မူဆယ် ​ဆေးရုံ၌ အမျိုးသား တစ်ဦးကို ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ​စောင့်ကြည့်​နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 28, 2020

မူဆယ် ​ဆေးရုံ၌ အမျိုးသား တစ်ဦးကို ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ​စောင့်ကြည့်​နေ

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား တစ်ဦးအား မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် coner virus နဲ့ပတ်သက်၍ စောင့်ကြည့်နေလျှက် ရှိကြောင်း သိရသည်။
.

ယင်း အမျိုးသားသည် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် နေထိုင်သော အသက် ၂၀ နှစ်အရွယ် လူငယ် တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သွားရောက် အလုပ် လုပ်ကိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၇ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာရာ မူဆယ်နယ်စပ်ဂိတ်တွင် ကိုယ်အပူချိန် မြင့်တက်နေကြောင်း တွေ့ရှိရသဖြင့် မူဆယ် မြို့နယ်ဆေးရုံသို့ လွှဲပြောင်းပြီး ကျန်းမာရေး စစ်ဆေးခဲ့ရာ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း လက္ခဏာများ ခံစားခဲ့ရကြောင်း သိရှိရသည့်အတွက် ၎င်းအား စောင့်ကြည့် လူနာအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်​ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ လူနာ အမျိုးသားအား မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ၍ ကုသမှုပေးလျက်ရှိကာ ဓါတ်ခွဲ နမူနာ ရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် ဆောင်ရွက်ထားရှိ​ပြီးလူနာအား စစ်ဆေးရာတွင် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါလက္ခဏာ မတွေ့ရှိရ​ကြောင်း သိရသည်။
.
တရုတ်နိုင်ငံ၌ စတင် ဖြစ်ပွားခဲ့သော လတ်တလော အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ (Coronavirus Disease 2019 – COVID-19)ကို ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယ​​နေ့ ​ဖေ​ဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About