူဆုံးဖြစ်၏။ နတ် ကောင်းများကဲ့သို့သော လူကောင်းသူကောင်းကား အလွန်ရှား ၏။ အတ္တသမား ငါ့အတွက် ငါ့သားမယား ငါ့ဆွေမျိုးသားချင်း များအတွက် ဘက်လိုက်ကာ၊ လိပ်ကလေးကဲ့သို့ ကိုယ့်ဗိုက် အောက် ကိုယ်ယက်ကဲ့သူများချည်းသာ ဖြစ်တတ်ကြ၏။ လုပ်ရှင်ဆိုသူတို့ကလည်း ပေးထားသော လစာနှင့် ကိုက်ညီ အောင်၊ တွက်ခြေကိုက်အောင် အသားကုန်ခိုင်းမည်။ မနားရ အောင် အကွက်စေ့၊ ထောင့်စေ့စေ့ ညွှန်ကြားခိုင်းစေပါမည်။ ကြံချောင်းမှ ကြံရည်တစ်စက် မကျန်အောင် ညှစ်ယူချင်ကြမြဲ လို၊ လုပ်သား၏ စွမ်းဆောင်နိုင်ရည် ရှိသမျှ ကုန်စင်အောင် ရယူ လိုကြ၏။ လုပ်သားများဘက်က ပြန်ဆန်းစစ်ကြည့်မည်ဆိုလျှင် လခစားပီပီ၊ မတီးငါးကျပ် တီးငါးကျပ် ဆိုရိုးစကားစဉ်အတိုင်း လကုန်က လခရမည်။ လကုန်ရက်ကိုသာ မျှော်လျက်၊ အလုပ် ကို ခိုကပ်နိုင်သမျှ ခိုကပ်မည်။ နေသာသလို ရေသာခိုချင်ကြ၏။ ချွေးထွက်အောင် လုပ်လည်း သည်လစာပဲ။ မပင်ပန်းအောင် အိလေးဆွဲလုပ်နေလည်း သည်လစာပဲ။ မထူးမည့်အတူတူ လုပ် ချိန်ခိုးမည်။ လုပ်အား သက်သာခိုမည်။ လွယ်သည့်ဟာဆို တို မည် ခိုးမည်၊ အိမ်ယူပြန်မည်။ ဘာပဲရရ၊ အလကားရနည်းသ လား သဘောထားကြသည်။ ထိုသောအခါ အလုပ်ရှင်များနှင့် လုပ်သားများတို့ ထိပ်တိုက်တွေ့၊ ဝိရောဓိဖြစ်၊ ခွန်ကြီးခွန်ငယ် ပြန်လှန်ပြောကြ၊ မေတ္တာတွေပျက်၊ စေတနာတွေ ခေါင်းပါး။ သည်သောအခါ လောကကြီးလည်း ပျက်စီးသည့်ဘက်သို့ မြား ဦးညွှန်၊ အောက်ခြေသို့ ကျဆင်းပြီးရင်း ကျဆင်း။ တိုင်းပြည်ကြီး လည်း ကျဆင်း။ လောကကြီး မပျက်စီးသေးလျှင် ဘယ်သော အခါကျမှ ပျက်စီးခြင်း လုံးဝဥဿုံအခြေဆိုက်မည်နည်း။
.
လုပ်ငန်းသဘာဝကို လိုက်၍ ကျွန်တော်နှင့် ဆက်စပ်ထိ သမျှလေ့လာ ဆန်းစစ်ကြည့်မိဖူးပါ၏။ အလုပ်ရှင်နှင့် လုပ်သား ဆက်ဆံရေး မျိုး စားလောက် တွေ့နေရ၏။ အထက်ဖော် ပြခဲ့သည့်ကိစ္စ၌ အလုပ်ရှင်လည်း စည်းစနစ်ကျလွန်း၊ အပြော မှာ မေတ္တာနည်းပါးနေ၍ လုပ်သားက အလုပ်ရှင်ဆိုးဟု သတ် မှတ်ပါလိမ့်မည်။ အလုပ်ရှင်အနေနှင့်လည်း လုပ်သားရေသာခို သည်။ အကြောင်းပြချက်များနှင့် ကာကွယ်ပြောနေသည်။ လုပ် သားဆိုးဟု ခံယူထားပုံပေါ်၏။ နှစ်ဖက်လုံးဆိုးသည် ဆိုကြပါစို့ လေ။ အထိုးအကြိတ် အနှိပ်အစက်တွေ မပါသေး။ စကားလုံး များ ငါကိုင်တုတ်သလို မကြမ်းတမ်းသေးပါ။ ဘာသာနှင့် နာနာ ပြောသည့် အနေအထားသာလျှင် ရှိသေး၏။ လက်ဝါးနှစ်ဖက် တီးမှ လက်ခုပ်သံ မြည်သလို အဆိုးနှင့် အဆိုးချင်း တွေ့ကြက ရုပ်ဆိုးဆိုးတွေ ဖြစ်လာပါတော့မည်။ အများအားဖြင့် အလုပ်ရှင် ကောင်းလျှင် လုပ်သားဆိုးတတ်ကြ၏။ လုပ်သားများ ကောင်း ပြန်တော့လည်း အလုပ်ရှင်က ဆိုးနေကြပြန်တတ်၏။ တစ်ဖက် တည်ထောင်ရုံဖြင့် အလုပ်သိပ်မဖြစ်နိုင်သေး။ နှစ်ဦးနှစ်ဖက် တူကောင်းကြ စေတနာထားကြ၊ မေတ္တာပွားကြ၊ စကားချိုသာ၊ အဆာပြေလည်း ကျွေးမွေး၊ ရာသီဥတုနှင့် ကိုက်ညီအောင် ဝတ်အထည် လက်ဆောင်ပေး၊ ပွဲရှိက အငြီးပြေပွဲကြည့် လွှတ် ပေး။ ကောင်းပါပေပေါ့ဗျာ။
.
တန်ဖိုး
ဝေးကြလေသောအခါ အသည်းက စကားပြောလာ ဆို သော သီချင်းစာသားသည် ချစ်ရေးချစ်ရာ မောင်မယ်တို့နှင့်သာ ပတ်သက်သည် မဟုတ်ပေ။ အလုပ်ရှင်နှင့် လုပ်သားများအဖို့ လည်း ပတ်သက်နိုင်ပါသေး၏။ တခြားအလုပ်ရှင် သူဌေးကပို၍ ကောင်းနိူးထင်ပြီ၊ မူလဆရာ့ကို ခြေစုံကန် ထွက်ခွာသွားပြီး နောက်၊ နေရာသစ် အလုပ်သစ် ဆရာသစ်နှင့် ဆက်ဆံရ၍ လမပြည့်မီမှာပင်၊ မူရင်းဆရာသမား၏ ကောင်းကွက်တွေ ပြန် မြင်လာတတ်ကြ၏။ ထွက်ခဲ့တာ မှားပြီဟူသော အတွေးဝင်လာ ချိန်၌၊ နောက်ကျသွားပြီ။ နှောင်းနောင်တ ဖြစ်ပေတော့။ အလား တူပင်လျှင် စိတ်ထွက်တိုင်း ဆူပူကြိမ်းမောင်း၊ နစ်နစ်နာနာ ပြော ခဲ့လုပ်ခဲ့မိသည့် ဆရာအလုပ်ရှင်သည်၊ တပည့်ကောင်း လုပ် သား ခမျာ သည်းမခံနိုင်လွန်း၍ အလုပ်ထွက်သွားတော့မှ၊"ငွေ ပေးခိုင်းတာ၊ ဘယ်သူ့ကိုမဆို ခေါင်းခေါက်ခိုင်းရလွန်လွန်းလို့" အထင်ရှိခဲ့လေသမျှ၊ တပည့်လက်ရင်း၏ ခြေဖျားသော်မှ မမီ သည့် တပည့်သစ်တွေနှင့် နဖူးလည်းတွေ့ ဒူးလည်းတွေ့ပါလေ ရော။ တပည့်ရင်းကို တမ်းတ၊ လွတ်သွားသည့် ငါးကြီး ကြီးလှ ချည့်အတွေး ဝင်လာချိန်၌ ကိစ္စတွေ လွန်ကျွံခဲ့ပြီ။ ဗွာခတ်လို့ ရတော့ပြီ။ တပည့်ခမျာ စိတ်အနာကြီး နာသွားခဲ့ပြီကိုး။ ထို့ ကြောင့် လူကြီးသူမများက စိတ်ဆိုးသည်အထိတော့ လုပ် ကောင်း၏။ စိတ်နာကြည်းအောင် မလုပ်ကောင်း၊ စိတ်ဆိုးခြင်း မျှကား ပြေနိုင်ပြန်ကောင်းနိုင်သေး၏။ နာကြည်းခြင်းကား က လဲ့စားချေမည်ကိုတောင် စိုးရ၏တဲ့။
.
မည်သည့်အလုပ်ကိုမဆို ကိုယ့်တာဝန်ကိုယ်ကျေ၊ ကောင်းဆုံး အပီပြင်ဆုံးဖြစ်အောင် စေတနာမေတ္တာထား လုပ် လျှင် အကျိုးထင်ထင် ဖြစ်လာပါလိမ့်မည်။ အရေးအကြီးဆုံး ကား ဖြည်းဖြည်းနှင့် မှန်မှန်၊ ပုံမှန်ဆောင်ရွက်သွားလျှင် မပြီးမ ရှိ၊ မအောင်မြင် မရှိ၊ အကျိုးထင်ပေါ် ရှိလာမည်မှာ သေချာပါ ၏။ ရည်မှန်းချက် ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိပါလိမ့် မည်။ "တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မတုံး" ပုဂံကတော့ မရွေ့။ လူမှန်မှန် ရွေ့ဖို့လို၏။ အရွေ့သေးသေးမှသည် အရွေ့ကြီးကြီး သို့တိုး၍ ရွေ့သွားကြဖို့ လို၏။ လမ်းခုလတ်၌ မှေးစက်နားနေ လို့မဖြစ်။ နောက်က လိုက်လာသူတို့တွေ ကျော်တက်သွားကြ ကိုယ်တို့တွေ ကျန်ရစ်နေပါလိမ့်မည်။ ငယ်ဘဝ မူလတန်း ဒေါင်းဖတ်စာအုပ်၌ ပါရှိသော ယုန်နှင့် လိပ် အပြေးပြိုင်ပွဲ ဥပမာ လိုပေါ့။ လိပ်ထက် အမြန်ကြီး ပြေးလွှားခုန်ပေါက်နိုင်သော ယုန်၊ လမ်းမှာ အမောဖြေအိပ်စက်နေမိ၍ ပုံမှန်တရွေ့ရွေ့ တွားသွား ချီတက်နှေးကွေးသော လိပ်၊ ပန်းဝင်သည့် သာဓက အရှိသား ကပဲ။ "လိပ်နှင့် ယုန်လို၊ ပုံပြဆို၊ ထိုထို မှတ်ကြရန်" ဟူသော သံပေါက်လေးက ခေါင်းထဲ ဝင်လာ၏။ ပြေးသည့်သူက ရှေ့မှအ တင်း ဇွတ်ပြေး၊ လိုက်ကြသည့်သူများက နောက်မှ နှေးကွေး လွန်းလျှင် ကီးသိပ်မကိုက်။ ကြာလေကွာဟေလေ ဖြစ်တော့ မည်။ မခိုမကပ် ပုံမှန်လုပ်သွားလျှင် ပန်းတိုင်ဆိုတာ မဝေး။ တစ် နေ့ပန်းဝင်မည် မုချ။ အကျင့်ဟောင်းတွေ ခဝါချဖို့ ပိုအရေးကြီး လှပါသည်။ အရွေ့သေးသေးမှ အရွေ့ကြီးကြီးသို့ နှစ် ၂၀ အကြာတွင်။

No comments:

Post a Comment

Journal Download

Photo of three cats

About